မလေးရှားနိုင်ငံတွင် တရားမဝင်လုပ်သားများကို ဖမ်းဆီးမှုအရှိန်မြှင့်နေပြီး နေ့စဉ်ဖမ်းဆီးမှုရှိနေ

 2813

စော (NP News) - အောက်တိုဘာ ၁၂

မလေးရှားနိုင်ငံတွင် တရားမဝင်လုပ်သားများကို ဖမ်းဆီးမှုအရှိန်မြှင့်နေပြီး နေ့စဉ်ဖမ်းဆီးမှုရှိနေကြောင်း ကွာလာလမ်ပူမြို့တွင် နေထိုင်သော မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက NP News သို့ ပြော သည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးမှုများအရှိန်မြှင့်နေခြင်းမှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကာ မြန်မာနိုင်ငံသား များ အပါအဝင် နိုင်ငံစုံမှ တရားမဝင်နေထိုင်သူများကို ပစ်မှတ်ထားဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခု အခြေအနေကတော့ နေရာစုံမှာ နေ့တိုင်းလိုလိုဖမ်းနေပါတယ်။ နေရာစုံမှာဖမ်းတော့ နိုင်ငံအစုံကလူတွေက ပါမစ်ရှိတဲ့လူတွေရှိသလို့ UNHCR (ကတ်) ရှိတဲ့လူတွေလည်း ရှိတယ်။ ဒီလိုလူတွေတော့ ပြန်လွှတ်ပေးပါတယ်။ ဘာမှမရှိတဲ့လူတွေကတော့ အကုန်အဖမ်းခံရတယ်။ အဲဒီထဲမှာ မြန်မာလူမျိုးတွေလည်းပါပါတယ်။ အခြားနိုင်ငံသား တွေလည်း ပါပါတယ်” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံ၌ တရားမဝင်လုပ်သားများကို ဖမ်းဆီးမှုများကို တိုးမြှင့်ဆောင်ရွက်နေသည့်အပြင် ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းနှင့် သောက်စားမူးယစ်ခြင်းများကြောင့် နိုင်ငံသားများကလည်း တိုင်တန်းမှုများရှိလာသည့်အတွက် တရားမဝင် မြန်မာလုပ်သားအနေဖြင့် သတိထားနေထိုင်နေကြရန် လိုကြောင်းလည်း ၎င်းက ဆိုသည်။

“ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေသည် နိုင်ငံစုံကလူတွေကိုလည်း အထောက်အထားမဲ့တွေကို ပြန်လွှတ်ဖို့အတွက် လည်း မလေးရှားအစိုးရနေပြီးတော့ လမ်းကြောင်းဖွင့်ပေးထားတယ်။ ပါမစ်လမ်းကြောင်းလည်း ဖွင့်ထားပေးတာက ၂၀၂၄ ခုနှစ်၊ ၆ လပိုင်းက စပြီးတော့ ပိတ်လိုက်ပြီလေ။ Calling ခေါ်တဲ့ဟာတွေလည်း ပိတ်လိုက်တယ်။ နောက်တစ်ခု ပါမစ်သမားတွေကလည်း ဒီ ၆ လပိုင်းမှာပဲ ပိတ်လိုက်တယ်။ ပိတ်လိုက်တဲ့အခါကျတော့ လူ‌တော်‌တော်များများက ပြန်မထွက်ကြဘူး။ ပြန်မထွက်ကျတော့ ဖမ်းဆီးမှုတွေပိုများလာတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version;
မေလးရွားႏိုင္ငံတြင္ တရားမဝင္လုပ္သားမ်ားကို ဖမ္းဆီးမႈအရွိန္ျမႇင့္ေနၿပီး ေန႔စဥ္ဖမ္းဆီးမႈရွိေန
ေစာ (NP News) - ေအာက္တိုဘာ ၁၂

