သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် မိုင်းသောက်ကျေးရွာကို KBZ ဘဏ်ပိုင် အင်္ဂလန်နိုင်ငံထုတ် စက်ရေ တွင်းတူးစက်ဖြင့် ရေ စတင်တူးဖော်

 1709

ယွန်း (NP News) - အောက်တိုဘာ ၁၃

သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ မိုင်းသောက်ကျေးရွာကို KBZ ဘဏ် ပိုင် အင်္ဂလန်နိုင်ငံထုတ် စက်ရေတွင်းတူးစက်ဖြင့် ရေ စတင်တူးဖော်ခဲ့ကြောင်း ကမ္ဘောဇဘဏ်မှ အသိပေးထားသည်။

KBZ ဘဏ်မှ မိုင်းသောက်ကျေးရွာရှိ ရွှေမုတ္တောဘုရားဝန်းအတွင်း၌ ကမ္ဘောဇဘဏ်မှပိုင်ဆိုင်သည့် အင်္ဂလန်နိုင်ငံ ထုတ် Dando စက်ရေတွင်းတူးစက်ဖြင့် ရေ စတင်တူးဖော်ပေးခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်အနေဖြင့် အဆိုပါစက်ကြီးဖြင့် ၁၀ နှစ်အတွင်း နိုင်ငံအနှံ့တွင် ရေတွင်းပေါင်း(၇၅၀)ကျော် တူးဖော် ထားခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက်တူးဖော်နေဆဲဖြစ်ကြောင်း သိရသည်။

"ဝမ်း‌ရောဂါနဲ့ပတ်သက်ပြီးတော့လည်း ထည့်စဥ်းစားမိတယ်။ ရေသန့်ရဖို့အတွက်လည်း ရေသန့်(၂၀)လီတာဘူး ငါးရာ အင်းလေးထဲကို ပုံမှန်လှူဒါန်းပါတယ်။ အလှူရှင်ကြီးတွေက ရေသန့်စက်တွေထိုင်ပြီး လှူဒါန်းပေးမယ့်လို့ ကြားတယ်။ လှိုင်းကြီးတတ်တဲ့နေရာတွေ၊ သွားလာရခက်တဲ့နေရာတွေကို လှူဒါန်းဖို့လိုအပ်နေပါသေးတယ်" ဟု ရှမ်းပြည်နယ်က ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် ပါဝင်ကူညီပေးခဲ့သူ ရွှေမေတ္တာ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ မရွှေလဲ့က NP News ကို ပြောကြားထားဖူးသည်။

တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ နစက၏ စာရင်းဇယားများအရ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊ ရုံးဌာနအဆောက်အဦး ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေးကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ခုနှစ်သိန်းရှစ်သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင် ရှိကြောင်း နစက၏အချက်အလက်များအရ သိရသည်။

Zawgyi Version;
ေသာက္သုံးေရအခက္အခဲျဖစ္ေပၚေနသည့္ မိုင္းေသာက္ေက်း႐ြာကို KBZ ဘဏ္ပိုင္ အဂၤလန္ႏိုင္ငံထုတ္ စက္ေရ တြင္းတူးစက္ျဖင့္ ေရ စတင္တူးေဖာ္
ယြန္း (NP News) - ေအာက္တိုဘာ ၁၃

ေသာက္သုံးေရအခက္အခဲျဖစ္ေပၚေနသည့္ ရွမ္းျပည္နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္ရွိ မိုင္းေသာက္ေက်း႐ြာကို KBZ ဘဏ္ ပိုင္ အဂၤလန္ႏိုင္ငံထုတ္ စက္ေရတြင္းတူးစက္ျဖင့္ ေရ စတင္တူးေဖာ္ခဲ့ေၾကာင္း ကေမာၻဇဘဏ္မွ အသိေပးထားသည္။

KBZ ဘဏ္မွ မိုင္းေသာက္ေက်း႐ြာရွိ ေ႐ႊမုေတၱာဘုရားဝန္းအတြင္း၌ ကေမာၻဇဘဏ္မွပိုင္ဆိုင္သည့္ အဂၤလန္ႏိုင္ငံ ထုတ္ Dando စက္ေရတြင္းတူးစက္ျဖင့္ ေရ စတင္တူးေဖာ္ေပးခဲ့ေၾကာင္း သိရသည္။
ကေမာၻဇဘဏ္အေနျဖင့္ အဆိုပါစက္ႀကီးျဖင့္ ၁၀ ႏွစ္အတြင္း ႏိုင္ငံအႏွံ႔တြင္ ေရတြင္းေပါင္း(၇၅၀)ေက်ာ္ တူးေဖာ္ ထားခဲ့ၿပီး လက္ရွိတြင္လည္း ဆက္လက္တူးေဖာ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

"ဝမ္း‌ေရာဂါနဲ႔ပတ္သက္ၿပီးေတာ့လည္း ထည့္စဥ္းစားမိတယ္။ ေရသန႔္ရဖို႔အတြက္လည္း ေရသန႔္(၂၀)လီတာဘူး ငါးရာ အင္းေလးထဲကို ပုံမွန္လႉဒါန္းပါတယ္။ အလႉရွင္ႀကီးေတြက ေရသန႔္စက္ေတြထိုင္ၿပီး လႉဒါန္းေပးမယ့္လို႔ ၾကားတယ္။ လႈိင္းႀကီးတတ္တဲ့ေနရာေတြ၊ သြားလာရခက္တဲ့ေနရာေတြကို လႉဒါန္းဖို႔လိုအပ္ေနပါေသးတယ္" ဟု ရွမ္းျပည္နယ္က ေရေဘးသင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးတြင္ ပါဝင္ကူညီေပးခဲ့သူ ေ႐ႊေမတၱာ လူမႈကူညီေရး အသင္းဥကၠ႒ မေ႐ႊလဲ့က NP News ကို ေျပာၾကားထားဖူးသည္။

တိုင္ဖြန္းမုန္တိုင္းရာဂီအရွိန္ေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕ တြင္ ေရႀကီးေရလွ်ံျခင္း၊ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚခဲ့ရာ နစက၏ စာရင္းဇယားမ်ားအရ ၿမိဳ႕နယ္ ၁၁၀ ၿမိဳ႕နယ္မွ လူေနအိမ္ ၁၁၅၀၀၂ လုံး၊ ႐ုံးဌာနအေဆာက္အဦး ၁၂၉ လုံး၊ စာသင္ေက်ာင္း ၃၃၃ ေက်ာင္း၊ ဘာသာေရးေက်ာင္း ၂၂၈ ေက်ာင္း၊ လမ္း/တံတားပ်က္စီးမႈ ၁၃၅၈ ခု၊ လွ်ပ္စစ္မီးတိုင္ ၅၆၂၂ တိုင္၊ ဆက္သြယ္ေရးတိုင္ ၁၁၄ တိုင္၊ စပါးစိုက္ဧက ခုႏွစ္သိန္းရွစ္ေသာင္းေက်ာ္ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေသဆုံးသူ ၄၃၃ ဦး၊ ေမ်ာပါေပ်ာက္ဆုံးသူ ၇၉ ဦးရွိၿပီး တိရစာၦန္ေသဆုံးမႈအေနျဖင့္ ၁၇၆၂၄၆ ေကာင္ ရွိေၾကာင္း နစက၏အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.