BLACKPINK အဖွဲ့ဝင် ဂျင်းနီတစ်ကိုယ်တော် သီချင်း"Mantra" နဲ့ အမေရိကန် အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ iTunes chart တွေက ထိပ်ဆုံးမှ ရပ်တည်နေ

 594

ရောင်နီ (NP News) - အောက်တိုဘာ ၁၃

BLACKPINK ရဲ့အဖွဲ့ဝင် ဂျင်းနီဟာ သူမရဲ့မကြာသေးခင်က ထွက်ရှိတဲ့ Single Song "Mantra" နဲ့ ကမ္ဘာတစ်ဝှမ်းက iTunes chart တွေမှာ ထိပ်ဆုံးမှ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

ဂျင်းနီဟာ အောက်တိုဘာလ ၁၁ ရက် မနက် ၉ နာရီ က သူမရဲ့တစ်ကိုယ်တော် Single song တစ်ပုဒ်ဖြစ်တဲ့ "Mantra” ကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ သီချင်းဟာ ထွက်ရှိပြီး ပြီးချင်းမှာပဲ၊ ကမ္ဘာတစ်ဝှမ်းက နိုင်ငံအများ အပြားက iTunes ဇယားရဲ့ထိပ်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။ သူမရဲ့ "Mantra" သီချင်းသစ်ဟာ အောက်တိုဘာ လ ၁၂ ရက် နံနက် ၉ နာရီမှာ အမေရိကန်၊ ဘရာဇီး၊ စင်ကာပူ၊ မက္ကဆီကို၊ ဖိလစ်ပိုင် အပါအဝင် ဒေသပေါင်း အနည်းဆုံး ၄၇ ခုရှိ iTunes ထိပ်တန်းသီချင်းများ စာရင်းမှာ နံပါတ် ၁ နေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါအပြင် "Mantra” ဟာ ၂ဝ၂၄ ခုနှစ်အတွက် U.S. iTunes Top Songs ဇယားမှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့တဲ့ တစ်ခုတည်းသော K-pop အမျိုးသမီးတစ်ကိုယ်တော်သီချင်း ဖြစ်လာခဲ့ပါတယ်။
Blackpink အဖွဲ့ဟာ YG Entertainment အောက်မှာ အဖွဲ့လိုက် သီချင်းအယ်လ်ဘမ် ထွက်ရှိတာမျိုး တွေ့လာရ ခြင်းမရှိသေးပေမယ့် Blackpink member တစ်ယောက်ချင်းစီရဲ့ Solo Comeback တွေကတော့ ခပ်စိတ်စိတ်ထွက်လာနေတာတွေ့ရပါတယ်။

Zawgyi Version;
BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီတစ္ကိုယ္ေတာ္ သီခ်င္း"Mantra" နဲ႔ အေမရိကန္ အပါအဝင္ ကမာၻတစ္ဝွမ္းရွိ iTunes chart ေတြက ထိပ္ဆုံးမွ ရပ္တည္ေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၃

BLACKPINK ရဲ႕အဖြဲ႕ဝင္ ဂ်င္းနီဟာ သူမရဲ႕မၾကာေသးခင္က ထြက္ရွိတဲ့ Single Song "Mantra" နဲ႔ ကမာၻတစ္ဝွမ္းက iTunes chart ေတြမွာ ထိပ္ဆုံးမွ လႊမ္းမိုးထားႏိုင္ခဲ့ပါတယ္။

ဂ်င္းနီဟာ ေအာက္တိုဘာလ ၁၁ ရက္ မနက္ ၉ နာရီ က သူမရဲ႕တစ္ကိုယ္ေတာ္ Single song တစ္ပုဒ္ျဖစ္တဲ့ "Mantra” ကို ထုတ္လႊင့္ခဲ့တာျဖစ္ပါတယ္။ သီခ်င္းဟာ ထြက္ရွိၿပီး ၿပီးခ်င္းမွာပဲ၊ ကမာၻတစ္ဝွမ္းက ႏိုင္ငံအမ်ား အျပားက iTunes ဇယားရဲ႕ထိပ္ဆုံးကို ေရာက္ရွိသြားခဲ့ပါတယ္။ သူမရဲ႕ "Mantra" သီခ်င္းသစ္ဟာ ေအာက္တိုဘာ လ ၁၂ ရက္ နံနက္ ၉ နာရီမွာ အေမရိကန္၊ ဘရာဇီး၊ စင္ကာပူ၊ မကၠဆီကို၊ ဖိလစ္ပိုင္ အပါအဝင္ ေဒသေပါင္း အနည္းဆုံး ၄၇ ခုရွိ iTunes ထိပ္တန္းသီခ်င္းမ်ား စာရင္းမွာ နံပါတ္ ၁ ေနရာကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ ဒါအျပင္ "Mantra” ဟာ ၂ဝ၂၄ ခုႏွစ္အတြက္ U.S. iTunes Top Songs ဇယားမွာ နံပါတ္ ၁ ေနရာကို ေရာက္ရွိခဲ့တဲ့ တစ္ခုတည္းေသာ K-pop အမ်ိဳးသမီးတစ္ကိုယ္ေတာ္သီခ်င္း ျဖစ္လာခဲ့ပါတယ္။
Blackpink အဖြဲ႕ဟာ YG Entertainment ေအာက္မွာ အဖြဲ႕လိုက္ သီခ်င္းအယ္လ္ဘမ္ ထြက္ရွိတာမ်ိဳး ေတြ႕လာရ ျခင္းမရွိေသးေပမယ့္ Blackpink member တစ္ေယာက္ခ်င္းစီရဲ႕ Solo Comeback ေတြကေတာ့ ခပ္စိတ္စိတ္ထြက္လာေနတာေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.