‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’

 1508

အိဖြူ (NP News) - အောက်တိုဘာ ၇

“The Statesman” ရဲ့အပတ်စဉ်ဖော်ပြတဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို NP News က ထပ်ဆင့်ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကနေ “ဒေါင်းက ချက်နိုင်ငံရဲ့ဒုက္ခသည်ကတ်ကို ရရှိထား၊ ရေမွန်သီချင်းကို ဝယ်ခဲ့မိတာကြောင့် ပြဿနာတွေဖြေရှင်းနေရတဲ့ မီးနို၊ မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကျင်းပမည်” အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။

ချက်နိုင်ငံ ဒုက္ခသည်အဖြစ် ခံယူထားကြောင်း ပေါ်ပေါက်လာတဲ့ ဒေါင်းရဲ့အဖြစ်

ပြည်ပြေးသရုပ်ဆောင် ဒေါင်းက ချက်နိုင်ငံမှာ ဒုက္ခသည် (REFUGIE) အဖြစ် ခံယူထားကြောင်း အချက်အလက် တချို့ ပေါ်ပေါက်လာပါတယ်။

ချက်သမ္မတနိုင်ငံ REFUGEE/ REFUGIEရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပေးတဲ့ ခရီးသွားစာရွက် စာတမ်းနဲ့ခရီးသွားစာရွက်စာတမ်းအကြောင်းအရာ DUBALITM ကွန်ဗင်းရှင်းခေါင်းစဉ်နဲ့ ဒုက္ခသည်များအတွက် သီးသန့် ထုတ်ပေးတဲ့စာအုပ်မျိုးဖြစ်ကြောင်း သိရှိရပါတယ်။

ဒေါင်းက အဆိုပါ ဒုက္ခသည်ခရီးသွားလာခွင့် ခွင့်ပြုချက်စာအုပ် REFUGEE Passport ကို (၂၀၂၂) ခုနှစ် အောက်တိုဘာလ (၂၆)ရက် ရက်စွဲနဲ့ စတင်ရရှိခဲ့ခြင်းမျိုးဖြစ်ပြီး (၂၀၃၂) ခုနှစ် အောက်တိုဘာလ (၂၆) ရက်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ချက်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ဆယ်နှစ်တာ ခံယူထားခြင်းမျိုးလို့လည်း ဆိုနိုင်ပါတယ်။

ဒေါင်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံအားပေးသူ အနုပညာရှင်တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ (၁၀) နှစ် NLD အစိုးရလက်ထက်ကတည်းက မဲဆွယ်စည်းရုံးပွဲတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် တပ်မတော်အာဏာထိန်းမှုနောက်ပိုင်းမှာ တပ်မတော်အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့ပြီး တောခို ပုန်ကန် ခဲ့သူဖြစ်ပါတယ်။

တည်ဆဲအစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ သရုပ်ဆောင်ဒေါင်းကို အကြမ်းဖက်အားပေး ထောက်ခံသူ၊ အကြမ်းဖက်သမားစာရင်းဝင်သူအဖြစ် တရားဝင်သတ်မှတ်ကြေညာခဲ့ပြီး၊ (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလမှာ ၎င်းကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်ဆိုင်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၎င်းအနေနဲ့ ကနဦး ထိုင်းနယ်စပ်သို့ထွက်ပြေးခဲ့ပြီးနောက် ချက်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ REFUGEE Passport ကို ကိုင်ဆောင်နေထိုင်ပေမယ့် နေ့စဉ်နဲ့အမျှ မနက်ဖြန်တိုင်းအတွက် တွေးမိနေရမှာ သာဖြစ်ပါတယ်။

