ဂျပန်ဝန်ကြီးချုပ်အသစ်တာဝန်ယူမယ့် ‘အီရှီဘာ’ ဆိုတာ ဘယ်လိုလူစားမျိုးလဲ . . .

 783

ဂျန်ဇက် (NP News) - အောက်တိုဘာ ၉

ဂျပန်လွှတ်တော်ဟာ ဂျပန်ကာကွယ်ရေးဝန်ကြီး ဟောင်း ရှီဂူရီအီရှီဘာကို ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်အဖြစ် အောက်တိုဘာ (၁) ရက်မှာ ခန့်အပ် အတည်ပြုလိုက်ပါတယ်။ လစ်ဘရယ်ပါတီခေါင်းဆောင် ဖြစ်သလို ဂျပန်ဝန်ကြီး ချုပ်တစ်ဦးဖြစ်တဲ့ ဖူမီအိုကီရှီဒါ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်မယ်လို့ လူသိရှင်ကြားထုတ်ပြန်ခဲ့ပြီးနောက် ဂျပန် အာဏာရပါတီ အတွင်း ခေါင်းဆောင်အသစ်ရွေး ချယ်ဖို့ကြိုးပမ်းခဲ့ရာ စက်တင်ဘာ နောက်ဆုံးသီတင်းပတ်အတွင်း အီရှီ ဘာကို ပါတီခေါင်းဆောင်အသစ်အဖြစ် မဲပေးရွေး ချယ်ခဲ့ကြတာပါ။ အီရှီဘာဟာ ဂျပန်အာဏာပါတီရဲ့ခေါင်းဆောင် အသစ်အဖြစ်ရွေးချယ်ခံရပြီးနောက် ဂျပန်ဝန်ကြီးချုပ်အသစ်တာဝန်ကို ထပ်မံတာဝန်ယူရ မှာဖြစ်ရာ လွှတ်တော်နှစ်ရပ်ရဲ့ ထောက်ခံမှုကိုရရှိဖို့ ကြိုးပမ်းခဲ့ပြီး အောက်တိုဘာ (၁) ရက်မှာ ဂျပန်လွှတ် တော်နှစ်ရပ်စလုံးက ဝန်ကြီးချုပ်အသစ်အဖြစ် ခန့် အပ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်အသစ်အဖြစ်တာဝန်ယူမယ့် အီရှီဘာဟာ လစ်ဘရယ်ပါတီခေါင်းဆောင်အပြင် ဝန်ကြီးချုပ် အသစ်တာဝန်ကို ထမ်းဆောင်ရချိန်အတွင်း စိန်ခေါ်မှုများစွာရင်ဆိုင်ရဖွယ်ရှိနေပြီး ပါတီအတွင်း ဖြစ်ပွားနေတဲ့ အကျင့် ပျက် လာဘ်စားမှုပြဿနာကို အဓိကဦးစားပေးဖြေရှင်းရဖွယ်ရှိနေပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ကီရှီဒါ လက် ထက်က တာဝန်ယူခဲ့တဲ့ ဂျပန်အစိုးရအဖွဲ့ဝန်ကြီးအားလုံးနုတ်ထွက်ခဲ့ရာ ဝန်ကြီးချုပ်အသစ် အီရှီဘာက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အီရှီဘာဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့်နိုင်အောင် ကြိုးပမ်းရမှာဖြစ်သလို အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်ရေးမဟာ မိတ်အဖွဲ့ အာရှ တိုက်အတွင်းဖွဲ့ စည်းနိုင်အောင် ကြိုးပမ်းမယ်ဆိုတဲ့ကတိကိုလည်း လက်တွေ့ အကောင်ထည်ဖော်နိုင်ဖို့ ကြိုးပမ်းရဖွယ်ရှိနေပါတယ်။ ဂျပန်နဲ့ အမေရိကန်နိုင်ငံကြားချုပ်ဆိုထားတဲ့ စစ်ရေးမဟာ မိတ်စာချုပ်တွေနဲ့ပတ်သက်ပြီး တန်းတူညီမျှဖြစ် အောင် ကြိုပမ်းမယ်ဆိုတဲ့ကတိကိုလည်း အကောင် ထည်ဖော်ရဖွယ်ရှိနေပါတယ်။

