ကလေးငယ် ငါးဦး သေဆုံးခဲ့ခြင်းကြောင့် Fisher Price က Snuga Swings ကလေးပုခတ် အရေအတွက် ၂ သန်းကို ပြန်လည်သိမ်းဆည်း

 5039

ရောင်နီ (NP News) - အောက်တိုဘာ ၁၃

Fisher-Price ကုမ္ပဏီရဲ့ Snuga Swings ကလေးပုခတ် ကိရိယာထဲမှာ ကလေးငါးယောက်ထိ အိပ်မောကျရင်း အသက်ရှုကြပ်သေဆုံးသွားတဲ့သတင်းကြောင့် ၎င်းရဲ့ ပုခက်အရေအတွက် ၂ သန်းကျော်ကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

US Consumer Product Safety Commission (CPSC) မှ ထုတ်ပြန်တဲ့ သတိပေးချက်တစ်ခုအရ ပုခတ်ပေါ်မှာ တည်ရှိတဲ့ ခေါင်းအုံးနဲ့ ကိုယ်ထည်အထောက်တစ်ခု ထည့်သွင်းထားတဲ့ပုံစံကြောင့် ကလေးကို အသက်ရှုကြပ်ကာ သေဆုံးစေခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပုခတ်ကြောင့် ၂၀၁၂ နဲ့ ၂၀၂၂ ခုနှစ်ကြား သေဆုံးမှု ငါးခု ရှိခဲ့ပါတယ်။ အားလုံးဟာ ၁ နှစ်မှ ၃ လကြား မွေးကင်းစ ကလေးငယ်တွေဖြစ်ကြပြီး ပုခတ်မှာ ပါတဲ့ အလိုအလျှောက်ကြိုးလွှဲ၊ swings ခလုပ်ကို အသုံးပြုထားချိန်မှာ အသက်ရှုကြပ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Snuga Swings မှာ မော်ဒယ် ၂၁ ခု ရှိပြီး၊ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုမှာ ၂ဝ၁ဝ ပြည့်နှစ်ကတည်းက ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Amazon၊ Toys R Us၊ Target၊ Walmart နဲ့ Sam's Club လို ဈေးဝယ် ဝက်ဘ်ဆိုက်ဒ်တွေမှာလည်း လက်လီရောင်းချတယ်လို့ သိရပါတယ်။

Zawgyi Version;
ကေလးငယ္ ငါးဦး ေသဆုံးခဲ့ျခင္းေၾကာင့္ Fisher Price က Snuga Swings ကေလးပုခတ္ အေရအတြက္ ၂ သန္းကို ျပန္လည္သိမ္းဆည္း
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၃

Fisher-Price ကုမၸဏီရဲ႕ Snuga Swings ကေလးပုခတ္ ကိရိယာထဲမွာ ကေလးငါးေယာက္ထိ အိပ္ေမာက်ရင္း အသက္ရႈၾကပ္ေသဆုံးသြားတဲ့သတင္းေၾကာင့္ ၎ရဲ႕ ပုခက္အေရအတြက္ ၂ သန္းေက်ာ္ကို ျပန္လည္သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။

US Consumer Product Safety Commission (CPSC) မွ ထုတ္ျပန္တဲ့ သတိေပးခ်က္တစ္ခုအရ ပုခတ္ေပၚမွာ တည္ရွိတဲ့ ေခါင္းအုံးနဲ႔ ကိုယ္ထည္အေထာက္တစ္ခု ထည့္သြင္းထားတဲ့ပုံစံေၾကာင့္ ကေလးကို အသက္ရႈၾကပ္ကာ ေသဆုံးေစျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ ပုခတ္ေၾကာင့္ ၂၀၁၂ နဲ႔ ၂၀၂၂ ခုႏွစ္ၾကား ေသဆုံးမႈ ငါးခု ရွိခဲ့ပါတယ္။ အားလုံးဟာ ၁ ႏွစ္မွ ၃ လၾကား ေမြးကင္းစ ကေလးငယ္ေတြျဖစ္ၾကၿပီး ပုခတ္မွာ ပါတဲ့ အလိုအေလွ်ာက္ႀကိဳးလႊဲ၊ swings ခလုပ္ကို အသုံးျပဳထားခ်ိန္မွာ အသက္ရႈၾကပ္ကာ ေသဆုံးသြားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Snuga Swings မွာ ေမာ္ဒယ္ ၂၁ ခု ရွိၿပီး၊ အေမရိကန္၊ ကေနဒါနဲ႔ မကၠဆီကိုမွာ ၂ဝ၁ဝ ျပည့္ႏွစ္ကတည္းက ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ Amazon၊ Toys R Us၊ Target၊ Walmart နဲ႔ Sam's Club လို ေဈးဝယ္ ဝက္ဘ္ဆိုက္ဒ္ေတြမွာလည္း လက္လီေရာင္းခ်တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.