ရေတိုက်စားမှုကြောင့် ကွင့်ကြီးမြောင်ချောင်းကူးတံတား‌ ကျိုးကျ

 114

စော (NP News) - အောက်တိုဘာ ၆

ရေတိုက်စားမှုကြောင့် ကွင့်ကြီးမြောင်ချောင်း မီးရထားသံလမ်းကူးတံတား‌ ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ မီးရထားထံမှ သိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၅ ရက်) က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဝေး-ဒလန်ချွန် မီးရထားသွား လမ်း ကွင့်ကြီးမြောင်ချောင်းကူးတံတား ကျိုးကျခဲ့ခြင်းဖြစ်သည်။

“ဒလန်ချွန်ဘက်မှာပါ။ ရေတိုက်စားလို့မို့ ပျက်စီးသွားတာ။ ဖြစ်တာက မနေ့က မနက်ခင်းလောက်ဖြစ်မယ်”ဟု နေပြည်တော်ရှိ မီးရထားရုံပိုင်ချုပ်မှ NP News ကို ပြောသည်။

ချောင်းရေတိုက်စားမှုကြောင့် လယ်ဝေး - ဒလန့်ချွန်သွားရထားလမ်း၏ မိုင်တိုင်အမှတ် (၂၆၂/၆၇) ၊ အရှည် (၂၄) ပေ ရှိသော တံတားအမှတ်(၁၄၄) ကွင့်ကြီးမြောင်ချောင်းကူးတံတား ကျိုးကျပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါတံတားကို မီးရထားတာဝန်ရှိသူများက ခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းမှစတင်၍ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေရတိုက္စားမႈေၾကာင့္ ကြင့္ႀကီးေျမာင္ေခ်ာင္းကူးတံတား‌ က်ိဳးက်
ေစာ (NP News) - ေအာက္တိုဘာ ၆

ေရတိုက္စားမႈေၾကာင့္ ကြင့္ႀကီးေျမာင္ေခ်ာင္း မီးရထားသံလမ္းကူးတံတား‌ က်ိဳးက်ခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာ့ မီးရထားထံမွ သိရသည္။
ယမန္ေန႔ (ေအာက္တိုဘာလ ၅ ရက္) က ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ လယ္ေဝး-ဒလန္ခြၽန္ မီးရထားသြား လမ္း ကြင့္ႀကီးေျမာင္ေခ်ာင္းကူးတံတား က်ိဳးက်ခဲ့ျခင္းျဖစ္သည္။

“ဒလန္ခြၽန္ဘက္မွာပါ။ ေရတိုက္စားလို႔မို႔ ပ်က္စီးသြားတာ။ ျဖစ္တာက မေန႔က မနက္ခင္းေလာက္ျဖစ္မယ္”ဟု ေနျပည္ေတာ္ရွိ မီးရထား႐ုံပိုင္ခ်ဳပ္မွ NP News ကို ေျပာသည္။

ေခ်ာင္းေရတိုက္စားမႈေၾကာင့္ လယ္ေဝး - ဒလန္႔ခြၽန္သြားရထားလမ္း၏ မိုင္တိုင္အမွတ္ (၂၆၂/၆၇) ၊ အရွည္ (၂၄) ေပ ရွိေသာ တံတားအမွတ္(၁၄၄) ကြင့္ႀကီးေျမာင္ေခ်ာင္းကူးတံတား က်ိဳးက်ပ်က္စီးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။
အဆိုပါတံတားကို မီးရထားတာဝန္ရွိသူမ်ားက ခရီးစဥ္မ်ား အျမန္ဆုံးျပန္လည္ေျပးဆြဲႏိုင္ေရးအတြက္ ယမန္ေန႔ ညေနပိုင္းမွစတင္၍ ျပင္ဆင္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.