ဂါဇာနဲ့ လက်ဘနွန်နိုင်ငံတို့မှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲတွေ ကမ္ဘာတစ်ဝှမ်းမှာ ပေါ်ပေါက်လာ

 298

Pika (NP News) - အောက်တိုဘာ ၇

ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံတို့မှာ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာ ချီတက်ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ ဆန္ဒပြသူတစ်ထောင်ကျော်ဟာ အိမ်ဖြူတော်အပြင်ဘက်မှာ ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့ကြပြီး အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေနဲ့အကူအညီပေးပို့မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတယ် လို့ သိရပါတယ်။

ဒါ့ပြင် အမျိုးသားတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ်မီးရှို့ဖို့ ကြိုးပမ်းခဲ့ပေမယ့် မီး စတင်လောင်ကျွမ်းချိန်မှာပဲ ရဲတပ်ဖွဲ့က ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြသူတွေဟာ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ နဲ့ အမေရိကတိုက်တွေမှာရှိတဲ့မြို့ကြီးတွေမှာ စုဝေးခဲ့ကြဖို့ အစ္စရေး-ဟားမက်စစ်ပွဲကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။ စစ်ပွဲအရှိန် ပိုမို မြင့်တက်လာမှုနဲ့အတူ ယခုအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်းလူမျိုး (၄၂၀၀၀) နီးပါး သေဆုံးထားတယ်လို့ သိရပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော် နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက်မကြာမီ အီရန်က ယခုလိုဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုအချိန်မှာ နိုင်ငံအများအပြားဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန့် လာနိုင်ခြေရှိတဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တောင်းဆိုထားကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဂါဇာနဲ႔ လက္ဘႏြန္ႏိုင္ငံတို႔မွာ အပစ္အခတ္ရပ္စဲဖို႔ ေတာင္းဆိုတဲ့ဆႏၵျပပြဲေတြ ကမာၻတစ္ဝွမ္းမွာ ေပၚေပါက္လာ
Pika (NP News) - ေအာက္တိုဘာ ၇

ဂါဇာကမ္းေျမာင္ေဒသနဲ႔ လက္ဘႏြန္ႏိုင္ငံတို႔မွာ အပစ္အခတ္ရပ္စဲေရးကို ေတာင္းဆိုတဲ့အေနနဲ႔ ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ ကမာၻတစ္ဝွမ္းက ၿမိဳ႕ႀကီးေတြမွာ ခ်ီတက္ဆႏၵျပမႈေတြကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံ ဝါရွင္တန္ၿမိဳ႕မွာ ဆႏၵျပသူတစ္ေထာင္ေက်ာ္ဟာ အိမ္ျဖဴေတာ္အျပင္ဘက္မွာ ဆႏၵျပမႈေတြကို လုပ္ေဆာင္ခဲ့ၾကၿပီး အစၥေရးကို စစ္လက္နက္ပစၥည္းေတြနဲ႔အကူအညီေပးပို႔မႈေတြ ရပ္တန္႔ဖို႔ ေတာင္းဆိုခဲ့ၾကတယ္ လို႔ သိရပါတယ္။

ဒါ့ျပင္ အမ်ိဳးသားတစ္ဦးဟာ ကိုယ့္ကိုယ္ကိုယ္မီးရႈိ႕ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မီး စတင္ေလာင္ကြၽမ္းခ်ိန္မွာပဲ ရဲတပ္ဖြဲ႕က ၿငိမ္းသတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးေတာ့ ပါလက္စတိုင္းလိုလားတဲ့ဆႏၵျပသူေတြဟာ ဥေရာပ၊ အာဖရိက၊ ဩစေၾတးလ် နဲ႔ အေမရိကတိုက္ေတြမွာရွိတဲ့ၿမိဳ႕ႀကီးေတြမွာ စုေဝးခဲ့ၾကဖို႔ အစၥေရး-ဟားမက္စစ္ပြဲကို အဆုံးသတ္ဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ေပၚေပါက္လာခဲ့တာလည္းျဖစ္ပါတယ္။ စစ္ပြဲအရွိန္ ပိုမို ျမင့္တက္လာမႈနဲ႔အတူ ယခုအခ်ိန္အထိ အစၥေရးႏိုင္ငံသား(၁၂၀၀)ေက်ာ္ ေသဆုံးခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳး (၄၂၀၀၀) နီးပါး ေသဆုံးထားတယ္လို႔ သိရပါတယ္။

ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္ နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ေဒသတြင္းမွာ တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးက လက္ဘႏြန္ႏိုင္ငံတြင္းကို ေျမျပင္ထိုးစစ္ဆင္မႈေတြ စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္မၾကာမီ အီရန္က ယခုလိုဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့တာလည္းျဖစ္ပါတယ္။ ယခုအခ်ိန္မွာ ႏိုင္ငံအမ်ားအျပားဟာ အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန္႔ လာႏိုင္ေျခရွိတဲ့ပဋိပကၡနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ထုတ္ေဖာ္ျပသခဲ့ၾကၿပီး ႏိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းၾကဖို႔ ေတာင္းဆိုထားၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.