ဗိုက်ကင်းတို့ရဲ့မြို့တော် (သို့မဟုတ်) သမိုင်းကြောင်းများစွာရှိတဲ့ အော်စလိုမြို့အကြောင်း

 168

Pika (NP News) - အောက်တိုဘာ ၅

အော်စလိုမြို့သည် နော်ဝေးနိုင်ငံ၏ မြို့တော်ဖြစ်ပြီး နိုင်ငံအတွင်းတွင် လူဦးရေအများဆုံးမြို့တစ်မြို့လည်းဖြစ်ကာ အံ့ဩဖွယ်ကောင်းသော ဗိသုကာလက်ရာများ နှင့် စိတ်ဝင်စားစရာကောင်းသော ဗိုက်ကင်းသမိုင်းကြောင်းတို့ဖြင့် နာမည်ကျော်ကြားသည့်မြို့တစ်မြို့ဖြစ်သည်။
အော်စလိုမြို့သည် ၂ဝ၂၂ ခုနှစ်တွင် လူဦးရေ (၇၀၉၀၃၇)ဦးရှိပြီး ၎င်း၏ မြို့ပြဧရိယာမှာ ၂၀၂၂ ခုနှစ်တွင် လူဦးရေ (၁၀၆၄၂၃၅) ဦးရှိကြောင်း သိရသည်။ ဗိုက်ကင်းခေတ်အတွင်း အော်စလိုမြို့ပြ ဧရိယာသည် ဗိုက်ကန် ဒေသ၏ အစိတ်အပိုင်းဖြစ်ခဲ့ကြောင်းလည်းသိရသည်။ ဗိုက်ကင်းခေတ် အဆုံးမသတ်ခင် (၁၀၄၀) ပြည့်နှစ်တွင် အော်စလိုမြို့ ကို အန်စလိုဆိုသည့်နာမည်ဖြင့် မြို့တစ်မြို့အဖြစ် တည်ထောင်ခဲ့ပြီး (၁၀၄၈) ခုနှစ်တွင် နော်ဝေးဘုရင် Harald Hardrada သည် အန်စလိုမြို့ကို ကုန်သွယ်ရေးနေရာတစ်ခုအဖြစ် ထူထောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် (၁၀၆၆) ခုနှစ်တွင် နော်ဝေးဘုရင် Harald Hardrada သည် တိုက်ပွဲအတွင်းကျဆုံးသွားခဲ့ပြီးနောက် ဗိုက်ကင်း ခေတ်အဆုံးသတ်သွားခဲ့ကြောင်းသိရသည်။ (၁၀၇၀) ပြည့်နှစ်တွင် အန်စလိုမြို့ကို ဘုန်းတော်ကြီး၏ ထိန်းချုပ်မှု အောက်တွင်ရှိသော မြို့တစ်မြို့အဖြစ် ပြောင်းလဲခဲ့ပြီး (၁၃၀ဝ)ပြည့်နှစ်ဝန်းကျင် နော်ဝေးဘုရင် Haakon V လက်ထက်တွင် မြို့တော်အဖြစ် အဆင့်မြှင့်တင်ခဲ့ကြောင်းသိရသည်။ ဒိန်းမတ် နိုင်ငံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာသမဂ္ဂများ သည် (၁၃၉၂)ခုနှစ်မှ (၁၅၂၃)ခုနှစ်အထိ နော်ဝေးနိုင်ငံအပေါ် ဩဇာလွှမ်းမိုးခဲ့သော်လည်း (၁၅၃၆)ခုနှစ်မှ (၁၈၁၄)ခု နှစ်အတွင်း ၎င်းတို့၏ ဩဇာလွှမ်းမှုများကို လျှော့ချပစ်ခဲ့ကြောင်းသိရသည်။
သို့သော်လည်း ဒိန်းမတ်နှင့် နော်ဝေးဘုရင် Christian IV အုပ်ချုပ်နေသည့်ကာလ အတွင်း (၁၆၂၄)ခုနှစ်တွင် အန်စလိုမြို့သည် မီး လောင်ကျွမ်းမှုကြောင့် ပျက်စီးသွားခဲ့ပြီးနောက် Akershus Fortress ရဲတိုက်အနီးတွင် မြို့အသစ်ကို တည်ဆောက်ခဲ့ပြီး Christiania အဖြစ် နာမည်ပေး ခဲ့ကြောင်းသိရသည်။ (၁၈၃၈)ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် Christiania မြို့သည် မြူနီစီပယ်တစ်ခု ဖြစ်လာခဲ့ပြီး ဆွီဒင်-နော်ဝေး ပြည်ထောင်စု(၁၈၁၄ -၁၉၀၅) ခုနှစ်အတွင်း နော်ဝေးနိုင်ငံ၏မြို့တော်အ ဖြစ်ပြောင်းလဲခဲ့ပြီးနောက် (၁၉၂၅)ခုနှစ်တွင် အော်စ လိုအဖြစ် အမည်ပြောင်းလဲခဲ့ကြောင်းသိရသည်။ (၁၉၄၈)ခုနှစ်တွင် အော်စလိုမြို့ကိုဝန်းရံထားကာ (၂၇)ဆခန့်ပိုမိုကြီးမား သော မြူနီစီပယ်အက်ကာနှင့် ပေါင်းစည်းခဲ့ပြီးနောက် ခေတ်မီပြီးကြီးမားသော အော်စလိုမြူနီစီပယ်ကို ဖန်တီးခဲ့သည်။ အော်စလိုမြို့သည် နော်ဝေးနိုင်ငံ၏ စီးပွားရေးနှင့်အစိုးရအချက်အချာနေရာတစ်ခုဖြစ်ပြီး နိုင်ငံ၏ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် ပို့ဆောင်ရေးတို့အတွက် အဓိကအချက်အချာနေရာတစ်ခု လည်းဖြစ်သည်။ ထို့ပြင် အော်စလိုမြို့သည် ဥရောပတိုက်တွင် ရေကြောင်းစက်မှုလုပ်ငန်းနှင့် ရေကြောင်း ကုန်သွယ်ရေးတို့အတွက် အရေးကြီးသော