၂ဝ၂၄-၂ဝ၂၅ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲစဉ်များ သုံးသပ်ချက်
 308
ရဲထက် (NP News) - အောက်တိုဘာ ၁၁
၂ဝ၂၄-၂ဝ၂၅ ရဲ့ နေးရှင်းလိဂ်ပြိုင်ပွဲဟာ အုပ်စုပွဲစဉ်(၃)ပွဲမြောက်အဖြစ် ကစားကြဖို့ရှိနေ ပါတယ်။ ဥရောပ အင်အားကြီးအသင်းတွေရဲ့ ယှဉ် ပြိုင်မှုတွေကို စောင့်မျှော်ကြည့်ရှုရဖို့ရှိနေသလို သက် ဆိုင်ရာ ကလပ်အသင်းကြီးတွေမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေရဲ့ နိုင်ငံအသင်းနဲ့ စွမ်းဆောင်ရည် တွေကိုလည်း စောင့်ကြည့်ရဖို့ရှိနေပါတယ်။ နေးရှင်း လိဂ်ပြိုင်ပွဲကို (၄)ကြိမ်မြောက်အဖြစ်ကျင်းပခြင်း ဖြစ်ပြီး ပထမဆုံးကျင်းပချိန်ဖြစ်တဲ့ (၂၀၁၈-၂၀၁၉) မှာတော့ ပေါ်တူဂီအသင်းက ချန်ပီယံဖြစ်ထားပြီး (၂၀၂၁-၂၀၂၂)မှာတော့ ပြင်သစ်အသင်းက ချန်ပီ ယံဖြစ်ခဲ့သလို (၂၀၂၂-၂၀၂၃)ပြိုင်ပွဲမှာတော့ စပိန် အသင်းက ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ ကြောင့် အခု(၄)ကြိမ်မြောက် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းက ချန်ပီယံဆုကို ရယူပိုင်ဆိုင်နိုင်မလဲဆို တာကိုလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရဖို့ရှိနေ ပါတယ်။ ကလပ်အသင်းတွေရဲ့ ပြိုင်ပွဲတွေကိုလည်း ရပ်နားထားချိန်ဖြစ်တာကြောင့် ဒီတစ်ပတ် နိုင်ငံတကာ ပွဲစဉ်တွေကို စောင့်ကြည့်အား‌ပေးရဖို့လည်း ရှိနေပါ တယ်။ ဒီတစ်ပတ်မှာတော့ NP News အကြိုက် နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲစဉ်တွေကို သုံး သပ်ခန့်မှန်းပေးချင်ပါတယ်။
အီတလီ Vs ဘယ်လ်ဂျီယံ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အီတလီ ၂ - ၁ ဘယ်လ်ဂျီယံ (၁၀-၁၀-၂၀၂၁)
ဘယ်လ်ဂျီယံ ၁ - ၂ အီတလီ (၁၄-၆-၂၀၂၁)
ဘယ်လ်ဂျီယံ ဝ - ၂ အီတလီ (၁၄-၆-၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အီတလီ ၂ - ၂ ဘယ်လ်ဂျီယံ
အီတလီ ၃ - ၂ ဘယ်လ်ဂျီယံ
ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက နေ ရှင်းလိဂ်အုပ်စုပွဲစဉ်(၃)မှာ စောင့်ကြည့်ချင်စရာ အ ကောင်းဆုံး ပွဲစဉ်လို့ဆိုနိုင်ပြီး ပြိုင်ဆိုင်မှုအနေအ ထားအရလည်း ပြင်းထန်နိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနှစ်သင်းက နေးရှင်းလိဂ် (ဗ)ရဲ့ အုပ် စု(၂)မှာ တစ်အုပ်စုတည်းကျရောက်နေတဲ့အသင်း ဖြစ်ပြီး နိုင်ပွဲရဖို့အတွက်ရော ရှုံးပွဲမတွေ့ဖို့အတွက်ပါ အ‌ရေးပါတဲ့ ပွဲစဉ်တွေဖြစ်တာကြောင့်ပါ။ အီတလီနဲ့ ဘယ်လ်ဂျီယံတို့ပါဝင်နေတဲ့ အုပ်စု(၂)မှာ မရဏအုပ် စုဖြစ်ပြီး ပြင်သစ်အသင်းပါဝင်နေတာကြောင့်လည်း အုပ်စုတွင်းမှာ ရမှတ်တွေက ပြိုင်ဆိုင်မှုရှိသလို နေး ရှင်းလိဂ်ရဲ့ ပြိုင်ပွဲကျင်းပပုံအရ တစ်အုပ်စုမှာ အသင်း တစ်သင်းတည်းကပဲ ရမှတ်အများဆုံးနဲ့ ဆီမီးဖိုင်နယ် ကို