ဗိုက်ကင်းတို့ရဲ့ မြို့တော် သို့မဟုတ် သမိုင်းကြောင်းများစွာရှိတဲ့ အော်စလိုမြို့အကြောင်း

 124

Pika (NP News) - အောက်တိုဘာ ၁၃

အော်စလိုမြို့သည် နော်ဝေးနိုင်ငံ၏ မြို့တော် ဖြစ်ပြီး နိုင်ငံတွင်းတွင် လူဦးရေအများဆုံး မြို့တစ် မြို့လည်းဖြစ်ကာ အံ့ဩဖွယ်ကောင်းသော ဗိသုကာလက်ရာ များနှင့် စိတ်ဝင်စားစရာကောင်းသော ဗိုက်ကင်း သမိုင်းကြောင်းတို့ဖြင့် နာမည်ကျော်ကြားသည့်မြို့တစ်မြို့ဖြစ်သည်။ အော်စလိုမြို့သည် (၂၀၂၂) ခုနှစ်တွင် လူဦးရေ (၇၀၉၀၃၇)ဦးရှိပြီး ၎င်း၏မြို့ပြဧရိယာမှာ (၂၀၂၂)ခုနှစ်တွင် လူဦးရေ (၁၀၆၄၂၃၅) ဦးရှိကြောင်း သိရသည်။ ဗိုက်ကင်းခေတ်အတွင်း အော်စလိုမြို့ပြ ဧရိယာသည် ဗိုက်ကန် ဒေသ၏ အစိတ်အပိုင်းဖြစ်ခဲ့ကြောင်းလည်းသိရသည်။ ဗိုက်ကင်းခေတ် အဆုံးမသတ်ခင် (၁၀၄၀) ပြည့် နှစ်တွင် အော်စလိုမြို့ကို အန်စလိုဆိုသည့်နာမည်ဖြင့် မြို့တစ်မြို့အဖြစ် တည်ထောင်ခဲ့ပြီး (၁၀၄၈) ခုနှစ်တွင် နော်ဝေးဘုရင် Harald Hardrada သည် အန်စလိုမြို့ကို ကုန်သွယ်ရေး နေရာတစ်ခုအဖြစ် ထူထောင်ခဲ့ကြောင်းသိရသည်။ ထို့နောက် (၁၀၆၆)ခုနှစ်တွင် နော်ဝေးဘုရင် Harald Hardrada သည် တိုက်ပွဲအတွင်းကျဆုံးသွားခဲ့ပြီး နောက် ဗိုက်ကင်းခေတ်အဆုံးသတ်သွားခဲ့ကြောင်းသိရသည်။ (၁၀၇၀) ပြည့်နှစ်တွင် အန်စလိုမြို့ကို ဘုန်းတော်ကြီး၏ထိန်းချုပ်မှုအောက်တွင်ရှိသော မြို့တစ်မြို့အဖြစ် ပြောင်း လဲခဲ့ပြီး (၁၃၀ဝ)ပြည့်နှစ်ဝန်းကျင် နော်ဝေးဘုရင် Haakon V လက်ထက်တွင် မြို့တော် အဖြစ် အဆင့်မြှင့် တင်ခဲ့ကြောင်းသိရသည်။

ဒိန်းမတ် နိုင်ငံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာသမဂ္ဂများသည် (၁၃၉၂)ခုနှစ်မှ (၁၅၂၃) ခုနှစ်အထိ နော်ဝေးနိုင်ငံအပေါ် ဩဇာလွှမ်းမိုးခဲ့သော်လည်း (၁၅၃၆)ခုနှစ်မှ (၁၈၁၄)ခု နှစ်အတွင်း ၎င်းတို့ ၏ ဩဇာလွှမ်းမှုများကို လျှော့ချပစ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ဒိန်းမတ်နှင့် နော်ဝေးဘုရင် Christian IV အုပ်ချုပ်နေသည့်ကာလ အတွင်း (၁၆၂၄)ခုနှစ်တွင် အန်စလိုမြို့သည် မီး လောင်ကျွမ်းမှု ကြောင့် ပျက်စီးသွားခဲ့ပြီးနောက် Akershus Fortress ရဲတိုက်အနီးတွင် မြို့အသစ်ကို တည်ဆောက်ခဲ့ပြီး Christiania အဖြစ် နာမည်ပေး ခဲ့ကြောင်းသိရသည်။ (၁၈၃၈)ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် Christiania မြို့သည် မြူနီစီပယ်တစ်ခု ဖြစ်လာခဲ့ပြီး ဆွီဒင်-နော်ဝေး ပြည်ထောင်စု(၁၈၁၄ -၁၉၀၅) ခုနှစ်အတွင်း နော်ဝေးနိုင်ငံ၏မြို့တော်အဖြစ်ပြောင်းလဲခဲ့ပြီးနောက် (၁၉၂၅)ခုနှစ်တွင် အော်စ လိုအဖြစ် အမည်ပြောင်းလဲခဲ့ကြောင်းသိရသည်။ (၁၉၄၈)ခုနှစ်တွင် အော်စလိုမြို့ကိုဝန်းရံထားကာ (၂၇)ဆခန့်ပိုမို ကြီးမားသော မြူနီစီပယ်အက်ကာနှင့် ပေါင်းစည်းခဲ့ပြီးနောက် ခေတ်မီပြီးကြီးမားသော အော်စလို မြူနီစီပယ်ကို ဖန်တီးခဲ့သည်။ အော်စလိုမြို့သည် နော်ဝေးနိုင်ငံ၏ စီးပွားရေးနှင့်အစိုးရအချက်အချာ နေရာတစ်ခုဖြစ်ပြီး နိုင်ငံ၏ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် ပို့ဆောင်ရေးတို့အတွက် အဓိကအချက်အချာနေရာတစ်ခုလည်းဖြစ်သည်။