နေရာတစ်ခုလည်းဖြစ်သည်။ အော်စလိုမြို့သည် ရေကြောင်းဆိုင်ရာ ကဏ္ဍအတွင်းမှ ကုမ္ပဏီများစွာ အခြေစိုက်သည့်နေရာတစ်ခုဖြစ်ပြီး အဆိုပါကုမ္ပဏီများအနက် အချို့မှာကမ္ဘာပေါ် တွင် အကြီးဆုံးပို့ဆောင်ရေး ကုမ္ပဏီများ၊ သင်္ဘောပွဲစားများနှင့် ရေကြောင်းအာမခံပွဲစားကုမ္ပဏီများဖြစ်ကြောင်း သိရသည်။ အော်စလိုမြို့သည် ဥရောပကောင်စီနှင့် ဥရောပကော်မရှင်တို့၏ ယဉ်ကျေးမှုဆိုင်ရာမြို့များ အစီအစဉ် အတွက် ရှေ့ပြေး မြို့တစ်မြို့လည်းဖြစ်သည်။ အော်စလိုမြို့၏လူဦးရေသည် (၂၀ဝဝ) ပြည့်နှစ်များ အစောပိုင်း ကာလအတွင်း စံချိန်တင်နှုန်းဖြင့် မြင့်တက်လာခဲ့ပြီး အဆိုပါအချိန်တွင် ဥရောပတိုက်မှာ အလျင်မြန်ဆုံးကြီး ထွားလာနေသည့် မြို့တစ်မြို့ဖြစ်လာခဲ့သည်။ အော်စလိုမြို့တွင် လူဦးရေ တိုးမြင့်လာခြင်းနှင့် ပတ်သက် သည့် အဓိကအကြောင်းအရင်းများမှာ နိုင်ငံတကာလူဝင်မှုကြီးကြပ်ရေးနှင့် ဆက်စပ်နေသော ကလေးမွေးဖွားမှုနှုန်း မြင့်မားလာခြင်းတို့ဖြစ်ပြီး နိုင်ငံအတွင်း ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းမှာလည်း တစ်စိတ် တစ်ပိုင်းအဖြစ် ပါဝင်ခဲ့ သည်။ (၂၀၁၀)ပြည့်နှစ်တွင် အော်စလိုမြို့ရှိ ရွှေ့ပြောင်းနေထိုင်သူအရေအတွက်သည် နော်ဝေး နိုင်ငံလူဦးရေ တိုးပွားနှုန်းထက် ပိုမိုလျင်မြန်စွာကြီးထွားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူမိသားစုများ၏ ကလေးများပါ ပါဝင်မည်ဆိုပါ က နိုင်ငံ၏ စုစုပေါင်း လူဦးရေ၏ (၂၅) ရာခိုင်နှုန်းကျော် အထိရှိခဲ့ကြောင်းသိရသည်။

ပန်းခြံများနှင့်စိမ်းလန်းစိုပြည်သော ဧရိယာများ
အော်စလိုမြို့တွင် ပန်းခြံများနှင့် စိမ်းလန်းစိုပြည် သောဧရိယာများစွာရှိပြီး မြို့လယ်ကောင်အပြင် မြို့ အပြင်ဘက်တွင်ရှိကြောင်းလည်းသိရသည်။ Frogner ပန်းခြံသည် အော်စလိုမြို့လယ်ကောင်မှ မိနစ် အနည်းငယ်ခန့်သာလမ်းလျှောက်ရသည့်နေရာတွင် တည်ရှိသော ကြီးမားသောပန်းခြံတစ်ခုလည်းဖြစ် သည်။ Frogner ပန်းခြံတွင် နော်ဝေးပန်းပုဆရာ Gus­tav Vigeland ထုလုပ်ထားသည့် ပန်းပုများစွာ ရှိပြီး နိုင်ငံတွင်းတွင် အကြီးဆုံးနှင့်အကျော်ကြားဆုံးပန်းခြံတစ်ခုလည်းဖြစ်သည်။ အော်စလိုမြို့အနောက် ဘက်ခြမ်းတွင်တည်ရှိသော Bygdøy ကျွန်းဆွယ် သည် ကြီးမားသောစိမ်းလန်းစိုပြည်သည့်ဧရိယာတစ် ခုဖြစ်ပြီး အော်စလိုမြို့၏ ကျွန်းဆွယ်ပြတိုက်အဖြစ် ခေါ်ဝေါ်ကြကြောင်းလည်းသိရသည်။ အဆိုပါဧရိယာ ကို ပင်လယ်ဖြင့်ဝန်းရံထားပြီး နော်ဝေးနိုင်ငံတွင် ဈေး အကြီးဆုံးခရိုင်များအနက် တစ်ခုဖြစ်ကြောင်း လည်း သိရသည်။ Ekebergparken Sculpture ပန်းခြံသည် အော်စလိုမြို့အရှေ့တောင်ဘက်ခြမ်းရှိ Ekebergရပ်ကွက်တွင်တည်ရှိကာ မြို့၏ မြင်ကွင်းကျယ် မြင်ကွင်းပါရှိသော ပန်းပုပန်းခြံနှင့် အမျိုးသား အမွေအနှစ်ပန်းခြံတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ St. Hansha ugen ပန်းခြံသည် အော်စလိုမြို့ လယ်ကောင် ရှိ တောင်ကုန်းမြင့်တစ်ခုပေါ်တွင်တည်ရှိသော အများ ပြည်သူပိုင် ပန်းခြံဟောင်း တစ်ခု လည်းဖြစ်သည်။Tøyen ပန်းခြံသည် Munch ပြတိုက်ဟောင်း၏ နောက်ဘက်ခြမ်းတွင်ရှိသော ကျယ်ဝန်း သည့် မြက်ခင်းပြင် ကျယ်ကြီးဖြစ်ကြောင်းလည်းသိရသည်။ Tøyen ပန်းခြံ၏မြောက်ဘက်ခြမ်းတွင် Ola Narr