အီရှီဘာဟာ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ စိမ်းသူတစ်ဦးမဟုတ်ဘဲ ဖခင်ဖြစ်သူဟာ နိုင်ငံရေးသမား တစ်ဦးဖြစ်ခဲ့ဖူး သလို ပြည်ထဲရေးဝန်ကြီးအဖြစ်တာ ဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ကီယိုတက္ကသိုလ်ကနေဘွဲ့ ရရှိခဲ့သူအီရှိဘာဟာ ဖခင်ကွယ် လွန်ခဲ့ပြီးနောက် နိုင်ငံရေးလောကကိုမဝင်ရောက်ခင် ဘဏ်လုပ်ငန်းမှာလုပ် ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ နိုင်ငံရေးလောကို ဝင်ရောက်ခဲ့ပြီးနောက် အသက် (၂၉)နှစ်အရွယ်မှာ ဂျပန်နိုင်ငံရဲ့ နာမည်ကျော်လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကိုဝင် ရောက်ခဲ့ပြီး (၁၉၈၆) ခုနှစ်မှာကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲမှာအနိုင်ရကာ လွှတ်တော်ကိုယ်စားလှယ် စတင်ဖြစ် လာခဲ့သူဖြစ်ပါတယ်။ အီရှီဘာဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပြီး နောက်ပိုင်း လွှတ်တော်အတွင်းမှာ စိုက်ပျိုးရေးနဲ့ ကာ ကွယ်ရေးမူဝါဒတွေကို အဓိကထား လေ့လာသုံးသပ် ခွင့်ရရှိခဲ့ပါတယ်။ အီရှီဘာဟာ Japan Renewal Party အမည်ရှိပါတီကို ဦးဆောင်ဖို့ရည်ရွယ်ချက်နဲ့ (၁၉၉၃)ခုနှစ်မှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက နုတ်ထွက်ခဲ့ ပေမယ့် နောက်ပိုင်းမှာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကို တစ်ကျော့ပြန် ဝင်ရောက်ခဲ့ပါတယ်။ (၁၉၅၇)ခုနှစ်မှာမွေးဖွား ခဲ့တဲ့ အီရှီဘာဟာ ငယ်စဉ်ကလေးဘဝက မူလတန်းကျောင်းကို Tott­ori အရပ်ဒေသရှိကျောင်းမှာတက် ရောက်ခဲ့ရပြီး တက္ကသိုလ်က ဘွဲ့ရရှိပြီးမှာတော့ Mit­sui Bank မှာ စတင်ဝင်လုပ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကွယ်လွန်ခဲ့ပြီး နောက် ဖခင်ရဲ့မိတ်ဆွေတစ်ဦးဖြစ်သလို ဝန်ကြီးချုပ် ဟောင်းတစ်ဦးဖြစ်တဲ့ တာနာကာက အီရှီဘာကို ဖခင် ဖြစ်သူရဲ့အရိုက် အရာကိုဆက်ဆံနိုင်ဖို့ရည်ရွယ်ချက်နဲ့ နိုင်ငံရေးလောကထဲ ဆွဲခေါ်လာခဲ့ပါတယ်။ အီရှီဘာ ဟာလစ်ဘရယ်ဒီမိုကရက် တစ်ပါတီကိုဝင်ရောက်ခဲ့ ပြီးနောက် မကြာမီမှာပဲ ဂျပန်လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေမှာ ဒုတိယဝန်ကြီး၊ ဝန်ကြီးနေရာ တွေကို တာဝန်ယူခဲ့ရပါတယ်။

အီရှီဘာဟာ ဂျပန်ဝန်ကြီးချုပ် ဆာဆုအို ဖူကီဒါတာဝန်ယူနေတဲ့ ဂျပန်အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် (၂၀ဝ၇)ခုနှစ်က ခန့်အပ် ခံခဲ့ရပေမယ့် အငြင်းပွားမှုတွေကြောင့် ရာထူးကနုတ် ထွက်ခဲ့ပါတယ်။ အီရှီဘာဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ရည်မှန်းချက်ရှိနေသူတစ်ဦးဖြစ်ရာ ဂျပန်ဝန်ကြီးချုပ်အဖြစ်ရွေး ချယ်ခံရဖို့အတွက် အရေးကြီးတဲ့ ဂျပန် လစ်ဘရယ်ပါတီခေါင်းဆောင်နေရာရရေး ပါတီအတွင်း ရွေးကောက်ပွဲ စတင် ဝင်ရောက်ခဲ့ပါတယ်။ အီရှီဘာဟာ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီအတွင်း ရွေးကောက်ပွဲမှာ ရှုံးနိမ်ခဲ့သလို (၂၀၁၂)ခုနှစ်မှာကျင်းပတဲ့ ပါတီခေါင်းဆောင်ရွေးကောက်ပွဲ မှာလည်း ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ အီရှီဘာဟာ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီခေါင်းဆောင်ဖြစ်ရေးမျှော်လင့်ချက်ကို လက်မလျှော့ဘဲ ပါတီခေါင်းဆောင်ဖြစ်ရေးကို ထပ်မံကြိုးပမ်း နေခဲ့သလို (၂၀၁၆)ခုနှစ်နဲ့ (၂၀၂၀)ခုနှစ်အတွင်း ကျင်းပတဲ့ လစ်ဘရယ် ပါတီခေါင်းဆောင်ရွေးချယ်ပွဲတွေမှာလည်း ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ အီရှီ ဘာဟာ ဇွဲကြီးသူတစ်ဦးဖြစ်ရာ (၂၀၂၄) ခုနှစ် စက်တင် ဘာလအတွင်းကျင်းပတဲ့ လစ်ဘရယ်ပါတီခေါင်း ဆောင်ရွေးချယ်ပွဲကို ထပ်မံယှဉ်ပြိုင်ခဲ့ရာ အဓိကပြိုင် ဘက်ဖြစ်သူ တာကိုင်ချီကိုအနိုင်ရပြီး ပါတီခေါင်း ဆောင်အဖြစ်ရွေးချယ်ခံရမှုနဲ့အတူ ဝန်ကြီးချုပ်အဖြစ်ပါ ရွေးချယ်ခံခဲ့ရ သူဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် အသစ်အဖြစ်တာဝန်ယူမယ့် အီရှီဘာဟာ အလယ်အလတ်လမ်းစဉ်သမားတစ်ဦးဖြစ်ပြီး ပြုပြင်ပြောင်း လဲရေးကို လိုလားသူတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။ အီရှီဘာ ဝန်ကြီးချုပ်အသစ်ဖြစ်လာခြင်း ကြောင့် ဂျပန်နိုင်ငံနဲ့ တရုတ်၊ မြောက်ကိုရီးယားနိုင်ငံကြား တင်းမာမှုတွေ ပိုမိုဖြစ်လာမှာကို စိုးရိမ်ရဖွယ်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် အီရှီဘာဟာ ဂျပန်ကာ ကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူချိန်တုန်းက မြောက်ကိုရီးယားနိုင်ငံကို ကြိုတင်လက်ဦးမှုယူတိုက်ခိုက်ဖို့ လူသိရှင်ကြားပြောဆိုခဲ့ဖူးသလို တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေရှိနေတဲ့ ထိုင်ဝမ် ဒီမိုကရေစီကို အားပေးထောက်ခံသူတစ်ဦးလည်းဖြစ်ပါတယ်။

၎င်းဟာ အာရှတိုက်မှာ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ကျူးကျော်မှုကို ရင်ဆိုင်ဖို့ရည်ရွယ်ချက်နဲ့ တရုတ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်မှုတွေရှိနေတဲ့ နေတိုး မဟာ မိတ်အဖွဲ့ကို ဖွဲ့စည်းဖို့လိုလားနေပြီး ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အာရှတိုက် ရဲ့နေတိုးစစ်ရေးမဟာမိတ် အဖွဲ့ကို ဖွဲ့စည်းမယ်လို့ ကြွေးကြော်ထားသူလည်း ဖြစ်ပါတယ်။