ထို့ပြင် အော်စလိုမြို့သည် ဥရောပတိုက်တွင် ရေ ကြောင်း စက်မှုလုပ်ငန်းနှင့် ရေကြောင်းကုန်သွယ်ရေးတို့အတွက် အရေးကြီးသော နေရာတစ်ခုလည်း ဖြစ်သည်။ အော်စလိုမြို့သည် ရေကြောင်းဆိုင်ရာကဏ္ဍအတွင်းမှ ကုမ္ပဏီများစွာ အခြေစိုက်သည့် နေရာ တစ်ခုဖြစ်ပြီး အဆိုပါကုမ္ပဏီများအနက် အချို့မှာ ကမ္ဘာပေါ်တွင်အကြီးဆုံး ပို့ဆောင်ရေး ကုမ္ပဏီ များ၊ သင်္ဘောပွဲစားများနှင့် ရေကြောင်းအာမခံပွဲစားကုမ္ပဏီ များဖြစ်ကြောင်းသိရသည်။ အော်စလိုမြို့သည် ဥရော ပကောင်စီနှင့် ဥရောပကော်မရှင်တို့၏ယဉ်ကျေးမှု ဆိုင်ရာမြို့များအစီအစဉ်အတွက် ရှေ့ပြေးမြို့ တစ်မြို့ လည်းဖြစ်သည်။ အော်စလိုမြို့၏လူဦးရေသည် (၂၀ဝဝ) ပြည့်နှစ်များ အစောပိုင်းကာလအတွင်း စံ ချိန်တင်နှုန်းဖြင့် မြင့်တက်လာခဲ့ပြီး အဆိုပါအချိန်တွင် ဥရောပတိုက်မှာ အလျင်မြန်ဆုံး ကြီးထွားလာ နေသည့် မြို့တစ်မြို့ဖြစ်လာခဲ့သည်။ အော်စလိုမြို့တွင် လူဦးရေးတိုးမြင့်လာခြင်းနှင့်ပတ်သက်သည့် အဓိက အကြောင်းအရင်းများမှာ နိုင်ငံတကာလူဝင်မှုကြီးကြပ် ရေးနှင့် ဆက်စပ်နေသော ကလေး မွေးဖွား မှု နှုန်းမြင့်မားလာခြင်းတို့ဖြစ်ပြီး နိုင်ငံအတွင်း ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းမှာလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့သည်။ (၂၀၁၀)ပြည့်နှစ်တွင် အော်စလိုမြို့ရှိ ရွှေ့ပြောင်းနေထိုင်သူအရေအတွက်သည် နော်ဝေး နိုင်ငံလူဦးရေတိုးပွားနှုန်းထက် ပိုမိုလျင်မြန်စွာကြီး ထွားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူမိသားစု များ၏ကလေးများပါ ပါဝင်မည်ဆိုပါက နိုင်ငံ၏စုစုပေါင်း လူဦးရေ၏ (၂၅)ရာခိုင်နှုန်းကျော်အထိရှိခဲ့ ကြောင်းသိရသည်။

ပန်းခြံများနှင့်စိမ်းလန်းစိုပြည်သော ဧရိယာများ
အော်စလိုမြို့တွင် ပန်းခြံများနှင့် စိမ်းလန်းစိုပြည် သောဧရိယာများစွာရှိပြီး မြို့လယ်ကောင်အပြင် မြို့ အပြင်ဘက်တွင်ရှိကြောင်းလည်းသိရသည်။ Frogner ပန်းခြံသည် အော်စလိုမြို့လယ်ကောင်မှ မိနစ် အနည်းငယ်ခန့်သာလမ်းလျှောက်ရသည့်နေရာတွင် တည်ရှိသော ကြီးမားသောပန်းခြံတစ်ခုလည်းဖြစ် သည်။ Frogner ပန်းခြံတွင် နော်ဝေးပန်းပုဆရာ Gus­tav Vigeland ထုလုပ်ထားသည့် ပန်းပုများစွာ ရှိပြီး နိုင်ငံတွင်းတွင် အကြီးဆုံးနှင့်အကျော်ကြားဆုံးပန်းခြံတစ်ခုလည်းဖြစ်သည်။ အော်စလိုမြို့အနောက် ဘက်ခြမ်းတွင်တည်ရှိသော Bygdøy ကျွန်းဆွယ် သည် ကြီးမားသောစိမ်းလန်းစိုပြည်သည့်ဧရိယာတစ် ခုဖြစ်ပြီး အော်စလိုမြို့၏ ကျွန်းဆွယ်ပြတိုက်အဖြစ် ခေါ်ဝေါ်ကြကြောင်းလည်းသိရသည်။ အဆိုပါဧရိယာ ကို ပင်လယ်ဖြင့်ဝန်းရံထားပြီး နော်ဝေးနိုင်ငံတွင် ဈေး အကြီးဆုံးခရိုင်များအနက် တစ်ခုဖြစ်ကြောင်း လည်း သိရသည်။ Ekebergparken Sculpture ပန်းခြံ သည် အော်စလိုမြို့အရှေ့တောင်ဘက်ခြမ်းရှိ Ekeberg ရပ်ကွက်တွင်တည်ရှိကာ မြို့၏ မြင်ကွင်းကျယ် မြင်ကွင်းပါရှိသော ပန်းပုပန်းခြံနှင့် အမျိုးသား အမွေအနှစ်ပန်းခြံတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ St. Hansha ugen ပန်းခြံသည် အော်စလိုမြို့ လယ်ကောင်ရှိ တောင်ကုန်းမြင့်တစ်ခုပေါ်တွင်တည်ရှိသော အများပြည်သူပိုင် ပန်းခြံဟောင်းတစ်ခု လည်း ဖြစ်သည်။ Tøyen ပန်းခြံသည် Munch ပြတိုက်ဟောင်း၏ နောက်ဘက်ခြမ်းတွင်ရှိသော ကျယ် ဝန်းသည့် မြက်ခင်းပြင်ကျယ်ကြီးဖြစ်ကြောင်းလည်းသိရသည်။ Tøyen ပန်းခြံ၏မြောက်ဘက်ခြမ်း တွင် Ola Narr ဟုခေါ်သော ရှုခင်းကြည့်သည့်နေရာတစ်ခုရှိပြီး ပန်း ခြံဧရိယာအတွင်း အော်စလိုတက္ကသိုလ် ပိုင်ဆိုင်သည့် ရုက္ခဗေဒဥယျာဉ်နှင့်ပြတိုက်တို့ ပါဝင်ကြောင်းလည်း သိရသည်။