ဟုခေါ်သော ရှုခင်းကြည့်သည့်နေရာတစ်ခုရှိပြီး ပန်း ခြံဧရိယာအတွင်း အော်စလိုတက္ကသိုလ်ပိုင်ဆိုင်သည့် ရုက္ခဗေဒဥယျာဉ်နှင့်ပြတိုက်တို့ပါဝင်ကြောင်းလည်းသိရသည်။

စီးပွားရေး
အော်စလိုမြို့တွင် ခိုင်မာသောစီးပွားရေးရှိပြီး စီး ပွားရေးအလားအလာရှိသောဥရောပမြို့ကြီးများတွင် နံပါတ်တစ်အဖြစ် Di မဂ္ဂဇင်း၏ European Cities of the Future (၂၀၁၂) အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။ အော်စလိုမြို့သည် ဥရောပတိုက်တွင်ရေကြောင်းဆိုင်ရာအသိပညာ၏ အရေးပါသော အချက်အချာနေရာတစ်ခုဖြစ်ကာ ရေကြောင်းဆိုင်ရာ ကဏ္ဍအတွင်းမှ ကုမ္ပဏီ(၁၉၈၀)ခန့်နှင့် ဝန်ထမ်း (၈၅၀ဝ)တို့၏ နေအိမ်လည်းဖြစ်ကြောင်းသိရသည်။ကမ္ဘာပေါ်တွင် အဓိကရေကြောင်း အမျိုးအစားခွဲခြား သည့် အဖွဲ့အစည်းသုံးခုအနက် တစ်ခုဖြစ်သကဲ့သို့ ကမ္ဘာပေါ်ရှိသင်္ဘောများ၏(၁၆ ဒသမ ၅)ရာခိုင်နှုန်းက မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်သော Det Norske Veritas ကုမ္ပဏီ၏ရုံးချုပ်သည် အော်စလိုမြို့အပြင် ဘက်ရှိ Høvik ဧရိယာတွင်တည်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် အော်စလိုမြို့၏ဆိပ်ကမ်းသည် နိုင်ငံတွင်းတွင် အကြီးဆုံးအထွေထွေကုန်တင်ဆိပ်ကမ်းဖြစ်ပြီး ခရီးသွားများဝင်ရောက်ရာနေရာ အဓိက ဝင်ပေါက်တစ်ခုလည်းဖြစ်သည်။ အော်စလိုမြို့ ဆိပ် ကမ်းတွင် သင်္ဘောအစင်းရေ(၆)ထောင်နီးပါး နှစ်စဉ် ဆိုက်ကပ်နေပြီး စုစုပေါင်းကုန်တင်တန်ချိန်(၆)သန်း ကျော်နှင့် ခရီးသည်(၅)သန်းကျော်ရှိကြောင်းလည်း သိရသည်။ (၂၀၁၆) ခုနှစ်တွင် အော်စလိုမြို့၏ စုစု ပေါင်းဂျီဒီပီသည် ယူရို(၆၄)ဘီလျံရှိခဲ့ပြီး နော်ဝေး နိုင်ငံဂျီဒီပီ၏ (၂၀)ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။အော်စလိုသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး မြို့များထဲမှ တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။(၂၀ဝ၆)ခုနှစ်အထိ Mercer Human Resource Consul­ting ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီမှပံ့ပိုးပေးသော ကမ္ဘာတစ်ဝန်း နေထိုင်မှုကုန်ကျစရိတ် စစ်တမ်းအရ အော်စလိုမြို့သည် အဆင့်(၁၀)နေရာတွင်ရှိပြီး Eco­nomist Intelligence Unit (EIU) ကော်ပိုရေးရှင်းအရ အဆင့်(၁)နေရာတွင်ရှိကြောင်းသိရ သည်။ ယခုကဲ့သို့တွက်ချက်မှုကွဲလွဲနေရသည့် အကြောင်းအရင်းများမှာ (EIU)ကော်ပိုရေးရှင်းသည် ၎င်း၏နောက်ဆုံးအညွှန်းကိန်းတွက်ချက်မှုမှ အချို့ သောအချက်များကို ဖယ်ထုတ်ထားခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် အိမ်ရာကဏ္ဍကို ဖယ်ထုတ်ထားခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။ (၂၀၁၅)ခုနှစ်တွင် EIU ၏ ကမ္ဘာတစ်ဝန်းနေထိုင်မှုကုန်ကျစရိတ်စစ် တမ်းအရ အော်စလိုမြို့သည် ကမ္ဘာပေါ်တွင် တတိယ မြောက်ဈေးအကြီးဆုံးမြို့အဖြစ် အဆင့် သတ်မှတ် ခဲ့သည်။ အော်စလိုမြို့တွင် နိုင်ငံအတွင်း ဈေးအကြီးဆုံး အိမ်ရာဈေးကွက် ရှိသော် လည်းအခြားမြို့ များနှင့်နှိုင်းယှဉ်မည်ဆိုပါက ဈေးသက်သာကြောင်းလည်းသိရသည်။ ထို့ပြင် အော်စလိုမြို့သည် နော်ဝေးနိုင်ငံတွင်းတွင် အကြီးဆုံးဖြစ်သော ကုမ္ပဏီ(၂၆၅၄)ခု၏နေအိမ် လည်းဖြစ်ကာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကုမ္ပဏီအုပ်စု