အာရှတိုက်မှာ နေတိုးအဖွဲ့ဖွဲ့စည်းနိုင်ဖို့ အီရှီ ဘာဟာ တောင်ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်၊ ဂျာ မနီ၊ အိန္ဒိယ၊ ပြင်သစ်၊ ကနေဒါ၊ ဩစတြေးလျနဲ့ မဟာ မိတ်ဆက်ဆံရေးကောင်းမွန်အောင် ပိုမိုတည်ဆောက် ဖို့ လိုလားနေခဲ့သူ ဖြစ်ပါတယ်။ အီရှီဘာဟာ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့က မကြာခဏဝေဖန်ပြစ်တင် နေတဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း ကျဆုံးသွားတဲ့ ဂျပန် စစ်သားတွေမြှုပ်နှံထားတဲ့ သမိုင်းဝင် ယာဆူကူနီ စစ် ဗိမာန်ကို အသိမှတ်ပြုသူ တစ်ဦးဖြစ်သလို ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံလက်နက်ချခဲ့ခြင်းကိုလည်း လိုလားနှစ်သက်သူ မဟုတ်ကြောင်း သိရပါ တယ်။
၎င်းအစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရချိန်နဲ့ကြုံခဲ့ရင် ဂျပန်နိုင်ငံ စစ်ရှုံးမှုကြောင့် ကမ္ဘာပျက်သလို ဖြစ်ခဲ့ရမှုကို လက်ခံမှာမဟုတ်ဘူးလို့ ယခင်တုန်းကပြောဆိုခဲ့ဖူးပါတယ်။

အီရှီဘာက ‘‘ဒုတိယကမ္ဘာစစ်တုန်းက ဂျပန် အစိုးရအဖွဲ့ခေါင်းဆောင်တွေဟာ နိုင်ငံကို စစ်ရှုံး နိုင်ငံဖြစ်အောင် ဦးတည်လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်တွေကို နားမလည်နိုင်ဘူး၊ အဲဒီအချိန်တုန်းက ဂျပန်ဘုရင် ရှိုဝါကိုလည်း မှန်ကန်တိကျတဲ့ အချက်လက်တွေ ပေးခဲ့တာမျိုးမရှိဘူး၊ ပြည်သူတွေကို တိကျသေချာတဲ့ သတင်းအချက်လက်တွေကို မှန်ကန်အောင် ထုတ်ပြန် ပေးတာမျိုးမရှိခဲ့ဘူး။ ဒါတွေဟာ မေးခွန်းထုတ်စရာဖြစ် စေခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သူတွေ ဟာ ဂျပန်နိုင်ငံရဲ့သူရဲကောင်းတွေဖြစ်တယ်”လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒီပြောဆိုချက်တွေဟာ ဂျပန်ရဲ့တို က်ခိုက် သိမ်းပိုက်တာကိုခံရဖူးတဲ့ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားအစိုးရအတွက် စိတ်ဆိုးဒေါသဖြစ်စရာဖြစ်စေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အီရှီဘာဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း တရုတ်၊ တောင်ကို ရီးယားနိုင်ငံ တို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည် ဆောက်ဖို့ ကြိုးပမ်းရည်ရွယ်နေရာ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဘယ်လောက် အထိတည်ဆောက်နိုင်ပြီး ဂျပန်နိုင်ငံကို ကမ္ဘာ့အလယ် မှာ ဂုဏ်ယူစရာကောင်းတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာစေဖို့ ကြိုးပမ်းလုပ်ဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

zawgyi version
ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္တာဝန္ယူမယ့္ ‘အီရွီဘာ’ ဆိုတာ ဘယ္လိုလူစားမ်ိဳးလဲ . . .