စီးပွားရေး
အော်စလိုမြို့တွင် ခိုင်မာသောစီးပွားရေးရှိပြီး စီး ပွားရေးအလားအလာရှိသောဥရောပမြို့ကြီးများတွင် နံပါတ်တစ်အဖြစ် Di မဂ္ဂဇင်း၏ European Cities of the Future (၂၀၁၂) အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။ အော်စလိုမြို့သည် ဥရောပတိုက်တွင်ရေကြောင်းဆိုင်ရာအသိပညာ၏ အရေးပါ သောအချက်အချာနေရာတစ်ခုဖြစ်ကာ ရေကြောင်းဆိုင်ရာ ကဏ္ဍအတွင်းမှ ကုမ္ပဏီ(၁၉၈၀)ခန့်နှင့် ဝန်ထမ်း (၈၅၀ဝ)တို့၏ နေအိမ်လည်းဖြစ်ကြောင်းသိရသည်။ ကမ္ဘာပေါ်တွင် အဓိက ရေကြောင်း အမျိုးအစားခွဲခြားသည့် အဖွဲ့အစည်းသုံးခုအနက် တစ်ခုဖြစ်သကဲ့သို့ ကမ္ဘာပေါ်ရှိသင်္ဘောများ၏(၁၆ ဒသမ ၅)ရာခိုင်နှုန်းက မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်သော Det Norske Veritas ကုမ္ပဏီ၏ ရုံးချုပ် သည် အော်စလိုမြို့အပြင် ဘက်ရှိ Høvik ဧရိယာတွင်တည်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် အော်စလို မြို့၏ဆိပ်ကမ်းသည် နိုင်ငံတွင်းတွင် အကြီးဆုံးအထွေထွေကုန်တင်ဆိပ်ကမ်းဖြစ်ပြီး ခရီးသွားများ ဝင် ရောက်ရာနေရာ အဓိက ဝင်ပေါက်တစ်ခုလည်းဖြစ်သည်။ အော်စလိုမြို့ ဆိပ်ကမ်းတွင် သင်္ဘောအစင်း ရေ(၆)ထောင်နီးပါး နှစ်စဉ် ဆိုက်ကပ်နေပြီး စုစုပေါင်းကုန်တင်တန်ချိန်(၆)သန်း ကျော်နှင့် ခရီးသည်(၅) သန်းကျော်ရှိကြောင်းလည်း သိရသည်။ (၂၀၁၆) ခုနှစ်တွင် အော်စလိုမြို့၏ စုစုပေါင်းဂျီဒီပီသည် ယူရို (၆၄)ဘီလျံရှိခဲ့ပြီး နော်ဝေး နိုင်ငံဂျီဒီပီ၏ (၂၀)ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။ အော်စလိုသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။(၂၀ဝ၆)ခုနှစ်အထိ Mercer Human Resource Consul­ting ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီမှပံ့ပိုးပေးသော ကမ္ဘာ တစ်ဝန်း နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းအရ အော်စလိုမြို့သည် အဆင့်(၁၀)နေရာတွင်ရှိပြီး Eco­nomist Intelligence Unit (EIU) ကော်ပို ရေးရှင်းအရ အဆင့်(၁)နေရာတွင်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ တွက်ချက်မှုကွဲလွဲနေရသည့် အကြောင်းအရင်းများမှာ (EIU) ကော်ပိုရေးရှင်းသည် ၎င်း၏နောက်ဆုံး အညွှန်းကိန်းတွက်ချက်မှုမှ အချို့ သောအချက်များကို ဖယ်ထုတ်ထားခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် အိမ်ရာကဏ္ဍကို ဖယ်ထုတ်ထားခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ (၂၀၁၅)ခုနှစ်တွင် EIU ၏ ကမ္ဘာ တစ်ဝန်း နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းအရ အော်စလိုမြို့သည် ကမ္ဘာပေါ်တွင် တတိယ မြောက်ဈေး အကြီးဆုံးမြို့အဖြစ် အဆင့်သတ်မှတ်ခဲ့ သည်။ အော်စလိုမြို့တွင် နိုင်ငံအတွင်း ဈေးအကြီးဆုံး အိမ်ရာ ဈေးကွက်ရှိသော်လည်းအခြားမြို့များနှင့်နှိုင်းယှဉ်မည်ဆိုပါက ဈေးသက်သာကြောင်းလည်း သိရသည်။ ထို့ပြင် အော်စလိုမြို့သည် နော်ဝေးနိုင်ငံတွင်းတွင် အကြီးဆုံးဖြစ်သော ကုမ္ပဏီ(၂၆၅၄)ခု၏ နေအိမ်လည်း ဖြစ်ကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီအုပ်စုတစ်စုလုံးသည် အော်စလိုမြို့တွင် တည်ရှိကြောင်းသိရ သည်။ အဆိုပါ ကုမ္ပဏီအရေအတွက်အရ အော်စလိုမြို့သည် ဥရောပ၏အကြီးဆုံးမြို့များစာရင်းတွင် အဆင့်(၅)နေရာ၌ရှိခဲ့ကြောင်းသိရသည်။ (၂၀ဝ၆)ခုနှစ် ဩဂုတ်လတွင် Swiss bank UBS က ပြုစု ထား သော အစီရင်ခံစာအရ အော်စလိုမြို့နှင့် လန်ဒန်မြို့တို့သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့များ ဖြစ်ကြောင်းသိရသည်။

