Kiss Beauty အပါအဝင် အလှကုန်ပစ္စည်း(၄)မျိုး၌ တားမြစ်ဓာတုပစ္စည်းများပါဝင်နေခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း FDA Myanmar အသိပေး

 715

ချယ်ရီ (NP News)- အောက်တိုဘာ ၁၁

Kiss Beauty အပါအဝင် အလှကုန်ပစ္စည်း(၄)မျိုး၌ တားမြစ်ဓာတုပစ္စည်းများပါဝင်နေခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း FDA Myanmar က အသိ ပေး ထုတ်ပြန်ထားသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) က ယနေ့(အောက်တိုဘာလ ၁၁ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

FDA Myanmar ၏ ထုတ်ပြန်ချက်အရ Kiss Beauty အပါအဝင် အလှကုန်ပစ္စည်း(၄)မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေကြောင်း ဖော်ပြထား သည်။ အဆိုပါ တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း အပါ အဝင် ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသော ကုမ္ပဏီနှင့်လက်လီ၊ လက်ကားဆိုင်များအနေဖြင့်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် FDA Myanmar က ဆိုထားသည်။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင် ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူ‌ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် FDA Myanmar မှ ပြီးခဲ့သည့် ဧပြီလက Arche Pearl Cream အပါအဝင် အလှကုန်ပစ္စည်း(၃၀)မျိုးတွင် အာဆီယံဒေသတွင်းတွေ့ရသည့် တားမြစ်ဓါတုပစ္စည်းများပါဝင်နေခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း အသိပေး ထုတ်ပြန်ထားဖူးသည်။

zawgyi version
Kiss Beauty အပါအဝင္ အလွကုန္ပစၥည္း(၄)မ်ိဳး၌ တားျမစ္ဓာတုပစၥည္းမ်ားပါဝင္ေနျခင္းေၾကာင့္ သုံးစြဲရန္မသင့္ေၾကာင္း FDA Myanmar အသိေပး

ခ်ယ္ရီ (NP News)- ေအာက္တိုဘာ ၁၁

Kiss Beauty အပါအဝင္ အလွကုန္ပစၥည္း(၄)မ်ိဳး၌ တားျမစ္ဓာတုပစၥည္းမ်ားပါဝင္ေနျခင္းေၾကာင့္ သုံးစြဲရန္မသင့္ေၾကာင္း FDA Myanmar က အသိ ေပး ထုတ္ျပန္ထားသည္။

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA Myanmar) က ယေန႔(ေအာက္တိုဘာလ ၁၁ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

FDA Myanmar ၏ ထုတ္ျပန္ခ်က္အရ Kiss Beauty အပါအဝင္ အလွကုန္ပစၥည္း(၄)မ်ိဳးသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၌ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ ျဖစ္ေစႏိုင္ေသာ တားျမစ္ဓာတုပစၥည္းမ်ားပါဝင္ေနေၾကာင္း ေဖာ္ျပထား သည္။ အဆိုပါ တားျမစ္ဓာတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း အပါ အဝင္ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတဆင့္ ခႏၶာကိုယ္အတြင္းသို႔စုပ္ယူ၍ ထုံက်င္ျခင္း၊ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္း ႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္း ႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ားျဖစ္ပြားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ အလွကုန္ပစၥည္းတင္သြင္းျဖန႔္ျဖဴးေရာင္းခ်ေသာ ကုမၸဏီႏွင့္လက္လီ၊ လက္ကားဆိုင္မ်ားအေနျဖင့္လည္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္းမရွိေသာ အလွကုန္ပစၥည္းမ်ားကို တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ျခင္းမ်ား လုံးဝမျပဳလုပ္ရန္ FDA Myanmar က ဆိုထားသည္။ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက သက္ဆိုင္ ရာအာဏာပိုင္အဖြဲ႕အစည္းက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္(၃)(ဃ)အရ အေရးယူ‌ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အသိေပးထားသည္။

ထို႔ျပင္ FDA Myanmar မွ ၿပီးခဲ့သည့္ ဧၿပီလက Arche Pearl Cream အပါအဝင္ အလွကုန္ပစၥည္း(၃၀)မ်ိဳးတြင္ အာဆီယံေဒသတြင္းေတြ႕ရသည့္ တားျမစ္ဓါတုပစၥည္းမ်ားပါဝင္ေနျခင္းေၾကာင့္ သုံးစြဲရန္မသင့္ေၾကာင္း အသိေပး ထုတ္ျပန္ထားဖူးသည္။

Related news

© 2021. All rights reserved.