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၉

ဂ်ပန္လႊတ္ေတာ္ဟာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ေဟာင္း ရွီဂူရီအီရွီဘာကို ဂ်ပန္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေအာက္တိုဘာ (၁) ရက္မွာ ခန႔္အပ္ အတည္ျပဳလိုက္ပါတယ္။ လစ္ဘရယ္ပါတီေခါင္းေဆာင္ ျဖစ္သလို ဂ်ပန္ဝန္ႀကီး ခ်ဳပ္တစ္ဦးျဖစ္တဲ့ ဖူမီအိုကီရွီဒါ ပါတီေခါင္းေဆာင္အျဖစ္က ႏုတ္ထြက္မယ္လို႔ လူသိရွင္ၾကားထုတ္ျပန္ခဲ့ၿပီးေနာက္ ဂ်ပန္ အာဏာရပါတီ အတြင္း ေခါင္းေဆာင္အသစ္ေ႐ြး ခ်ယ္ဖို႔ႀကိဳးပမ္းခဲ့ရာ စက္တင္ဘာ ေနာက္ဆုံးသီတင္းပတ္အတြင္း အီရွီ ဘာကို ပါတီေခါင္းေဆာင္အသစ္အျဖစ္ မဲေပးေ႐ြး ခ်ယ္ခဲ့ၾကတာပါ။ အီရွီဘာဟာ ဂ်ပန္အာဏာပါတီရဲ႕ေခါင္းေဆာင္ အသစ္အျဖစ္ေ႐ြးခ်ယ္ခံရၿပီးေနာက္ ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္တာဝန္ကို ထပ္မံတာဝန္ယူရ မွာျဖစ္ရာ လႊတ္ေတာ္ႏွစ္ရပ္ရဲ႕ ေထာက္ခံမႈကိုရရွိဖို႔ ႀကိဳးပမ္းခဲ့ၿပီး ေအာက္တိုဘာ (၁) ရက္မွာ ဂ်ပန္လႊတ္ ေတာ္ႏွစ္ရပ္စလုံးက ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္ အပ္ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္တာဝန္ယူမယ့္ အီရွီဘာဟာ လစ္ဘရယ္ပါတီေခါင္းေဆာင္အျပင္ ဝန္ႀကီးခ်ဳပ္ အသစ္တာဝန္ကို ထမ္းေဆာင္ရခ်ိန္အတြင္း စိန္ေခၚမႈမ်ားစြာရင္ဆိုင္ရဖြယ္ရွိေနၿပီး ပါတီအတြင္း ျဖစ္ပြားေနတဲ့ အက်င့္ ပ်က္ လာဘ္စားမႈျပႆနာကို အဓိကဦးစားေပးေျဖရွင္းရဖြယ္ရွိေနပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ကီရွီဒါ လက္ ထက္က တာဝန္ယူခဲ့တဲ့ ဂ်ပန္အစိုးရအဖြဲ႕ဝန္ႀကီးအားလုံးႏုတ္ထြက္ခဲ့ရာ ဝန္ႀကီးခ်ဳပ္အသစ္ အီရွီဘာက အစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းရမွာျဖစ္ပါတယ္။ အီရွီဘာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း အလုပ္သမားေတြရဲ႕ လုပ္ခလစာ တိုးျမႇင့္ႏိုင္ေအာင္ ႀကိဳးပမ္းရမွာျဖစ္သလို အေမရိကန္ဦးေဆာင္တဲ့ ေနတိုးစစ္ေရးမဟာ မိတ္အဖြဲ႕ အာရွ တိုက္အတြင္းဖြဲ႕ စည္းႏိုင္ေအာင္ ႀကိဳးပမ္းမယ္ဆိုတဲ့ကတိကိုလည္း လက္ေတြ႕ အေကာင္ထည္ေဖာ္ႏိုင္ဖို႔ ႀကိဳးပမ္းရဖြယ္ရွိေနပါတယ္။ ဂ်ပန္နဲ႔ အေမရိကန္ႏိုင္ငံၾကားခ်ဳပ္ဆိုထားတဲ့ စစ္ေရးမဟာ မိတ္စာခ်ဳပ္ေတြနဲ႔ပတ္သက္ၿပီး တန္းတူညီမွ်ျဖစ္ ေအာင္ ႀကိဳပမ္းမယ္ဆိုတဲ့ကတိကိုလည္း အေကာင္ ထည္ေဖာ္ရဖြယ္ရွိေနပါတယ္။