ပြတိုက်များနှင့် ပြခန်းများ
အော်စလိုမြို့တွင် အဓိကပြတိုက်များနှင့်ပြခန်းများစွာတည်ရှိသည်။ Munch ပြတိုက်တွင် သေဆုံး ပြီး နောက် ၎င်း၏အလုပ်များအားလုံးကို အော်စလိုမြို့ ကိုလှူဒါန်းခဲ့သည့် Edvard Munch ၏ The Scream နှင့် အခြားလက်ရာများစွာရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အော်စလိုမြို့ကောင်စီသည် မြို့ အရှေ့ တောင်ဘက်ရှိ Bjørvika ရပ်ကွက်တွင် တည်ဆောက်မည့် Munch ပြတိုက်အသစ်ကို စီစဉ်နေ ကြောင်း လည်း သိရသည်။ အဆိုပါပြတိုက်အသစ်ကို Munch/Stenersen အဖြစ် အမည်ပေးသွားမည်ဖြစ် ကြောင်း အာဏာပိုင်များက ထုတ်ပြန်ကြေညာထားသည်။ ထို့ပြင် အခြားမတူညီသော ပြတိုက်ပေါင်း (၅၀)ခန့်လည်း အော်စလိုမြို့ပတ်ပတ်လည်တွင်ရှိကြောင်း လည်းသိရသည်။ Folkemuseet ပြတိုက် သည် Bygdøy ကျွန်းဆွယ်တွင်တည်ရှိပြီး ရိုးရာအနုပညာ၊ ရိုးရာဝတ်စုံ၊ Sami ယဉ်ကျေးမှုနှင့် ဗိုက်ကင်း ယဉ်ကျေးမှု တို့ကိုပြသထားသည့် ပြတိုက်တစ်ခုဖြစ်သည်။ ကြီးမားသော Frogner ပန်းခြံအတွင်း တွင် တည်ရှိ သော Vigeland ပြတိုက်သည် အခမဲ့ဝင်ရောက်ကြည့် ရှုနိုင်သည့် ပြတိုက်တစ်ခုဖြစ်ပြီး နော်ဝေး ပန်းပုဆရာ Gustav Vigeland ၏ ပန်းပုရုပ်တုပေါင်း(၂၁၂)ခု ကျော်ကို ပြသထားသည်။ ထို့ပြင် လူကြိုက်များသော အခြားပန်းပုရုပ်တုတစ်ခုမှာ ဒေါသတကြီးဖြင့် ခြေဆောင့်ရန်ဟန်ပြင်နေသည့် ကလေးလေး၏ ရုပ်တုဖြစ်ပြီး အော်စလိုမြို့၏ သင်္ကေတတစ်ခုအဖြစ် လူသိများသည်။ ဗိုက်ကင်းသင်္ဘော ပြတိုက်တွင် Oseberg၊ Gokstad နှင့် Tune မြူနီစီပယ်တို့တွင် တွေ့ရှိခဲ့သည့် ဗိုက်ကင်းသင်္ဘော သုံးစင်း နှင့် ဗိုက်ကင်းခေတ်မှ အခြား ထူးခြားသောပစ္စည်းများကို ပြသထားကြောင်း သိရသည်။ လက်ရှိအချိန် တွင် ပြုပြင်မွမ်းမံမှုများလုပ် ဆောင်ရန်အတွက် ပြတိုက်ကိုပိတ်ထားပြီး (၂၀၂၆) ခုနှစ်မှ ပြန်လည် ဖွင့် လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပြတိုက်အသစ်ကို ဗိုက်ကင်းခေတ်ပြတိုက်ဟု အမည်ပေးထားပြီး ယခင်ပြတိုက်တွင်ပြသခဲ့သည် ထက် ဗိုက်ကင်းပစ္စည်းများကို ပိုမိုပြသရန်စီစဉ်ထား ကြောင်းလည်းသိရ သည်။ ထို့ပြင် အော်စလိုမြို့ပြတိုက် သည် အော်စလိုရှိလူများနှင့် မြို့၏သမိုင်းကြောင်း ဆိုင်ရာ အမြဲတမ်း ပြပွဲကို ကျင်းပလေ့ရှိသည်။ Kon-Tiki ပြတိုက်တွင် နော်ဝေးနိုင်ငံသား စွန့်စားရှာဖွေသူ or Heyerdahl၏ Kon-tiki နှင့် RaII လှေတို့ကိုပြသ ထားသည်။ Fram ပြတိုက်တွင် လေ့လာရေးခရီးများ အတွင်း နော်ဝေး နိုင်ငံသား စူးစမ်းလေ့လာသူ Roald Amundsen နှင့် Fritjof Nansen တို့အသုံးပြုခဲ့သည့် သစ်သား သင်္ဘော Fram အပါအဝင် အာတိတ် နှင့်အန္တတိက စူးစမ်းလေ့လာရေးအတွင်းမှ ပစ္စည်း များကို ပြသ ထားကြောင်း သိရသည်။

zawgyi version
ဗိုက္ကင္းတို႔ရဲ႕ ၿမိဳ႕ေတာ္ သို႔မဟုတ္ သမိုင္းေၾကာင္းမ်ားစြာရွိတဲ့ ေအာ္စလို ၿမိဳ႕အေၾကာင္း
Pika (NP News) - ေအာက္တိုဘာ ၁၃

ေအာ္စလိုၿမိဳ႕သည္ ေနာ္ေဝးႏိုင္ငံ၏ ၿမိဳ႕ေတာ္ ျဖစ္ၿပီး ႏိုင္ငံတြင္းတြင္ လူဦးေရအမ်ားဆုံး ၿမိဳ႕တစ္ ၿမိဳ႕လည္းျဖစ္ကာ အံ့ဩဖြယ္ေကာင္းေသာ ဗိသုကာလက္ရာ မ်ားႏွင့္ စိတ္ဝင္စားစရာေကာင္းေသာ ဗိုက္ကင္း သမိုင္းေၾကာင္းတို႔ျဖင့္ နာမည္ေက်ာ္ၾကားသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ေအာ္စလိုၿမိဳ႕သည္ (၂၀၂၂) ခုႏွစ္တြင္ လူဦးေရ (၇၀၉၀၃၇)ဦးရွိၿပီး ၎၏ၿမိဳ႕ျပဧရိယာမွာ (၂၀၂၂)ခုႏွစ္တြင္ လူဦးေရ (၁၀၆၄၂၃၅) ဦးရွိေၾကာင္း သိရသည္။ ဗိုက္ကင္းေခတ္အတြင္း ေအာ္စလိုၿမိဳ႕ျပ ဧရိယာသည္ ဗိုက္ကန္ ေဒသ၏ အစိတ္အပိုင္းျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။ ဗိုက္ကင္းေခတ္ အဆုံးမသတ္ခင္ (၁၀၄၀) ျပည့္ ႏွစ္တြင္ ေအာ္စလိုၿမိဳ႕ကို အန္စလိုဆိုသည့္နာမည္ျဖင့္ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ တည္ေထာင္ခဲ့ၿပီး (၁၀၄၈) ခုႏွစ္တြင္ ေနာ္ေဝးဘုရင္ Harald Hardrada သည္ အန္စလိုၿမိဳ႕ကို ကုန္သြယ္ေရး ေနရာတစ္ခုအျဖစ္ ထူေထာင္ခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ (၁၀၆၆)ခုႏွစ္တြင္ ေနာ္ေဝးဘုရင္ Harald Hardrada သည္ တိုက္ပြဲအတြင္းက်ဆုံးသြားခဲ့ၿပီး ေနာက္ ဗိုက္ကင္းေခတ္အဆုံးသတ္သြားခဲ့ေၾကာင္းသိရသည္။ (၁၀၇၀) ျပည့္ႏွစ္တြင္ အန္စလိုၿမိဳ႕ကို ဘုန္းေတာ္ႀကီး၏ထိန္းခ်ဳပ္မႈေအာက္တြင္ရွိေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ေျပာင္း လဲခဲ့ၿပီး (၁၃၀ဝ)ျပည့္ႏွစ္ဝန္းက်င္ ေနာ္ေဝးဘုရင္ Haakon V လက္ထက္တြင္ ၿမိဳ႕ေတာ္ အျဖစ္ အဆင့္ျမႇင့္ တင္ခဲ့ေၾကာင္းသိရသည္။

