မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်

 235

စော(NP News)- အောက်တိုဘာ ၇

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ ၊ အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသများမှ အနောက်‌တောင်မုတ်သုံလေ ဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (အောက်တိုဘာ ၇ ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် ပြီးခဲ့သည် စက်တင်ဘာ လ(၁၈)ရက်က မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ အစောဆုံးထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော် အ‌ရှေ့မြောက်ပိုင်းနှင့် မြန်မာ နိုင်ငံအလယ်ပိုင်းဒေသများမှ ပြီးခဲ့သည့် စက်တင်ဘာလ (၂၇)ရက်တွင် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့နောက် ယနေ့ (အောက်တိုဘာလ(၇)ရက်)တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ ထပ်မံဆုတ်ခွာသွားခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။ မိုးဇလ၏ လာမည့်နှစ်ရက်အတွက် ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန် နံနက်အထိခန့်မှန်းချက်အရ နေသာချိန်ရှိပြီး နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကာ ရွာရန်ရာနှုန်း (၆၀) ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ ျမစ္ဝကြၽန္းေပၚေဒသမ်ားမွ အေနာက္ေတာင္မုတ္သုံေလဆုတ္ခြာသြားၿပီဟု မိုးဇလထုတ္ျပန္

ေစာ(NP News)- ေအာက္တိုဘာ ၇

ျမန္မာႏိုင္ငံ ျမစ္ဝကြၽန္းေပၚေဒသ ၊ အလယ္ပိုင္းေဒသႏွင့္ ေျမာက္ပိုင္းေဒသမ်ားမွ အေနာက္‌ေတာင္မုတ္သုံေလ ဆုတ္ခြာသြားၿပီျဖစ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ေအာက္တိုဘာ ၇ ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

မိုးဇလ၏ထုတ္ျပန္ခ်က္အရ အေနာက္ေတာင္မုတ္သုံေလသည္ ၿပီးခဲ့သည္ စက္တင္ဘာ လ(၁၈)ရက္က ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားမွ အေစာဆုံးထြက္ခြာသြားေၾကာင္း သိရသည္။ အဆိုပါ မုတ္သုံေလသည္ ဘဂၤလားပင္လယ္ေအာ္ အ‌ေရွ႕ေျမာက္ပိုင္းႏွင့္ ျမန္မာ ႏိုင္ငံအလယ္ပိုင္းေဒသမ်ားမွ ၿပီးခဲ့သည့္ စက္တင္ဘာလ (၂၇)ရက္တြင္ ထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ေနာက္ ယေန႔ (ေအာက္တိုဘာလ(၇)ရက္)တြင္ ျမစ္ဝကြၽန္းေပၚေဒသမ်ားမွ ထပ္မံဆုတ္ခြာသြားခဲ့ေၾကာင္း မိုးဇလ၏ထုတ္ျပန္ခ်က္အရ သိရသည္။ မိုးဇလ၏ လာမည့္ႏွစ္ရက္အတြက္ ခန္႔မွန္းခ်က္အရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားနည္းေနမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး ႏွင့္အနီးတစ္ဝိုက္အတြက္ မနက္ျဖန္ နံနက္အထိခန္႔မွန္းခ်က္အရ ေနသာခ်ိန္ရွိၿပီး ေနရာကြက္က်ား မိုးအနည္းငယ္႐ြာႏိုင္ကာ ႐ြာရန္ရာႏႈန္း (၆၀) ျဖစ္ေၾကာင္း သိရသည္။

© 2021. All rights reserved.