သူရအောင်(ခ)ဒေါင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ဇာတိဖြစ်ပြီး Southern Myanmar F.C ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပါတယ်။ အနုပညာနဲ့နိုင်ငံရေးကို ရောနှောမိတဲ့ သရုပ်ဆောင်ဒေါင်းအနေနဲ့ မြန်မာ နိုင်ငံမှာ ထိပ်တန်းမင်းသားတစ်လက်အဖြစ် နေရာမရခင်မှာပဲ ပြည်ပြေးသရုပ်ဆောင်အဖြစ်သို့ ရောက်ရှိခဲ့ကာ ဒုက္ခသည် အဖြစ် ထွက်ပြေးပုန်းအောင်းနေရတာဖြစ်ပါတယ်။ ၎င်းနည်းတူ မင်းမော်ကွန်း၊ R ဇာနည်၊ လင်းလင်း၊ ချစ်သုဝေ၊ ကိုပေါက်တို့လင်မယား၊ မြတ်နိုးအေး၊ မြနှင်းရည်လွင်၊ ထားထက်ထက်၊ ကျားပေါက်၊ ဆွိဝတ်ရည်သောင်း၊ စိန်သီး၊ ဟားငါးကောင်၊ နိုဗန်ထူး၊ မိုင်းမိုင်ဆိုင်း၊ ဖြူဖြူကျော်သိန်း အစရှိသူတို့ကလည်း လက်နက်ကိုင်ပုန်ကန်သူ လူသတ် အကြမ်းဖက်အားပေး အနုပညာသမားများအဖြစ် နာမည်တွင်လျက်ရှိပါတယ်။ နစကအနေနဲ့ နိုင်ငံတော်အပေါ် တော်လှန်ပုန်ကန်သူတွေ ထွက်ပြေးရာ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအသီးသီးရှိ အစိုးရတွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး ပုန်ကန်သူတွေကို ဖမ်းဆီးနိုင်ပေမယ့် တည်ဆဲအစိုးရအနေနဲ့ လျစ်လျူရှုပေးလျက်ရှိတာကိုလည်း တွေ့မြင် ရပါတယ်။

မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည်

မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို လာမယ့် အောက်တိုဘာလ (၁၃) ရက်မှာ ကျင်းပ ကြတော့မှာဖြစ်ပါတယ်။

(၁၀၄)နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နဲ့ (၄၇)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်း အနားကြီးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုံးစံအတိုင်း ကြီးမှူးကျင်းပမှာဖြစ်ရာ အခု (၂၀၂၄) ခုနှစ်မှာလည်း စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

(၄၇)ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲမှာ ကန်တော့ခံသက်ကြီးပုဂ္ဂိုလ် (၁၅၀) ခန့်ရှိကြောင်းသိရကာ တစ်ဦးလျှင် အနည်းဆုံး ကျပ်သုံးသိန်းနှင့်အထက် ကန်တော့နိုင်ဖို့ စိတ်ကူး ထားကြောင်း သိရပါတယ်။

‘‘ဘယ်လောက်ကန်တော့နိုင်မယ်ဆို တာကတော့ ကြိုပြောလို့မရဘူး။ တစ်ဦးကို ဘယ်လောက်ကန် တော့နိုင် မလဲ ဆိုတာက ပွဲကျင်းပမယ့် (၁၃) ရက်နေ့မှပဲ သိရမှာပါ။ တစ်ဦးကို ဘယ်လောက်နှုန်းဆိုပြီး ကြိုတင်သတ် မှတ်စီစဉ် ထားတာမျိုးမရှိသလို လက်ရှိမှာ အလှူခံနေဆဲကာလ ဖြစ်တာကြောင့် နှစ်အလိုက် နှိုင်းယှဉ်ပြောလို့ မရသေးပါဘူး။ ရေဘေးကိစ္စတွေလည်းရှိတော့ အလှူငွေရရှိမှုကတော့ နည်းလိမ့်မယ်ထင်ပါ တယ်” လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး တာဝန်ရှိသူ ဦးအေးကြူလေးက The Statesman ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင်နေ့နဲ့ မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပနိုင်‌ရေးအတွက် အနုပညာရှင်များ၊ ထုတ်လုပ်ရေးကုမ္ပဏီများ၊ ဆေး ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များက တတ် အားသရွေ့ပါဝင်လှူဒါန်းနေကြတာကို တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ လစဉ် အသက် (၇၅) နှစ်နဲ့အထက် ပုဂ္ဂိုလ်များကို ထောက်ပံ့ငွေ ပေးအပ် လျက်ရှိပြီး၊ ရုပ်ရှင်လောကသားတွေရဲ့ကျန်းမာရေး၊ နာရေး အထွေထွေစရိတ် တွေကိုလည်း လစဉ်ထောက်ပံ့ လျက်ရှိကြောင်း သိရပါတယ်။ မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ကနဦး သိထားရပြီး နိဗ္ဗာန်ဈေးပွဲတော်များကို လည်း ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မီးနိုနဲ့ ခင်မြတ်မွန်တို့ကြားက ငွေကြေးပြဿနာ

