(၁၆)ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ နှင့် ကားအရောင်းပြပွဲကြီးကို (၂)ရက် ကျင်းပမည်

 479

ချယ်ရီ (NP News ) - အောက်တိုဘာ ၅

(၁၆)ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ နှင့် ကားအရောင်းပြပွဲကြီးကို (၂)ရက် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ရန်ကုန်မြို့ရှိ LOTTE HOTEL ( Crystal Ballroom) တွင် ယနေ့ (အောက်တိုဘာ ၅ ရက်) ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး iMyanmarHouse နှင့် CarDB ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြပွဲကို အိမ်ခြံမြေနှင့် ကားကုမ္ပဏီစုစုပေါင်း (၃၀)ကျော်ဖြင့် ပါဝင်ပြသထားပြီး အောက်တိုဘာ(၅)ရက် နှင့် အောက်တိုဘာ(၆)ရက် နှစ်ရက်တိုင် ကျင်းပသွားမည်ဖြစ်သည်။

"အိမ်ခြံမြေနဲ့ ကားတွေကို အထူးဈေးနှုန်းများ၊ အထူးပရိုမိုးရှင်းများ၊ အရစ်ကျစနစ်များနဲ့ ရောင်းချ‌ပေးမှာဖြစ်တဲ့ အတွက် လာရောက်ဝယ်ယူကြမယ့်ပြည်သူတွေအတွက်လည်း အထူးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်" ဟု iMyanmarHouse နှင့် CarDB တို့၏ Group CEO ဦးနေမင်းသူ ပြောသည်။

အဆိုပါအခမ်အနားသို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်အောင် အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Zawgyi Version;
(၁၆)ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အႀကီးဆုံး အိမ္ၿခံေျမ ႏွင့္ ကားအေရာင္းျပပြဲႀကီးကို (၂)ရက္ က်င္းပမည္
ခ်ယ္ရီ (NP News ) - ေအာက္တိုဘာ ၅

(၁၆)ႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အႀကီးဆုံး အိမ္ၿခံေျမ ႏွင့္ ကားအေရာင္းျပပြဲႀကီးကို (၂)ရက္ က်င္းပသြားမည္ျဖစ္ ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ LOTTE HOTEL ( Crystal Ballroom) တြင္ ယေန႔ (ေအာက္တိုဘာ ၅ ရက္) ၌ က်င္းပခဲ့ျခင္းျဖစ္ၿပီး iMyanmarHouse ႏွင့္ CarDB ႀကီးမႉး က်င္းပခဲ့ျခင္းျဖစ္သည္။
ျပပြဲကို အိမ္ၿခံေျမႏွင့္ ကားကုမၸဏီစုစုေပါင္း (၃၀)ေက်ာ္ျဖင့္ ပါဝင္ျပသထားၿပီး ေအာက္တိုဘာ(၅)ရက္ ႏွင့္ ေအာက္တိုဘာ(၆)ရက္ ႏွစ္ရက္တိုင္ က်င္းပသြားမည္ျဖစ္သည္။

"အိမ္ၿခံေျမနဲ႔ ကားေတြကို အထူးေဈးႏႈန္းမ်ား၊ အထူးပ႐ိုမိုးရွင္းမ်ား၊ အရစ္က်စနစ္မ်ားနဲ႔ ေရာင္းခ်‌ေပးမွာျဖစ္တဲ့ အတြက္ လာေရာက္ဝယ္ယူၾကမယ့္ျပည္သူေတြအတြက္လည္း အထူးအဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္" ဟု iMyanmarHouse ႏွင့္ CarDB တို႔၏ Group CEO ဦးေနမင္းသူ ေျပာသည္။

အဆိုပါအခမ္အနားသို႔ ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန႔္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေက်ာ္ေက်ာ္ေအာင္ အပါအဝင္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

Related news

© 2021. All rights reserved.