အနုပညာလုပ်ငန်းတွေပြန်လည်စတင်တော့မယ့်ရက်စွဲကို တောင်ကိုရီးယားနာမည်ကျော်အဆိုတော် G-Dragon ထုတ်ပြန်ကြေညာ

 137

Pika (NP News) - အောက်တိုဘာ ၁ဝ

တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော် G-Dragon သည် ၎င်း၏အနုပညာလုပ်ငန်းများ ပြန်လည်စတင်လုပ်ဆောင်တော့မည့်ရက်စွဲကို အတိအကျသတင်းထုတ်ပြန်လိုက်ပြီဖြစ်သည်။ News1 မီဒီယာ၏ ဖော်ပြချက်အရ G-Dragon သည် လာမည့်အောက်တိုဘာလ(၂၅)ရက်နေ့တွင် တစ်ကိုယ်တော်အနုပညာလုပ်ငန်းများ ပြန်လည်စတင်တော့မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပြင်ဆင်မှုများ၏နောက်ဆုံးအဆင့်မှာ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

(၂၀၁၇)ခုနှစ်ဇွန်လတွင် ထွက်ရှိခဲ့သော ဒုတိယမီနီအယ်လ်ဘမ် 'Kwon Ji Yong' ပြီးလျှင် ယခုတစ်ကြိမ်ထွက်ရှိမည့်အယ်လ်ဘမ်သည် အချိန်(၇)နှစ်ကျော်အတွင်း ထွက်ရှိလာသည့် G-Dragon ၏ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်လတွင် G-Dragonသည် အဆိုတော်Taeyang၏တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် အထူးဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး ပရိသတ်များကို အံ့အားသင့်အောင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် အထူးဧည့်သည်အဖြစ် ပါဝင်ခဲ့မှုနှင့်အတူ G-Dragon သည် ၎င်း၏တစ်ကိုယ်တော်အနုပညာလုပ် ငန်းများ ပြန်လည်စတင်မည့်အချိန်နှင့်ပတ်သက်ပြီး ပရိသတ်များ၏ စိတ်လှုပ်ရှားမှုများကို ပိုမိုမြင့်တက်လာအောင်လုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။

ယခုလအစောပိုင်းတွင် G-Dragon သည် "You Quiz on the Block"ရှိုးအတွက် ရိုက်ကူးရေးလုပ်ငန်းများကို အပြီးသတ်ခဲ့ပြီး ၎င်း၏သီချင်းအသစ်အတွက် ရိုက်ကူးမှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် G-Dragon၊Taeyang နှင့် Daesung တို့သည် လာမည့်နိုဝင်ဘာလ(၂၂)ရက်နေ့နှင့်(၂၃)ရက်နေ့တို့တွင် ဂျပန်နိုင်ငံမှာကျင်းပမည့် Mnet MAMA ဆုပေးပွဲ၌ Big Bang အဖွဲ့အဖြစ် ပါဝင်ဖျော်ဖြေရန်စီစဉ်ထားကြောင်းလည်း သိရသည်။

zawgyi version
အႏုပညာလုပ္ငန္းေတြျပန္လည္စတင္ေတာ့မယ့္ရက္စြဲကို ေတာင္ကိုရီးယားနာမည္ေက်ာ္အဆိုေတာ္ G-Dragon ထုတ္ျပန္ေၾကညာ
Pika (NP News) - ေအာက္တိုဘာ ၁ဝ

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္ G-Dragon သည္ ၎၏အႏုပညာလုပ္ငန္းမ်ား ျပန္လည္စတင္လုပ္ေဆာင္ေတာ့မည့္ရက္စြဲကို အတိအက်သတင္းထုတ္ျပန္လိုက္ၿပီျဖစ္သည္။ News1 မီဒီယာ၏ ေဖာ္ျပခ်က္အရ G-Dragon သည္ လာမည့္ေအာက္တိုဘာလ(၂၅)ရက္ေန႔တြင္ တစ္ကိုယ္ေတာ္အႏုပညာလုပ္ငန္းမ်ား ျပန္လည္စတင္ေတာ့မည္ျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ျပင္ဆင္မႈမ်ား၏ေနာက္ဆုံးအဆင့္မွာ ေရာက္ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။

(၂၀၁၇)ခုႏွစ္ဇြန္လတြင္ ထြက္ရွိခဲ့ေသာ ဒုတိယမီနီအယ္လ္ဘမ္ 'Kwon Ji Yong' ၿပီးလွ်င္ ယခုတစ္ႀကိမ္ထြက္ရွိမည့္အယ္လ္ဘမ္သည္ အခ်ိန္(၇)ႏွစ္ေက်ာ္အတြင္း ထြက္ရွိလာသည့္ G-Dragon ၏ပထမဆုံးတစ္ကိုယ္ေတာ္ အယ္လ္ဘမ္ျဖစ္လာမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္လတြင္ G-Dragonသည္ အဆိုေတာ္Taeyang၏တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲတြင္ အထူးဧည့္သည္အျဖစ္ပါဝင္ခဲ့ၿပီး ပရိသတ္မ်ားကို အံ့အားသင့္ေအာင္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါပြဲတြင္ အထူးဧည့္သည္အျဖစ္ ပါဝင္ခဲ့မႈႏွင့္အတူ G-Dragon သည္ ၎၏တစ္ကိုယ္ေတာ္အႏုပညာလုပ္ ငန္းမ်ား ျပန္လည္စတင္မည့္အခ်ိန္ႏွင့္ပတ္သက္ၿပီး ပရိသတ္မ်ား၏ စိတ္လႈပ္ရွားမႈမ်ားကို ပိုမိုျမင့္တက္လာေအာင္လုပ္ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။

ယခုလအေစာပိုင္းတြင္ G-Dragon သည္ "You Quiz on the Block"ရႈိးအတြက္ ႐ိုက္ကူးေရးလုပ္ငန္းမ်ားကို အၿပီးသတ္ခဲ့ၿပီး ၎၏သီခ်င္းအသစ္အတြက္ ႐ိုက္ကူးမႈမ်ားကို စတင္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ G-Dragon၊Taeyang ႏွင့္ Daesung တို႔သည္ လာမည့္ႏိုဝင္ဘာလ(၂၂)ရက္ေန႔ႏွင့္(၂၃)ရက္ေန႔တို႔တြင္ ဂ်ပန္ႏိုင္ငံမွာက်င္းပမည့္ Mnet MAMA ဆုေပးပြဲ၌ Big Bang အဖြဲ႕အျဖစ္ ပါဝင္ေဖ်ာ္ေျဖရန္စီစဥ္ထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.