တက်ရောက်နိုင်မှာဖြစ်တာကြောင့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက တကယ်ကို ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပါတယ်။ လူစာရင်းအရ ကြည့် ရင် အီတလီက စီးရီးအေရဲ့ အကောင်းဆုံးကစားသမား အများစုပါဝင်လာတဲ့အပြင် ဒီနှစ်မှာ ခြေစွမ်းပြနေတဲ့ လူငယ်ခြေတက်ကစားသမား အများစုနဲ့ ဖွဲ့စည်ထား တာကြောင့် ဘယ်လ်ဂျီယံအသင်းအနေနဲ့ ကစားရ ခက်နိုင်ပါတယ်။ ဘယ်လ်ဂျီယံအသင်းကတော့ ရွှေ ရောင်မျိုးဆက်ပျက်သုဉ်းချိန်မှာ အရာရာကျရှုံးချိန်ဖြစ် နေသလို ကစားသမားတွေရဲ့ခြေစွမ်းပိုင်းက နား လည်ရခက်ပြီး နိုင်ပွဲပျောက်တတ်တာကြောင့် ဒီပွဲစဉ် က အီတလီအသင်းနိုင်ဖို့များပြီး (၁)ဂိုးလောက် အသာနဲ့ ကပ်နိုင်ပါမယ်။ သရေလည်းကျနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေပါ မြင်တွေ့ရနိုင်ပါတယ်။
အင်္ဂလန် Vs ဂရိ
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အင်္ဂလန် ၂ - ၂ ဂရိ
အင်္ဂလန် ၃ - ၂ ဂရိ
ဒီနှစ်သင်းကတော့ နိုင်ငံတကာပြိုင်ပွဲမှာ တွေ့ဆုံမှုမရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ထိပ်တိုက်တွေ့ ဆုံလာတာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေပါ တယ်။ အင်္ဂလန်အသင်းက အခုနေးရှင်းလိဂ်ပြိုင်ပွဲမှာ လည်း ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်းဖြစ်ပြီး ဖြစ် လာဖို့ရှိ/မရှိကတော့ မသေချာတဲ့အနေအထားပါ။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်အသင်းက နည်း ပြဆောက်ဂိတ်လက်ထက်မှာ အအောင်မြင်ဆုံးအ နေအထားတစ်ခုနဲ့ နိုင်ပွဲတွေရယူ စွမ်းဆောင်ပြထား ပေမယ့် ဗိုလ်လုပွဲစဉ်မှာ ရှုံးလေ့ရှိတာကြောင့် ထင် ထားတာထက်ပိုပြီး ဝေဖန်ခံနေရတဲ့အသင်း ဖြစ်ပါ တယ်။ အနီးကပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ယူရို(၂၀၂၄) ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ပေမယ့် စပိန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အင်္ဂလန်အသင်း က စွမ်းဆောင်ရည်အရကောင်းပေမယ့် ဗိုလ်လုပွဲမှာ မရှုံးဖို့လိုအပ်နေတာကိုတွေ့ရပါတယ်။ ဂရိအသင်း ကတော့ ဒီနှစ်မှာနေးရှင်းလိဂ်ရဲ့ အင်အားအနည်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်စုတွင်းပြိုင်ပွဲမှာတော့ (၂)ပွဲလုံး အနိုင်ရထား တဲ့အပြင် အင်္ဂလန်အသင်းကို စိန်ခေါ်နိုင်လောက်တဲ့ အထိ ခြေစွမ်းပြနေပါတယ်။ အင်္ဂလန်အသင်းနဲ့ အုပ် စုတစ်ခုတည်းကျရောက်နေတဲ့အပြင် ရမှတ်(၆)မှတ် ပါတူနေတာကြောင့် ဒီပွဲစဉ်က နှစ်သင်းစလုံးအတွက် ရှုံးလို့မရတဲ့ အနေအထားဖြစ်ပါတယ်။ နိုင်တဲ့အသင်း က နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ရှိနေ တာကြောင့် ဒီပွဲစဉ်ကို ခန့်မှန်းရရင် အင်္ဂလန်အသင်းက ဖိုဒန်နဲ့ပါးလ်မားတို့ ပါဝင်လာခြင်းမရှိတာကြောင့် နိုင် ပွဲရဖို့ ရုန်ကန်ရနိုင်ပြီး သရေကျဖို့များနေပါတယ်။ နိုင်မယ်ဆိုရင်တောင် ဂိုးမပြတ်ပါဘူး။