ဒိန္းမတ္ ႏိုင္ငံမွ ပုဂၢိဳလ္ေရးဆိုင္ရာသမဂၢမ်ားသည္ (၁၃၉၂)ခုႏွစ္မွ (၁၅၂၃) ခုႏွစ္အထိ ေနာ္ေဝးႏိုင္ငံအေပၚ ဩဇာလႊမ္းမိုးခဲ့ေသာ္လည္း (၁၅၃၆)ခုႏွစ္မွ (၁၈၁၄)ခု ႏွစ္အတြင္း ၎တို႔ ၏ ဩဇာလႊမ္းမႈမ်ားကို ေလွ်ာ့ခ်ပစ္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ဒိန္းမတ္ႏွင့္ ေနာ္ေဝးဘုရင္ Christian IV အုပ္ခ်ဳပ္ေနသည့္ကာလ အတြင္း (၁၆၂၄)ခုႏွစ္တြင္ အန္စလိုၿမိဳ႕သည္ မီး ေလာင္ကြၽမ္းမႈ ေၾကာင့္ ပ်က္စီးသြားခဲ့ၿပီးေနာက္ Akershus Fortress ရဲတိုက္အနီးတြင္ ၿမိဳ႕အသစ္ကို တည္ေဆာက္ခဲ့ၿပီး Christiania အျဖစ္ နာမည္ေပး ခဲ့ေၾကာင္းသိရသည္။ (၁၈၃၈)ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔တြင္ Christiania ၿမိဳ႕သည္ ျမဴနီစီပယ္တစ္ခု ျဖစ္လာခဲ့ၿပီး ဆြီဒင္-ေနာ္ေဝး ျပည္ေထာင္စု(၁၈၁၄ -၁၉၀၅) ခုႏွစ္အတြင္း ေနာ္ေဝးႏိုင္ငံ၏ၿမိဳ႕ေတာ္အျဖစ္ေျပာင္းလဲခဲ့ၿပီးေနာက္ (၁၉၂၅)ခုႏွစ္တြင္ ေအာ္စ လိုအျဖစ္ အမည္ေျပာင္းလဲခဲ့ေၾကာင္းသိရသည္။ (၁၉၄၈)ခုႏွစ္တြင္ ေအာ္စလိုၿမိဳ႕ကိုဝန္းရံထားကာ (၂၇)ဆခန႔္ပိုမို ႀကီးမားေသာ ျမဴနီစီပယ္အက္ကာႏွင့္ ေပါင္းစည္းခဲ့ၿပီးေနာက္ ေခတ္မီၿပီးႀကီးမားေသာ ေအာ္စလို ျမဴနီစီပယ္ကို ဖန္တီးခဲ့သည္။ ေအာ္စလိုၿမိဳ႕သည္ ေနာ္ေဝးႏိုင္ငံ၏ စီးပြားေရးႏွင့္အစိုးရအခ်က္အခ်ာ ေနရာတစ္ခုျဖစ္ၿပီး ႏိုင္ငံ၏ကုန္သြယ္ေရး၊ ဘဏ္လုပ္ငန္း၊ စက္မႈလုပ္ငန္းႏွင့္ ပို႔ေဆာင္ေရးတို႔အတြက္ အဓိကအခ်က္အခ်ာေနရာတစ္ခုလည္းျဖစ္သည္။

