KNDF နယ်မြေရှိ စေတီတစ်ဆူမှ ဘုရားဆင်းတုတော် (၈) ဆူ၏ ဦးခေါင်းတော်များ အဖြတ်ခံရ

 6496

သုတကျော် (NP News) - အောက်တိုဘာလ ၆

KNDF ထိန်းချုပ်နယ်မြေ ဖယ်ခုံမြို့နယ် တောင်ပေါ်စေတီရှိ ဘုရားဆင်းတုတော် (၁၆) ဆူအနက် (၈)ဆူ၏ ဦးခေါင်းတော်များ အဖြတ်ခံရသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ် ဖြစ်ပြီး KNDF အားကောင်းသည့်ဒေသတစ်ခုဖြစ်သော ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးစေတီမှ ဆင်းတု (၈) ဆူတွင် ဦးခေါင်းတော်ဖြတ်ခံထားရသည့် ရုပ်/သံတစ်ခု အင်တာနက် စာမျက်နှာများထက်တွင် အောက်တိုဘာလ(၂)ရက်က စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ် သည်။
NP News ဂျာနယ်က စုံစမ်းသိရှိရသောအချက်အလက်များအရ အဆိုပါ တောင်ပေါ်စေတီကို (၂၀၁၉) ခုနှစ်က အပြီးသတ်တည်ထားခဲ့ခြင်းဖြစ်ကာ စေတီတော်တွင် ဆင်းတုတော် (၁၆) ဆူရှိသည့်အနက် (၈) ဆူတွင် ဦးခေါင်း တော်ပြတ်နေသည့်အကြောင်းကို အောက်တိုဘာလ (၁) ရက်တွင် ကျေးရွာသားများက စတင်သိရှိရခြင်းဖြစ်သည်။
“ဘုရားတွေခေါင်းပြတ်တာက ဦးဇင်းတို့လည်း တွေ့ရတယ်။ ဘုရားကိုခေါင်းဖြတ်တာမှာ နှစ် ချက်တွေ့ရ တယ်ပေါ့။ တစ်ခုက ဘုရားတွေက ရှေး ဟောင်းဘုရားမို့လို့ တန်ဖိုးကြီးမားလို့ ရောင်းစားဖို့ ဘုရားတွေကိုခိုးတာတွေ လုပ်ကြတာပေါ့။ ဒါက တစ်ချက်ရှိတယ်။ နောက်တစ်ချက်က ဗုဒ္ဓဘာသာကို စော်ကားဖိနှိပ်လိုလို့ ဖျက်ဆီးတဲ့အပိုင်း အနေနဲ့ တစ်ချက်ရှိတာပေါ့။ ဒီဘုရားတွေကိုကြည့်လိုက်ရင် ရှေးဟောင်းဘုရားတွေ မဟုတ်တာ က သေချာတယ်။ ဒါဆိုရင် ဒုတိယတစ်ချက်ကြောင့် ဒီလိုလုပ်တယ်လို့ မှတ်ချက်ချရတာပေါ့။ ဗုဒ္ဓဘာသာကို ဖိနှိပ်လိုလို့၊ စော် ကားလိုလို့၊ ဖျက်ဆီးလိုလို့ လုပ်တာလို့ မှတ်ချက်ချလို့ ရတယ်” ဟု သာသနာတော်အရေးနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် ဆောင်ရွက်နေသော ဆရာတော်တစ်ပါး က NP News သို့ သုံးသပ်မိန့်ကြားသည်။