အဆိုတော်မီးနိုက ကွယ်လွန်သူ တေးရေး/တေးဆို ရေမွန် ကိုယ်တိုင်ရေးစပ်ထားတဲ့ Holiday သီချင်းကို ဝယ်ယူထားခဲ့ရာ အခုပြန် လည်သီဆိုတော့မယ့်အချိန်မှာ ရေမွန်ရဲ့မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်နဲ့ သီချင်း‌ဝယ်/ရောင်း ငွေကြေး အရှုပ်အထွေးပြဿနာတွေ ဖြစ်လို့နေပါတယ်။

တစ်ဖက်နဲ့တစ်ဖက် ဖေ့ဘွတ်လူမှုကွန်ရက် အကောင့်တွေမှာ အပြန်အလှန်စွပ်စွဲပြောဆိုနေ ကြတာကြောင့် ရေမွန် အမာခံပရိသတ်တွေက ကွယ်လွန်သူ အဆိုတော်ရေမွန် နာမည်ကို အသုံးချနေခြင်းကို မနှစ်မြို့ဟန်ပြောဆိုမှုတွေ ရှိလာတာပါ။

အဲဒီဖြစ်စဉ်က လွန်ခဲ့တဲ့ (၂၀၂၃) ခုနှစ်က စတင်ခဲ့ခြင်းမျိုးဖြစ်ရာ နောက်ဆုံးမှာတော့ လူသိရှင်ကြား ထွက်ပေါ် လာခဲ့တာပါ။ အဆိုတော် ရေမွန်ကွယ်လွန်ပြီးနောက် ဒေါ်ခင်မြတ်မွန်တို့ သားအမိအနေနဲ့ နာရေးကူညီမှုငွေကြေး ပြဿနာများ၊ ရေမွန်ရည်းစားဟောင်းနဲ့ငွေကြေးပြဿနာ၊ Idiots Band ကြား ငွေကြေးပြဿနာ များစွာဖြစ်ပေါ်ခဲ့ပြီး လက်ရှိမှာလည်း အလားတူ အတိုင်း ဆက်လက်ဖြစ်ပွားလျက်ရှိနေတာပါ။

‘‘တွတ်ပီဆီက Holiday သီချင်းကို လွန်ခဲ့တဲ့ (၄) နှစ်က (၃) သိန်းနဲ့ ဝယ်ခဲ့တယ်။ စာချုပ်တော့ မရှိဘူးတဲ့။ ဒီတော့.. စာချုပ်ထပ်ချုပ်ကြဖို့ တုံတုံက အကြံပေးခဲ့တယ်။ နားလည်မှုဆိုတာမျိုးကတော့ တကယ်တမ်းပြဿနာ ဖြစ်လာကြရင်း အထောက်အထားအနေနဲ့ မခိုင်မာပါဘူး။ ဖြေရှင်းလို့ မရပါဘူး။ သီချင်းဝယ်ခဲ့တာက Over date ဖြစ်သွားခဲ့ရင် စာချုပ်အသစ်ထပ်ချုပ်ပြီး သီချင်း ဖိုး/အနုပညာကြေး ထပ်မံပေးသွင်းရတာ ဂီတ လောကသားတိုင်း သိရှိထားပြီး ကျေနပ်စွာလက် ခံကျင့်သုံးကြတဲ့အစဉ်အလာပါ” လို့ ဒေါ်ခင်မြတ် မွန်က လူသိရှင်ကြား ပြောဆိုထားတာပါ။

နှစ်ဖက်စကား အသွားအလာအရ အဆိုတော်မီးနိုက ရေမွန်ဆီက Holiday သီချင်း ကို ကျပ်သုံးသိန်းနဲ့ ဝယ်ယူခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့ခြင်း မရှိခဲ့ကြောင်း၊ သီချင်းကို ဝယ်ထားတာ အချိန် (၄) နှစ်ကျော်ကြာခဲ့ပြီဖြစ်ကြောင်း၊ ရေမွန်သက်ရှိ ထင်ရှားရှိစဉ်ကတည်းက အဆိုပါသီချင်းကို ဝယ်ယူခဲ့ခြင်းဖြစ်ရာ ပြန်လည်သီဆိုခြင်းမရှိဘဲ ရက်လွန်သွား ပြီဖြစ်တာကြောင့် မိသားစုဝင်များမှ ပြန်လည်စာချုပ်ချုပ်ဖို့ တောင်းဆိုခဲ့ကြောင်း၊ နှစ်ဖက်အကြား အဆင်မပြေမှုများ ရှိခဲ့တာကြောင့် (၂၀၂၃) ခုနှစ်ကတည်းက မရောင်းတော့ဘူးလို့ ပြောခဲ့ကြောင်း၊ (၂၀၂၄) ခုနှစ်မှာ အေဂျင်စီက တဆင့် ပြန်လည် ဆက်သွယ်မှုလုပ်ခဲ့ပေမယ့်လည်း ရောင်းချမှုမရှိခဲ့ကြောင်း ပြောဆိုထားကြပါတယ်။