ထို႔ျပင္ ေအာ္စလိုၿမိဳ႕သည္ ဥေရာပတိုက္တြင္ ေရ ေၾကာင္း စက္မႈလုပ္ငန္းႏွင့္ ေရေၾကာင္းကုန္သြယ္ေရးတို႔အတြက္ အေရးႀကီးေသာ ေနရာတစ္ခုလည္း ျဖစ္သည္။ ေအာ္စလိုၿမိဳ႕သည္ ေရေၾကာင္းဆိုင္ရာက႑အတြင္းမွ ကုမၸဏီမ်ားစြာ အေျခစိုက္သည့္ ေနရာ တစ္ခုျဖစ္ၿပီး အဆိုပါကုမၸဏီမ်ားအနက္ အခ်ိဳ႕မွာ ကမာၻေပၚတြင္အႀကီးဆုံး ပို႔ေဆာင္ေရး ကုမၸဏီ မ်ား၊ သေဘၤာပြဲစားမ်ားႏွင့္ ေရေၾကာင္းအာမခံပြဲစားကုမၸဏီ မ်ားျဖစ္ေၾကာင္းသိရသည္။ ေအာ္စလိုၿမိဳ႕သည္ ဥေရာ ပေကာင္စီႏွင့္ ဥေရာပေကာ္မရွင္တို႔၏ယဥ္ေက်းမႈ ဆိုင္ရာၿမိဳ႕မ်ားအစီအစဥ္အတြက္ ေရွ႕ေျပးၿမိဳ႕ တစ္ၿမိဳ႕ လည္းျဖစ္သည္။ ေအာ္စလိုၿမိဳ႕၏လူဦးေရသည္ (၂၀ဝဝ) ျပည့္ႏွစ္မ်ား အေစာပိုင္းကာလအတြင္း စံ ခ်ိန္တင္ႏႈန္းျဖင့္ ျမင့္တက္လာခဲ့ၿပီး အဆိုပါအခ်ိန္တြင္ ဥေရာပတိုက္မွာ အလ်င္ျမန္ဆုံး ႀကီးထြားလာ ေနသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့သည္။ ေအာ္စလိုၿမိဳ႕တြင္ လူဦးေရးတိုးျမင့္လာျခင္းႏွင့္ပတ္သက္သည့္ အဓိက အေၾကာင္းအရင္းမ်ားမွာ ႏိုင္ငံတကာလူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ဆက္စပ္ေနေသာ ကေလး ေမြးဖြား မႈ ႏႈန္းျမင့္မားလာျခင္းတို႔ျဖစ္ၿပီး ႏိုင္ငံအတြင္း ေ႐ႊ႕ေျပာင္းအေျခခ်ေနထိုင္ျခင္းမွာလည္း တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ခဲ့သည္။ (၂၀၁၀)ျပည့္ႏွစ္တြင္ ေအာ္စလိုၿမိဳ႕ရွိ ေ႐ႊ႕ေျပာင္းေနထိုင္သူအေရအတြက္သည္ ေနာ္ေဝး ႏိုင္ငံလူဦးေရတိုးပြားႏႈန္းထက္ ပိုမိုလ်င္ျမန္စြာႀကီး ထြားခဲ့ၿပီး ေ႐ႊ႕ေျပာင္းေနထိုင္သူမိသားစု မ်ား၏ကေလးမ်ားပါ ပါဝင္မည္ဆိုပါက ႏိုင္ငံ၏စုစုေပါင္း လူဦးေရ၏ (၂၅)ရာခိုင္ႏႈန္းေက်ာ္အထိရွိခဲ့ ေၾကာင္းသိရသည္။

ပန္းၿခံမ်ားႏွင့္စိမ္းလန္းစိုျပည္ေသာ ဧရိယာမ်ား
ေအာ္စလိုၿမိဳ႕တြင္ ပန္းၿခံမ်ားႏွင့္ စိမ္းလန္းစိုျပည္ ေသာဧရိယာမ်ားစြာရွိၿပီး ၿမိဳ႕လယ္ေကာင္အျပင္ ၿမိဳ႕ အျပင္ဘက္တြင္ရွိေၾကာင္းလည္းသိရသည္။ Frogner ပန္းၿခံသည္ ေအာ္စလိုၿမိဳ႕လယ္ေကာင္မွ မိနစ္ အနည္းငယ္ခန႔္သာလမ္းေလွ်ာက္ရသည့္ေနရာတြင္ တည္ရွိေသာ ႀကီးမားေသာပန္းၿခံတစ္ခုလည္းျဖစ္ သည္။ Frogner ပန္းၿခံတြင္ ေနာ္ေဝးပန္းပုဆရာ Gus­tav Vigeland ထုလုပ္ထားသည့္ ပန္းပုမ်ားစြာ ရွိၿပီး ႏိုင္ငံတြင္းတြင္ အႀကီးဆုံးႏွင့္အေက်ာ္ၾကားဆုံးပန္းၿခံတစ္ခုလည္းျဖစ္သည္။ ေအာ္စလိုၿမိဳ႕အေနာက္ ဘက္ျခမ္းတြင္တည္ရွိေသာ Bygdøy ကြၽန္းဆြယ္ သည္ ႀကီးမားေသာစိမ္းလန္းစိုျပည္သည့္ဧရိယာတစ္ ခုျဖစ္ၿပီး ေအာ္စလိုၿမိဳ႕၏ ကြၽန္းဆြယ္ျပတိုက္အျဖစ္ ေခၚေဝၚၾကေၾကာင္းလည္းသိရသည္။ အဆိုပါဧရိယာ ကို ပင္လယ္ျဖင့္ဝန္းရံထားၿပီး ေနာ္ေဝးႏိုင္ငံတြင္ ေဈး အႀကီးဆုံးခ႐ိုင္မ်ားအနက္ တစ္ခုျဖစ္ေၾကာင္း လည္း သိရသည္။ Ekebergparken Sculpture ပန္းၿခံ သည္ ေအာ္စလိုၿမိဳ႕အေရွ႕ေတာင္ဘက္ျခမ္းရွိ Ekeberg ရပ္ကြက္တြင္တည္ရွိကာ ၿမိဳ႕၏ ျမင္ကြင္းက်ယ္ ျမင္ကြင္းပါရွိေသာ ပန္းပုပန္းၿခံႏွင့္ အမ်ိဳးသား အေမြအႏွစ္ပန္းၿခံတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ St. Hansha ugen ပန္းၿခံသည္ ေအာ္စလိုၿမိဳ႕ လယ္ေကာင္ရွိ ေတာင္ကုန္းျမင့္တစ္ခုေပၚတြင္တည္ရွိေသာ အမ်ားျပည္သူပိုင္ ပန္းၿခံေဟာင္းတစ္ခု လည္း ျဖစ္သည္။ Tøyen ပန္းၿခံသည္ Munch ျပတိုက္ေဟာင္း၏ ေနာက္ဘက္ျခမ္းတြင္ရွိေသာ က်ယ္ ဝန္းသည့္ ျမက္ခင္းျပင္က်ယ္ႀကီးျဖစ္ေၾကာင္းလည္းသိရသည္။ Tøyen ပန္းၿခံ၏ေျမာက္ဘက္ျခမ္း တြင္ Ola Narr ဟုေခၚေသာ ရႈခင္းၾကည့္သည့္ေနရာတစ္ခုရွိၿပီး ပန္း ၿခံဧရိယာအတြင္း ေအာ္စလိုတကၠသိုလ္ ပိုင္ဆိုင္သည့္ ႐ုကၡေဗဒဥယ်ာဥ္ႏွင့္ျပတိုက္တို႔ ပါဝင္ေၾကာင္းလည္း သိရသည္။

