ရုရှားနိုင်ငံမှာ နာမည်ကျော်နေတဲ့ ပန်းရောင်ဆားငန်ရေကန်

 464

Pika (NP News) - အောက်တိုဘာ ၁၁

ကာဇက်စတန်နိုင်ငံနယ်စပ်နှင့်နီးစပ်သည့် ရုရှား၏ Altai ဒေသတွင် တည်ရှိသော ဆားငန်ရေကန် Burlinskoye Ozero သည် နွေရာသီတွင် ၎င်း၏ပန်းရောင်သမ်းနေသောအရောင်နှင့် နေ့စဉ်ဖြတ်သန်း သွားလာနေသော ကုန်တင်ရထားကြောင့် နာမည် ကျော်ကြားသည်။ ထို့ပြင် ပန်းရောင်သမ်းနေသော ရေကန်ပေါ်တွင် ကုန်တင်ရထားဟောင်းတစ်စီး ဖြတ်သန်းသွားလာနေသည်ကို တွေ့မြင်ရသည့် မြင် ကွင်းမှာ ပုံမှန်မြင်ကွင်းများနှင့်မတူဘဲ ကွဲပြားနေ ကြောင်းလည်းသိရသည်။ Burlinskoye Ozero ရေကန်သည် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ အကြီးဆုံးဆားသိုက်တစ်ခုဖြစ်ပြီး Dead Sea ဆားငန်ရေကန်နှင့် အပြိုင်ဖြစ်ကြောင်းလည်းသိရသည်။

Burlinskoye Ozero ရေကန်၏ ဆားငန်မှုမှာ အလွန်မြင့်မားပြီး သေးငယ်သောဆားငန်ရည်ပုဇွန်မျိုး စိတ်ကိုဆွဲဆောင်နေပြီး အဆိုပါပုဇွန်မျိုးစိတ်များ များပြားလာသည်နှင့်အမျှ နွေရာသီကာလအတွင်း ရေကန်မှာ ပန်းရောင်အဖြစ်သို့ ပြောင်းလဲသွားစေခြင်း ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် အဆိုပါ ပန်းရောင်ရေကန်ပေါ်တွင် ရထားတစ်စီးဖြတ်သန်း သွားလာ နေသည့် မြင်ကွင်းမှာ ရေပြင်ပေါ်တွင် ရထားတစ်စီးမျောနေသည့်မြင်ကွင်းမျိုးဖြစ်ကြောင်း ခရီးသွားများကပြောဆိုထားကြသည်။ ခရီးသွား ဓါတ်ပုံဆရာVadim Makhorov က"ပန်းရောင် ရေကန်ပေါ်မှာ ကုန်တင်ရထားတစ်စီးဖြတ်သန်းသွား လာနေတာက ရေပေါ်မှာ ရထားတစ်စီး မျောနေတဲ့ ပုံနဲ့တူပါတယ်။ ဒီမြင်ကွင်းကို ပထမဆုံးအကြိမ်မြင်ဖူး ခဲ့မယ်ဆိုရင် လုံးဝအံ့ဩစရာကောင်းနေတာကို သိသွားပါလိမ့်မယ်။ ဒီရေကန်ကို နေ့တိုင်းကုန်တင်ရထား တစ်စီးက အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားလာ နေတဲ့ မြင်ကွင်းကို ပုံမှန်နဲ့မတူဘဲ လုံးဝကွဲပြားတဲ့ မြင်ကွင်းမျိုးပဲဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။

အဆိုပါ ပန်းရောင်ရေကန် Burlinskoye Ozero ကို နှစ်စဉ်နှစ်တိုင်း ခရီးသွားများစွာ လာရောက်လည် ပတ်လေ့ရှိ ပြီး နာမည်ကျော်ခရီးသွားနေရာများထဲမှတစ်ခုအဖြစ် ထင်ရှားကျော်ကြားသည်။

zawgyi version
႐ုရွားႏိုင္ငံမွာ နာမည္ေက်ာ္ေနတဲ့ ပန္းေရာင္ဆားငန္ေရကန္
Pika (NP News) - ေအာက္တိုဘာ ၁၁