တစ်စုလုံးသည် အော်စလိုမြို့တွင်တည်ရှိကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီ အရေအတွက်အရ အော်စလိုမြို့သည် ဥရောပ၏အကြီးဆုံးမြို့များစာရင်းတွင် အဆင့်(၅)နေရာ၌ရှိခဲ့ ကြောင်း သိရသည်။ (၂၀ဝ၆)ခုနှစ် ဩဂုတ်လတွင် Swiss bank UBS က ပြုစုထားသော အစီရင်ခံစာအရ အော်စလိုမြို့နှင့် လန်ဒန်မြို့တို့သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့ များဖြစ်ကြောင်းသိရသည်။

ပြတိုက်များနှင့် ပြခန်းများ
အော်စလိုမြို့တွင် အဓိကပြတိုက်များနှင့်ပြခန်းများစွာတည်ရှိသည်။ Munch ပြတိုက်တွင် သေဆုံး ပြီးနောက် ၎င်း၏အလုပ်များအားလုံးကို အော်စလိုမြို့ ကိုလှူဒါန်းခဲ့သည့် Edvard Munch ၏ The Scream နှင့် အခြားလက်ရာများစွာရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အော်စလိုမြို့ကောင်စီသည် မြို့ အရှေ့တောင်ဘက်ရှိ Bjørvika ရပ်ကွက်တွင်တည် ဆောက်မည့် Munch ပြတိုက်အသစ်ကို စီစဉ်နေ ကြောင်းလည်း သိရသည်။ အဆိုပါပြတိုက်အသစ်ကို Munch/Stenersen အဖြစ် အမည်ပေးသွားမည်ဖြစ် ကြောင်း အာဏာပိုင်များက ထုတ်ပြန်ကြေညာထား သည်။ ထို့ပြင် အခြားမတူညီသောပြတိုက်ပေါင်း (၅၀)ခန့်လည်း အော်စလိုမြို့ပတ်ပတ်လည်တွင်ရှိကြောင်း လည်းသိရသည်။ Folkemuseet ပြတိုက် သည် Bygdøy ကျွန်းဆွယ်တွင်တည်ရှိပြီး ရိုးရာအနုပညာ၊ ရိုးရာဝတ်စုံ၊ Sami ယဉ်ကျေးမှုနှင့် ဗိုက်ကင်း ယဉ် ကျေးမှုတို့ကိုပြသထားသည့် ပြတိုက်တစ်ခုဖြစ်သည်။ ကြီးမားသော Frogner ပန်းခြံအတွင်းတွင် တည်ရှိသော Vigeland ပြတိုက်သည် အခမဲ့ဝင်ရောက်ကြည့် ရှုနိုင်သည့် ပြတိုက်တစ်ခုဖြစ်ပြီး နော်ဝေးပန်းပုဆရာ Gustav Vigeland ၏ ပန်းပုရုပ်တုပေါင်း(၂၁၂)ခု ကျော်ကို ပြသထားသည်။ ထို့ပြင် လူကြိုက်များသော အခြားပန်းပုရုပ်တုတစ်ခုမှာ ဒေါသတကြီးဖြင့် ခြေဆောင့်ရန်ဟန်ပြင်နေသည့် ကလေးလေး၏ရုပ်တု ဖြစ်ပြီး အော်စလိုမြို့၏ သင်္ကေတတစ်ခုအဖြစ် လူသိ များသည်။ ဗိုက်ကင်း သင်္ဘောပြတိုက်တွင် Oseberg? Gokstad နှင့် Tune မြူနီစီပယ်တို့တွင် တွေ့ရှိခဲ့သည့် ဗိုက်ကင်း သင်္ဘော သုံးစင်းနှင့် ဗိုက်ကင်းခေတ်မှ အခြား ထူးခြားသောပစ္စည်းများကို ပြသထားကြောင်း သိရသည်။ လက်ရှိ အချိန်တွင် ပြုပြင်မွမ်းမံမှုများလုပ် ဆောင်ရန်အတွက် ပြတိုက်ကိုပိတ်ထားပြီး (၂၀၂၆) ခုနှစ်မှ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပြတိုက်အသစ်ကို ဗိုက်ကင်းခေတ်ပြတိုက်ဟု အမည်ပေးထား ပြီး ယခင်ပြတိုက်တွင်ပြသခဲ့သည် ထက် ဗိုက်ကင်းပစ္စည်းများကို ပိုမိုပြသရန်စီစဉ်ထား ကြောင်းလည်း သိရသည်။ ထို့ပြင် အော်စလိုမြို့ပြတိုက် သည် အော်စလိုရှိလူများနှင့် မြို့၏သမိုင်းကြောင်း ဆိုင်ရာ အမြဲတမ်းပြပွဲကို ကျင်းပလေ့ရှိသည်။ Kon-Tiki ပြတိုက်တွင် နော်ဝေးနိုင်ငံသား စွန့်စားရှာဖွေသူ Heyerdahl ၏ Kon-tiki နှင့် တို့ကိုပြသ ထားသည်။ Fram ပြတိုက်တွင် လေ့လာရေးခရီးများ အတွင်း နော်ဝေးနိုင်ငံသား စူးစမ်းလေ့လာသူ Roald Amundsen နှင့် Fritjof Nansen တို့အသုံးပြုခဲ့ သည့် သစ်သားသင်္ဘော Fram အပါအဝင် အာတိတ် နှင့်အန္တတိက စူးစမ်းလေ့လာရေးအတွင်းမှ ပစ္စည်း များကို ပြသထားကြောင်းသိရသည်။