စီးပြားေရး
ေအာ္စလိုၿမိဳ႕တြင္ ခိုင္မာေသာစီးပြားေရးရွိၿပီး စီး ပြားေရးအလားအလာရွိေသာဥေရာပၿမိဳ႕ႀကီးမ်ားတြင္ နံပါတ္တစ္အျဖစ္ Di မဂၢဇင္း၏ European Cities of the Future (၂၀၁၂) အစီရင္ခံစာတြင္ ေရးသား ေဖာ္ျပထားသည္။ ေအာ္စလိုၿမိဳ႕သည္ ဥေရာပတိုက္တြင္ေရေၾကာင္းဆိုင္ရာအသိပညာ၏ အေရးပါ ေသာအခ်က္အခ်ာေနရာတစ္ခုျဖစ္ကာ ေရေၾကာင္းဆိုင္ရာ က႑အတြင္းမွ ကုမၸဏီ(၁၉၈၀)ခန႔္ႏွင့္ ဝန္ထမ္း (၈၅၀ဝ)တို႔၏ ေနအိမ္လည္းျဖစ္ေၾကာင္းသိရသည္။ ကမာၻေပၚတြင္ အဓိက ေရေၾကာင္း အမ်ိဳးအစားခြဲျခားသည့္ အဖြဲ႕အစည္းသုံးခုအနက္ တစ္ခုျဖစ္သကဲ့သို႔ ကမာၻေပၚရွိသေဘၤာမ်ား၏(၁၆ ဒသမ ၅)ရာခိုင္ႏႈန္းက မွတ္ပုံတင္ထားသည့္ကုမၸဏီျဖစ္ေသာ Det Norske Veritas ကုမၸဏီ၏ ႐ုံးခ်ဳပ္ သည္ ေအာ္စလိုၿမိဳ႕အျပင္ ဘက္ရွိ Høvik ဧရိယာတြင္တည္ရွိေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေအာ္စလို ၿမိဳ႕၏ဆိပ္ကမ္းသည္ ႏိုင္ငံတြင္းတြင္ အႀကီးဆုံးအေထြေထြကုန္တင္ဆိပ္ကမ္းျဖစ္ၿပီး ခရီးသြားမ်ား ဝင္ ေရာက္ရာေနရာ အဓိက ဝင္ေပါက္တစ္ခုလည္းျဖစ္သည္။ ေအာ္စလိုၿမိဳ႕ ဆိပ္ကမ္းတြင္ သေဘၤာအစင္း ေရ(၆)ေထာင္နီးပါး ႏွစ္စဥ္ ဆိုက္ကပ္ေနၿပီး စုစုေပါင္းကုန္တင္တန္ခ်ိန္(၆)သန္း ေက်ာ္ႏွင့္ ခရီးသည္(၅) သန္းေက်ာ္ရွိေၾကာင္းလည္း သိရသည္။ (၂၀၁၆) ခုႏွစ္တြင္ ေအာ္စလိုၿမိဳ႕၏ စုစုေပါင္းဂ်ီဒီပီသည္ ယူ႐ို (၆၄)ဘီလ်ံရွိခဲ့ၿပီး ေနာ္ေဝး ႏိုင္ငံဂ်ီဒီပီ၏ (၂၀)ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္းသိရသည္။ ေအာ္စလိုသည္ ကမာၻေပၚတြင္ ေဈးအႀကီးဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။(၂၀ဝ၆)ခုႏွစ္အထိ Mercer Human Resource Consul­ting ဘ႑ာေရးဝန္ေဆာင္မႈကုမၸဏီမွပံ့ပိုးေပးေသာ ကမာၻ တစ္ဝန္း ေနထိုင္မႈကုန္က်စရိတ္စစ္တမ္းအရ ေအာ္စလိုၿမိဳ႕သည္ အဆင့္(၁၀)ေနရာတြင္ရွိၿပီး Eco­nomist Intelligence Unit (EIU) ေကာ္ပို ေရးရွင္းအရ အဆင့္(၁)ေနရာတြင္ရွိေၾကာင္း သိရသည္။ ယခုကဲ့သို႔ တြက္ခ်က္မႈကြဲလြဲေနရသည့္ အေၾကာင္းအရင္းမ်ားမွာ (EIU) ေကာ္ပိုေရးရွင္းသည္ ၎၏ေနာက္ဆုံး အၫႊန္းကိန္းတြက္ခ်က္မႈမွ အခ်ိဳ႕ ေသာအခ်က္မ်ားကို ဖယ္ထုတ္ထားျခင္းေၾကာင့္ျဖစ္ၿပီး အထူးသျဖင့္ အိမ္ရာက႑ကို ဖယ္ထုတ္ထားျခင္းေၾကာင့္ျဖစ္ေၾကာင္းသိရသည္။ (၂၀၁၅)ခုႏွစ္တြင္ EIU ၏ ကမာၻ တစ္ဝန္း ေနထိုင္မႈကုန္က်စရိတ္စစ္တမ္းအရ ေအာ္စလိုၿမိဳ႕သည္ ကမာၻေပၚတြင္ တတိယ ေျမာက္ေဈး အႀကီးဆုံးၿမိဳ႕အျဖစ္ အဆင့္သတ္မွတ္ခဲ့ သည္။ ေအာ္စလိုၿမိဳ႕တြင္ ႏိုင္ငံအတြင္း ေဈးအႀကီးဆုံး အိမ္ရာ ေဈးကြက္ရွိေသာ္လည္းအျခားၿမိဳ႕မ်ားႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက ေဈးသက္သာေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေအာ္စလိုၿမိဳ႕သည္ ေနာ္ေဝးႏိုင္ငံတြင္းတြင္ အႀကီးဆုံးျဖစ္ေသာ ကုမၸဏီ(၂၆၅၄)ခု၏ ေနအိမ္လည္း ျဖစ္ကာ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ကုမၸဏီအုပ္စုတစ္စုလုံးသည္ ေအာ္စလိုၿမိဳ႕တြင္ တည္ရွိေၾကာင္းသိရ သည္။ အဆိုပါ ကုမၸဏီအေရအတြက္အရ ေအာ္စလိုၿမိဳ႕သည္ ဥေရာပ၏အႀကီးဆုံးၿမိဳ႕မ်ားစာရင္းတြင္ အဆင့္(၅)ေနရာ၌ရွိခဲ့ေၾကာင္းသိရသည္။ (၂၀ဝ၆)ခုႏွစ္ ဩဂုတ္လတြင္ Swiss bank UBS က ျပဳစု ထား ေသာ အစီရင္ခံစာအရ ေအာ္စလိုၿမိဳ႕ႏွင့္ လန္ဒန္ၿမိဳ႕တို႔သည္ ကမာၻေပၚတြင္ ေဈးအႀကီးဆုံးၿမိဳ႕မ်ား ျဖစ္ေၾကာင္းသိရသည္။