မီးနိုက ‘‘ကိုဗစ်မတိုင်ခင်က Holiday သီချင်းကို ဝယ်ယူပြီး နိုင်ငံရေးအခြေအနေတွေကြောင့် သီချင်း မထွက်နိုင် ဖြစ်ခဲ့ဘဲ၊ Mixing တွေအကုန် လုပ်ပြီးကာမှ မိသားစုဝင်တွေက မရောင်းတော့ ဘူးဆိုတဲ့အတွက် သီချင်းထုတ်ခွင့် မရ တော့ဘူး။ နှမြောမိတာပေါ့။ အကုန်အကျလည်း များခဲ့ရတာ ကိုး” လို့ အသိပေးပြောဆိုထားပါတယ်။ ဒေါ်ခင် မြတ်မွန်က မီးနို ပြောခဲ့ပါတယ်ဆိုတဲ့ ‘‘ပိုက်ဆံ ဘယ်လောက်ထပ်ပေးရမလဲ” ဆိုတဲ့ မေးခွန်းကို အတော်လေး စိတ်မကောင်း ဖြစ်မိနေပုံရပါတယ်။

ဂီတလောကမှာ တေးရေး၊ တေးဆိုကြား သီချင်း အရောင်း/အဝယ်ကိစ္စက အမြဲလိုလိုပြဿနာ တက်လေ့ရှိသလို၊ ကွယ်လွန်ဆုံးပါးသွားသူတွေရဲ့ နာမည်ကျော်ကြားသီချင်းကောင်းတွေကို ကျန်ရစ် သူမိသားစုတွေက စီမံခန့်ခွဲ ရောင်းချရာမှာလည်း ငွေကြေးပြဿနာတွေဖြစ်ပေါ်လျက်ရှိပါတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှာ ခိုင်မာအားကောင်းမှုရှိတဲ့ ဥပဒေစည်းမျဉ်းစည်း ကမ်းတွေ ချမှတ်ဖို့၊ လိုက်နာဖို့၊ အရေးယူမှုရှိဖို့ လိုအပ်နေပြီဆိုတာ ထောက်ပြလာကြပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ရပ်နား ခွင့်ပြုပါ....

zawgyi version
‘‘ ျပည္ေျပးေဒါင္း ဒုကၡသည္အျဖစ္ လြတ္လပ္စြာ သြားလာခြင့္ရေနသလား ’’
အိျဖဴ (NP News) - ေအာက္တိုဘာ ၇

“The Statesman” ရဲ႕အပတ္စဥ္ေဖာ္ျပတဲ့အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို NP News က ထပ္ဆင့္ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကေန “ေဒါင္းက ခ်က္ႏိုင္ငံရဲ႕ဒုကၡသည္ကတ္ကို ရရွိထား၊ ေရမြန္သီခ်င္းကို ဝယ္ခဲ့မိတာေၾကာင့္ ျပႆနာေတြေျဖရွင္းေနရတဲ့ မီးႏို၊ ျမန္မာ့႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲ က်င္းပမည္” အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးပါမယ္။

ခ်က္ႏိုင္ငံ ဒုကၡသည္အျဖစ္ ခံယူထားေၾကာင္း ေပၚေပါက္လာတဲ့ ေဒါင္းရဲ႕အျဖစ္

ျပည္ေျပးသ႐ုပ္ေဆာင္ ေဒါင္းက ခ်က္ႏိုင္ငံမွာ ဒုကၡသည္ (REFUGIE) အျဖစ္ ခံယူထားေၾကာင္း အခ်က္အလက္ တခ်ိဳ႕ ေပၚေပါက္လာပါတယ္။

ခ်က္သမၼတႏိုင္ငံ REFUGEE/ REFUGIEရဲ႕ ျပည္ထဲေရးဝန္ႀကီးဌာနက တရားဝင္ထုတ္ေပးတဲ့ ခရီးသြားစာ႐ြက္ စာတမ္းနဲ႔ခရီးသြားစာ႐ြက္စာတမ္းအေၾကာင္းအရာ DUBALITM ကြန္ဗင္းရွင္းေခါင္းစဥ္နဲ႔ ဒုကၡသည္မ်ားအတြက္ သီးသန႔္ ထုတ္ေပးတဲ့စာအုပ္မ်ိဳးျဖစ္ေၾကာင္း သိရွိရပါတယ္။