ပြီးခဲ့သည့်ကာလများကလည်း အဆိုတော် မိုင်းမိုင်ဆိုင်းသည် စေတီတော်ပေါ်သို့ ဖိနပ်ဖြင့် တက်သည့်အပြင် ဗုဒ္ဓဘာသာဝင်များအတွက် ရိုင်းပျသောဓာတ်ပုံကို ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် အကောင့်တွင် တင်ခဲ့ခြင်းကို လည်းတွေ့ရကြောင်း ဆရာတော်က မိန့်ကြားသည်။
“ဒါတွေက တော်လှန်ရေးခေါင်းစဉ် နောက်ကွယ်မှာရှိတဲ့ သူတို့ရဲ့စိတ်အတွင်းထဲက စိတ်ဆန္ဒပေါ့။ သူတို့စိတ်ထဲက ပုန်းလျှိုးထားတဲ့ဟာတွေက သူတို့အပေါ်ရောက်တဲ့အချိန်မှာ ပေါ်ထွက်လာတယ် လို့ သုံးသပ်လို့ရ တယ်။ ဒါကို သတိမူဖို့လိုအပ်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန် သူများကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ပြင်းထန်စွာအ သိပေးမည်ဟု KNDF ဘက်ကဆိုထားသည်။ “တစ် ခုရှိတာပေါ့။ ကော်မရှင်ဖွဲ့တယ်။ ဘယ်သူတွေတုံး။ ငါ့လူတွေဆိုရင်တော့ သူတို့ခုနကပြောသလို စစ်မနေနဲ့ပေါ့။ ဒီအတိုင်းပဲ ရလဒ်ထွက်မှာပေါ့။ မြန်မာ နိုင်ငံက ဘာသာပေါင်းစုံအဖွဲ့တွေကလည်း ဒါမျိုး တွေကိုကန့်ကွက်ဖို့လိုတယ် ” ဟု ဆရာတော်က မိန့် ကြားသည်။ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း၏ လေးနှစ်တာကာလ၌ ဗုဒ္ဓဘာသာ ရဟန်းသံဃာများ သတ်ဖြတ်ခံရသည့်အပြင် စေတီနှင့်ဘုန်းကြီး ကျောင်းများမှာလည်း အကြမ်းဖက်သမားများ၏ စစ်စခန်းအဖြစ် အသုံးပြုခံရမှုများရှိခဲ့သည်။ ပို၍ဆိုးသည်မှာ ကိုးကန့်သူပုန်များက လောက်ကိုင်မြို့ပေါ်ရှိ စေတီတော်တစ်ဆူကို တူဖြင့်ထုဖြိုနေသော မှတ်တမ်း များထွက်လာခြင်းဖြစ်ပြီး ယင်းအတွက် ဗုဒ္ဓဘာသာ ဝင်စစ်စစ်များအား စိတ်နှလုံးညှိုးနွမ်းစေခဲ့သည်။

Zawgyi Version;
KNDF နယ္ေျမရွိ ေစတီတစ္ဆူမွ ဘုရားဆင္းတုေတာ္ (၈) ဆူ၏ ဦးေခါင္းေတာ္မ်ား အျဖတ္ခံရ
သုတေက်ာ္ (NP News) - ေအာက္တိုဘာလ ၆

KNDF ထိန္းခ်ဳပ္နယ္ေျမ ဖယ္ခုံၿမိဳ႕နယ္ ေတာင္ေပၚေစတီရွိ ဘုရားဆင္းတုေတာ္ (၁၆) ဆူအနက္ (၈)ဆူ၏ ဦးေခါင္းေတာ္မ်ား အျဖတ္ခံရသည့္ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ကယားျပည္နယ္ႏွင့္ ရွမ္းျပည္နယ္အစပ္ ျဖစ္ၿပီး KNDF အားေကာင္းသည့္ေဒသတစ္ခုျဖစ္ေသာ ဖယ္ခုံၿမိဳ႕နယ္ လအိေက်း႐ြာအနီးေစတီမွ ဆင္းတု (၈) ဆူတြင္ ဦးေခါင္းေတာ္ျဖတ္ခံထားရသည့္ ႐ုပ္/သံတစ္ခု အင္တာနက္ စာမ်က္ႏွာမ်ားထက္တြင္ ေအာက္တိုဘာလ(၂)ရက္က စတင္ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္ သည္။
NP News ဂ်ာနယ္က စုံစမ္းသိရွိရေသာအခ်က္အလက္မ်ားအရ အဆိုပါ ေတာင္ေပၚေစတီကို (၂၀၁၉) ခုႏွစ္က အၿပီးသတ္တည္ထားခဲ့ျခင္းျဖစ္ကာ ေစတီေတာ္တြင္ ဆင္းတုေတာ္ (၁၆) ဆူရွိသည့္အနက္ (၈) ဆူတြင္ ဦးေခါင္း ေတာ္ျပတ္ေနသည့္အေၾကာင္းကို ေအာက္တိုဘာလ (၁) ရက္တြင္ ေက်း႐ြာသားမ်ားက စတင္သိရွိရျခင္းျဖစ္သည္။
“ဘုရားေတြေခါင္းျပတ္တာက ဦးဇင္းတို႔လည္း ေတြ႕ရတယ္။ ဘုရားကိုေခါင္းျဖတ္တာမွာ ႏွစ္ ခ်က္ေတြ႕ရ တယ္ေပါ့။ တစ္ခုက ဘုရားေတြက ေရွး ေဟာင္းဘုရားမို႔လို႔ တန္ဖိုးႀကီးမားလို႔ ေရာင္းစားဖို႔ ဘုရားေတြကိုခိုးတာေတြ လုပ္ၾကတာေပါ့။ ဒါက တစ္ခ်က္ရွိတယ္။ ေနာက္တစ္ခ်က္က ဗုဒၶဘာသာကို ေစာ္ကားဖိႏွိပ္လိုလို႔ ဖ်က္ဆီးတဲ့အပိုင္း အေနနဲ႔ တစ္ခ်က္ရွိတာေပါ့။ ဒီဘုရားေတြကိုၾကည့္လိုက္ရင္ ေရွးေဟာင္းဘုရားေတြ မဟုတ္တာ က ေသခ်ာတယ္။ ဒါဆိုရင္ ဒုတိယတစ္ခ်က္ေၾကာင့္ ဒီလိုလုပ္တယ္လို႔ မွတ္ခ်က္ခ်ရတာေပါ့။ ဗုဒၶဘာသာကို ဖိႏွိပ္လိုလို႔၊ ေစာ္ ကားလိုလို႔၊ ဖ်က္ဆီးလိုလို႔ လုပ္တာလို႔ မွတ္ခ်က္ခ်လို႔ ရတယ္” ဟု သာသနာေတာ္အေရးႏွင့္ပတ္သက္၍ ထဲထဲဝင္ဝင္ ေဆာင္႐ြက္ေနေသာ ဆရာေတာ္တစ္ပါး က NP News သို႔ သုံးသပ္မိန႔္ၾကားသည္။