ျပတိုက္မ်ားႏွင့္ ျပခန္းမ်ား
ေအာ္စလိုၿမိဳ႕တြင္ အဓိကျပတိုက္မ်ားႏွင့္ျပခန္းမ်ားစြာတည္ရွိသည္။ Munch ျပတိုက္တြင္ ေသဆုံး ၿပီး ေနာက္ ၎၏အလုပ္မ်ားအားလုံးကို ေအာ္စလိုၿမိဳ႕ ကိုလႉဒါန္းခဲ့သည့္ Edvard Munch ၏ The Scream ႏွင့္ အျခားလက္ရာမ်ားစြာရွိေၾကာင္းသိရသည္။ လက္ရွိအခ်ိန္တြင္ ေအာ္စလိုၿမိဳ႕ေကာင္စီသည္ ၿမိဳ႕ အေရွ႕ ေတာင္ဘက္ရွိ Bjørvika ရပ္ကြက္တြင္ တည္ေဆာက္မည့္ Munch ျပတိုက္အသစ္ကို စီစဥ္ေန ေၾကာင္း လည္း သိရသည္။ အဆိုပါျပတိုက္အသစ္ကို Munch/Stenersen အျဖစ္ အမည္ေပးသြားမည္ျဖစ္ ေၾကာင္း အာဏာပိုင္မ်ားက ထုတ္ျပန္ေၾကညာထားသည္။ ထို႔ျပင္ အျခားမတူညီေသာ ျပတိုက္ေပါင္း (၅၀)ခန႔္လည္း ေအာ္စလိုၿမိဳ႕ပတ္ပတ္လည္တြင္ရွိေၾကာင္း လည္းသိရသည္။ Folkemuseet ျပတိုက္ သည္ Bygdøy ကြၽန္းဆြယ္တြင္တည္ရွိၿပီး ႐ိုးရာအႏုပညာ၊ ႐ိုးရာဝတ္စုံ၊ Sami ယဥ္ေက်းမႈႏွင့္ ဗိုက္ကင္း ယဥ္ေက်းမႈ တို႔ကိုျပသထားသည့္ ျပတိုက္တစ္ခုျဖစ္သည္။ ႀကီးမားေသာ Frogner ပန္းၿခံအတြင္း တြင္ တည္ရွိ ေသာ Vigeland ျပတိုက္သည္ အခမဲ့ဝင္ေရာက္ၾကည့္ ရႈႏိုင္သည့္ ျပတိုက္တစ္ခုျဖစ္ၿပီး ေနာ္ေဝး ပန္းပုဆရာ Gustav Vigeland ၏ ပန္းပု႐ုပ္တုေပါင္း(၂၁၂)ခု ေက်ာ္ကို ျပသထားသည္။ ထို႔ျပင္ လူႀကိဳက္မ်ားေသာ အျခားပန္းပု႐ုပ္တုတစ္ခုမွာ ေဒါသတႀကီးျဖင့္ ေျခေဆာင့္ရန္ဟန္ျပင္ေနသည့္ ကေလးေလး၏ ႐ုပ္တုျဖစ္ၿပီး ေအာ္စလိုၿမိဳ႕၏ သေကၤတတစ္ခုအျဖစ္ လူသိမ်ားသည္။ ဗိုက္ကင္းသေဘၤာ ျပတိုက္တြင္ Oseberg၊ Gokstad ႏွင့္ Tune ျမဴနီစီပယ္တို႔တြင္ ေတြ႕ရွိခဲ့သည့္ ဗိုက္ကင္းသေဘၤာ သုံးစင္း ႏွင့္ ဗိုက္ကင္းေခတ္မွ အျခား ထူးျခားေသာပစၥည္းမ်ားကို ျပသထားေၾကာင္း သိရသည္။ လက္ရွိအခ်ိန္ တြင္ ျပဳျပင္မြမ္းမံမႈမ်ားလုပ္ ေဆာင္ရန္အတြက္ ျပတိုက္ကိုပိတ္ထားၿပီး (၂၀၂၆) ခုႏွစ္မွ ျပန္လည္ ဖြင့္ လွစ္မည္ျဖစ္ေၾကာင္းသိရသည္။ အဆိုပါျပတိုက္အသစ္ကို ဗိုက္ကင္းေခတ္ျပတိုက္ဟု အမည္ေပးထားၿပီး ယခင္ျပတိုက္တြင္ျပသခဲ့သည္ ထက္ ဗိုက္ကင္းပစၥည္းမ်ားကို ပိုမိုျပသရန္စီစဥ္ထား ေၾကာင္းလည္းသိရ သည္။ ထို႔ျပင္ ေအာ္စလိုၿမိဳ႕ျပတိုက္ သည္ ေအာ္စလိုရွိလူမ်ားႏွင့္ ၿမိဳ႕၏သမိုင္းေၾကာင္း ဆိုင္ရာ အၿမဲတမ္း ျပပြဲကို က်င္းပေလ့ရွိသည္။ Kon-Tiki ျပတိုက္တြင္ ေနာ္ေဝးႏိုင္ငံသား စြန႔္စားရွာေဖြသူ or Heyerdahl၏ Kon-tiki ႏွင့္ RaII ေလွတို႔ကိုျပသ ထားသည္။ Fram ျပတိုက္တြင္ ေလ့လာေရးခရီးမ်ား အတြင္း ေနာ္ေဝး ႏိုင္ငံသား စူးစမ္းေလ့လာသူ Roald Amundsen ႏွင့္ Fritjof Nansen တို႔အသုံးျပဳခဲ့သည့္ သစ္သား သေဘၤာ Fram အပါအဝင္ အာတိတ္ ႏွင့္အႏၲတိက စူးစမ္းေလ့လာေရးအတြင္းမွ ပစၥည္း မ်ားကို ျပသ ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.