ကာဇက္စတန္ႏိုင္ငံနယ္စပ္ႏွင့္နီးစပ္သည့္ ႐ုရွား၏ Altai ေဒသတြင္ တည္ရွိေသာ ဆားငန္ေရကန္ Burlinskoye Ozero သည္ ေႏြရာသီတြင္ ၎၏ပန္းေရာင္သမ္းေနေသာအေရာင္ႏွင့္ ေန႔စဥ္ျဖတ္သန္း သြားလာေနေသာ ကုန္တင္ရထားေၾကာင့္ နာမည္ ေက်ာ္ၾကားသည္။ ထို႔ျပင္ ပန္းေရာင္သမ္းေနေသာ ေရကန္ေပၚတြင္ ကုန္တင္ရထားေဟာင္းတစ္စီး ျဖတ္သန္းသြားလာေနသည္ကို ေတြ႕ျမင္ရသည့္ ျမင္ ကြင္းမွာ ပုံမွန္ျမင္ကြင္းမ်ားႏွင့္မတူဘဲ ကြဲျပားေန ေၾကာင္းလည္းသိရသည္။ Burlinskoye Ozero ေရကန္သည္ ႐ုရွားႏိုင္ငံ ဆိုက္ေဘးရီးယားေဒသရွိ အႀကီးဆုံးဆားသိုက္တစ္ခုျဖစ္ၿပီး Dead Sea ဆားငန္ေရကန္ႏွင့္ အၿပိဳင္ျဖစ္ေၾကာင္းလည္းသိရသည္။

Burlinskoye Ozero ေရကန္၏ ဆားငန္မႈမွာ အလြန္ျမင့္မားၿပီး ေသးငယ္ေသာဆားငန္ရည္ပုဇြန္မ်ိဳး စိတ္ကိုဆြဲေဆာင္ေနၿပီး အဆိုပါပုဇြန္မ်ိဳးစိတ္မ်ား မ်ားျပားလာသည္ႏွင့္အမွ် ေႏြရာသီကာလအတြင္း ေရကန္မွာ ပန္းေရာင္အျဖစ္သို႔ ေျပာင္းလဲသြားေစျခင္း ျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ အဆိုပါ ပန္းေရာင္ေရကန္ေပၚတြင္ ရထားတစ္စီးျဖတ္သန္း သြားလာ ေနသည့္ ျမင္ကြင္းမွာ ေရျပင္ေပၚတြင္ ရထားတစ္စီးေမ်ာေနသည့္ျမင္ကြင္းမ်ိဳးျဖစ္ေၾကာင္း ခရီးသြားမ်ားကေျပာဆိုထားၾကသည္။ ခရီးသြား ဓါတ္ပုံဆရာVadim Makhorov က"ပန္းေရာင္ ေရကန္ေပၚမွာ ကုန္တင္ရထားတစ္စီးျဖတ္သန္းသြား လာေနတာက ေရေပၚမွာ ရထားတစ္စီး ေမ်ာေနတဲ့ ပုံနဲ႔တူပါတယ္။ ဒီျမင္ကြင္းကို ပထမဆုံးအႀကိမ္ျမင္ဖူး ခဲ့မယ္ဆိုရင္ လုံးဝအံ့ဩစရာေကာင္းေနတာကို သိသြားပါလိမ့္မယ္။ ဒီေရကန္ကို ေန႔တိုင္းကုန္တင္ရထား တစ္စီးက အႀကိမ္ေပါင္းမ်ားစြာ ျဖတ္သန္းသြားလာ ေနတဲ့ ျမင္ကြင္းကို ပုံမွန္နဲ႔မတူဘဲ လုံးဝကြဲျပားတဲ့ ျမင္ကြင္းမ်ိဳးပဲျဖစ္ပါတယ္"ဟုေျပာဆိုခဲ့သည္။

အဆိုပါ ပန္းေရာင္ေရကန္ Burlinskoye Ozero ကို ႏွစ္စဥ္ႏွစ္တိုင္း ခရီးသြားမ်ားစြာ လာေရာက္လည္ ပတ္ေလ့ရွိ ၿပီး နာမည္ေက်ာ္ခရီးသြားေနရာမ်ားထဲမွတစ္ခုအျဖစ္ ထင္ရွားေက်ာ္ၾကားသည္။

Related news

© 2021. All rights reserved.