Zawgyi Version;
ဗိုက္ကင္းတို႔ရဲ႕ၿမိဳ႕ေတာ္ (သို႔မဟုတ္) သမိုင္းေၾကာင္းမ်ားစြာရွိတဲ့ ေအာ္စလိုၿမိဳ႕အေၾကာင္း
Pika (NP News) - ေအာက္တိုဘာ ၅

ေအာ္စလိုၿမိဳ႕သည္ ေနာ္ေဝးႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္ၿပီး ႏိုင္ငံအတြင္းတြင္ လူဦးေရအမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ကာ အံ့ဩဖြယ္ေကာင္းေသာ ဗိသုကာလက္ရာမ်ား ႏွင့္ စိတ္ဝင္စားစရာေကာင္းေသာ ဗိုက္ကင္းသမိုင္းေၾကာင္းတို႔ျဖင့္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။
ေအာ္စလိုၿမိဳ႕သည္ ၂ဝ၂၂ ခုႏွစ္တြင္ လူဦးေရ (၇၀၉၀၃၇)ဦးရွိၿပီး ၎၏ ၿမိဳ႕ျပဧရိယာမွာ ၂၀၂၂ ခုႏွစ္တြင္ လူဦးေရ (၁၀၆၄၂၃၅) ဦးရွိေၾကာင္း သိရသည္။ ဗိုက္ကင္းေခတ္အတြင္း ေအာ္စလိုၿမိဳ႕ျပ ဧရိယာသည္ ဗိုက္ကန္ ေဒသ၏ အစိတ္အပိုင္းျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။ ဗိုက္ကင္းေခတ္ အဆုံးမသတ္ခင္ (၁၀၄၀) ျပည့္ႏွစ္တြင္ ေအာ္စလိုၿမိဳ႕ ကို အန္စလိုဆိုသည့္နာမည္ျဖင့္ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တည္ေထာင္ခဲ့ၿပီး (၁၀၄၈) ခုႏွစ္တြင္ ေနာ္ေဝးဘုရင္ Harald Hardrada သည္ အန္စလိုၿမိဳ႕ကို ကုန္သြယ္ေရးေနရာတစ္ခုအျဖစ္ ထူေထာင္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ (၁၀၆၆) ခုႏွစ္တြင္ ေနာ္ေဝးဘုရင္ Harald Hardrada သည္ တိုက္ပြဲအတြင္းက်ဆုံးသြားခဲ့ၿပီးေနာက္ ဗိုက္ကင္း ေခတ္အဆုံးသတ္သြားခဲ့ေၾကာင္းသိရသည္။ (၁၀၇၀) ျပည့္ႏွစ္တြင္ အန္စလိုၿမိဳ႕ကို ဘုန္းေတာ္ႀကီး၏ ထိန္းခ်ဳပ္မႈ ေအာက္တြင္ရွိေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ေျပာင္းလဲခဲ့ၿပီး (၁၃၀ဝ)ျပည့္ႏွစ္ဝန္းက်င္ ေနာ္ေဝးဘုရင္ Haakon V လက္ထက္တြင္ ၿမိဳ႕ေတာ္အျဖစ္ အဆင့္ျမႇင့္တင္ခဲ့ေၾကာင္းသိရသည္။ ဒိန္းမတ္ ႏိုင္ငံမွ ပုဂၢိဳလ္ေရးဆိုင္ရာသမဂၢမ်ား သည္ (၁၃၉၂)ခုႏွစ္မွ (၁၅၂၃)ခုႏွစ္အထိ ေနာ္ေဝးႏိုင္ငံအေပၚ ဩဇာလႊမ္းမိုးခဲ့ေသာ္လည္း (၁၅၃၆)ခုႏွစ္မွ (၁၈၁၄)ခု ႏွစ္အတြင္း ၎တို႔၏ ဩဇာလႊမ္းမႈမ်ားကို ေလွ်ာ့ခ်ပစ္ခဲ့ေၾကာင္းသိရသည္။
သို႔ေသာ္လည္း ဒိန္းမတ္ႏွင့္ ေနာ္ေဝးဘုရင္ Christian IV အုပ္ခ်ဳပ္ေနသည့္ကာလ အတြင္း (၁၆၂၄)ခုႏွစ္တြင္ အန္စလိုၿမိဳ႕သည္ မီး ေလာင္ကြၽမ္းမႈေၾကာင့္ ပ်က္စီးသြားခဲ့ၿပီးေနာက္ Akershus Fortress ရဲတိုက္အနီးတြင္ ၿမိဳ႕အသစ္ကို တည္ေဆာက္ခဲ့ၿပီး Christiania အျဖစ္ နာမည္ေပး ခဲ့ေၾကာင္းသိရသည္။ (၁၈၃၈)ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔တြင္ Christiania ၿမိဳ႕သည္ ျမဴနီစီပယ္တစ္ခု ျဖစ္လာခဲ့ၿပီး ဆြီဒင္-ေနာ္ေဝး ျပည္ေထာင္စု(၁၈၁၄ -၁၉၀၅) ခုႏွစ္အတြင္း ေနာ္ေဝးႏိုင္ငံ၏ၿမိဳ႕ေတာ္အ ျဖစ္ေျပာင္းလဲခဲ့ၿပီးေနာက္ (၁၉၂၅)ခုႏွစ္တြင္ ေအာ္စ လိုအျဖစ္ အမည္ေျပာင္းလဲခဲ့ေၾကာင္းသိရသည္။ (၁၉၄၈)ခုႏွစ္တြင္ ေအာ္စလိုၿမိဳ႕ကိုဝန္းရံထားကာ (၂၇)ဆခန႔္ပိုမိုႀကီးမား ေသာ ျမဴနီစီပယ္အက္ကာႏွင့္ ေပါင္းစည္းခဲ့ၿပီးေနာက္ ေခတ္မီၿပီးႀကီးမားေသာ ေအာ္စလိုျမဴနီစီပယ္ကို ဖန္တီးခဲ့သည္။ ေအာ္စလိုၿမိဳ႕သည္ ေနာ္ေဝးႏိုင္ငံ၏ စီးပြားေရးႏွင့္အစိုးရအခ်က္အခ်ာေနရာတစ္ခုျဖစ္ၿပီး ႏိုင္ငံ၏ကုန္သြယ္ေရး၊ ဘဏ္လုပ္ငန္း၊ စက္မႈလုပ္ငန္းႏွင့္ ပို႔ေဆာင္ေရးတို႔အတြက္ အဓိကအခ်က္အခ်ာေနရာတစ္ခု လည္းျဖစ္သည္။ ထို႔ျပင္ ေအာ္စလိုၿမိဳ႕သည္ ဥေရာပတိုက္တြင္ ေရေၾကာင္းစက္မႈလုပ္ငန္းႏွင့္ ေရေၾကာင္း ကုန္သြယ္ေရးတို႔အတြက္ အေရးႀကီးေသာ ေနရာတစ္ခုလည္းျဖစ္သည္။ ေအာ္စလိုၿမိဳ႕သည္ ေရေၾကာင္းဆိုင္ရာ က႑အတြင္းမွ ကုမၸဏီမ်ားစြာ အေျခစိုက္သည့္ေနရာတစ္ခုျဖစ္ၿပီး အဆိုပါကုမၸဏီမ်ားအနက္ အခ်ိဳ႕မွာကမာၻေပၚ တြင္ အႀကီးဆုံးပို႔ေဆာင္ေရး ကုမၸဏီမ်ား၊ သေဘၤာပြဲစားမ်ားႏွင့္ ေရေၾကာင္းအာမခံပြဲစားကုမၸဏီမ်ားျဖစ္ေၾကာင္း သိရသည္။ ေအာ္စလိုၿမိဳ႕သည္ ဥေရာပေကာင္စီႏွင့္ ဥေရာပေကာ္မရွင္တို႔၏ ယဥ္ေက်းမႈဆိုင္ရာၿမိဳ႕မ်ား အစီအစဥ္ အတြက္ ေရွ႕ေျပး ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ေအာ္စလိုၿမိဳ႕၏လူဦးေရသည္ (၂၀ဝဝ) ျပည့္ႏွစ္မ်ား အေစာပိုင္း ကာလအတြင္း စံခ်ိန္တင္ႏႈန္းျဖင့္ ျမင့္တက္လာခဲ့ၿပီး အဆိုပါအခ်ိန္တြင္ ဥေရာပတိုက္မွာ အလ်င္ျမန္ဆုံးႀကီး ထြားလာေနသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့သည္။ ေအာ္စလိုၿမိဳ႕တြင္ လူဦးေရ တိုးျမင့္လာျခင္းႏွင့္ ပတ္သက္ သည့္ အဓိကအေၾကာင္းအရင္းမ်ားမွာ ႏိုင္ငံတကာလူဝင္မႈႀကီးၾကပ္ေရးႏွင့္ ဆက္စပ္ေနေသာ ကေလးေမြးဖြားမႈႏႈန္း ျမင့္မားလာျခင္းတို႔ျဖစ္ၿပီး ႏိုင္ငံအတြင္း ေ႐ႊ႕ေျပာင္းအေျခခ်ေနထိုင္ျခင္းမွာလည္း တစ္စိတ္ တစ္ပိုင္းအျဖစ္ ပါဝင္ခဲ့ သည္။ (၂၀၁၀)ျပည့္ႏွစ္တြင္ ေအာ္စလိုၿမိဳ႕ရွိ ေ႐ႊ႕ေျပာင္းေနထိုင္သူအေရအတြက္သည္ ေနာ္ေဝး ႏိုင္ငံလူဦးေရ တိုးပြားႏႈန္းထက္ ပိုမိုလ်င္ျမန္စြာႀကီးထြားခဲ့ၿပီး ေ႐ႊ႕ေျပာင္းေနထိုင္သူမိသားစုမ်ား၏ ကေလးမ်ားပါ ပါဝင္မည္ဆိုပါ က ႏိုင္ငံ၏ စုစုေပါင္း လူဦးေရ၏ (၂၅) ရာခိုင္ႏႈန္းေက်ာ္ အထိရွိခဲ့ေၾကာင္းသိရသည္။

ပန္းၿခံမ်ားႏွင့္စိမ္းလန္းစိုျပည္ေသာ ဧရိယာမ်ား
ေအာ္စလိုၿမိဳ႕တြင္ ပန္းၿခံမ်ားႏွင့္ စိမ္းလန္းစိုျပည္ ေသာဧရိယာမ်ားစြာရွိၿပီး ၿမိဳ႕လယ္ေကာင္အျပင္ ၿမိဳ႕ အျပင္ဘက္တြင္ရွိေၾကာင္းလည္းသိရသည္။ Frogner ပန္းၿခံသည္ ေအာ္စလိုၿမိဳ႕လယ္ေကာင္မွ မိနစ္ အနည္းငယ္ခန႔္သာလမ္းေလွ်ာက္ရသည့္ေနရာတြင္ တည္ရွိေသာ ႀကီးမားေသာပန္းၿခံတစ္ခုလည္းျဖစ္ သည္။ Frogner ပန္းၿခံတြင္ ေနာ္ေဝးပန္းပုဆရာ Gus­tav Vigeland ထုလုပ္ထားသည့္ ပန္းပုမ်ားစြာ ရွိၿပီး ႏိုင္ငံတြင္းတြင္ အႀကီးဆုံးႏွင့္အေက်ာ္ၾကားဆုံးပန္းၿခံတစ္ခုလည္းျဖစ္သည္။ ေအာ္စလိုၿမိဳ႕အေနာက္ ဘက္ျခမ္းတြင္တည္ရွိေသာ Bygdøy ကြၽန္းဆြယ္ သည္ ႀကီးမားေသာစိမ္းလန္းစိုျပည္သည့္ဧရိယာတစ္ ခုျဖစ္ၿပီး ေအာ္စလိုၿမိဳ႕၏ ကြၽန္းဆြယ္ျပတိုက္အျဖစ္ ေခၚေဝၚၾကေၾကာင္းလည္းသိရသည္။ အဆိုပါဧရိယာ ကို ပင္လယ္ျဖင့္ဝန္းရံထားၿပီး ေနာ္ေဝးႏိုင္ငံတြင္ ေဈး အႀကီးဆုံးခ႐ိုင္မ်ားအနက္ တစ္ခုျဖစ္ေၾကာင္း လည္း သိရသည္။ Ekebergparken Sculpture ပန္းၿခံသည္ ေအာ္စလိုၿမိဳ႕အေရွ႕ေတာင္ဘက္ျခမ္းရွိ Ekebergရပ္ကြက္တြင္တည္ရွိကာ ၿမိဳ႕၏ ျမင္ကြင္းက်ယ္ ျမင္ကြင္းပါရွိေသာ ပန္းပုပန္းၿခံႏွင့္ အမ်ိဳးသား အေမြအႏွစ္ပန္းၿခံတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ St. Hansha ugen ပန္းၿခံသည္ ေအာ္စလိုၿမိဳ႕ လယ္ေကာင္ ရွိ ေတာင္ကုန္းျမင့္တစ္ခုေပၚတြင္တည္ရွိေသာ အမ်ား ျပည္သူပိုင္ ပန္းၿခံေဟာင္း တစ္ခု လည္းျဖစ္သည္။Tøyen ပန္းၿခံသည္ Munch ျပတိုက္ေဟာင္း၏ ေနာက္ဘက္ျခမ္းတြင္ရွိေသာ က်ယ္ဝန္း သည့္ ျမက္ခင္းျပင္ က်ယ္ႀကီးျဖစ္ေၾကာင္းလည္းသိရသည္။ Tøyen ပန္းၿခံ၏ေျမာက္ဘက္ျခမ္းတြင္ Ola Narr
