မှော်ဘီမြို့နယ်တွင် လူ(၇ဝ)ကျော် စီးနင်းလိုက်ပါလာသည့် စက်ရုံဖယ်ရီကား တိမ်းမှောက်ရာ (၂)ဦးသေဆုံး၍ ထိခိုက်ဒဏ်ရရှိသူများပြား

 956

ချယ်ရီ (NP News) - အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် လူ(၇၀)ကျော် စီးနင်းလိုက်ပါလာသည့် စက်ရုံဖယ်ရီကား တိမ်းမှောက်ရာ (၂)ဦးသေဆုံး၍ ထိခိုက်ဒဏ်ရရှိသူများပြားကြောင်း မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၇ ရက်)၊ ည ၆နာရီ ၄၉မိနစ်အချိန်ခန့်က မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံးမှတ်တိုင်အနီး၊ ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားကစက်ရုံဖယ်ရီကားပါ။ ကျွန်တော်တို့ သုံးသပ်ကြည့်တာတော့ စက်ချို့ယွင်းမှုလို့ပဲ ပြောရမှာပေါ့။ ကားရဲ့ ခါးဆွဲဂျွိုင်းပြုတ်ပြီး ကတ္တရာလမ်းကို ထောက်ပြီးတော့မှ ကားကလဲသွားတဲ့ သဘောပါ။ ဖယ်ရီကားဆိုတော့ လမ်းပေါ်မှာ ပုံမှန်မောင်းလာတာပါပဲ။ ကီလို (၄၀) (၅၀) လောက်တော့ သွားမှာပဲ။ ဒါပေမဲ့ ဂီယာဘောက်ဖက်ကနေပြီး ဂျွိုင်းကပြုတ်ပြီးတော့ ထောက်ရပ်သလို ဖြစ်သွားတာ။ နောက်ဖင်ကစပြီး ကြွမယ်။ ပြီးတော့ တစ်ပတ်လည်ပြီးတော့ လဲသွားတာပေါ့။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာလည် ဂျွိုင်းပြုတ်နေတာလည်း တွေ့တယ်”ဟု မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် စက်ရုံဝန်ထမ်း(၇၁)ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးကာ လူ(၂၆)ဦးခန့် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားရဲ့အရွယ်အစားက City Bus လို ဆိုဒ်မျိုးလောက် ရှိတာပေါ့နော်။ထိခိုက်ဒဏ်ရာတွေ၊ ဖူးယောင်ပွန်းပဲ့ကတော့ တစ်စီးလုံးပဲ ပြောရမှာပေါ့။ ပြင်းထန်ဒဏ်ရာက စိုးရိမ်ရတဲ့ လူနာက မနေ့ညက (၂၆)ဦးကို ကျွန်တော်တို့ Refer လုပ်ပေးရတယ်။ မှော်ဘီဆေးရုံ ကနေပြီးတော့ (၂၂)ဦးကို ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကို ပို့တယ်။ ကျန်တဲ့ (၄)ဦးကိုကတော့ အင်းစိန်အရေးပေါ်ဌာနကို ပို့ပေးရတယ်။ သေဆုံးတဲ့ အမျိုးသမီးကတော့ စက်ရုံဝန်ထမ်းပါ။ အမျိုးသားကတော့ တချို့ကလည်း ယာဉ်မောင်းလို့ ပြောကြတယ်။ ပေါင်တွေကျိုးတဲ့သူရှိတယ်။ ခါးရိုးကျိုးတဲ့ သူတွေရှိတယ်။ နောက်ပြီးတော့ လက်တွေ (၂)ပိုင်း၊ (၃)ပိုင်းကျိုးတဲ့သူတွေရှိတယ်။ ဦးခေါင်းနောက်စေ့ခွံကွဲသွားတဲ့ သူတွေ၊ မျက်နှာထိတဲ့သူတွေ ရှိတယ်”ဟု ၎င်းကဆက်လက်ပြော သည်။

ထို့နောက် သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို မေတ္တာမြိုင်လူမှုကူညီရေးအသင်း၊ စေတနာမွန်လူမှုကူညီရေးအသင်း၊ မြို့မလူမှုကူညီရေးအသင်း၊ မြင့်မြတ်စေတနာလူမှုရေးအသင်း နှင့်မဇ္ဇိုမလှိုင်းလူမှုကူညီရေးအသင်းကားများဖြင့် ရန်ကုန်ဆေးရုံကြီး၊ မှော်ဘီမြို့နယ်ပြည်သူ့ ဆေးရုံနှင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version

Related news

© 2021. All rights reserved.