ေဒါင္းက အဆိုပါ ဒုကၡသည္ခရီးသြားလာခြင့္ ခြင့္ျပဳခ်က္စာအုပ္ REFUGEE Passport ကို (၂၀၂၂) ခုႏွစ္ ေအာက္တိုဘာလ (၂၆)ရက္ ရက္စြဲနဲ႔ စတင္ရရွိခဲ့ျခင္းမ်ိဳးျဖစ္ၿပီး (၂၀၃၂) ခုႏွစ္ ေအာက္တိုဘာလ (၂၆) ရက္မွာ သက္တမ္း ကုန္ဆုံးမွာျဖစ္ပါတယ္။ ခ်က္ႏိုင္ငံမွာ ဒုကၡသည္အျဖစ္ ဆယ္ႏွစ္တာ ခံယူထားျခင္းမ်ိဳးလို႔လည္း ဆိုႏိုင္ပါတယ္။

ေဒါင္းက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာက္ခံအားေပးသူ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး လြန္ခဲ့တဲ့ (၁၀) ႏွစ္ NLD အစိုးရလက္ထက္ကတည္းက မဲဆြယ္စည္း႐ုံးပြဲေတြမွာ အင္တိုက္အားတိုက္ပါဝင္ခဲ့သူျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ တပ္မေတာ္အာဏာထိန္းမႈေနာက္ပိုင္းမွာ တပ္မေတာ္အေပၚ ဆန႔္က်င္ဆႏၵျပမႈေတြကို လုပ္ေဆာင္ခဲ့ၿပီး ေတာခို ပုန္ကန္ ခဲ့သူျဖစ္ပါတယ္။

တည္ဆဲအစိုးရ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ သ႐ုပ္ေဆာင္ေဒါင္းကို အၾကမ္းဖက္အားေပး ေထာက္ခံသူ၊ အၾကမ္းဖက္သမားစာရင္းဝင္သူအျဖစ္ တရားဝင္သတ္မွတ္ေၾကညာခဲ့ၿပီး၊ (၂၀၂၂) ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ၎ကို ျမန္မာႏိုင္ငံသားအျဖစ္ကေန ရပ္ဆိုင္းေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

၎အေနနဲ႔ ကနဦး ထိုင္းနယ္စပ္သို႔ထြက္ေျပးခဲ့ၿပီးေနာက္ ခ်က္ႏိုင္ငံမွာ ဒုကၡသည္အျဖစ္ ခိုလႈံေနထိုင္ခဲ့ျခင္း ျဖစ္ပါတယ္။ REFUGEE Passport ကို ကိုင္ေဆာင္ေနထိုင္ေပမယ့္ ေန႔စဥ္နဲ႔အမွ် မနက္ျဖန္တိုင္းအတြက္ ေတြးမိေနရမွာ သာျဖစ္ပါတယ္။

သူရေအာင္(ခ)ေဒါင္းက ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ မင္းလွၿမိဳ႕ဇာတိျဖစ္ၿပီး Southern Myanmar F.C ေဘာလုံးသမားေဟာင္းတစ္ဦးျဖစ္ပါတယ္။ အႏုပညာနဲ႔ႏိုင္ငံေရးကို ေရာေႏွာမိတဲ့ သ႐ုပ္ေဆာင္ေဒါင္းအေနနဲ႔ ျမန္မာ ႏိုင္ငံမွာ ထိပ္တန္းမင္းသားတစ္လက္အျဖစ္ ေနရာမရခင္မွာပဲ ျပည္ေျပးသ႐ုပ္ေဆာင္အျဖစ္သို႔ ေရာက္ရွိခဲ့ကာ ဒုကၡသည္ အျဖစ္ ထြက္ေျပးပုန္းေအာင္းေနရတာျဖစ္ပါတယ္။ ၎နည္းတူ မင္းေမာ္ကြန္း၊ R ဇာနည္၊ လင္းလင္း၊ ခ်စ္သုေဝ၊ ကိုေပါက္တို႔လင္မယား၊ ျမတ္ႏိုးေအး၊ ျမႏွင္းရည္လြင္၊ ထားထက္ထက္၊ က်ားေပါက္၊ ဆြိဝတ္ရည္ေသာင္း၊ စိန္သီး၊ ဟားငါးေကာင္၊ ႏိုဗန္ထူး၊ မိုင္းမိုင္ဆိုင္း၊ ျဖဴျဖဴေက်ာ္သိန္း အစရွိသူတို႔ကလည္း လက္နက္ကိုင္ပုန္ကန္သူ လူသတ္ အၾကမ္းဖက္အားေပး အႏုပညာသမားမ်ားအျဖစ္ နာမည္တြင္လ်က္ရွိပါတယ္။ နစကအေနနဲ႔ ႏိုင္ငံေတာ္အေပၚ ေတာ္လွန္ပုန္ကန္သူေတြ ထြက္ေျပးရာ ထိုင္းႏိုင္ငံ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအသီးသီးရွိ အစိုးရေတြနဲ႔ ညႇိႏႈိင္း ေဆြးေႏြးၿပီး ပုန္ကန္သူေတြကို ဖမ္းဆီးႏိုင္ေပမယ့္ တည္ဆဲအစိုးရအေနနဲ႔ လ်စ္လ်ဴရႈေပးလ်က္ရွိတာကိုလည္း ေတြ႕ျမင္ ရပါတယ္။

