သန်းခေါင်စာရင်းကောက်ပြီး ပြန်လာသည့် ပညာရေးဝန်ထမ်း(၆)ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးမတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီး

 532

သန့်ဇင် (NP News) - အောက်တိုဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်မြို့နယ်မှ သန်းခေါင်စာရင်းကောက်ပြီး ပြန်လာသည့် ပညာရေးဝန်ထမ်း(၆)ဦး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးမတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်‌နေ့(အောက်တိုဘာ ၆ ရက်)၊ မွန်းလွဲပိုင်းအချိန်က လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်နေထိုင်သည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးစာရေး ဒေါ်သီတာအပါအဝင် ကျောင်းဆရာမ (၄)ဦးတို့သည် ထားဝယ်မြို့နယ်မှ သန်းခေါင်စာရင်းကောက်ယူကာ ပြန်လာပြီး ၎င်းတို့နေအိမ်အသီးသီးတွင် ရှိနေစဉ် PDF အဖွဲ့ဝင်(၁၀)ဦးခန့်က ကားဖြင့်ရောက်ရှိလာကာ ဖမ်းဆီးခါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့၊ ည ၇နာရီခွဲအချိန်ခန့်ကလည်း သန်းခေါင်းစာရင်းကောက်ယူရာ၌ ပါဝင်သော အထက်ပါကျေးရွာတွင် နေထိုင်သည့် မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးနှင့် အထက်တန်းပြဆရာမတစ်ဦးတို့ကိုလည်း PDF အဖွဲ့က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် PDF လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရသူများအား အမြန်ဆုံးပြန်လည် လွတ်မြောက်ရေးနှင့် ကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်းဇန်ကျေးရွာတွင်နေထိုင်သော သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူ အသက်(၆၅)နှစ်အရွယ် အမျိုသားတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှစတင်ကာ အောက်တိုဘာလ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ဒေသအချို့တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်သူများကို PDF လက်နက်ကိုင် အဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ချောင်းမြောင်းလုပ်ကြံခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
သန္းေခါင္စာရင္းေကာက္ၿပီး ျပန္လာသည့္ ပညာေရးဝန္ထမ္း(၆)ဦးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံး စာေရးမတစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီး

သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၇

တနသၤာရီတိုင္းေဒသႀကီး၊ ေလာင္းလုံးၿမိဳ႕နယ္တြင္ ထားဝယ္ၿမိဳ႕နယ္မွ သန္းေခါင္စာရင္းေကာက္ၿပီး ျပန္လာသည့္ ပညာေရးဝန္ထမ္း(၆)ဦး ႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံး စာေရးမတစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီး ေခၚေဆာင္သြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္‌ေန႔(ေအာက္တိုဘာ ၆ ရက္)၊ မြန္းလြဲပိုင္းအခ်ိန္က ေလာင္းလုံးၿမိဳ႕နယ္၊ ေရျဖဴေက်း႐ြာအုပ္စု၊ ေရျဖဴေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး႐ုံးစာေရး ေဒၚသီတာအပါအဝင္ ေက်ာင္းဆရာမ (၄)ဦးတို႔သည္ ထားဝယ္ၿမိဳ႕နယ္မွ သန္းေခါင္စာရင္းေကာက္ယူကာ ျပန္လာၿပီး ၎တို႔ေနအိမ္အသီးသီးတြင္ ရွိေနစဥ္ PDF အဖြဲ႕ဝင္(၁၀)ဦးခန႔္က ကားျဖင့္ေရာက္ရွိလာကာ ဖမ္းဆီးခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ယင္းေန႔၊ ည ၇နာရီခြဲအခ်ိန္ခန႔္ကလည္း သန္းေခါင္းစာရင္းေကာက္ယူရာ၌ ပါဝင္ေသာ အထက္ပါေက်း႐ြာတြင္ ေနထိုင္သည့္ မူလတန္းေက်ာင္းအုပ္ဆရာမတစ္ဦးႏွင့္ အထက္တန္းျပဆရာမတစ္ဦးတို႔ကိုလည္း PDF အဖြဲ႕က ထပ္မံဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ PDF လက္နက္ကိုင္အဖြဲ႕၏ ဖမ္းဆီးျခင္းခံရသူမ်ားအား အျမန္ဆုံးျပန္လည္ လြတ္ေျမာက္ေရးႏွင့္ က်ဴးလြန္သူမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၄ ရက္ကလည္း ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ လမ္းဇန္ေက်း႐ြာတြင္ေနထိုင္ေသာ သန္းေခါင္စာရင္းေကာက္ယူရာတြင္ ပါဝင္သူ အသက္(၆၅)ႏွစ္အ႐ြယ္ အမ်ိဳသားတစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းကို ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁ ရက္မွစတင္ကာ ေအာက္တိုဘာလ ၁၅ ရက္အထိ ေကာက္ယူမည္ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ေဒသအခ်ိဳ႕တြင္ သန္းေခါင္စာရင္းေကာက္ယူရာ၌ ပါဝင္သူမ်ားကို PDF လက္နက္ကိုင္ အဖြဲ႕မ်ားက နည္းလမ္းမ်ိဳးစုံျဖင့္ ေခ်ာင္းေျမာင္းလုပ္ႀကံျခင္း၊ ၿခိမ္းေျခာက္ျခင္းႏွင့္ ဖမ္းဆီးျခင္းမ်ား လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။

© 2021. All rights reserved.