ဟုေခၚေသာ ရႈခင္းၾကည့္သည့္ေနရာတစ္ခုရွိၿပီး ပန္း ၿခံဧရိယာအတြင္း ေအာ္စလိုတကၠသိုလ္ပိုင္ဆိုင္သည့္ ႐ုကၡေဗဒဥယ်ာဥ္ႏွင့္ျပတိုက္တို႔ပါဝင္ေၾကာင္းလည္းသိရသည္။

စီးပြားေရး
ေအာ္စလိုၿမိဳ႕တြင္ ခိုင္မာေသာစီးပြားေရးရွိၿပီး စီး ပြားေရးအလားအလာရွိေသာဥေရာပၿမိဳ႕ႀကီးမ်ားတြင္ နံပါတ္တစ္အျဖစ္ Di မဂၢဇင္း၏ European Cities of the Future (၂၀၁၂) အစီရင္ခံစာတြင္ ေရးသား ေဖာ္ျပထားသည္။ ေအာ္စလိုၿမိဳ႕သည္ ဥေရာပတိုက္တြင္ေရေၾကာင္းဆိုင္ရာအသိပညာ၏ အေရးပါေသာ အခ်က္အခ်ာေနရာတစ္ခုျဖစ္ကာ ေရေၾကာင္းဆိုင္ရာ က႑အတြင္းမွ ကုမၸဏီ(၁၉၈၀)ခန႔္ႏွင့္ ဝန္ထမ္း (၈၅၀ဝ)တို႔၏ ေနအိမ္လည္းျဖစ္ေၾကာင္းသိရသည္။ကမာၻေပၚတြင္ အဓိကေရေၾကာင္း အမ်ိဳးအစားခြဲျခား သည့္ အဖြဲ႕အစည္းသုံးခုအနက္ တစ္ခုျဖစ္သကဲ့သို႔ ကမာၻေပၚရွိသေဘၤာမ်ား၏(၁၆ ဒသမ ၅)ရာခိုင္ႏႈန္းက မွတ္ပုံတင္ထားသည့္ကုမၸဏီျဖစ္ေသာ Det Norske Veritas ကုမၸဏီ၏႐ုံးခ်ဳပ္သည္ ေအာ္စလိုၿမိဳ႕အျပင္ ဘက္ရွိ Høvik ဧရိယာတြင္တည္ရွိေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေအာ္စလိုၿမိဳ႕၏ဆိပ္ကမ္းသည္ ႏိုင္ငံတြင္းတြင္ အႀကီးဆုံးအေထြေထြကုန္တင္ဆိပ္ကမ္းျဖစ္ၿပီး ခရီးသြားမ်ားဝင္ေရာက္ရာေနရာ အဓိက ဝင္ေပါက္တစ္ခုလည္းျဖစ္သည္။ ေအာ္စလိုၿမိဳ႕ ဆိပ္ ကမ္းတြင္ သေဘၤာအစင္းေရ(၆)ေထာင္နီးပါး ႏွစ္စဥ္ ဆိုက္ကပ္ေနၿပီး စုစုေပါင္းကုန္တင္တန္ခ်ိန္(၆)သန္း ေက်ာ္ႏွင့္ ခရီးသည္(၅)သန္းေက်ာ္ရွိေၾကာင္းလည္း သိရသည္။ (၂၀၁၆) ခုႏွစ္တြင္ ေအာ္စလိုၿမိဳ႕၏ စုစု ေပါင္းဂ်ီဒီပီသည္ ယူ႐ို(၆၄)ဘီလ်ံရွိခဲ့ၿပီး ေနာ္ေဝး ႏိုင္ငံဂ်ီဒီပီ၏ (၂၀)ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္းသိရသည္။ေအာ္စလိုသည္ ကမာၻေပၚတြင္ ေဈးအႀကီးဆုံး ၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။(၂၀ဝ၆)ခုႏွစ္အထိ Mercer Human Resource Consul­ting ဘ႑ာေရးဝန္ေဆာင္မႈကုမၸဏီမွပံ့ပိုးေပးေသာ ကမာၻတစ္ဝန္း ေနထိုင္မႈကုန္က်စရိတ္ စစ္တမ္းအရ ေအာ္စလိုၿမိဳ႕သည္ အဆင့္(၁၀)ေနရာတြင္ရွိၿပီး Eco­nomist Intelligence Unit (EIU) ေကာ္ပိုေရးရွင္းအရ အဆင့္(၁)ေနရာတြင္ရွိေၾကာင္းသိရ သည္။ ယခုကဲ့သို႔တြက္ခ်က္မႈကြဲလြဲေနရသည့္ အေၾကာင္းအရင္းမ်ားမွာ (EIU)ေကာ္ပိုေရးရွင္းသည္ ၎၏ေနာက္ဆုံးအၫႊန္းကိန္းတြက္ခ်က္မႈမွ အခ်ိဳ႕ ေသာအခ်က္မ်ားကို ဖယ္ထုတ္ထားျခင္းေၾကာင့္ျဖစ္ၿပီး အထူးသျဖင့္ အိမ္ရာက႑ကို ဖယ္ထုတ္ထားျခင္း ေၾကာင့္ျဖစ္ေၾကာင္းသိရသည္။ (၂၀၁၅)ခုႏွစ္တြင္ EIU ၏ ကမာၻတစ္ဝန္းေနထိုင္မႈကုန္က်စရိတ္စစ္ တမ္းအရ ေအာ္စလိုၿမိဳ႕သည္ ကမာၻေပၚတြင္ တတိယ ေျမာက္ေဈးအႀကီးဆုံးၿမိဳ႕အျဖစ္ အဆင့္ သတ္မွတ္ ခဲ့သည္။ ေအာ္စလိုၿမိဳ႕တြင္ ႏိုင္ငံအတြင္း ေဈးအႀကီးဆုံး အိမ္ရာေဈးကြက္ ရွိေသာ္ လည္းအျခားၿမိဳ႕ မ်ားႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက ေဈးသက္သာေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ေအာ္စလိုၿမိဳ႕သည္ ေနာ္ေဝးႏိုင္ငံတြင္းတြင္ အႀကီးဆုံးျဖစ္ေသာ ကုမၸဏီ(၂၆၅၄)ခု၏ေနအိမ္ လည္းျဖစ္ကာ ေရနံႏွင့္သဘာဝ ဓာတ္ေငြ႕ကုမၸဏီအုပ္စု တစ္စုလုံးသည္ ေအာ္စလိုၿမိဳ႕တြင္တည္ရွိေၾကာင္း သိရသည္။ အဆိုပါ ကုမၸဏီ အေရအတြက္အရ ေအာ္စလိုၿမိဳ႕သည္ ဥေရာပ၏အႀကီးဆုံးၿမိဳ႕မ်ားစာရင္းတြင္ အဆင့္(၅)ေနရာ၌ရွိခဲ့ ေၾကာင္း သိရသည္။ (၂၀ဝ၆)ခုႏွစ္ ဩဂုတ္လတြင္ Swiss bank UBS က ျပဳစုထားေသာ အစီရင္ခံစာအရ ေအာ္စလိုၿမိဳ႕ႏွင့္ လန္ဒန္ၿမိဳ႕တို႔သည္ ကမာၻေပၚတြင္ ေဈးအႀကီးဆုံးၿမိဳ႕ မ်ားျဖစ္ေၾကာင္းသိရသည္။

