နစကအစိုးရလက်ထက် အကြမ်းဖက်သမားများက “ဒလန်”ဟု စွပ်စွဲသတ်ဖြတ်သည့်အတွက် သေဆုံးသူ (၅၃ဝဝ)ကျော်အထိရှိလာ

 1588

သန့်ဇင် (NP News) - အောက်တိုဘာ ၁ဝ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်၌ အကြမ်းဖက်သမားများက “ဒလန်”ဟု စွပ်စွဲသတ်ဖြတ်သည့်အတွက် သေဆုံးသူ (၅၃၀၀)ကျော်အထိရှိလာပြီဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှစတင်ကာ ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၅ရက်အထိ PDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် နေပြည် တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နှယ်အနှံ့တွင် အရပ်သားများနှင့် နိုင်ငံရေးပါတီဝင်များ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိနစကအစိုးရလက်ထက်တွင် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ “ဒလန်”ဟု စွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေတွင် (၁၈)ဦး၊ ကချင်ပြည်နယ်တွင်(၁၁၉)ဦး၊ ကယားပြည်နယ်တွင်(၂၃)ဦး၊ ကရင်ပြည်နယ်တွင်(၇၆)ဦး၊ ချင်းပြည်နယ်တွင်(၂၄)ဦး၊ မွန်ပြည်နယ်တွင်(၁၈၄)ဦး၊ ရခိုင်ပြည်နယ်တွင်(၂၀)ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင်(၈၃ဦးတို့ သေဆုံးခဲ့ရကြောင်း သိရသည်။ထို့ပြင် နယ်မြေခံ PDF လက်နက်ကိုင်အဖွဲ့ အများဆုံးရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၌“ဒလန်”ဟု စွပ်စွဲသတ်ဖြတ်ခံရသူ အများဆုံးဖြင့် လူပေါင်း (၁၈၈၄)ဦး သေဆုံးခဲ့ရသည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း (၁၁၂၂)ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၆၁၈)ဦး၊ တနင်္သာရီတိုင်း ဒေသ ကြီးတွင် (၃၆၁)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင်လည်း (၂၈၂)ဦး အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး ပြည်နယ်များထက် တိုင်းဒေသကြီးများတွင် အများဆုံး သတ်ဖြတ်ခံရသည်ကို တွေ့မြင်ရသည်။ “ဒီမှာရှိတဲ့လူတွေကို ဘာ့ကြောင့်လုပ်လဲဆိုရင် အဲဒီမှာဦးဆောင်တဲ့လူတွေကနေပြီးတော့ ပြည်မတွေမှာရှိနေတဲ့၊ ပြည်နယ်နဲ့တိုင်းမှာရှိနေတဲ့ လူတွေကို အသွင်မတူရင်ရန်သူဆိုပြီးတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းပဲနဲ့ လက်နက်ကိုင်နည်းလမ်းကိုရွေးပြီးတော့ ဖြေရှင်းတဲ့အတွက်ကြောင့် ဒီမှာ ဒီလိုဖြစ်လာတာဖြစ်တယ်။ အရင်တုန်းက ဗမာပြည်အလယ်ပိုင်းမှာ ကွန်မြူနစ်ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။ သမိုင်းပြန်ကြည့်ရင်ပေါ့။ ဒါပေမဲ့ ကွန်မြူနစ်တုန်းက ငါနဲ့မတူ ငါ့ရန်သူဆိုပြီးတော့ သတ်မှတ်ပြီးတော့မလုပ်ဘူး။ မူဝါဒတစ်ခုနဲ့ပဲပတ်သက်ပြီးတော့ပဲ တိုက်ပွဲဝင်ပြီး နိုင်ငံတော်အစိုးရကိုပဲ တိုက်ရိုက်လုပ်တယ်။ အခုသူတို့ကတော့ ငါနဲ့မတူ ငါ့ရန်သူ ဆိုပြီးတော့ ကျန်တဲ့ ရဟန်းရှင်လူ၊ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားအားလုံး အုပ်ချုပ်ရေးတာဝန်ရှိတဲ့ အရပ်သားတွေပါ အကုန်လုံး လုပ်ကြတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှဌေးက NP News သို့ သုံးသပ်ပြောကြားသည်။