ၿပီးခဲ့သည့္ကာလမ်ားကလည္း အဆိုေတာ္ မိုင္းမိုင္ဆိုင္းသည္ ေစတီေတာ္ေပၚသို႔ ဖိနပ္ျဖင့္ တက္သည့္အျပင္ ဗုဒၶဘာသာဝင္မ်ားအတြက္ ႐ိုင္းပ်ေသာဓာတ္ပုံကို ၎၏ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ အေကာင့္တြင္ တင္ခဲ့ျခင္းကို လည္းေတြ႕ရေၾကာင္း ဆရာေတာ္က မိန႔္ၾကားသည္။
“ဒါေတြက ေတာ္လွန္ေရးေခါင္းစဥ္ ေနာက္ကြယ္မွာရွိတဲ့ သူတို႔ရဲ႕စိတ္အတြင္းထဲက စိတ္ဆႏၵေပါ့။ သူတို႔စိတ္ထဲက ပုန္းလွ်ိဳးထားတဲ့ဟာေတြက သူတို႔အေပၚေရာက္တဲ့အခ်ိန္မွာ ေပၚထြက္လာတယ္ လို႔ သုံးသပ္လို႔ရ တယ္။ ဒါကို သတိမူဖို႔လိုအပ္တယ္” ဟု ဆရာေတာ္က မိန႔္ၾကားသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္ သူမ်ားကို စုံစမ္းရွာေဖြေဖာ္ထုတ္ၿပီး ျပင္းထန္စြာအ သိေပးမည္ဟု KNDF ဘက္ကဆိုထားသည္။ “တစ္ ခုရွိတာေပါ့။ ေကာ္မရွင္ဖြဲ႕တယ္။ ဘယ္သူေတြတုံး။ ငါ့လူေတြဆိုရင္ေတာ့ သူတို႔ခုနကေျပာသလို စစ္မေနနဲ႔ေပါ့။ ဒီအတိုင္းပဲ ရလဒ္ထြက္မွာေပါ့။ ျမန္မာ ႏိုင္ငံက ဘာသာေပါင္းစုံအဖြဲ႕ေတြကလည္း ဒါမ်ိဳး ေတြကိုကန႔္ကြက္ဖို႔လိုတယ္ ” ဟု ဆရာေတာ္က မိန႔္ ၾကားသည္။ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္း၏ ေလးႏွစ္တာကာလ၌ ဗုဒၶဘာသာ ရဟန္းသံဃာမ်ား သတ္ျဖတ္ခံရသည့္အျပင္ ေစတီႏွင့္ဘုန္းႀကီး ေက်ာင္းမ်ားမွာလည္း အၾကမ္းဖက္သမားမ်ား၏ စစ္စခန္းအျဖစ္ အသုံးျပဳခံရမႈမ်ားရွိခဲ့သည္။ ပို၍ဆိုးသည္မွာ ကိုးကန႔္သူပုန္မ်ားက ေလာက္ကိုင္ၿမိဳ႕ေပၚရွိ ေစတီေတာ္တစ္ဆူကို တူျဖင့္ထုၿဖိဳေနေသာ မွတ္တမ္း မ်ားထြက္လာျခင္းျဖစ္ၿပီး ယင္းအတြက္ ဗုဒၶဘာသာ ဝင္စစ္စစ္မ်ားအား စိတ္ႏွလုံးညႇိဳးႏြမ္းေစခဲ့သည္။

Related news

© 2021. All rights reserved.