မလှိုင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဓားဖြင့် လည်လှီးသတ်ဖြတ်
                        
                            
                             
 5883
 
                             
                            
                            
                         
                        
 
                        NP News - အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဓားဖြင့် လည်လှီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်အောက်တိုဘာ ၉ ရက်၊ ညနေ ၄ နာရီ ၄ဝ မိနစ်အချိန်ခန့်က မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတ်ဖြတ်ခံရသူမှာ ဆည်တိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ဦးဖြစ်ပြီး PDF အဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ကာ လည်လှီးသတ်ဖြတ်မှုကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆည်တို အုပ်ချုပ်ရေးမှုးပါ။ နေအိမ်မှာ လာရောက်ပြီးသတ်သွားတာပါ။ အုပ်ကြီးအိမ်က ဆီဆိုင်ဖွင့်ထားပြီး လာသတ်သူတွေက ဆိုင်ကယ်ဆီ (၅၀၀၀)ဖိုးထည့်ပြီး မင်းတို့အုပ်ကြီးရှိလားမေးတော့ အထဲမှာရှိတယ် ပြောလိုက် တာ။ ဆီထည့်ပေးတဲ့ဝန်ထမ်းတွေ အားလုံးမှောက်ခိုင်ပြီး သေနတ်တွေပါပြပါတယ်။ (အုပ်ချုပ်ရေးမှူး) ကို ဓားနဲ့ မသေမချင်း လည်ပင်းလှီး သတ်သွားပါတယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
နိုင်ငံတစ်ဝန်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ လက်ရှိအချိန်ထိ PDF လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း (၈၃၃)ဦး သေဆုံးခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည့်သတင်းအချက်အလက်များအရ သိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version; 
မလႈိင္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ဓားျဖင့္ လည္လွီးသတ္ျဖတ္
NP News - ေအာက္တိုဘာ ၁၂
မႏၲေလးတိုင္းေဒသႀကီး၊ မလႈိင္ၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ဓားျဖင့္ လည္လွီး သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ေအာက္တိုဘာ ၉ ရက္၊ ညေန ၄ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္က မလႈိင္ၿမိဳ႕နယ္၊ ဆည္တိုေက်း႐ြာ တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတ္ျဖတ္ခံရသူမွာ ဆည္တိုေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးတင္ဦးျဖစ္ၿပီး PDF အဖြဲ႕ဝင္မ်ားက ေနအိမ္အတြင္း ဝင္ေရာက္ကာ လည္လွီးသတ္ျဖတ္မႈေၾကာင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ဆည္တို အုပ္ခ်ဳပ္ေရးမႈးပါ။ ေနအိမ္မွာ လာေရာက္ၿပီးသတ္သြားတာပါ။ အုပ္ႀကီးအိမ္က ဆီဆိုင္ဖြင့္ထားၿပီး လာသတ္သူေတြက ဆိုင္ကယ္ဆီ (၅၀၀၀)ဖိုးထည့္ၿပီး မင္းတို႔အုပ္ႀကီးရွိလားေမးေတာ့ အထဲမွာရွိတယ္ ေျပာလိုက္ တာ။ ဆီထည့္ေပးတဲ့ဝန္ထမ္းေတြ အားလုံးေမွာက္ခိုင္ၿပီး ေသနတ္ေတြပါျပပါတယ္။ (အုပ္ခ်ဳပ္ေရးမႉး) ကို ဓားနဲ႔ မေသမခ်င္း လည္ပင္းလွီး သတ္သြားပါတယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
ႏိုင္ငံတစ္ဝန္း ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္ကာ လက္ရွိအခ်ိန္ထိ PDF လက္နက္ကိုင္အဖြဲ႕မ်ား၏ အၾကမ္းဖက္သတ္ျဖတ္မႈေၾကာင့္ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေပါင္း (၈၃၃)ဦး ေသဆုံးခဲ့ရေၾကာင္း နစကမွ ထုတ္ျပန္ထားသည့္သတင္းအခ်က္အလက္မ်ားအရ သိရသည္။