ခရိုအေးရှား Vs စကော့တလန်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ခရိုအေးရှား ၃ - ၁ စကော့စလန် (၂၃-၆-၂၀၂၁)
စကော့တလန် ၂ - ဝ ခရိုအေးရှား(၁၆-၁၀-၂၀၁၃)
ခရိုအေးရှား ဝ - ၁ စကော့တလန် (၈-၆-၂၀၁၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ခရိုအေးရှား ၂ - ဝ စကော့တလန်
ခရိုအေးရှား ၃ - ၁ စကော့တလန်
ခရိုအေးရှားအသင်းကတော့ နိုင်ငံတကာပွဲစဉ် တွေမှာ သတိထားမိလောက်စရာ ခြေစွမ်းပိုင်းကို ပြီးခဲ့ တဲ့နှစ်တွေမှာ စွမ်းဆောင်ပြထားတာကိုတွေ့ရပါတယ်။ အင်အားကြီးလှပါတယ်ဆိုတဲ့ ဥရောပအသင်းကြီး တော်တော်များများကို အနိုင်ယူကျော်ဖြတ်ပြနိုင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းခဲ့ပြီး အအောင်မြင်ဆုံးကတော့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ လည်း ယူရိုပြိုင်ပွဲတွေနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာပါ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းနိုင်ငံတကာပွဲစဉ်တွေ မှာတော့ ကစားသမားတွေရဲ့အသက်အရွယ်ကြောင့် ခြေစွမ်း ပိုင်းမှာ နိုင်ပွဲရဖို့ ရုန်းကန်ရလေ့ရှိတာကို တွေ့ရပါ တယ်။ စကော့တလန်အသင်းကတော့ အုပ်စုပွဲစဉ်နှစ် ပွဲလုံး ရှုံးနိမ့်ထားတဲ့အပြင် ခြေစွမ်းပိုင်းအရ ကြည့်ရင် လည်း ပွဲစဉ်တိုင်းလိုလို ရှုံးနိမ့်ထားတာကြောင့် ဒီပွဲ စဉ်က ခရိုအေးရှားအသင်းကပဲ ဂိုးပြတ်နိုင်ဖို့ များပါ တယ်။
ဘော့စနီးယား Vs ဂျာမနီ
NPNews အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘော့စနီးယား ဝ - ၃ ဂျာမနီ
ဘော့စနီးယား ဝ - ၂ ဂျာမနီ
ဂျာမနီအသင်းက အခုနောက်ပိုင်းပွဲစဉ် တွေမှာ ခြေစွမ်းပိုင်း ပြန်တက်လာတယ်လို့ ပြောလို့ ရနေပြီး ဗိုလ်စွဲဖို့လည်း အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားပြီလို့ ပြောလို့ရပါတယ်။ အနီးစပ်ဆုံး အနေနဲ့ ပြီးခဲ့တဲ့ ယူရို (၂၀၂၄)ပြိုင်ပွဲကို အိမ်ရှင် အဖြစ်ကျင်းပခဲ့ချိန်က ခြေစွမ်းကိုပြန်ကြည့်ရင် ဂျာမနီ အသင်းဟာ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းမှာ အကောင်း ဆုံးအနေအထားတစ်ရပ်ကို လူငယ်ခြေတက်ကစား သမားအများစုနဲ့ဖွဲ့စည်းထားပြီး တိုနီခရူးစ်ပြန် ပါလာတာက ဂျာမနီအသင်းကို ပိုကောင်းသွားစေပါ တယ်။ ယူရို (၂၀၂၄) ပြိုင်ပွဲမှာလည်း ကွာတားဖိုင် နယ်အထိတက်ရောက်နိုင်ခဲ့ပြီး အဲဒီနောက်ပိုင်းက တည်းက ရှုံးပွဲမရှိသေးတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အခု နေးရှင်းလိဂ်ပြိုင်ပွဲမှာတော့ နယ်သာလန်အ သင်းနဲ့ တစ်အုပ်စုတည်းဖြစ်တဲ့အပြင် ရမှတ်တွေပါ တူညီနေတာကြောင့် ဒီပွဲစဉ်က မဖြစ်မနေ အနိုင်ကန် ထားရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ ဘော့စနီး ယားအသင်းကတော့ အုပ်စုတွင်းပြိုင်ပွဲနှစ်ပွဲမှာ တစ် ပွဲရှုံးပြီး တစ်ပွဲသရေကျထားတဲ့အပြင် ခြေစွမ်းပိုင်း မှာလည်း ဂျာမနီအသင်းကို ယှဉ်နိုင်ဖို့မရှိတာကြောင့် ဂျာမနီအသင်းကပဲ ဂိုးပြတ်နိုင်ဖို့များပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုလည်း ရှိမထားတဲ့အသင်းတွေ ဖြစ်တာကြောင့် ဒီပွဲစဉ်က မထင်မှတ်ထားတာတွေ လည်းဖြစ်လာနိုင်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။
နယ်သာလန် Vs ဟန်ဂေရီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယ်သာလန် ၈ - ၁ ဟန်ဂေရီ (၁၂-၁၀-၂၀၁၃)
ဟန်ဂေရီ ၁ - ၄ နယ်သာလန် (၁၂-၁၀-၂၀၁၃)
နယ်သာလန် ၅ - ၃ ဟန်ဂေရီ (၃၀-၃-၂၀၂၁၁)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယ်သာလန် ၂ - ဝ ဟန်ဂေရီ
နယ်သာလန် ၃ - ဝ ဟန်ဂေရီ
နယ်သာလန်အသင်းဟာ လူစာရင်းအရ ပြန်ကြည့်ရင် အကောင်းဆုံးအနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားတဲ့အသင်းလို့ဆိုနိုင်ပြီး မျိုးဆက်တစ်ခုကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ ဟော်လန်အသင်းလို့ တစ်ချိန်က လူတွေပါးစပ်ဖျားမှာ နာမည်ကြီးခဲ့တဲ့ နယ်သာလန်အသင်းဟာ (၂၀၁၀) ကမ္ဘာ့ဖလားကိုရရှိဖို့ စပိန်အသင်းနဲ့ ဗိုလ်လုပွဲကြီးမှာ ခြေစွမ်းပြခဲ့ပေမယ့် အချိန်ပိုမိနှစ်ပိုင်းလေးမှာ ပေး လိုက်ရတဲ့ တစ်လုံးတည်းသောဂိုးကြောင့် ကမ္ဘာ့ဖလား ကိုလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကတည်းက နယ်သာလန်အသင်းဟာ နိုင်ငံတကာပြိုင် ပွဲတွေမှာ အရမ်းကြီးမထင်ပေါ်တော့တဲ့အပြင် ခြေ စွမ်းပိုင်းမှာ သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ ဒါ ပေမဲ့ အခုနောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ (၂၀၂၂) ကာ တာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းရဲ့ ခြေ စွမ်းက အများကြီး တိုးတက်လာခဲ့ပြီလို့ ပြောလို့ရနေပြီး ကွာတားဖိုင်နယ်အထိ တက်လှမ်းထားတဲ့အပြင် မက်ဆီရဲ့အာဂျင်တီးနားအသင်းကို သောကများစွာ ပေးပြီး ပင်နယ်တီရောက်တဲ့အထိ ဖိအားပေးနိုင်ခဲ့တဲ့ ခြေစွမ်းအရ နယ်သာလန်အသင်းရဲ့ လူစာရင်းက သာမန်မဟုတ်တာသေချာနေပါတယ်။ အခုနေးရှင်း လိဂ်မှာလည်း ဂျာမနီနဲ့ တစ်အုပ်စုတည်းကျနေပေမယ့် ဟန်ဂေရီကို အနိုင်ကန်ထားနိုင်ရင် နောက်တစ်ဆင့် တက်ဖို့ အများကြီးမျှော်လင့်နိုင်တာဖြစ်ပါတယ်။ ဟန်ဂေရီအသင်းကလည်း အုပ်စုတွင်းမှာ ထိပ်တိုက် တွေ့တိုင်း နယ်သာလန်အသင်းကပဲ အနိုင်ရရှိခဲ့တာ ကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်မှာ နယ်သာလန် အသင်း ကပဲ ဂိုးပြတ်နိုင်ပါမယ်။
ပိုလန် Vs ပေါ်တူဂီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပေါ်တူဂီ ၁ - ၁ ပိုလန် (၂၁-၁၁-၂၀၁၈)
