ယူကရိန်း ပဋိပက္ခက အမေရိကန်ရဲ့ထိန်းချုပ်မှုအောက်နေ ဝေးကွာလာနေတယ်လို့ ဆာဘီးယားသမ္မတ ဝေဖန်

 424

Pika (NP News) - အောက်တိုဘာ ၇

အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့အကျပ်အတည်းဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်တဲ့အနောက်အုပ်စုရဲ့ ရပ်တည်ချက်တွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ဆာဘီးယားသမ္မတ Aleksandar Vucic က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းပဋိပက္ခဟာ အမေရိကန်ကရဲ့ထိန်းချုပ်မှုအောက်ကနေ တဖြည်းဖြည်းဝေးသွားနေတယ်လို့လည်း Aleksandar Vucic က ပြောကြားခဲ့ပါတယ်။ ပြီးတော့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဟားမက် လက်နက်ကိုင်အဖွဲ့ရဲ့ စတင်တိုက်ခိုက်မှုကို သမိုင်းဝင်အခွင့်အရေးတစ်ခုအဖြစ် မြင်ခဲ့ပြီး အစ္စရေးရဲ့ပြဿနာ အားလုံးကိုဖြေရှင်းဖို့အတွက် အဲဒီအခွင့်အရေးကို အသုံးချခဲ့တယ်လို့ Aleksandar Vucic က ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။

Aleksandar Vucic က “အခြေအနေတွေက ရှုပ်ထွေးပြီး အရမ်းခက်ခဲနေပါတယ်။ ဒီအခြေအနေတွေအားလုံး မကြာခင်ပြီးဆုံးသွားဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေ မကြာမီအချိန်အတွင်း မပြီးဆုံးဘူးဆိုရင် အနောက်အုပ်စုအတွက် ယူကရိန်းပဋိပက္ခက ပိုမိုခက်ခဲလာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

ပြီးတော့ ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ယူကရိန်းပဋိပက္ခကို ရပ်တန့်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း Aleksandar Vucic က ပြောခဲ့ပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်အနေနဲ့ လာမယ့်အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် စစ်ပွဲကိုရပ်တန့်ဖို့အတွက် ၄င်းမှာ လုပ်စရာတစ်ခုခုရှိမယ်လို့ ယုံကြည်တယ် လို့လည်း Aleksandar Vucic က ပြောကြားခဲ့ပါတယ်။

လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရမယ်ဆိုရင် ယူကရိန်းပဋိပက္ခကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်ပေးနိုင်တယ်လို့လည်း ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာ အချိန်(၂)နှစ်ကျော်ထိ ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ယခုအချိန်အထိ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ယူကရိန္း ပဋိပကၡက အေမရိကန္ရဲ႕ထိန္းခ်ဳပ္မႈေအာက္ေန ေဝးကြာလာေနတယ္လို႔ ဆာဘီးယားသမၼတ ေဝဖန္
Pika (NP News) - ေအာက္တိုဘာ ၇

အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့အက်ပ္အတည္းဟာ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္တဲ့အေနာက္အုပ္စုရဲ႕ ရပ္တည္ခ်က္ေတြကို ပိုမိုဆိုး႐ြားလာေစတယ္လို႔ ဆာဘီးယားသမၼတ Aleksandar Vucic က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းပဋိပကၡဟာ အေမရိကန္ကရဲ႕ထိန္းခ်ဳပ္မႈေအာက္ကေန တျဖည္းျဖည္းေဝးသြားေနတယ္လို႔လည္း Aleksandar Vucic က ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ဟားမက္ လက္နက္ကိုင္အဖြဲ႕ရဲ႕ စတင္တိုက္ခိုက္မႈကို သမိုင္းဝင္အခြင့္အေရးတစ္ခုအျဖစ္ ျမင္ခဲ့ၿပီး အစၥေရးရဲ႕ျပႆနာ အားလုံးကိုေျဖရွင္းဖို႔အတြက္ အဲဒီအခြင့္အေရးကို အသုံးခ်ခဲ့တယ္လို႔ Aleksandar Vucic က ထုတ္ေဖာ္ေျပာဆိုခဲ့ ပါတယ္။

Aleksandar Vucic က “အေျခအေနေတြက ရႈပ္ေထြးၿပီး အရမ္းခက္ခဲေနပါတယ္။ ဒီအေျခအေနေတြအားလုံး မၾကာခင္ၿပီးဆုံးသြားဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္။ အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ပဋိပကၡေတြ မၾကာမီအခ်ိန္အတြင္း မၿပီးဆုံးဘူးဆိုရင္ အေနာက္အုပ္စုအတြက္ ယူကရိန္းပဋိပကၡက ပိုမိုခက္ခဲလာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။

ၿပီးေတာ့ ရီပတ္ဘလစ္ကန္ပါတီသမၼတေလာင္း ေဒၚနယ္ထရမ့္ဟာ လာမယ့္အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ ယူကရိန္းပဋိပကၡကို ရပ္တန္႔ေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္တယ္လို႔လည္း Aleksandar Vucic က ေျပာခဲ့ပါတယ္။ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္အေနနဲ႔ လာမယ့္အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ စစ္ပြဲကိုရပ္တန္႔ဖို႔အတြက္ ၄င္းမွာ လုပ္စရာတစ္ခုခုရွိမယ္လို႔ ယုံၾကည္တယ္ လို႔လည္း Aleksandar Vucic က ေျပာၾကားခဲ့ပါတယ္။

လာမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရမယ္ဆိုရင္ ယူကရိန္းပဋိပကၡကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္ေပးႏိုင္တယ္လို႔လည္း ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ ေျပာဆိုခဲ့ဖူးပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာ အခ်ိန္(၂)ႏွစ္ေက်ာ္ထိ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ယခုအခ်ိန္အထိ ႏွစ္ဖက္စလုံးက အပစ္အခတ္ရပ္စဲေရးအတြက္ သေဘာတူညီခ်က္ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.