မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ယခင်ထက်ပိုကောင်းလာမည့် အသင်းဖြစ်လာမည်ဟု မောင်မောင်လွင်ပြော

 492

သန့်ဇင် (NP News) - အောက်တိုဘာ ၁ဝ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ယခင်ထက်ပိုကောင်းလာမည့် အသင်းဖြစ်လာမည်ဟု ယုံကြည်ကြောင်း မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင် မောင်မောင်လွင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်းက ယမန်နေ့(အောက်တိုဘာလ ၉ ရက်) ညနေ ၃နာရီခွဲအချိန်ခန့်က ရန်ကန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော မြန်မာ့ လက်ရွေးစင်အသင်း နှင့် သီရိလင်္ကာလက်ရွေးစင်အသင်းတို့၏ FIFA international "A" friendly matches ခြေစမ်းပွဲစဉ်နှစ်ပွဲအတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရှေ့မှာကစားခဲ့တဲ့ပွဲတွေမှာ ဟုတ်ပါတယ်။ ကျွန်တော်တို့အသင်းရှုံးတယ်။သရေကျအောင်ကစားခဲ့တဲ့ပွဲတွေလည်းရှိပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေသည် ဂျပန်တို့ ဆီးရီးယားတို့ အဲဒီလိုအသင်းကြီးတွေနဲ့ကန်ရတယ်။ ဂျပန်ဆိုရင် ဂျာမဏီလိုအသင်းမျိုးကိုတောင် ဂိုးပြတ်ကန်ထားတာပေါ့နော်။ ကစားသမားတွေက အနိုင်လိုချင်စိတ်ရှိလား၊ ပေးဆပ်ချင်စိတ်ရှိလားဆိုတော့ ကျွန်တော်က ရှင်းတယ်လေ။ ပေးဆပ်ချင်စိတ်မရှိရင် ဘောလုံးတောင်လာမကန်ဘူး။ ဒဏ်ရာရတယ်လို့ ပြောပြီးနားလို့ရတာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့လည်းပေးဆပ်ချင်စိတ်ရှိတယ်။ ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတာတွေလည်း အများကြီးရှိတယ်။ အဲဒီတော့ ကျွန်တော်တို့အခု တစ်စုတစ်စည်းထဲသွားမယ်။ ဒီပွဲမှမဟုတ်ဘူး။ နောက်လာမယ့် ခြေစမ်းပွဲတွေမှာလည်း အကောင်းဆုံး ရလဒ်ရအောင် ကြိုးစားသွားမယ်။ သေချာတာတစ်ခုကတော့ အရင်ကထက်ပို့ကောင်းတဲ့အသင်းဖြစ်လာမယ်လို့တော့ ကျွန်တော်ယုံကြည်ပါတယ်”ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်မောင်မောင်လွင်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာလက်ရွေးစင်အသင်းတို့၏ FIFA international "A" friendly matches ခြေစမ်းပွဲစဉ်(၂)ပွဲကို ယနေ့ (အောက်တိုဘာလ ၁ဝ ရက်)နှင့် (၁၃)ရက်၊ ညနေ (၄)နာရီတွင် ရန်ကုန်မြို့ရှိ၊ သုဝဏ္ဏဘောလုံးကွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်နှင့် ပတ်သက်၍ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက "အခုလာမယ့် ခြေစမ်းပွဲနှစ်ပွဲအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ သီရိလင်္ကာအသင်းက အရင်လိုမဟုတ်ဘဲ တိုးတက်ပြောင်းလဲလာတဲ့ အသင်းပါ။ သူတို့ရဲ့ ကစားပုံ၊ နည်းစနစ်တွေကိုလည်း သေချာလေ့လာသုံးသပ်ထားပါတယ်။ ဒီခြေစမ်းပွဲနှစ်ပွဲမှာ ပြိုင်ဘက်အသင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်ပြီး ရလဒ်ကောင်း ရရှိအောင် ကြိုးစားသွားပါမယ”ဟု ၎င်းကဆိုသည်။

zawgyi version
ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းမွာ ယခင္ထက္ပိုေကာင္းလာမည့္ အသင္းျဖစ္လာမည္ဟု ေမာင္ေမာင္လြင္ေျပာ

သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁ဝ

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းမွာ ယခင္ထက္ပိုေကာင္းလာမည့္ အသင္းျဖစ္လာမည္ဟု ယုံၾကည္ေၾကာင္း ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံး အသင္းေခါင္းေဆာင္ ေမာင္ေမာင္လြင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

