ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား

 564

ချယ်ရီ (NP News)- အောက်တိုဘာ ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ အောက်တိုဘာလ (၇)ရက်တွင် သိရသည်။

အဆိုပါ မီတောင် ပေါက်ကွဲမှုသည် ပြီးခဲ့သည့် (အောက်တိုဘာလ ၅ ရက်)၊ နံနက်(၁၁)နာရီ အချိန်ခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ထိုမီးတောင်မှ ရွှံ့ရည်ပူ များ သည် အမြင့်ပေ( ၁၀ )ပေခန့်တိုင်အောင် လွင့်စင်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်၏ဘေးပတ်လည်သို့ ပေပေါင်း( ၃၀၀)ပေခန့်အထိ ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့ကြောင်း သိရသည်။

ယခု ပေါက်ကွဲခဲ့သော ဝက်အင်းနဂါး ရွှံ့မီးတောင်သည် ယမန်နှစ်(၂၀၂၃ ခုနှစ်)၊ နိုဝင် ဘာ လ ၅ ရက်တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ယခု ၂၀၂၄ ခုနှစ်အတွင်း (၆) ကြိမ်အထိ ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

သို့သော် ထိုပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် လယ်ယာမြေ စိုက်ခင်းများ ထိခိုက် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း သိရသည်။ ရမ်းဗြဲကျွန်းနှင့် ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စု စသည်ဖြင့် အုပ်စု(၃)ခုရှိရာ ပန်းရှည်နဂါးရွှံ့မီးတောင် အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိကြပြီး ထိုရွှံ့မီးတောင်များ၏ အမြင့်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် (၅၀) မီတာမှ(၆၀) မီတာခန့်အထိ ရှိကြောင်း သိရသည်။

zawgyi version
ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ဝက္အင္းနဂါး႐ႊံ႕မီးေတာင္မွာ (၉)ႏွစ္တာကာလအတြင္း (၆)ႀကိမ္ေျမာက္ ေပါက္ကြဲမႈျဖစ္ပြား
ခ်ယ္ရီ (NP News)- ေအာက္တိုဘာ ၇

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ဝက္အင္းနဂါး႐ႊံ႕မီးေတာင္မွာ (၉)ႏွစ္တာကာလအတြင္း (၆)ႀကိမ္ေျမာက္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသဆိုင္ရာ အာဏာပိုင္မ်ားထံမွ ေအာက္တိုဘာလ (၇)ရက္တြင္ သိရသည္။

အဆိုပါ မီေတာင္ ေပါက္ကြဲမႈသည္ ၿပီးခဲ့သည့္ (ေအာက္တိုဘာလ ၅ ရက္)၊ နံနက္(၁၁)နာရီ အခ်ိန္ခန႔္က ျဖစ္ပြားျခင္းျဖစ္ၿပီး ေပါက္ကြဲမႈအရွိန္ေၾကာင့္ ထိုမီးေတာင္မွ ႐ႊံ႕ရည္ပူ မ်ား သည္ အျမင့္ေပ( ၁၀ )ေပခန႔္တိုင္ေအာင္ လြင့္စင္ေပါက္ထြက္ခဲ့ၿပီး ႐ႊံ႕မီးေတာင္၏ေဘးပတ္လည္သို႔ ေပေပါင္း( ၃၀၀)ေပခန႔္အထိ ႐ႊံ႕ေခ်ာ္ရည္မ်ား ဖုံးလႊမ္းခဲ့ေၾကာင္း သိရသည္။

ယခု ေပါက္ကြဲခဲ့ေသာ ဝက္အင္းနဂါး ႐ႊံ႕မီးေတာင္သည္ ယမန္ႏွစ္(၂၀၂၃ ခုႏွစ္)၊ ႏိုဝင္ ဘာ လ ၅ ရက္တြင္ ေနာက္ဆုံးအႀကိမ္ ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္မွစ၍ ယခု ၂၀၂၄ ခုႏွစ္အတြင္း (၆) ႀကိမ္အထိ ေပါက္ကြဲခဲ့ေၾကာင္း သိရွိရသည္။

သို႔ေသာ္ ထိုေပါက္ကြဲမႈေၾကာင့္ လူ၊ တိရစာၦန္ႏွင့္ လယ္ယာေျမ စိုက္ခင္းမ်ား ထိခိုက္ ပ်က္စီးဆုံးရႈံးမႈမ်ား မရွိခဲ့ေၾကာင္း သိရသည္။ ရမ္းၿဗဲကြၽန္းႏွင့္ ေက်ာက္ျဖဴၿမိဳ႕နယ္၊ စိုင္ၿခဳံေက်း႐ြာအနီးတြင္ ဝက္အင္းနဂါး႐ႊံ႕မီးေတာင္အုပ္စု၊ ပန္းရွည္နဂါး႐ႊံ႕မီးေတာင္အုပ္စုႏွင့္ သေျပေတာနဂါး႐ႊံ႕မီးေတာင္အုပ္စု စသည္ျဖင့္ အုပ္စု(၃)ခုရွိရာ ပန္းရွည္နဂါး႐ႊံ႕မီးေတာင္ အုပ္စုႏွင့္ ဝက္အင္းနဂါး႐ႊံ႕မီးေတာင္အုပ္စုတို႔မွာ အမ်ားဆုံးေပါက္ကြဲေလ့ရွိၾကၿပီး ထို႐ႊံ႕မီးေတာင္မ်ား၏ အျမင့္မ်ားမွာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၅၀) မီတာမွ(၆၀) မီတာခန႔္အထိ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.