ထို့ပြင် “ဒလန်”ဟု စွပ်စွဲသတ်ဖြတ်ခံရသူများအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီဝင် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များအပြင် အခြားပါတီဝင်များလည်း များစွာပါဝင်ကြောင်း သိရသည်။ “ဒလန်လို့စွပ်စွဲတာကတော့ ရှင်းပါတယ်။ ဒါက ကလေးအတွေးပဲလို့ မြင်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ပညာရှိနည်းနဲ့ သိမ်သိမ်မွေ့မွေ့ဆွေးနွေးရမယ့်အစား ငါကိုဒါပေးရင်ပေးမပေးရင် ဒါကြည့်ထားကွဆိုပြီး အဲလိုလုပ်တဲ့လူမျိုးလိုဖြစ်နေပြီးလားမသိဘူး။ ဒါကြောင့် သူတို့နဲ့မတူတဲ့လူကို သူတို့က CDM လုပ်ခိုင်းတယ်။ မလုပ်ဘူး။ ဒါလုပ်ပါ။ ဒါလုပ်ပါဆိုမလုပ်ဘူး။ မလုပ်တာကတော့ သူတို့ဟာသူတို့ ဥပဒေအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့မလုပ်တာ။ အဲမလုပ်တဲ့လူကို “ဒလန်”ဆိုပြီး နာမည်တပ်ပြီး စွပ်စွဲတဲ့အခါကျတော့ ဒါက ဘယ်လိုမှမဖြစ်သင့်တော့ဘူးလေ”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် နစကမှ ပြစ်မှုဆိုင်ရာ ဥပဒေများကျူးလွန်ထားခြင်းမရှိသည့် PDF အဖွဲ့ဝင်များအနေဖြင့် ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်လျှက်ရှိသော်လည်း ၎င်းလက်နက်ကိုင်အဖွဲ့များက ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် လမ်းစဉ်အတိုင်း ဆက်လက် လုပ် ဆောင်သွားမည်ဆိုပါက သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“နိုင်ငံတော်ကအခုအချိန်ထိ NCA လမ်းကြောင်းကို ဖွင့်ထားပေးတယ်။ လာဆွေးနွေးပါ။ နယ်မြေလိုချင်လား။ လွှတ်တော်ပေါ်လာရင် လွှတ်တော်မှာတောင်း။ ရရင်ယူ။ ဒီထက်ကောင်းတဲ့ဟာတော့ မရှိတော့ဘူး။ ပြီးရင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာလည်း လွတ်လပ်၍ တရားမျှတာသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ လုပ်ပေးပြီးသား။ အပိုဒ်(၅)မှာလည်း ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးကို နစ်နာမှုမရှိအောင်လုပ်ပေးမယ်။ ဒီထက်ကောင်းတဲ့ဟာတော့ မရှိတော့ဘူးလို့ ကျွန်တော်မြင်ပါတယ်။ သူတို့ အကုန်ပြန်ဝင်ပြီးတော့ ပြန်ပြိုင်မယ်ဆိုရင်။ သူတို့ရလာတဲ့အခါကြရင် သူတို့လိုချင်တဲ့စနစ်ပြင်ပေါ့။ အဲဒီလိုမဟုတ်ပဲနဲ့ ဒီလိုပဲလုပ်မယ်ဆိုရင်တော့။ ကြာရင် ဘယ်လိုပဲဖြစ်ဖြစ်။ တိုင်းပြည်ကိုကယ်ဆယ်တာထက်စာရင် ဘယ်လောက်ပဲကယ်ဆယ်တယ်ပြောပြော တိုင်းပြည်ကိုဖျက်စီးနေတဲ့လူတွေလို့ပဲ မြင်ပါတယ်”ဟု ဦးလှဌေးကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည် ပဋိပက္ခအတွင်း အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် ရဟန်းသံဃာတော်များ၊ ကလေးသူငယ်များ၊ သက် ကြီးရွယ်အိုများ၊ ဆရာ/ဆရာမများ၊ နိုင်ငံ့ဝန် ထမ်းများ၊ အုပ်ချုပ်ရေးမှူးများလည်း သေဆုံးထားသည်။ အလားတူ နိုင်ငံတစ်ဝန်း လူ(၃)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်ပေါင်းမှာ(၈ဝ)ဝန်းကျင်ထက် မနည်းရှိနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ လူပေါင်း (၈ဝဝဝ)ကျော် သေ ဆုံးထားကြောင်းလည်း နစကမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များအရ သိရသည်။

နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်သတ်ဖြတ်နေမှုများကို နိုင်ငံတာဝန်ရယူထားသည့် လက်ရှိနစကအစိုးရက အပြည့်အဝကာကွယ်ပေး နိုင်ခြင်းမရှိသကဲ့သို့ အကြမ်းဖက်အဖွဲ့များကလည်း ၎င်းတို့ လုပ်ကြံသတ် ဖြတ်နေမှုများကို ရပ်တန့်သွားခြင်း မရှိသေးပေ။

zawgyi version
နစကအစိုးရလက္ထက္ အၾကမ္းဖက္သမားမ်ားက “ဒလန္”ဟု စြပ္စြဲသတ္ျဖတ္သည့္အတြက္ ေသဆုံးသူ (၅၃ဝဝ)ေက်ာ္အထိရွိလာ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁ဝ

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရလက္ထက္၌ အၾကမ္းဖက္သမားမ်ားက “ဒလန္”ဟု စြပ္စြဲသတ္ျဖတ္သည့္အတြက္ ေသဆုံးသူ (၅၃၀၀)ေက်ာ္အထိရွိလာၿပီျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီမွစတင္ကာ ၂ဝ၂၄ ခုႏွစ္၊ စက္တင္ဘာ ၅ရက္အထိ PDF လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕မ်ား၏ သတ္ျဖတ္မႈေၾကာင့္ ေနျပည္ ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္ႏွယ္အႏွံ႔တြင္ အရပ္သားမ်ားႏွင့္ ႏိုင္ငံေရးပါတီဝင္မ်ား ေသဆုံးခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။လက္ရွိနစကအစိုးရလက္ထက္တြင္ PDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ား၏ “ဒလန္”ဟု စြပ္စြဲကာ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရမႈေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ (၁၈)ဦး၊ ကခ်င္ျပည္နယ္တြင္(၁၁၉)ဦး၊ ကယားျပည္နယ္တြင္(၂၃)ဦး၊ ကရင္ျပည္နယ္တြင္(၇၆)ဦး၊ ခ်င္းျပည္နယ္တြင္(၂၄)ဦး၊ မြန္ျပည္နယ္တြင္(၁၈၄)ဦး၊ ရခိုင္ျပည္နယ္တြင္(၂၀)ဦးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတြင္(၈၃ဦးတို႔ ေသဆုံးခဲ့ရေၾကာင္း သိရသည္။ထို႔ျပင္ နယ္ေျမခံ PDF လက္နက္ကိုင္အဖြဲ႕ အမ်ားဆုံးရွိရာ စစ္ကိုင္းတိုင္းေဒသႀကီး၌“ဒလန္”ဟု စြပ္စြဲသတ္ျဖတ္ခံရသူ အမ်ားဆုံးျဖင့္ လူေပါင္း (၁၈၈၄)ဦး ေသဆုံးခဲ့ရသည္။