မေလးရွားႏိုင္ငံတြင္ တရားမဝင္လုပ္သားမ်ားကို ဖမ္းဆီးမႈအရွိန္ျမႇင့္ေနၿပီး ေန႔စဥ္ဖမ္းဆီးမႈရွိေနေၾကာင္း ကြာလာလမ္ပူၿမိဳ႕တြင္ ေနထိုင္ေသာ ျမန္မာအလုပ္သမားအေရးေဆာင္႐ြက္ေနသူတစ္ဦးက NP News သို႔ ေျပာ သည္။

မေလးရွားႏိုင္ငံတြင္ ဖမ္းဆီးမႈမ်ားအရွိန္ျမႇင့္ေနျခင္းမွာ ရက္သတၱပတ္ ႏွစ္ပတ္ခန႔္ရွိေနၿပီျဖစ္ကာ ျမန္မာႏိုင္ငံသား မ်ား အပါအဝင္ ႏိုင္ငံစုံမွ တရားမဝင္ေနထိုင္သူမ်ားကို ပစ္မွတ္ထားဖမ္းဆီးေနျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

“အခု အေျခအေနကေတာ့ ေနရာစုံမွာ ေန႔တိုင္းလိုလိုဖမ္းေနပါတယ္။ ေနရာစုံမွာဖမ္းေတာ့ ႏိုင္ငံအစုံကလူေတြက ပါမစ္ရွိတဲ့လူေတြရွိသလို႔ UNHCR (ကတ္) ရွိတဲ့လူေတြလည္း ရွိတယ္။ ဒီလိုလူေတြေတာ့ ျပန္လႊတ္ေပးပါတယ္။ ဘာမွမရွိတဲ့လူေတြကေတာ့ အကုန္အဖမ္းခံရတယ္။ အဲဒီထဲမွာ ျမန္မာလူမ်ိဳးေတြလည္းပါပါတယ္။ အျခားႏိုင္ငံသား ေတြလည္း ပါပါတယ္” ဟု ၎က ေျပာသည္။

မေလးရွားႏိုင္ငံ၌ တရားမဝင္လုပ္သားမ်ားကို ဖမ္းဆီးမႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ေနသည့္အျပင္ ဆဲဆိုျခင္း၊ ရန္ျဖစ္ျခင္းႏွင့္ ေသာက္စားမူးယစ္ျခင္းမ်ားေၾကာင့္ ႏိုင္ငံသားမ်ားကလည္း တိုင္တန္းမႈမ်ားရွိလာသည့္အတြက္ တရားမဝင္ ျမန္မာလုပ္သားအေနျဖင့္ သတိထားေနထိုင္ေနၾကရန္ လိုေၾကာင္းလည္း ၎က ဆိုသည္။

“ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ေတြသည္ ႏိုင္ငံစုံကလူေတြကိုလည္း အေထာက္အထားမဲ့ေတြကို ျပန္လႊတ္ဖို႔အတြက္ လည္း မေလးရွားအစိုးရေနၿပီးေတာ့ လမ္းေၾကာင္းဖြင့္ေပးထားတယ္။ ပါမစ္လမ္းေၾကာင္းလည္း ဖြင့္ထားေပးတာက ၂၀၂၄ ခုႏွစ္၊ ၆ လပိုင္းက စၿပီးေတာ့ ပိတ္လိုက္ၿပီေလ။ Calling ေခၚတဲ့ဟာေတြလည္း ပိတ္လိုက္တယ္။ ေနာက္တစ္ခု ပါမစ္သမားေတြကလည္း ဒီ ၆ လပိုင္းမွာပဲ ပိတ္လိုက္တယ္။ ပိတ္လိုက္တဲ့အခါက်ေတာ့ လူ‌ေတာ္‌ေတာ္မ်ားမ်ားက ျပန္မထြက္ၾကဘူး။ ျပန္မထြက္က်ေတာ့ ဖမ္းဆီးမႈေတြပိုမ်ားလာတာပါ” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.