အီရွီဘာဟာ ႏိုင္ငံေရးအသိုင္းအဝိုင္းနဲ႔ စိမ္းသူတစ္ဦးမဟုတ္ဘဲ ဖခင္ျဖစ္သူဟာ ႏိုင္ငံေရးသမား တစ္ဦးျဖစ္ခဲ့ဖူး သလို ျပည္ထဲေရးဝန္ႀကီးအျဖစ္တာ ဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ကီယိုတကၠသိုလ္ကေနဘြဲ႕ ရရွိခဲ့သူအီရွိဘာဟာ ဖခင္ကြယ္ လြန္ခဲ့ၿပီးေနာက္ ႏိုင္ငံေရးေလာကကိုမဝင္ေရာက္ခင္ ဘဏ္လုပ္ငန္းမွာလုပ္ ကိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ ႏိုင္ငံေရးေလာကို ဝင္ေရာက္ခဲ့ၿပီးေနာက္ အသက္ (၂၉)ႏွစ္အ႐ြယ္မွာ ဂ်ပန္ႏိုင္ငံရဲ႕ နာမည္ေက်ာ္လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီကိုဝင္ ေရာက္ခဲ့ၿပီး (၁၉၈၆) ခုႏွစ္မွာက်င္းပတဲ့ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲမွာအႏိုင္ရကာ လႊတ္ေတာ္ကိုယ္စားလွယ္ စတင္ျဖစ္ လာခဲ့သူျဖစ္ပါတယ္။ အီရွီဘာဟာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ေ႐ြးခ်ယ္ခံရၿပီး ေနာက္ပိုင္း လႊတ္ေတာ္အတြင္းမွာ စိုက္ပ်ိဳးေရးနဲ႔ ကာ ကြယ္ေရးမူဝါဒေတြကို အဓိကထား ေလ့လာသုံးသပ္ ခြင့္ရရွိခဲ့ပါတယ္။ အီရွီဘာဟာ Japan Renewal Party အမည္ရွိပါတီကို ဦးေဆာင္ဖို႔ရည္႐ြယ္ခ်က္နဲ႔ (၁၉၉၃)ခုႏွစ္မွာ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီက ႏုတ္ထြက္ခဲ့ ေပမယ့္ ေနာက္ပိုင္းမွာ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီကို တစ္ေက်ာ့ျပန္ ဝင္ေရာက္ခဲ့ပါတယ္။ (၁၉၅၇)ခုႏွစ္မွာေမြးဖြား ခဲ့တဲ့ အီရွီဘာဟာ ငယ္စဥ္ကေလးဘဝက မူလတန္းေက်ာင္းကို Tott­ori အရပ္ေဒသရွိေက်ာင္းမွာတက္ ေရာက္ခဲ့ရၿပီး တကၠသိုလ္က ဘြဲ႕ရရွိၿပီးမွာေတာ့ Mit­sui Bank မွာ စတင္ဝင္လုပ္ခဲ့ပါတယ္။ ဖခင္ျဖစ္သူကြယ္လြန္ခဲ့ၿပီး ေနာက္ ဖခင္ရဲ႕မိတ္ေဆြတစ္ဦးျဖစ္သလို ဝန္ႀကီးခ်ဳပ္ ေဟာင္းတစ္ဦးျဖစ္တဲ့ တာနာကာက အီရွီဘာကို ဖခင္ ျဖစ္သူရဲ႕အ႐ိုက္ အရာကိုဆက္ဆံႏိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႔ ႏိုင္ငံေရးေလာကထဲ ဆြဲေခၚလာခဲ့ပါတယ္။ အီရွီဘာ ဟာလစ္ဘရယ္ဒီမိုကရက္ တစ္ပါတီကိုဝင္ေရာက္ခဲ့ ၿပီးေနာက္ မၾကာမီမွာပဲ ဂ်ပန္လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႕ေတြမွာ ဒုတိယဝန္ႀကီး၊ ဝန္ႀကီးေနရာ ေတြကို တာဝန္ယူခဲ့ရပါတယ္။

အီရွီဘာဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဆာဆုအို ဖူကီဒါတာဝန္ယူေနတဲ့ ဂ်ပန္အစိုးရအဖြဲ႕မွာ ကာကြယ္ေရးဝန္ႀကီးအျဖစ္ (၂၀ဝ၇)ခုႏွစ္က ခန႔္အပ္ ခံခဲ့ရေပမယ့္ အျငင္းပြားမႈေတြေၾကာင့္ ရာထူးကႏုတ္ ထြက္ခဲ့ပါတယ္။ အီရွီဘာဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ ရည္မွန္းခ်က္ရွိေနသူတစ္ဦးျဖစ္ရာ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြး ခ်ယ္ခံရဖို႔အတြက္ အေရးႀကီးတဲ့ ဂ်ပန္ လစ္ဘရယ္ပါတီေခါင္းေဆာင္ေနရာရေရး ပါတီအတြင္း ေ႐ြးေကာက္ပြဲ စတင္ ဝင္ေရာက္ခဲ့ပါတယ္။ အီရွီဘာဟာ ပထမဆုံးအႀကိမ္ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ပါတီအတြင္း ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ္ခဲ့သလို (၂၀၁၂)ခုႏွစ္မွာက်င္းပတဲ့ ပါတီေခါင္းေဆာင္ေ႐ြးေကာက္ပြဲ မွာလည္း ထပ္မံရႈံးနိမ့္ခဲ့ပါတယ္။
ဒါေပမဲ့ အီရွီဘာဟာ လစ္ဘရယ္ဒီမိုကရက္တစ္ ပါတီေခါင္းေဆာင္ျဖစ္ေရးေမွ်ာ္လင့္ခ်က္ကို လက္မေလွ်ာ့ဘဲ ပါတီေခါင္းေဆာင္ျဖစ္ေရးကို ထပ္မံႀကိဳးပမ္း ေနခဲ့သလို (၂၀၁၆)ခုႏွစ္နဲ႔ (၂၀၂၀)ခုႏွစ္အတြင္း က်င္းပတဲ့ လစ္ဘရယ္ ပါတီေခါင္းေဆာင္ေ႐ြးခ်ယ္ပြဲေတြမွာလည္း ထပ္မံရႈံးနိမ့္ခဲ့ပါတယ္။
ဒါေပမဲ့ အီရွီ ဘာဟာ ဇြဲႀကီးသူတစ္ဦးျဖစ္ရာ (၂၀၂၄) ခုႏွစ္ စက္တင္ ဘာလအတြင္းက်င္းပတဲ့ လစ္ဘရယ္ပါတီေခါင္း ေဆာင္ေ႐ြးခ်ယ္ပြဲကို ထပ္မံယွဥ္ၿပိဳင္ခဲ့ရာ အဓိကၿပိဳင္ ဘက္ျဖစ္သူ တာကိုင္ခ်ီကိုအႏိုင္ရၿပီး ပါတီေခါင္း ေဆာင္အျဖစ္ေ႐ြးခ်ယ္ခံရမႈနဲ႔အတူ ဝန္ႀကီးခ်ဳပ္အျဖစ္ပါ ေ႐ြးခ်ယ္ခံခဲ့ရ သူျဖစ္ပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ အသစ္အျဖစ္တာဝန္ယူမယ့္ အီရွီဘာဟာ အလယ္အလတ္လမ္းစဥ္သမားတစ္ဦးျဖစ္ၿပီး ျပဳျပင္ေျပာင္း လဲေရးကို လိုလားသူတစ္ဦးအျဖစ္ သတ္မွတ္ခံရသူျဖစ္ပါတယ္။ အီရွီဘာ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာျခင္း ေၾကာင့္ ဂ်ပန္ႏိုင္ငံနဲ႔ တ႐ုတ္၊ ေျမာက္ကိုရီးယားႏိုင္ငံၾကား တင္းမာမႈေတြ ပိုမိုျဖစ္လာမွာကို စိုးရိမ္ရဖြယ္ရွိေနပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အီရွီဘာဟာ ဂ်ပန္ကာ ကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္တုန္းက ေျမာက္ကိုရီးယားႏိုင္ငံကို ႀကိဳတင္လက္ဦးမႈယူတိုက္ခိုက္ဖို႔ လူသိရွင္ၾကားေျပာဆိုခဲ့ဖူးသလို တ႐ုတ္ႏိုင္ငံနဲ႔ အျငင္းပြားမႈေတြရွိေနတဲ့ ထိုင္ဝမ္ ဒီမိုကေရစီကို အားေပးေထာက္ခံသူတစ္ဦးလည္းျဖစ္ပါတယ္။

၎ဟာ အာရွတိုက္မွာ ေျမာက္ကိုရီးယား၊ တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံတို႔ရဲ႕က်ဴးေက်ာ္မႈကို ရင္ဆိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႔ တ႐ုတ္ႏိုင္ငံက ဆန႔္က်င္ကန႔္ကြက္မႈေတြရွိေနတဲ့ ေနတိုး မဟာ မိတ္အဖြဲ႕ကို ဖြဲ႕စည္းဖို႔လိုလားေနၿပီး ၎ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း အာရွတိုက္ ရဲ႕ေနတိုးစစ္ေရးမဟာမိတ္ အဖြဲ႕ကို ဖြဲ႕စည္းမယ္လို႔ ေႂကြးေၾကာ္ထားသူလည္း ျဖစ္ပါတယ္။
