ဂါဇာစစ်ပွဲတစ်နှစ်ပြည့်ခါနီးချိန်မှာပဲ အစ္စရေးက ဂါဇာဒေသမြောက်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်

 289

ဂျန်ဇက် (NP News) - အောက်တိုဘာ ၆

အစ္စရေးနိုင်ငံဟာ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို အခြားတစ်ဖက်မှာလည်း ဟားမက်စ်အဖွဲ့ကိုအမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ကြိုးပမ်းနေရာ အောက်တိုဘာ ၆ ရက်က ဂါဇာဒေသကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံးလူပေါင်း ၂၆ ဦး သေဆုံးခဲ့သလို လူပေါင်း ၉၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူပေါင်း ၂ဝ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေးတင့်ကားတွေ ပထမဆုံး အကြိမ် ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း ပြောပါတယ်။ အစ္စရေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ တွေကို ဘေးကင်းရာကိုရွှေ့ပြောင်းဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

အစ္စရေးစစ်တပ်က ၎င်းတို့ဟာ ဂါဇာမြို့အလယ်ရှိ Deir al-Balah အရပ်ဒေသ ဗလီ နဲ့ စာသင်ကျောင်းတွေကို တိကျစွာတိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီစာသင်ကျေင်းတွေနဲ့ ဗလီတွေဟာ ဟားမက်စ်အဖွဲ့ စီမံခန့်ခွဲနေတဲ့ အရပ်ဒေသဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဟားမက်စ်အဖွဲ့ကတော့ အစ္စရေးစစ်တပ်ရဲ့ထုတ်ပြန်ချက် တွေကို ငြင်းဆန်ပယ်ချထားပြီး အရပ်သားတွေ အသုံးပြုနေတဲ့စာသင်ကျောင်းတွေ၊ ဗလီတွေနဲ့ ဆေးရုံတွေကို အစ္စရေးစစ်တပ်က စစ်ရေးရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေကြောင်း စွပ်စွဲပြောဆိုထားပါတယ်။
အစ္စရေးနဲ့ ဟားမက်စ် အဖွဲ့ကြားဖြစ်ပွားနေတဲ့ဂါဇာစစ်ပွဲတစ်နှစ်ပြည့်ခါနီအချိန်မှာ အစ္စရေးစစ်တပ်က ဂါဇာဒေသ မြောက်ပိုင်းကို ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ ၁ နှစ် ပြည့်ခါနီးချိန်မှာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၂၀၀၀ ကျော် သေဆုံးထားပြီး လူပေါင်း ၂ ဒသမ ၃ သန်း နေရပ် စွန့်ခွာနေရကြောင်း သိရပါတယ်။

Zawgyi Version;
ဂါဇာစစ္ပြဲတစ္ႏွစ္ျပည့္ခါနီးခ်ိန္မွာပဲ အစၥေရးက ဂါဇာေဒသေျမာက္ပိုင္းကို ထိုးစစ္ဆင္တိုက္ခိုက္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၆

အစၥေရးႏိုင္ငံဟာ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာအဖြဲ႕ေတြကို ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ေနသလို အျခားတစ္ဖက္မွာလည္း ဟားမက္စ္အဖြဲ႕ကိုအျမစ္ျပတ္ေခ်မႈန္းႏိုင္ဖို႔ ႀကိဳးပမ္းေနရာ ေအာက္တိုဘာ ၆ ရက္က ဂါဇာေဒသကို တိုက္ခိုက္ခဲ့ၿပီး အနည္းဆုံးလူေပါင္း ၂၆ ဦး ေသဆုံးခဲ့သလို လူေပါင္း ၉၃ ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။

ပါလက္စတိုင္း က်န္းမာေရးအာဏာပိုင္ေတြက ဂါဇာေဒသေျမာက္ပိုင္းကို အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံးလူေပါင္း ၂ဝ ဦး ထပ္မံေသဆုံးခဲ့ေၾကာင္း၊ ဂါဇာေဒသေျမာက္ပိုင္းကို အစၥေရးတင့္ကားေတြ ပထမဆုံး အႀကိမ္ ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့ေၾကာင္း ေျပာပါတယ္။ အစၥေရးရဲ႕ထိုးစစ္ဆင္တိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံ ေတြကို ေဘးကင္းရာကိုေ႐ႊ႕ေျပာင္းဖို႔ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

အစၥေရးစစ္တပ္က ၎တို႔ဟာ ဂါဇာၿမိဳ႕အလယ္ရွိ Deir al-Balah အရပ္ေဒသ ဗလီ နဲ႔ စာသင္ေက်ာင္းေတြကို တိက်စြာတိုက္ခိုက္ခဲ့ေၾကာင္း ေျပာပါတယ္။ အဲဒီစာသင္ေက်င္းေတြနဲ႔ ဗလီေတြဟာ ဟားမက္စ္အဖြဲ႕ စီမံခန႔္ခြဲေနတဲ့ အရပ္ေဒသျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ဟားမက္စ္အဖြဲ႕ကေတာ့ အစၥေရးစစ္တပ္ရဲ႕ထုတ္ျပန္ခ်က္ ေတြကို ျငင္းဆန္ပယ္ခ်ထားၿပီး အရပ္သားေတြ အသုံးျပဳေနတဲ့စာသင္ေက်ာင္းေတြ၊ ဗလီေတြနဲ႔ ေဆး႐ုံေတြကို အစၥေရးစစ္တပ္က စစ္ေရးရည္႐ြယ္ခ်က္နဲ႔ တိုက္ခိုက္ေနေၾကာင္း စြပ္စြဲေျပာဆိုထားပါတယ္။
အစၥေရးနဲ႔ ဟားမက္စ္ အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ဂါဇာစစ္ပြဲတစ္ႏွစ္ျပည့္ခါနီအခ်ိန္မွာ အစၥေရးစစ္တပ္က ဂါဇာေဒသ ေျမာက္ပိုင္းကို ထပ္မံတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ အစၥေရးနဲ႔ ဟားမက္စ္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲ ၁ ႏွစ္ ျပည့္ခါနီးခ်ိန္မွာ ပါလက္စတိုင္းလူမ်ိဳး အနည္းဆုံး ၄၂၀၀၀ ေက်ာ္ ေသဆုံးထားၿပီး လူေပါင္း ၂ ဒသမ ၃ သန္း ေနရပ္ စြန႔္ခြာေနရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.