ဒိုရေမွန် အသံသရုပ်ဆောင် နိုဘူယိုအိုရာမာ အသက် ၉ဝ အရွယ်မှာ ကွယ်လွန်
570
ရောင်နီ (NP News) - အောက်တိုဘာ ၁၂
ဂျပန်ကာတွန်း ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ဒိုရေမွန်မှာ စက်ရုပ်ကြောင်ပြာလေး ဒိုရေမွန်ရဲ့အသံအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန် အသံသရုပ်ဆောင် နိုဘူရာအိုရာမာဟာ စက်တင်ဘာ ၂၉ ရက် အသက် ၉ဝ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဈာပနအခမ်းအနားကို သူမရဲ့ဆွေမျိုးနီးစပ်တွေနဲ့ပဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အိုရာမာဟာ ၁၉၇၉ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ လိုတရ စက်ရုပ်ကြောင်လေး ဒိုရေမွန်ရဲ့အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒိုရေမွန်ဟာ ကျောင်းသား နိုဘိတရဲ့သူငယ်ချင်း လိုတရ စက်ရုပ်လေးဖြစ်ပြီး ဇာတ်လမ်းကတော့ စက်ရုပ်လေး ဒိုရေမွန်နဲ့အတူ သူငယ်ချင်းတွေရဲ့စွန့်စားခန်းတွေကို ကာတွန်း စီးရီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်စီးရီးဟာ ကမ္ဘာတစ်ဝှမ်း ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိခဲ့ပြီး ဘာသာစကား ၅၅ မျိုးနဲ့ ဘာသာပြန်ဆို ထုတ်လွှတ်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ဒိုရေမွန် ဇာတ်လမ်းစီးရီးရဲ့နိုဘိတ ဇာတ်ရုပ်နေရာမှာ ၁၉၇၉ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး နိုရီကိုအိုဟာရိုဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်က အသက် ၈၈ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
ဒိုေရမြန္ အသံသ႐ုပ္ေဆာင္ ႏိုဘူယိုအိုရာမာ အသက္ ၉ဝ အ႐ြယ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၂
ဂ်ပန္ကာတြန္း ႐ုပ္ျမင္သံၾကားဇာတ္လမ္းတြဲ ဒိုေရမြန္မွာ စက္႐ုပ္ေၾကာင္ျပာေလး ဒိုေရမြန္ရဲ႕အသံအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ဂ်ပန္ အသံသ႐ုပ္ေဆာင္ ႏိုဘူရာအိုရာမာဟာ စက္တင္ဘာ ၂၉ ရက္ အသက္ ၉ဝ အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဈာပနအခမ္းအနားကို သူမရဲ႕ေဆြမ်ိဳးနီးစပ္ေတြနဲ႔ပဲျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ အိုရာမာဟာ ၁၉၇၉ ခုႏွစ္မွ ၂၀၀၅ ခုႏွစ္ အထိ လိုတရ စက္႐ုပ္ေၾကာင္ေလး ဒိုေရမြန္ရဲ႕အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ပါတယ္။ ဒိုေရမြန္ဟာ ေက်ာင္းသား ႏိုဘိတရဲ႕သူငယ္ခ်င္း လိုတရ စက္႐ုပ္ေလးျဖစ္ၿပီး ဇာတ္လမ္းကေတာ့ စက္႐ုပ္ေလး ဒိုေရမြန္နဲ႔အတူ သူငယ္ခ်င္းေတြရဲ႕စြန႔္စားခန္းေတြကို ကာတြန္း စီးရီး ႐ိုက္ကူးထားတာျဖစ္ပါတယ္။ အဆိုပါ ႐ုပ္ရွင္စီးရီးဟာ ကမာၻတစ္ဝွမ္း ၾကည့္ရႈသူ သန္းေပါင္းမ်ားစြာ ရွိခဲ့ၿပီး ဘာသာစကား ၅၅ မ်ိဳးနဲ႔ ဘာသာျပန္ဆို ထုတ္လႊတ္ရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။
ဒိုေရမြန္ ဇာတ္လမ္းစီးရီးရဲ႕ႏိုဘိတ ဇာတ္႐ုပ္ေနရာမွာ ၁၉၇၉ ခုႏွစ္မွ ၂ဝဝ၅ ခုႏွစ္အထိ အသံသ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီး ႏိုရီကိုအိုဟာ႐ိုဟာလည္း ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၂ ရက္က အသက္ ၈၈ ႏွစ္ အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တယ္လို႔ သိရပါတယ္။