ျမန္မာ့႐ုပ္ရွင္ သက္ႀကီးပူေဇာ္ပြဲကို စည္းကားသိုက္ၿမိဳက္စြာ က်င္းပမည္

ျမန္မာ့႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲကို လာမယ့္ ေအာက္တိုဘာလ (၁၃) ရက္မွာ က်င္းပ ၾကေတာ့မွာျဖစ္ပါတယ္။

(၁၀၄)ႏွစ္ျပည့္ ျမန္မာ့႐ုပ္ရွင္ေန႔နဲ႔ (၄၇)ႀကိမ္ေျမာက္ ႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲအခမ္း အနားႀကီးကို ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးက ထုံးစံအတိုင္း ႀကီးမႉးက်င္းပမွာျဖစ္ရာ အခု (၂၀၂၄) ခုႏွစ္မွာလည္း စည္းကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ဖို႔အတြက္ စီစဥ္လ်က္ရွိတယ္လို႔ သိရပါတယ္။

(၄၇)ႀကိမ္ေျမာက္ ႐ုပ္ရွင္သက္ႀကီး ပူေဇာ္ပြဲမွာ ကန္ေတာ့ခံသက္ႀကီးပုဂၢိဳလ္ (၁၅၀) ခန႔္ရွိေၾကာင္းသိရကာ တစ္ဦးလွ်င္ အနည္းဆုံး က်ပ္သုံးသိန္းႏွင့္အထက္ ကန္ေတာ့ႏိုင္ဖို႔ စိတ္ကူး ထားေၾကာင္း သိရပါတယ္။

‘‘ဘယ္ေလာက္ကန္ေတာ့ႏိုင္မယ္ဆို တာကေတာ့ ႀကိဳေျပာလို႔မရဘူး။ တစ္ဦးကို ဘယ္ေလာက္ကန္ ေတာ့ႏိုင္ မလဲ ဆိုတာက ပြဲက်င္းပမယ့္ (၁၃) ရက္ေန႔မွပဲ သိရမွာပါ။ တစ္ဦးကို ဘယ္ေလာက္ႏႈန္းဆိုၿပီး ႀကိဳတင္သတ္ မွတ္စီစဥ္ ထားတာမ်ိဳးမရွိသလို လက္ရွိမွာ အလႉခံေနဆဲကာလ ျဖစ္တာေၾကာင့္ ႏွစ္အလိုက္ ႏႈိင္းယွဥ္ေျပာလို႔ မရေသးပါဘူး။ ေရေဘးကိစၥေတြလည္းရွိေတာ့ အလႉေငြရရွိမႈကေတာ့ နည္းလိမ့္မယ္ထင္ပါ တယ္” လို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံး တာဝန္ရွိသူ ဦးေအးၾကဴေလးက The Statesman ရဲ႕ ဆက္သြယ္ေမးျမန္းမႈကို ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