မႏၲေလးတိုင္းေဒသႀကီးတြင္လည္း (၁၁၂၂)ဦး၊ မေကြးတိုင္းေဒသႀကီးတြင္ (၆၁၈)ဦး၊ တနသၤာရီတိုင္း ေဒသ ႀကီးတြင္ (၃၆၁)ဦးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္လည္း (၂၈၂)ဦး အၾကမ္းဖက္ သတ္ျဖတ္ခံခဲ့ရၿပီး ျပည္နယ္မ်ားထက္ တိုင္းေဒသႀကီးမ်ားတြင္ အမ်ားဆုံး သတ္ျဖတ္ခံရသည္ကို ေတြ႕ျမင္ရသည္။ “ဒီမွာရွိတဲ့လူေတြကို ဘာ့ေၾကာင့္လုပ္လဲဆိုရင္ အဲဒီမွာဦးေဆာင္တဲ့လူေတြကေနၿပီးေတာ့ ျပည္မေတြမွာရွိေနတဲ့၊ ျပည္နယ္နဲ႔တိုင္းမွာရွိေနတဲ့ လူေတြကို အသြင္မတူရင္ရန္သူဆိုၿပီးေတာ့ ႏိုင္ငံေရးကို ႏိုင္ငံေရးနည္းလမ္းနဲ႔မေျဖရွင္းပဲနဲ႔ လက္နက္ကိုင္နည္းလမ္းကိုေ႐ြးၿပီးေတာ့ ေျဖရွင္းတဲ့အတြက္ေၾကာင့္ ဒီမွာ ဒီလိုျဖစ္လာတာျဖစ္တယ္။ အရင္တုန္းက ဗမာျပည္အလယ္ပိုင္းမွာ ကြန္ျမဴနစ္ဆိုတာ ျဖစ္ေပၚလာခဲ့တယ္။ သမိုင္းျပန္ၾကည့္ရင္ေပါ့။ ဒါေပမဲ့ ကြန္ျမဴနစ္တုန္းက ငါနဲ႔မတူ ငါ့ရန္သူဆိုၿပီးေတာ့ သတ္မွတ္ၿပီးေတာ့မလုပ္ဘူး။ မူဝါဒတစ္ခုနဲ႔ပဲပတ္သက္ၿပီးေတာ့ပဲ တိုက္ပြဲဝင္ၿပီး ႏိုင္ငံေတာ္အစိုးရကိုပဲ တိုက္႐ိုက္လုပ္တယ္။ အခုသူတို႔ကေတာ့ ငါနဲ႔မတူ ငါ့ရန္သူ ဆိုၿပီးေတာ့ က်န္တဲ့ ရဟန္းရွင္လူ၊ ဆရာ၊ ဆရာမ၊ ေက်ာင္းသူ၊ ေက်ာင္းသားအားလုံး အုပ္ခ်ဳပ္ေရးတာဝန္ရွိတဲ့ အရပ္သားေတြပါ အကုန္လုံး လုပ္ၾကတယ္”ဟု ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးလွေဌးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

ထို႔ျပင္ “ဒလန္”ဟု စြပ္စြဲသတ္ျဖတ္ခံရသူမ်ားအတြင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ(USDP)ပါတီဝင္ ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီဝင္မ်ားအျပင္ အျခားပါတီဝင္မ်ားလည္း မ်ားစြာပါဝင္ေၾကာင္း သိရသည္။ “ဒလန္လို႔စြပ္စြဲတာကေတာ့ ရွင္းပါတယ္။ ဒါက ကေလးအေတြးပဲလို႔ ျမင္ပါတယ္။ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ ပညာရွိနည္းနဲ႔ သိမ္သိမ္ေမြ႕ေမြ႕ေဆြးေႏြးရမယ့္အစား ငါကိုဒါေပးရင္ေပးမေပးရင္ ဒါၾကည့္ထားကြဆိုၿပီး အဲလိုလုပ္တဲ့လူမ်ိဳးလိုျဖစ္ေနၿပီးလားမသိဘူး။ ဒါေၾကာင့္ သူတို႔နဲ႔မတူတဲ့လူကို သူတို႔က CDM လုပ္ခိုင္းတယ္။ မလုပ္ဘူး။ ဒါလုပ္ပါ။ ဒါလုပ္ပါဆိုမလုပ္ဘူး။ မလုပ္တာကေတာ့ သူတို႔ဟာသူတို႔ ဥပေဒေအာက္မွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနခ်င္လို႔မလုပ္တာ။ အဲမလုပ္တဲ့လူကို “ဒလန္”ဆိုၿပီး နာမည္တပ္ၿပီး စြပ္စြဲတဲ့အခါက်ေတာ့ ဒါက ဘယ္လိုမွမျဖစ္သင့္ေတာ့ဘူးေလ”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ နစကမွ ျပစ္မႈဆိုင္ရာ ဥပေဒမ်ားက်ဴးလြန္ထားျခင္းမရွိသည့္ PDF အဖြဲ႕ဝင္မ်ားအေနျဖင့္ ဥပေဒေဘာင္အတြင္းျပန္လည္ ဝင္ေရာက္ရန္ ဖိတ္ေခၚလွ်က္ရွိေသာ္လည္း ၎လက္နက္ကိုင္အဖြဲ႕မ်ားက ျပည္သူလူထုအေပၚ အၾကမ္းဖက္သတ္ျဖတ္သည့္ လမ္းစဥ္အတိုင္း ဆက္လက္ လုပ္ ေဆာင္သြားမည္ဆိုပါက ေသဆုံးသူဦးေရ ဆက္လက္ျမင့္တက္လာႏိုင္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

