သီတင်းကျွတ်ပိတ်ရက်အတွက် ပုဂံ၊ ချောင်းသာ နှင့် ငွေဆောင်တို့တွင် ဟိုတယ်အခန်းများ အပြည့်ဖြစ်နေ

 537

စော (NP News) - အောက်တိုဘာ ၉

လာမည့်သီတင်းကျွတ်ပိတ်ရက်အတွက် ပုဂံ၊ ချောင်းသာ နှင့် ငွေဆောင်တို့တွင် ဟိုတယ်အခန်းများ အပြည့်ဖြစ်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကိုပြောသည်။

ယခင်က ခရီးသွားများ စိတ်ဝင်စားမှုများပြားခဲ့ရာ ကလောနှင့် အင်းလေးတို့တွင် ရေဘေးကြောင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေရသည့် အတွက် သွားရောက်သူ နည်းပါးနေကြောင်း သိရသည်။

“ပုဂံခရီးစဉ်တွေလည်း သွားကြပါတယ်။ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေလည်း သွားကြတဲ့လူတွေ များပါတယ်။ တခြားနေရာတွေကတော့ ရေဘေးဖြစ်သွားတာကြောင့်မို့လို့ ရှမ်းပြည်ဘက်၊ ကလောတို့၊ အင်းလေးတို့မှာကျတော့ သွားလာမှုနည်းသွားပါတယ်”ဟု ဦးနောင်းနောင်းဟန်က ပြောသည်။ ယခုနှစ်ခရီးစဉ်ရောင်းချရမှု ပမာဏမှာ ယခင်နှစ်ထက် လျော့နည်းနေကြောင်းလည်း သိရသည်။

“ခရီးစဉ်ဒေသတွေအကုန်လုံးကတော့ ဒေသတွင်းအခြေအနေ တည်ငြိမ်အေးချမ်းတယ်ဆိုရင် ပြည်တွင်းခရီးသွားက တက်လာဖို့ အလားလာ အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းခရီးသွားကလည်း တိုးတက်သင့်သလောက် မတိုးတက်သလို ပြည်ပခရီးသွားတွေရဲ့ ဝင်ရောက်မှုကလည်း အားရစရာကောင်းလောက်အောင် အရမ်းကြီး တိးတက်လာတာမျိုး ကျွန်‌တော်တို့ မမြင်ရသေးပါဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်ပနိုင်ငံများသို့ထွက်ခွာရန် Passport များ ကန့်သတ်ထားသည့်အတွက် အပန်းဖြေခရီးစဉ်များ သွားရောက်လည်ပတ်သည့်လူဦး‌ရေ သိသိသာသာ လျော့နည်းသွားကြောင်း သိရသည်။

zawgyi version
သီတင္းကြၽတ္ပိတ္ရက္အတြက္ ပုဂံ၊ ေခ်ာင္းသာ ႏွင့္ ေငြေဆာင္တို႔တြင္ ဟိုတယ္အခန္းမ်ား အျပည့္ျဖစ္ေန
ေစာ (NP News) - ေအာက္တိုဘာ ၉

လာမည့္သီတင္းကြၽတ္ပိတ္ရက္အတြက္ ပုဂံ၊ ေခ်ာင္းသာ ႏွင့္ ေငြေဆာင္တို႔တြင္ ဟိုတယ္အခန္းမ်ား အျပည့္ျဖစ္ေနေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News ကိုေျပာသည္။

ယခင္က ခရီးသြားမ်ား စိတ္ဝင္စားမႈမ်ားျပားခဲ့ရာ ကေလာႏွင့္ အင္းေလးတို႔တြင္ ေရေဘးေၾကာင့္ ျပန္လည္ထူေထာင္ေရးေဆာင္႐ြက္ေနရသည့္ အတြက္ သြားေရာက္သူ နည္းပါးေနေၾကာင္း သိရသည္။

“ပုဂံခရီးစဥ္ေတြလည္း သြားၾကပါတယ္။ ေခ်ာင္းသာ၊ ေငြေဆာင္ကမ္းေျခေတြလည္း သြားၾကတဲ့လူေတြ မ်ားပါတယ္။ တျခားေနရာေတြကေတာ့ ေရေဘးျဖစ္သြားတာေၾကာင့္မို႔လို႔ ရွမ္းျပည္ဘက္၊ ကေလာတို႔၊ အင္းေလးတို႔မွာက်ေတာ့ သြားလာမႈနည္းသြားပါတယ္”ဟု ဦးေနာင္းေနာင္းဟန္က ေျပာသည္။ ယခုႏွစ္ခရီးစဥ္ေရာင္းခ်ရမႈ ပမာဏမွာ ယခင္ႏွစ္ထက္ ေလ်ာ့နည္းေနေၾကာင္းလည္း သိရသည္။

“ခရီးစဥ္ေဒသေတြအကုန္လုံးကေတာ့ ေဒသတြင္းအေျခအေန တည္ၿငိမ္ေအးခ်မ္းတယ္ဆိုရင္ ျပည္တြင္းခရီးသြားက တက္လာဖို႔ အလားလာ အမ်ားႀကီး ရွိေနပါတယ္။ ဒါေပမဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္တြင္းခရီးသြားကလည္း တိုးတက္သင့္သေလာက္ မတိုးတက္သလို ျပည္ပခရီးသြားေတြရဲ႕ ဝင္ေရာက္မႈကလည္း အားရစရာေကာင္းေလာက္ေအာင္ အရမ္းႀကီး တိးတက္လာတာမ်ိဳး ကြၽန္‌ေတာ္တို႔ မျမင္ရေသးပါဘူး” ဟု ၎က ေျပာသည္။

ထို႔ျပင္ ျပည္ပႏိုင္ငံမ်ားသို႔ထြက္ခြာရန္ Passport မ်ား ကန႔္သတ္ထားသည့္အတြက္ အပန္းေျဖခရီးစဥ္မ်ား သြားေရာက္လည္ပတ္သည့္လူဦး‌ေရ သိသိသာသာ ေလ်ာ့နည္းသြားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.