ျမန္မာ့႐ုပ္ရွင္ေန႔နဲ႔ ျမန္မာ့႐ုပ္ရွင္ သက္ႀကီးပူေဇာ္ပြဲအခမ္းအနားက်င္းပႏိုင္‌ေရးအတြက္ အႏုပညာရွင္မ်ား၊ ထုတ္လုပ္ေရးကုမၸဏီမ်ား၊ ေဆး ကုမၸဏီမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားက တတ္ အားသေ႐ြ႕ပါဝင္လႉဒါန္းေနၾကတာကို ေတြ႕ျမင္ရပါတယ္။ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ လစဥ္ အသက္ (၇၅) ႏွစ္နဲ႔အထက္ ပုဂၢိဳလ္မ်ားကို ေထာက္ပံ့ေငြ ေပးအပ္ လ်က္ရွိၿပီး၊ ႐ုပ္ရွင္ေလာကသားေတြရဲ႕က်န္းမာေရး၊ နာေရး အေထြေထြစရိတ္ ေတြကိုလည္း လစဥ္ေထာက္ပံ့ လ်က္ရွိေၾကာင္း သိရပါတယ္။ ျမန္မာ့႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲကို ျမန္မာ ႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာ က်င္းပသြားမွာျဖစ္တယ္လို႔ ကနဦး သိထားရၿပီး နိဗၺာန္ေဈးပြဲေတာ္မ်ားကို လည္း ထည့္သြင္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

မီးႏိုနဲ႔ ခင္ျမတ္မြန္တို႔ၾကားက ေငြေၾကးျပႆနာ

အဆိုေတာ္မီးႏိုက ကြယ္လြန္သူ ေတးေရး/ေတးဆို ေရမြန္ ကိုယ္တိုင္ေရးစပ္ထားတဲ့ Holiday သီခ်င္းကို ဝယ္ယူထားခဲ့ရာ အခုျပန္ လည္သီဆိုေတာ့မယ့္အခ်ိန္မွာ ေရမြန္ရဲ႕မိခင္ျဖစ္သူ ေဒၚခင္ျမတ္မြန္နဲ႔ သီခ်င္း‌ဝယ္/ေရာင္း ေငြေၾကး အရႈပ္အေထြးျပႆနာေတြ ျဖစ္လို႔ေနပါတယ္။

တစ္ဖက္နဲ႔တစ္ဖက္ ေဖ့ဘြတ္လူမႈကြန္ရက္ အေကာင့္ေတြမွာ အျပန္အလွန္စြပ္စြဲေျပာဆိုေန ၾကတာေၾကာင့္ ေရမြန္ အမာခံပရိသတ္ေတြက ကြယ္လြန္သူ အဆိုေတာ္ေရမြန္ နာမည္ကို အသုံးခ်ေနျခင္းကို မႏွစ္ၿမိဳ႕ဟန္ေျပာဆိုမႈေတြ ရွိလာတာပါ။

အဲဒီျဖစ္စဥ္က လြန္ခဲ့တဲ့ (၂၀၂၃) ခုႏွစ္က စတင္ခဲ့ျခင္းမ်ိဳးျဖစ္ရာ ေနာက္ဆုံးမွာေတာ့ လူသိရွင္ၾကား ထြက္ေပၚ လာခဲ့တာပါ။ အဆိုေတာ္ ေရမြန္ကြယ္လြန္ၿပီးေနာက္ ေဒၚခင္ျမတ္မြန္တို႔ သားအမိအေနနဲ႔ နာေရးကူညီမႈေငြေၾကး ျပႆနာမ်ား၊ ေရမြန္ရည္းစားေဟာင္းနဲ႔ေငြေၾကးျပႆနာ၊ Idiots Band ၾကား ေငြေၾကးျပႆနာ မ်ားစြာျဖစ္ေပၚခဲ့ၿပီး လက္ရွိမွာလည္း အလားတူ အတိုင္း ဆက္လက္ျဖစ္ပြားလ်က္ရွိေနတာပါ။

‘‘တြတ္ပီဆီက Holiday သီခ်င္းကို လြန္ခဲ့တဲ့ (၄) ႏွစ္က (၃) သိန္းနဲ႔ ဝယ္ခဲ့တယ္။ စာခ်ဳပ္ေတာ့ မရွိဘူးတဲ့။ ဒီေတာ့.. စာခ်ဳပ္ထပ္ခ်ဳပ္ၾကဖို႔ တုံတုံက အႀကံေပးခဲ့တယ္။ နားလည္မႈဆိုတာမ်ိဳးကေတာ့ တကယ္တမ္းျပႆနာ ျဖစ္လာၾကရင္း အေထာက္အထားအေနနဲ႔ မခိုင္မာပါဘူး။ ေျဖရွင္းလို႔ မရပါဘူး။ သီခ်င္းဝယ္ခဲ့တာက Over date ျဖစ္သြားခဲ့ရင္ စာခ်ဳပ္အသစ္ထပ္ခ်ဳပ္ၿပီး သီခ်င္း ဖိုး/အႏုပညာေၾကး ထပ္မံေပးသြင္းရတာ ဂီတ ေလာကသားတိုင္း သိရွိထားၿပီး ေက်နပ္စြာလက္ ခံက်င့္သုံးၾကတဲ့အစဥ္အလာပါ” လို႔ ေဒၚခင္ျမတ္ မြန္က လူသိရွင္ၾကား ေျပာဆိုထားတာပါ။