၎က ယမန္ေန႔(ေအာက္တိုဘာလ ၉ ရက္) ညေန ၃နာရီခြဲအခ်ိန္ခန႔္က ရန္ကန္ၿမိဳ႕၊ သုဝဏၰေဘာလုံးကြင္းတြင္ က်င္းပျပဳလုပ္ေသာ ျမန္မာ့ လက္ေ႐ြးစင္အသင္း ႏွင့္ သီရိလကၤာလက္ေ႐ြးစင္အသင္းတို႔၏ FIFA international "A" friendly matches ေျခစမ္းပြဲစဥ္ႏွစ္ပြဲအတြက္ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲ၌ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ေရွ႕မွာကစားခဲ့တဲ့ပြဲေတြမွာ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းရႈံးတယ္။သေရက်ေအာင္ကစားခဲ့တဲ့ပြဲေတြလည္းရွိပါတယ္။ ကြၽန္ေတာ္တို႔ ရင္ဆိုင္ခဲ့ရတဲ့ အသင္းေတြသည္ ဂ်ပန္တို႔ ဆီးရီးယားတို႔ အဲဒီလိုအသင္းႀကီးေတြနဲ႔ကန္ရတယ္။ ဂ်ပန္ဆိုရင္ ဂ်ာမဏီလိုအသင္းမ်ိဳးကိုေတာင္ ဂိုးျပတ္ကန္ထားတာေပါ့ေနာ္။ ကစားသမားေတြက အႏိုင္လိုခ်င္စိတ္ရွိလား၊ ေပးဆပ္ခ်င္စိတ္ရွိလားဆိုေတာ့ ကြၽန္ေတာ္က ရွင္းတယ္ေလ။ ေပးဆပ္ခ်င္စိတ္မရွိရင္ ေဘာလုံးေတာင္လာမကန္ဘူး။ ဒဏ္ရာရတယ္လို႔ ေျပာၿပီးနားလို႔ရတာေတြ အမ်ားႀကီးရွိတယ္။ ကြၽန္ေတာ္တို႔လည္းေပးဆပ္ခ်င္စိတ္ရွိတယ္။ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားတဲ့အတိုင္းျဖစ္မလာတာေတြလည္း အမ်ားႀကီးရွိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔အခု တစ္စုတစ္စည္းထဲသြားမယ္။ ဒီပြဲမွမဟုတ္ဘူး။ ေနာက္လာမယ့္ ေျခစမ္းပြဲေတြမွာလည္း အေကာင္းဆုံး ရလဒ္ရေအာင္ ႀကိဳးစားသြားမယ္။ ေသခ်ာတာတစ္ခုကေတာ့ အရင္ကထက္ပို႔ေကာင္းတဲ့အသင္းျဖစ္လာမယ္လို႔ေတာ့ ကြၽန္ေတာ္ယုံၾကည္ပါတယ္”ဟု ျမန္မာ့လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေမာင္ေမာင္လြင္က ေျပာသည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းႏွင့္ သီရိလကၤာလက္ေ႐ြးစင္အသင္းတို႔၏ FIFA international "A" friendly matches ေျခစမ္းပြဲစဥ္(၂)ပြဲကို ယေန႔ (ေအာက္တိုဘာလ ၁ဝ ရက္)ႏွင့္ (၁၃)ရက္၊ ညေန (၄)နာရီတြင္ ရန္ကုန္ၿမိဳ႕ရွိ၊ သုဝဏၰေဘာလုံးကြင္ ယွဥ္ၿပိဳင္ကစားသြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲစဥ္ႏွင့္ ပတ္သက္၍ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္ ဦးမ်ိဳးလႈိင္ဝင္းက "အခုလာမယ့္ ေျခစမ္းပြဲႏွစ္ပြဲအတြက္ ကြၽန္ေတာ္တို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ သီရိလကၤာအသင္းက အရင္လိုမဟုတ္ဘဲ တိုးတက္ေျပာင္းလဲလာတဲ့ အသင္းပါ။ သူတို႔ရဲ႕ ကစားပုံ၊ နည္းစနစ္ေတြကိုလည္း ေသခ်ာေလ့လာသုံးသပ္ထားပါတယ္။ ဒီေျခစမ္းပြဲႏွစ္ပြဲမွာ ၿပိဳင္ဘက္အသင္းကို ေလးေလးစားစားနဲ႔ ယွဥ္ၿပိဳင္ၿပီး ရလဒ္ေကာင္း ရရွိေအာင္ ႀကိဳးစားသြားပါမယ”ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.