အောက်တိုဘာလထဲ Comeback လာတော့မယ့် G Dragon

 168

ရောင်နီ (NP News) - အောက်တိုဘာ ၉

Bigbang ရဲ့အဖွဲ့ဝင် G-Dragon ဟာ ယခုလ အောက်တိုဘာလထဲ တစ်ကိုယ်တော် Comeback အတွက် MV ရိုက်ကူးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

G-Dragon ရဲ့တစ်ကိုယ်တော် comeback date နဲ့ပတ်သက်ပြီးလည်း ပရိသတ်က ထင်ကြေးတွေ အမျိုးမျိုးပေးနေကြပါတယ်။ G-Dragon ဟာ သူ့ရဲ့တစ်ကိုယ်တော် comeback ကို အောက်တိုဘာ ၂၅ ရက်မှာ ထုတ်လွှင့်မယ်လို့ သတ်မှတ်ထားပြီး လက်ရှိ နောက်ဆုံးအဆင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီ ဖြစ်တယ်လို့ News1 သတင်းဌာနက အောက်တိုဘာ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။

G-Dragon ဟာ ၄င်းရဲ့comeback အတွက် Music Video ကို အောက်တိုဘာ ၇ ရက် ညနေမှာ စတင်ရိုက်ကူးနေပြီဖြစ်ပြီး ၃ ရက်ကြာ ရိုက်ကူးမယ်လို့ မျှော်မှန်းထားကြောင်းလည်း အခြားသတင်း @Style က ဖော်ပြခဲ့ပါတယ်။ ဒီသတင်းတွေအတွက် G-Dragon ရဲ့အေဂျင်စီ Galaxy Corporation ကတော့ အခုလို တုံ့ပြန်ခဲ့ပါတယ်။

"G Dragon က comeback အတွက် လောလောဆယ်ပြင်ဆင်နေတာမှန်ပေမယ့် တိကျတဲ့ အချိန် ဇယားကိုတော့ အတည်မပြုရသေးပါဘူး၊ comeback date ကို ညှိနှိုင်းနေဆဲဖြစ်ပြီး အောက်တိုဘာ ၂၅ မှာ တစ်ကိုယ်တော် comeback နဲ့ပတ်သတ်ပြီး အပြီးသတ်နိုင်ခြင်း မရှိသေးပါဘူး" လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

G -Dragon ရဲ့မကြာမီထွက်ရှိမယ့် တစ်ကိုယ်တော်အယ်လ်ဘမ်ဟာ ၂၀၁၇ ခုနှစ်က ထွက်ရှိတဲ့ မီနီအယ်လ်ဘမ် “Kwon Ji Yong” ပြီးရင် ခုနစ်နှစ်ကျော်အတွင်း ပထမဆုံးထွက်ရှိမယ့် သီချင်းသစ်ပဲဖြစ်ပါတယ်။

Zawgyi Version;
ေအာက္တိုဘာလထဲ Comeback လာေတာ့မယ့္ G Dragon
ေရာင္နီ (NP News) - ေအာက္တိုဘာ ၉

Bigbang ရဲ႕အဖြဲ႕ဝင္ G-Dragon ဟာ ယခုလ ေအာက္တိုဘာလထဲ တစ္ကိုယ္ေတာ္ Comeback အတြက္ MV ႐ိုက္ကူးေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

G-Dragon ရဲ႕တစ္ကိုယ္ေတာ္ comeback date နဲ႔ပတ္သက္ၿပီးလည္း ပရိသတ္က ထင္ေၾကးေတြ အမ်ိဳးမ်ိဳးေပးေနၾကပါတယ္။ G-Dragon ဟာ သူ႔ရဲ႕တစ္ကိုယ္ေတာ္ comeback ကို ေအာက္တိုဘာ ၂၅ ရက္မွာ ထုတ္လႊင့္မယ္လို႔ သတ္မွတ္ထားၿပီး လက္ရွိ ေနာက္ဆုံးအဆင့္ျပင္ဆင္မႈေတြျပဳလုပ္ေနၿပီ ျဖစ္တယ္လို႔ News1 သတင္းဌာနက ေအာက္တိုဘာ ၈ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။

G-Dragon ဟာ ၄င္းရဲ႕comeback အတြက္ Music Video ကို ေအာက္တိုဘာ ၇ ရက္ ညေနမွာ စတင္႐ိုက္ကူးေနၿပီျဖစ္ၿပီး ၃ ရက္ၾကာ ႐ိုက္ကူးမယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္းလည္း အျခားသတင္း @Style က ေဖာ္ျပခဲ့ပါတယ္။ ဒီသတင္းေတြအတြက္ G-Dragon ရဲ႕ေအဂ်င္စီ Galaxy Corporation ကေတာ့ အခုလို တုံ႔ျပန္ခဲ့ပါတယ္။

"G Dragon က comeback အတြက္ ေလာေလာဆယ္ျပင္ဆင္ေနတာမွန္ေပမယ့္ တိက်တဲ့ အခ်ိန္ ဇယားကိုေတာ့ အတည္မျပဳရေသးပါဘူး၊ comeback date ကို ညႇိႏႈိင္းေနဆဲျဖစ္ၿပီး ေအာက္တိုဘာ ၂၅ မွာ တစ္ကိုယ္ေတာ္ comeback နဲ႔ပတ္သတ္ၿပီး အၿပီးသတ္ႏိုင္ျခင္း မရွိေသးပါဘူး" လို႔ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

G -Dragon ရဲ႕မၾကာမီထြက္ရွိမယ့္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ဟာ ၂၀၁၇ ခုႏွစ္က ထြက္ရွိတဲ့ မီနီအယ္လ္ဘမ္ “Kwon Ji Yong” ၿပီးရင္ ခုနစ္ႏွစ္ေက်ာ္အတြင္း ပထမဆုံးထြက္ရွိမယ့္ သီခ်င္းသစ္ပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.