ျပတိုက္မ်ားႏွင့္ ျပခန္းမ်ား
ေအာ္စလိုၿမိဳ႕တြင္ အဓိကျပတိုက္မ်ားႏွင့္ျပခန္းမ်ားစြာတည္ရွိသည္။ Munch ျပတိုက္တြင္ ေသဆုံး ၿပီးေနာက္ ၎၏အလုပ္မ်ားအားလုံးကို ေအာ္စလိုၿမိဳ႕ ကိုလႉဒါန္းခဲ့သည့္ Edvard Munch ၏ The Scream ႏွင့္ အျခားလက္ရာမ်ားစြာရွိေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ ေအာ္စလိုၿမိဳ႕ေကာင္စီသည္ ၿမိဳ႕ အေရွ႕ေတာင္ဘက္ရွိ Bjørvika ရပ္ကြက္တြင္တည္ ေဆာက္မည့္ Munch ျပတိုက္အသစ္ကို စီစဥ္ေန ေၾကာင္းလည္း သိရသည္။ အဆိုပါျပတိုက္အသစ္ကို Munch/Stenersen အျဖစ္ အမည္ေပးသြားမည္ျဖစ္ ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ေၾကညာထား သည္။ ထို႔ျပင္ အျခားမတူညီေသာျပတိုက္ေပါင္း (၅၀)ခန႔္လည္း ေအာ္စလိုၿမိဳ႕ပတ္ပတ္လည္တြင္ရွိေၾကာင္း လည္းသိရသည္။ Folkemuseet ျပတိုက္ သည္ Bygdøy ကြၽန္းဆြယ္တြင္တည္ရွိၿပီး ႐ိုးရာအႏုပညာ၊ ႐ိုးရာဝတ္စုံ၊ Sami ယဥ္ေက်းမႈႏွင့္ ဗိုက္ကင္း ယဥ္ ေက်းမႈတို႔ကိုျပသထားသည့္ ျပတိုက္တစ္ခုျဖစ္သည္။ ႀကီးမားေသာ Frogner ပန္းၿခံအတြင္းတြင္ တည္ရွိေသာ Vigeland ျပတိုက္သည္ အခမဲ့ဝင္ေရာက္ၾကည့္ ရႈႏိုင္သည့္ ျပတိုက္တစ္ခုျဖစ္ၿပီး ေနာ္ေဝးပန္းပုဆရာ Gustav Vigeland ၏ ပန္းပု႐ုပ္တုေပါင္း(၂၁၂)ခု ေက်ာ္ကို ျပသထားသည္။ ထို႔ျပင္ လူႀကိဳက္မ်ားေသာ အျခားပန္းပု႐ုပ္တုတစ္ခုမွာ ေဒါသတႀကီးျဖင့္ ေျခေဆာင့္ရန္ဟန္ျပင္ေနသည့္ ကေလးေလး၏႐ုပ္တု ျဖစ္ၿပီး ေအာ္စလိုၿမိဳ႕၏ သေကၤတတစ္ခုအျဖစ္ လူသိ မ်ားသည္။ ဗိုက္ကင္း သေဘၤာျပတိုက္တြင္ Oseberg? Gokstad ႏွင့္ Tune ျမဴနီစီပယ္တို႔တြင္ ေတြ႕ရွိခဲ့သည့္ ဗိုက္ကင္း သေဘၤာ သုံးစင္းႏွင့္ ဗိုက္ကင္းေခတ္မွ အျခား ထူးျခားေသာပစၥည္းမ်ားကို ျပသထားေၾကာင္း သိရသည္။ လက္ရွိ အခ်ိန္တြင္ ျပဳျပင္မြမ္းမံမႈမ်ားလုပ္ ေဆာင္ရန္အတြက္ ျပတိုက္ကိုပိတ္ထားၿပီး (၂၀၂၆) ခုႏွစ္မွ ျပန္လည္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္းသိရသည္။ အဆိုပါျပတိုက္အသစ္ကို ဗိုက္ကင္းေခတ္ျပတိုက္ဟု အမည္ေပးထား ၿပီး ယခင္ျပတိုက္တြင္ျပသခဲ့သည္ ထက္ ဗိုက္ကင္းပစၥည္းမ်ားကို ပိုမိုျပသရန္စီစဥ္ထား ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေအာ္စလိုၿမိဳ႕ျပတိုက္ သည္ ေအာ္စလိုရွိလူမ်ားႏွင့္ ၿမိဳ႕၏သမိုင္းေၾကာင္း ဆိုင္ရာ အၿမဲတမ္းျပပြဲကို က်င္းပေလ့ရွိသည္။ Kon-Tiki ျပတိုက္တြင္ ေနာ္ေဝးႏိုင္ငံသား စြန႔္စားရွာေဖြသူ Heyerdahl ၏ Kon-tiki ႏွင့္ တို႔ကိုျပသ ထားသည္။ Fram ျပတိုက္တြင္ ေလ့လာေရးခရီးမ်ား အတြင္း ေနာ္ေဝးႏိုင္ငံသား စူးစမ္းေလ့လာသူ Roald Amundsen ႏွင့္ Fritjof Nansen တို႔အသုံးျပဳခဲ့ သည့္ သစ္သားသေဘၤာ Fram အပါအဝင္ အာတိတ္ ႏွင့္အႏၲတိက စူးစမ္းေလ့လာေရးအတြင္းမွ ပစၥည္း မ်ားကို ျပသထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.