“ႏိုင္ငံေတာ္ကအခုအခ်ိန္ထိ NCA လမ္းေၾကာင္းကို ဖြင့္ထားေပးတယ္။ လာေဆြးေႏြးပါ။ နယ္ေျမလိုခ်င္လား။ လႊတ္ေတာ္ေပၚလာရင္ လႊတ္ေတာ္မွာေတာင္း။ ရရင္ယူ။ ဒီထက္ေကာင္းတဲ့ဟာေတာ့ မရွိေတာ့ဘူး။ ၿပီးရင္လည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္မွာလည္း လြတ္လပ္၍ တရားမွ်တာေသာ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုတာ လုပ္ေပးၿပီးသား။ အပိုဒ္(၅)မွာလည္း ဆႏၵမဲေပးခြင့္ရွိသူ အားလုံးကို နစ္နာမႈမရွိေအာင္လုပ္ေပးမယ္။ ဒီထက္ေကာင္းတဲ့ဟာေတာ့ မရွိေတာ့ဘူးလို႔ ကြၽန္ေတာ္ျမင္ပါတယ္။ သူတို႔ အကုန္ျပန္ဝင္ၿပီးေတာ့ ျပန္ၿပိဳင္မယ္ဆိုရင္။ သူတို႔ရလာတဲ့အခါၾကရင္ သူတို႔လိုခ်င္တဲ့စနစ္ျပင္ေပါ့။ အဲဒီလိုမဟုတ္ပဲနဲ႔ ဒီလိုပဲလုပ္မယ္ဆိုရင္ေတာ့။ ၾကာရင္ ဘယ္လိုပဲျဖစ္ျဖစ္။ တိုင္းျပည္ကိုကယ္ဆယ္တာထက္စာရင္ ဘယ္ေလာက္ပဲကယ္ဆယ္တယ္ေျပာေျပာ တိုင္းျပည္ကိုဖ်က္စီးေနတဲ့လူေတြလို႔ပဲ ျမင္ပါတယ္”ဟု ဦးလွေဌးကဆိုသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိသည္ ပဋိပကၡအတြင္း အၾကမ္းဖက္သတ္ျဖတ္ခံရမႈေၾကာင့္ ရဟန္းသံဃာေတာ္မ်ား၊ ကေလးသူငယ္မ်ား၊ သက္ ႀကီး႐ြယ္အိုမ်ား၊ ဆရာ/ဆရာမမ်ား၊ ႏိုင္ငံ့ဝန္ ထမ္းမ်ား၊ အုပ္ခ်ဳပ္ေရးမႉးမ်ားလည္း ေသဆုံးထားသည္။ အလားတူ ႏိုင္ငံတစ္ဝန္း လူ(၃)ဦးႏွင့္အထက္ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခံခဲ့ရသည့္ ျဖစ္စဥ္ေပါင္းမွာ(၈ဝ)ဝန္းက်င္ထက္ မနည္းရွိေနၿပီျဖစ္ၿပီး လက္ရွိအခ်ိန္ထိ လူေပါင္း (၈ဝဝဝ)ေက်ာ္ ေသ ဆုံးထားေၾကာင္းလည္း နစကမွ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ထုတ္ျပန္ထားသည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ႏိုင္ငံအတြင္းျဖစ္ပြားလ်က္ရွိသည့္ အၾကမ္းဖက္သတ္ျဖတ္ေနမႈမ်ားကို ႏိုင္ငံတာဝန္ရယူထားသည့္ လက္ရွိနစကအစိုးရက အျပည့္အဝကာကြယ္ေပး ႏိုင္ျခင္းမရွိသကဲ့သို႔ အၾကမ္းဖက္အဖြဲ႕မ်ားကလည္း ၎တို႔ လုပ္ႀကံသတ္ ျဖတ္ေနမႈမ်ားကို ရပ္တန႔္သြားျခင္း မရွိေသးေပ။

Related news

© 2021. All rights reserved.