ပိုလန် ၂ - ၃ ပေါ်တူဂီ (၁၂-၁၀-၂၀၁၈)
ပိုလန် ၁ - ၁ (Pen ၃-၅) ပေါ်တူဂီ (၁-၇-၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ပိုလန် ဝ - ၂ ပေါ်တူဂီ
ပိုလန် ၂ - ၃ ပေါ်တူဂီ
ပေါ်တူဂီအသင်းရဲ့ စုဖွဲ့မှုက လူစာရင်းအ ရကြည့်ရင် မျိုးဆက်ပြတ်မသွားခဲ့ဘဲ ရော်နယ်ဒိုအ သက်အရွယ်ရလာချိန်မှာ ပိုကောင်းတဲ့ လူငယ်မျိုး ဆက်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဘရုနိုဖာ နန်ဒက်စ်၊ ဂျာအိုဖီးလစ်၊ ကန်ဆယ်လို၊ဆေးဗာလ်၊ ရူဘင်ဒီရက်ဇ်၊ပတ်ထရိုနက်တိုနဲ့ရာဖေးလီယိုတို့လိုကစားများစွာကိုမွေးထုတ်ပေးထားနိုင်ပါတယ်။ ဒီလူစာ ရင်းက ရော်နယ်ဒိုကို ဖယ်ထားလိုက်ရင်တောင် ဘယ် အသင်းကိုမဆို ခြိမ်းခြောက်အနိုင်ယူလောက်တဲ့အထိ နေရာစုံမှာကစားသမားကောင်းတွေချည်းပါပဲ။ ဒါပေမဲ့ လူစာရင်းက စာရွက်ပေါ်မှာသာဖြစ်ပြီး ကွင်းတွင်း ခြေ စွမ်းကတော့ တခြားစီကိုကွာခြားပါတယ်။ အဓိက လိုအပ်ချက်ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြစ်ပြီး ရော်နယ်ဒိုလိုကစားသမားအပေါ်မှာတောင် လေးစား မှုမရှိတဲ့ ကစားသမားတွေရဲ့ လိုအပ်ချက်ကြောင့်သာ ချန်ပီယံဆုနဲ့ဝေးနေရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ရော် နယ်ဒိုအတွက်ကတော့ အခုနေးရှင်းလိဂ်က သူ့ရဲ့ နောက်ဆုံးသောနိုင်ငံအတွက်ကန်တဲ့ ပွဲစဉ်တွေဖြစ် လာဖို့ရှိပါတယ်။ ပိုလန်အသင်းကတော့ မျိုးဆက် တစ်ခု ပျက်သုဉ်းချိန်ကို ရောက်ရှိနေပြီး ကစားသမား အများစုကအသက်(၃၀)ကျော်ကစားသမားတွေ ဖြစ်သလို သွေးသစ်လောင်းဖို့လိုအပ်နေတာကြောင့် ပေါ်တူဂီနဲ့ယှဉ်လိုက်ရင် အများကြီး လိုအပ်ချက်တွေ ရှိ နေတဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်က ရမှတ်လိုအပ်နေတဲ့ ပိုလန်က ပိုကောင်းလာ နိုင်ပေမယ့်လည်း ပေါ်တူဂီအသင်းကပဲ နိုင်ပွဲရဖို့များ ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။
(၁၁-၁၀-၂၀၂၄) သောကြာနံနက်ပိုင်း
နံနက် (၁း၁၅) အီတလီ Vs ဘယ်လ်ဂျီယံ
နံနက် (၁း၁၅) အင်္ဂလန် Vs ဂရိ
(၁၂-၁၀-၂၀၂၄) စနေနေ့ညပိုင်း
ည(၁၀း၃၀) ခရိုအေးရှား Vs စကော့တလန်
ည(၁း၁၅) ဘော့စနီးယား Vs ဂျာမနီ
ည(၁း၁၅) ဟန်ဂေရီ Vs နယ်သာလန်
(၁၃-၁၀-၂၀၂၄) တနင်္ဂနွေနေ့နံနက်ပိုင်း
(၁း၁၅) ပိုလန် Vs ပေါ်တူဂီ
zawgyi version
အီတလီ Vs ဘယ်လ်ဂျီယံ
အီတလီ ၂ - ၂ ဘယ်လ်ဂျီယံ
အီတလီ ၃ - ၂ ဘယ်လ်ဂျီယံ
အင်္ဂလန် Vs ဂရိ
အင်္ဂလန် ၂ - ၂ ဂရိ
အင်္ဂလန် ၃ - ၂ ဂရိ
ဘော့စနီးယား Vs ဂျာမနီ
ဘော့စနီးယား ဝ - ၃ ဂျာမနီ
ဘော့စနီးယား ဝ - ၂ ဂျာမနီ
နယ်သာလန် Vs ဟန်ဂေရီ
နယ်သာလန် ၂ - ဝ ဟန်ဂေရီ
နယ်သာလန် ၃ - ဝ ဟန်ဂေရီ
ပိုလန် Vs ပေါ်တူဂီ
ပိုလန် ဝ - ၂ ပေါ်တူဂီ
ပိုလန် ၂ - ၃ ပေါ်တူဂီ
Related news
© 2021. All rights reserved.