လှိုင်သာယာမြို့နယ်တွင် ရပ်ထားသည့် YBS ယာဉ် မီးလောင်မှုဖြစ်ပွားရာ တစ်စီးလုံး မီးလောင်ပျက်စီး

 966

NP News - အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ရပ်ထားသည့် YBS မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း လှိုင်သာယာမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၆ ရက်)၊ နံနက် ၄ နာရီ ၂ဝ မိနစ်အချိန်ခန့်က လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အနော်ရထာလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါလမ်းပေါ်တွင် ညအိပ်ရပ်နားထားသည့် YBS-132 ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ယာဉ်ခေါင်းပိုင်းမှစတင်ကာ မီးလောင်မှုဖြစ်ပွာခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်းယာဉ်မီးလောင်မှုကို လှိုင်သာယာအနောက်ပိုင်းမြို့နယ်မီးသတ်တပ်ဖွဲ့က ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အလားတူပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်ကလည်း၊ လုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမီးပွိုင့်အနီးတွင် YBS-22 ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version;
လႈိင္သာယာၿမိဳ႕နယ္တြင္ ရပ္ထားသည့္ YBS ယာဥ္ မီးေလာင္မႈျဖစ္ပြားရာ တစ္စီးလုံး မီးေလာင္ပ်က္စီး
NP News - ေအာက္တိုဘာ ၆

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ ရပ္ထားသည့္ YBS မီးေလာင္မႈျဖစ္ပြားခဲ့ရာ ယာဥ္တစ္စီးလုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း လႈိင္သာယာၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၆ ရက္)၊ နံနက္ ၄ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္က လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္၊ အေနာ္ရထာလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အထက္ပါလမ္းေပၚတြင္ ညအိပ္ရပ္နားထားသည့္ YBS-132 ယာဥ္လိုင္းမွ ယာဥ္တစ္စီးသည္ ယာဥ္ေခါင္းပိုင္းမွစတင္ကာ မီးေလာင္မႈျဖစ္ပြာခဲ့ၿပီး ယာဥ္တစ္စီးလုံး မီးေလာင္ပ်က္စီးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎ယာဥ္မီးေလာင္မႈကို လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕က ထြက္ခြာမီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

အလားတူၿပီးခဲ့သည့္ စက္တင္ဘာ ၁၃ ရက္ကလည္း၊ လုံၿမိဳ႕နယ္၊ ေအာက္ၾကည့္ျမင္တိုင္လမ္း၊ အလုံမီးပြိဳင့္အနီးတြင္ YBS-22 ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.