မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ယနေ့ နံနက်အစောပိုင်းတွင် ကွယ်လွန်

 947

ဓာတ်ပုံ - VOM၊ CJ

သုတကျော် (NP News) - အောက်တိုဘာ ၇

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်သည် ယနေ့ (အောက်တိုဘာလ ၇ ရက်) နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် အသက်(၇၃)နှစ် အရွယ်ရှိပြီဖြစ်ကာ မန္တလေးအထူးကုဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရင်း သတိလစ်မေ့မြောနေရာမှ ယနေ့ နံနက် ၃ နာရီခန့်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

"နှစ်ရက်လောက် သတိမေ့နေတာပေါ့။ ဒီနေ့ မနက်အစောပိုင်းက ဆုံးပါတယ်။ အခုတော့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အဖေအိမ်မှာ နာရေးအခမ်းအနား လုပ်တာပေါ့။ ရုပ်အလောင်းလည်း အဲဒီမှာပဲ။ သွေးကင်ဆာရောဂါ အခံနဲ့ဆုံးတာပါ။ ၅ ရက်နေ့မှာ သတိစမလည်တော့တာလို့ သိရပါတယ်" ဟု ဒေါက် တာ ဇော်မြင့်မောင် နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

နာရေးအခမ်းအနား ပြုလုပ်ရာ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်သို့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အပါအဝင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ သွားရောက် ဂါရဝ ပြုခဲ့ကြကြောင်း သိရသည်။

ဒေါက်တာ ဇော်မြင့်မောင်ကို ကျန်းမာရေး အခြေအနေရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။

zawgyi verison
မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ ေဇာ္ျမင့္ေမာင္ ယေန႔ နံနက္အေစာပိုင္းတြင္ ကြယ္လြန္
သုတေက်ာ္ (NP News) - အောက်တိုဘာ ၇

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ ေဇာ္ျမင့္ေမာင္သည္ ယေန႔ (ေအာက္တိုဘာလ ၇ ရက္) နံနက္ပိုင္းတြင္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။

ကြယ္လြန္ခ်ိန္တြင္ အသက္(၇၃)ႏွစ္ အ႐ြယ္ရွိၿပီျဖစ္ကာ မႏၲေလးအထူးကုေဆး႐ုံႀကီး၌ ေဆးကုသမႈခံယူေနရင္း သတိလစ္ေမ့ေျမာေနရာမွ ယေန႔ နံနက္ ၃ နာရီခန္႔တြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။

"ႏွစ္ရက္ေလာက္ သတိေမ့ေနတာေပါ့။ ဒီေန႔ မနက္အေစာပိုင္းက ဆုံးပါတယ္။ အခုေတာ့ ေဒါက္တာ ေဇာ္ျမင့္ေမာင္ရဲ႕ အေဖအိမ္မွာ နာေရးအခမ္းအနား လုပ္တာေပါ့။ ႐ုပ္အေလာင္းလည္း အဲဒီမွာပဲ။ ေသြးကင္ဆာေရာဂါ အခံနဲ႔ဆုံးတာပါ။ ၅ ရက္ေန႔မွာ သတိစမလည္ေတာ့တာလို႔ သိရပါတယ္" ဟု ေဒါက္ တာ ေဇာ္ျမင့္ေမာင္ ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

နာေရးအခမ္းအနား ျပဳလုပ္ရာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ေနအိမ္သို႔နံနက္ပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေအာင္ အပါအဝင္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္မ်ား သြားေရာက္ ဂါရဝ ျပဳခဲ့ၾကေၾကာင္း သိရသည္။

ေဒါက္တာ ေဇာ္ျမင့္ေမာင္ကို က်န္းမာေရး အေျခအေနရ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ေၾကာင္းလည္း သိရသည္။

ဓာတ္ပုံ - VOM၊ CJ

Related news

© 2021. All rights reserved.