ႏွစ္ဖက္စကား အသြားအလာအရ အဆိုေတာ္မီးႏိုက ေရမြန္ဆီက Holiday သီခ်င္း ကို က်ပ္သုံးသိန္းနဲ႔ ဝယ္ယူခဲ့ၿပီး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ျခင္း မရွိခဲ့ေၾကာင္း၊ သီခ်င္းကို ဝယ္ထားတာ အခ်ိန္ (၄) ႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္ေၾကာင္း၊ ေရမြန္သက္ရွိ ထင္ရွားရွိစဥ္ကတည္းက အဆိုပါသီခ်င္းကို ဝယ္ယူခဲ့ျခင္းျဖစ္ရာ ျပန္လည္သီဆိုျခင္းမရွိဘဲ ရက္လြန္သြား ၿပီျဖစ္တာေၾကာင့္ မိသားစုဝင္မ်ားမွ ျပန္လည္စာခ်ဳပ္ခ်ဳပ္ဖို႔ ေတာင္းဆိုခဲ့ေၾကာင္း၊ ႏွစ္ဖက္အၾကား အဆင္မေျပမႈမ်ား ရွိခဲ့တာေၾကာင့္ (၂၀၂၃) ခုႏွစ္ကတည္းက မေရာင္းေတာ့ဘူးလို႔ ေျပာခဲ့ေၾကာင္း၊ (၂၀၂၄) ခုႏွစ္မွာ ေအဂ်င္စီက တဆင့္ ျပန္လည္ ဆက္သြယ္မႈလုပ္ခဲ့ေပမယ့္လည္း ေရာင္းခ်မႈမရွိခဲ့ေၾကာင္း ေျပာဆိုထားၾကပါတယ္။

မီးႏိုက ‘‘ကိုဗစ္မတိုင္ခင္က Holiday သီခ်င္းကို ဝယ္ယူၿပီး ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ သီခ်င္း မထြက္ႏိုင္ ျဖစ္ခဲ့ဘဲ၊ Mixing ေတြအကုန္ လုပ္ၿပီးကာမွ မိသားစုဝင္ေတြက မေရာင္းေတာ့ ဘူးဆိုတဲ့အတြက္ သီခ်င္းထုတ္ခြင့္ မရ ေတာ့ဘူး။ ႏွေျမာမိတာေပါ့။ အကုန္အက်လည္း မ်ားခဲ့ရတာ ကိုး” လို႔ အသိေပးေျပာဆိုထားပါတယ္။ ေဒၚခင္ ျမတ္မြန္က မီးႏို ေျပာခဲ့ပါတယ္ဆိုတဲ့ ‘‘ပိုက္ဆံ ဘယ္ေလာက္ထပ္ေပးရမလဲ” ဆိုတဲ့ ေမးခြန္းကို အေတာ္ေလး စိတ္မေကာင္း ျဖစ္မိေနပုံရပါတယ္။

ဂီတေလာကမွာ ေတးေရး၊ ေတးဆိုၾကား သီခ်င္း အေရာင္း/အဝယ္ကိစၥက အၿမဲလိုလိုျပႆနာ တက္ေလ့ရွိသလို၊ ကြယ္လြန္ဆုံးပါးသြားသူေတြရဲ႕ နာမည္ေက်ာ္ၾကားသီခ်င္းေကာင္းေတြကို က်န္ရစ္ သူမိသားစုေတြက စီမံခန႔္ခြဲ ေရာင္းခ်ရာမွာလည္း ေငြေၾကးျပႆနာေတြျဖစ္ေပၚလ်က္ရွိပါတယ္။

ဒီလိုျဖစ္စဥ္ေတြေၾကာင့္ ျမန္မာႏိုင္ငံ ဂီတအစည္းအ႐ုံးမွာ ခိုင္မာအားေကာင္းမႈရွိတဲ့ ဥပေဒစည္းမ်ဥ္းစည္း ကမ္းေတြ ခ်မွတ္ဖို႔၊ လိုက္နာဖို႔၊ အေရးယူမႈရွိဖို႔ လိုအပ္ေနၿပီဆိုတာ ေထာက္ျပလာၾကပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ရပ္နား ခြင့္ျပဳပါ....

Related news

© 2021. All rights reserved.