အာရွတိုက္မွာ ေနတိုးအဖြဲ႕ဖြဲ႕စည္းႏိုင္ဖို႔ အီရွီ ဘာဟာ ေတာင္ကိုရီးယား၊ အေမရိကန္၊ ၿဗိတိန္၊ ဂ်ာ မနီ၊ အိႏၵိယ၊ ျပင္သစ္၊ ကေနဒါ၊ ဩစေၾတးလ်နဲ႔ မဟာ မိတ္ဆက္ဆံေရးေကာင္းမြန္ေအာင္ ပိုမိုတည္ေဆာက္ ဖို႔ လိုလားေနခဲ့သူ ျဖစ္ပါတယ္။ အီရွီဘာဟာ တ႐ုတ္၊ ေတာင္ကိုရီးယားႏိုင္ငံတို႔က မၾကာခဏေဝဖန္ျပစ္တင္ ေနတဲ့ ဒုတိယ ကမာၻစစ္ အတြင္း က်ဆုံးသြားတဲ့ ဂ်ပန္ စစ္သားေတြျမႇဳပ္ႏွံထားတဲ့ သမိုင္းဝင္ ယာဆူကူနီ စစ္ ဗိမာန္ကို အသိမွတ္ျပဳသူ တစ္ဦးျဖစ္သလို ဒုတိယ ကမာၻစစ္အတြင္း ဂ်ပန္ႏိုင္ငံလက္နက္ခ်ခဲ့ျခင္းကိုလည္း လိုလားႏွစ္သက္သူ မဟုတ္ေၾကာင္း သိရပါ တယ္။
၎အစိုးရအဖြဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူခြင့္ရခ်ိန္နဲ႔ႀကဳံခဲ့ရင္ ဂ်ပန္ႏိုင္ငံ စစ္ရႈံးမႈေၾကာင့္ ကမာၻပ်က္သလို ျဖစ္ခဲ့ရမႈကို လက္ခံမွာမဟုတ္ဘူးလို႔ ယခင္တုန္းကေျပာဆိုခဲ့ဖူးပါတယ္။

အီရွီဘာက ‘‘ဒုတိယကမာၻစစ္တုန္းက ဂ်ပန္ အစိုးရအဖြဲ႕ေခါင္းေဆာင္ေတြဟာ ႏိုင္ငံကို စစ္ရႈံး ႏိုင္ငံျဖစ္ေအာင္ ဦးတည္လုပ္ေဆာင္ခဲ့တဲ့လုပ္ရပ္ေတြကို နားမလည္ႏိုင္ဘူး၊ အဲဒီအခ်ိန္တုန္းက ဂ်ပန္ဘုရင္ ရႈိဝါကိုလည္း မွန္ကန္တိက်တဲ့ အခ်က္လက္ေတြ ေပးခဲ့တာမ်ိဳးမရွိဘူး၊ ျပည္သူေတြကို တိက်ေသခ်ာတဲ့ သတင္းအခ်က္လက္ေတြကို မွန္ကန္ေအာင္ ထုတ္ျပန္ ေပးတာမ်ိဳးမရွိခဲ့ဘူး။ ဒါေတြဟာ ေမးခြန္းထုတ္စရာျဖစ္ ေစခဲ့တယ္။ ဒုတိယကမာၻစစ္အတြင္း ေသဆုံးခဲ့သူေတြ ဟာ ဂ်ပန္ႏိုင္ငံရဲ႕သူရဲေကာင္းေတြျဖစ္တယ္”လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ ဒီေျပာဆိုခ်က္ေတြဟာ ဂ်ပန္ရဲ႕တို က္ခိုက္ သိမ္းပိုက္တာကိုခံရဖူးတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ ေတာင္ကိုရီးယားအစိုးရအတြက္ စိတ္ဆိုးေဒါသျဖစ္စရာျဖစ္ေစခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အီရွီဘာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း တ႐ုတ္၊ ေတာင္ကို ရီးယားႏိုင္ငံ တို႔နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ ေဆာက္ဖို႔ ႀကိဳးပမ္းရည္႐ြယ္ေနရာ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး ဘယ္ေလာက္ အထိတည္ေဆာက္ႏိုင္ၿပီး ဂ်ပန္ႏိုင္ငံကို ကမာၻ႔အလယ္ မွာ ဂုဏ္ယူစရာေကာင္းတဲ့ႏိုင္ငံ တစ္ႏိုင္ငံျဖစ္လာေစဖို႔ ႀကိဳးပမ္းလုပ္ေဆာင္ႏိုင္မလားဆိုတာ စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.