ရွှေအတုအသုံးပြုကာ သိန်း(၆ဝ)လိမ်ယူသွားဖူးသူ အမျိုးသမီး (၆)လခန့်အကြာ၌ ထပ်မံလာရောက်လိမ်လည်စဉ် ဖမ်းမိ

 6559

သန့်ဇင် ၊ နာမူ (NP News) - အောက်တိုဘာ ၁ဝ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ရွှေအတုအသုံးပြုကာ သိန်း(၆ဝ) လိမ်ယူသွားဖူးသူ အမျိုးသမီးက (၆)လခန့်အကြာ၌ ထပ်မံလာရောက်လိမ်စဉ် ဖမ်းမိခဲ့ကြောင်း မိတ္ထီလာမြို့ခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ လိမ်လည်သူအမျိုးသမီးကို ယမန်နေ့(အောက်တိုဘာလ ၉ ရက်)က မိတ္ထီလာမြို့၊ မြို့မဈေးအတွင်းရှိ ရွှေဝါဝင်းရွှေဆိုင်တွင် ဖော်ထုတ်ဖမ်းမိနိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေအတုဖြင့် လိမ်လည်ပေါင်နှံသူအမျိုးသမီးမှာ အသက်(၄၅)နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး မိတ္ထီလာမြို့မဈေးအတွင်းရှိ ရွှေဝါဝင်းရွှေဆိုင်ကို ပြီးခဲ့သည့် (၆)လခန့်က ရွှေအတုအသုံးပြု၍ သိန်း(၆၀)ခန့်လာရောက် လိမ်လည်ပေါင်နှံသွားခဲ့ဖူးကြောင်းလည်း ၎င်းကဆိုသည်။

“အခုမှ ဒီရွှေဆိုင်ကို မေ့လောက်ပြီဆိုမှ နောက်ထပ်ဆွဲကြိုးတစ်ကုံးကို လာပြီးတော့ ပေါင်တာလို့ပြောတယ်။ ဒါပေမဲ့ ဈေးပေါ်က တချို့ဆိုင်တွေ တော်တော်များများ ပါတယ်လို့လည်းပြောတယ်။ သူတို့က အဖွဲ့နဲ့ လုပ်တာ တူပါတယ်။ အဲဒီလိုမျိုးဖြစ်တဲ့အချိန်မှာ Kpay နဲ့ သိန်းခြောက်ဆယ် လျော်သွားပြီးတော့ အဲဒီရွှေဆိုင်ကတော့ သူ့ကို တရားမစွဲတော့ဘူးပေါ့။ သူတို့ငွေရတဲ့အတွက်ကြောင့် ပြန်လွှတ်လိုက်တယ်လို့ပြောတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါလိမ်လည်သူအမျိုးသမီးသည် နေပြည်တောင်ကောင်စီနယ်မြေရှိ ရွှေဆိုင်တစ်ဆိုင်ကို အထက်ပါကဲ့သို့ လိမ်လည်ခဲ့ရာ သိန်း(၇ဝ)အထိ အလိမ်ခံခဲ့ရဖူးသည့် ဖြစ်စဥ်လည်းရှိခဲ့ဖူးကြောင်း အထက်ပါဒေသခံက ဆိုသည်။ မိတ္ထီလာမြို့ရှိ ရွှေဆိုင်အများစုမှာ ယင်းကဲ့သို့ ရွှေအတုအသုံးပြုကာ လိမ်လည်ပေါင်နှံခြင်းကို မကြာခဏကြုံတွေ့ရလေ့ရှိပြီး ရွှေဆိုင်များအနေဖြင့် အထူးဂရုပြုကြရန် အထက်ပါ သတင်းရင်းမြစ်က အကြံပြုထားသည်။

zawgyi version
ေ႐ႊအတုအသုံးျပဳကာ သိန္း(၆ဝ)လိမ္ယူသြားဖူးသူ အမ်ိဳးသမီး (၆)လခန႔္အၾကာ၌ ထပ္မံလာေရာက္လိမ္လည္စဥ္ ဖမ္းမိ
သန႔္ဇင္ ၊ နာမူ (NP News) - ေအာက္တိုဘာ ၁ဝ

မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ ေ႐ႊအတုအသုံးျပဳကာ သိန္း(၆ဝ) လိမ္ယူသြားဖူးသူ အမ်ိဳးသမီးက (၆)လခန႔္အၾကာ၌ ထပ္မံလာေရာက္လိမ္စဥ္ ဖမ္းမိခဲ့ေၾကာင္း မိတၳီလာၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ လိမ္လည္သူအမ်ိဳးသမီးကို ယမန္ေန႔(ေအာက္တိုဘာလ ၉ ရက္)က မိတၳီလာၿမိဳ႕၊ ၿမိဳ႕မေဈးအတြင္းရွိ ေ႐ႊဝါဝင္းေ႐ႊဆိုင္တြင္ ေဖာ္ထုတ္ဖမ္းမိႏိုင္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေ႐ႊအတုျဖင့္ လိမ္လည္ေပါင္ႏွံသူအမ်ိဳးသမီးမွာ အသက္(၄၅)ႏွစ္ဝန္းက်င္အ႐ြယ္ျဖစ္ၿပီး မိတၳီလာၿမိဳ႕မေဈးအတြင္းရွိ ေ႐ႊဝါဝင္းေ႐ႊဆိုင္ကို ၿပီးခဲ့သည့္ (၆)လခန႔္က ေ႐ႊအတုအသုံးျပဳ၍ သိန္း(၆၀)ခန႔္လာေရာက္ လိမ္လည္ေပါင္ႏွံသြားခဲ့ဖူးေၾကာင္းလည္း ၎ကဆိုသည္။

“အခုမွ ဒီေ႐ႊဆိုင္ကို ေမ့ေလာက္ၿပီဆိုမွ ေနာက္ထပ္ဆြဲႀကိဳးတစ္ကုံးကို လာၿပီးေတာ့ ေပါင္တာလို႔ေျပာတယ္။ ဒါေပမဲ့ ေဈးေပၚက တခ်ိဳ႕ဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ား ပါတယ္လို႔လည္းေျပာတယ္။ သူတို႔က အဖြဲ႕နဲ႔ လုပ္တာ တူပါတယ္။ အဲဒီလိုမ်ိဳးျဖစ္တဲ့အခ်ိန္မွာ Kpay နဲ႔ သိန္းေျခာက္ဆယ္ ေလ်ာ္သြားၿပီးေတာ့ အဲဒီေ႐ႊဆိုင္ကေတာ့ သူ႔ကို တရားမစြဲေတာ့ဘူးေပါ့။ သူတို႔ေငြရတဲ့အတြက္ေၾကာင့္ ျပန္လႊတ္လိုက္တယ္လို႔ေျပာတယ္”ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါလိမ္လည္သူအမ်ိဳးသမီးသည္ ေနျပည္ေတာင္ေကာင္စီနယ္ေျမရွိ ေ႐ႊဆိုင္တစ္ဆိုင္ကို အထက္ပါကဲ့သို႔ လိမ္လည္ခဲ့ရာ သိန္း(၇ဝ)အထိ အလိမ္ခံခဲ့ရဖူးသည့္ ျဖစ္စဥ္လည္းရွိခဲ့ဖူးေၾကာင္း အထက္ပါေဒသခံက ဆိုသည္။ မိတၳီလာၿမိဳ႕ရွိ ေ႐ႊဆိုင္အမ်ားစုမွာ ယင္းကဲ့သို႔ ေ႐ႊအတုအသုံးျပဳကာ လိမ္လည္ေပါင္ႏွံျခင္းကို မၾကာခဏႀကဳံေတြ႕ရေလ့ရွိၿပီး ေ႐ႊဆိုင္မ်ားအေနျဖင့္ အထူးဂ႐ုျပဳၾကရန္ အထက္ပါ သတင္းရင္းျမစ္က အႀကံျပဳထားသည္။

Related news

© 2021. All rights reserved.