PDF များ၏ လုပ်ကြံပစ်ခတ်ခြင်းကို ခံရသော်လည်း လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် အသက်ဘေးမှ လွတ်မြောက်

 14840

သုတကျော် (NP News) - အောက်တိုဘာ ၁၃

PDF များ၏ လုပ်ကြံပစ်ခတ်ခြင်းကို ခံရသော်လည်း လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် ဦးရွှေမန်းသည် အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ပစ်ခတ်သည့်ဖြစ်စဥ်မှာ ယနေ့ (အောက်တိုဘာလ ၁၃ ရက်) နံနက်ပိုင်း ၉ နာရီကျော်အချိန်က လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်၊(၁၁)ရပ်ကွက်၊​ အောင်မင်္ဂလာ​ကျောင်းဝိုင်း၊ သာသနာ့ဝုဃိသိမ်​တော်ကြီးဝင်းအတွင်းတွင်​ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"သိမ်တော်ကြီး သန့်ရှင်းရေးအတွက် လာတာ ကားပေါ်က ဆင်းတုန်း PDF တယောက်က ကားခေါင်းဘက်ကနေပတ်လာပြီး ပစ္စတိုနဲ့ ရှစ်ချက်လောက် ပစ်တာပါ။ အဖွဲ့ဝင်က လွတ်ပါတယ်။ သူ့ယာဥ်မောင်းကိုတော့ ထိတယ်" ဟု ၄င်းက ဆိုသည်။

အခင်းဖြစ်ချိန်တွင် ပစ်ခတ်သွားသူမှာ အသက် ၂၅ နှစ်ခန့်အရွယ် ရှိပြီး အင်္ကျီအညိုကွက်၊ ပုဆိုးဝတ်ဆင်ထားကာ Mask တပ်ထားကြောင်း သိရပြီး ကျူးလွန်သူကို ဖမ်းမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။

ပစ်ခတ်သည့်အတွက် ဦးရွှေမန်း၏ ယာဥ်​မောင်းသန့်ဇင်ထက်တွင် ဝဲရင်အုံတစ်ချက်၊ ဝဲလက်​မောင်းတစ်ချက်ကျည်ထိဒဏ်ရာရခဲ့ကည လူနာကို လှိုင်သာယာ​ဆေးရုံသို့ ပို့​ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
PDF မ်ား၏ လုပ္ႀကံပစ္ခတ္ျခင္းကို ခံရေသာ္လည္း လှိုင်သာယာအ​ေနာက္ပိုင္းၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္​ေရးအဖြဲ႕ဝင္ အသက္ေဘးမွ လြတ္ေျမာက္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၃

PDF မ်ား၏ လုပ္ႀကံပစ္ခတ္ျခင္းကို ခံရေသာ္လည္း လှိုင်သာယာအ​ေနာက္ပိုင္းၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္​ေရးအဖြဲ႕ဝင္ ဦးေ႐ႊမန္းသည္ အသက္ေဘးမွလြတ္ေျမာက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ပစ္ခတ္သည့္ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၁၃ ရက္) နံနက္ပိုင္း ၉ နာရီေက်ာ္အခ်ိန္က လႈိင္သာယာအ​ေနာက္ပိုင္းၿမိဳ႕နယ္၊(၁၁)ရပ္ကြက္၊​ ေအာင္မဂၤလာ​ေက်ာင္းဝိုင္း၊ သာသနာ့ဝုဃိသိမ္​ေတာ္ႀကီးဝင္းအတြင္းတြင္​ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

"သိမ္ေတာ္ႀကီး သန္႔ရွင္းေရးအတြက္ လာတာ ကားေပၚက ဆင္းတုန္း PDF တေယာက္က ကားေခါင္းဘက္ကေနပတ္လာၿပီး ပစၥတိုနဲ႔ ရွစ္ခ်က္ေလာက္ ပစ္တာပါ။ အဖြဲ႕ဝင္က လြတ္ပါတယ္။ သူ႔ယာဥ္ေမာင္းကိုေတာ့ ထိတယ္" ဟု ၄င္းက ဆိုသည္။

အခင္းျဖစ္ခ်ိန္တြင္ ပစ္ခတ္သြားသူမွာ အသက္ ၂၅ ႏွစ္ခန္႔အ႐ြယ္ ရွိၿပီး အက်ႌအညိဳကြက္၊ ပုဆိုးဝတ္ဆင္ထားကာ Mask တပ္ထားေၾကာင္း သိရၿပီး က်ဴးလြန္သူကို ဖမ္းမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕က ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ပစ္ခတ္သည့္အတြက္ ဦးေ႐ႊမန္း၏ ယာဥ္​ေမာင္းသန္႔ဇင္ထက္တြင္ ဝဲရင္အုံတစ္ခ်က္၊ ဝဲလက္​ေမာင္းတစ္ခ်က္က်ည္ထိဒဏ္ရာရခဲ့ကည လူနာကို လႈိင္သာယာ​ေဆး႐ုံသို႔ ပို႔​ေဆာင္ထားေၾကာင္း သိရသည္။

Picture

Win Lwin

13/10/2024 18:35

ခေါင်းစဉ် - လှိုင်သာယာ

Related news

© 2021. All rights reserved.