အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုမှာ ခွေးရဲ့စအိုထဲက ရောင်စုံပိုလီမာ ပုတီးစေ့လေးတွေ ပန်းထွက်မှုဖြစ်ခဲ့

 88

ရောင်နီ (NP News) - အောက်တိုဘာ ၁၄

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုမှာ ခွေးတစ်ကောင်ရဲ့စအိုထဲက ရောင်စုံပိုလီမာ ပုတီးစေ့လေးတွေ ပန်းထွက်နေတဲ့ ဗီဒီယို TikTok ဟာ ကြည့်ရှုသူ လေးသန်းနီးပါးထိ ရှိခဲ့ပါတယ်။

Tiktok အကောင့် @larenmciaren၊ တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦး တင်ထားတဲ့ အဆိုပါဗီဒီယိုဟာ အမေရိကန်နိုင်ငံ၊ တိရစ္ဆာန် အရေးပေါ်ပြုစုစောင့်ရှောက်ရေးစင်တာမှာ ခွေးတစ်ကောင် စအိုထဲက သက်တန့်ရောင်ပိုလီမာပုတီးစေ့တွေ ထွက်လာနေတာကို ပြသထားပါတယ်။ အဲဒီ ပုတီးစေ့တွေကတော့ Orbeez လို့ခေါ်တဲ့သေးငယ်ပြီး မာရှမေလိုနဲ့တူတဲ့ ရေစိမ်လိုက်ရင် ဒင်္ဂါးပြား အရွယ်အစားလောက်အထိ ကြီးနိုင်တဲ့ ရေကစားစရာတွေပဲဖြစ်ပါတယ်။ ခွေးလေးဟာ Orbeez အိတ်တစ်လုံးကို အဆာပြေစားခဲ့တယ်လို့ @larenmciaren က ဆိုပါတယ်။

နာရီများစွာကြာပြီးနောက် ဝမ်းဗိုက်ထဲမှာပုတီးစေ့တွေ ကြီးထွားလာတဲ့အခါမှာ ခွေးဟာ အစာမကြေတဲ့ အခြေအနေကို ဆိုးဆိုးဝါးဝါး စတင်ခံစားလာခဲ့ရတာကြောင့် သူ့ရဲ့သခင်က သူ့ကို ကော်လိုရာဒိုပြည်နယ်၊ အာဗာဒါရှိ တိရစ္ဆာန်အရေးပေါ်စောင့်ရှောက်ရေးစင်တာကို ခေါ်သွားပြီး ဗိုက်ခွဲကာ ရောင်စုံပုတီးစေ့တွေကို ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ေကာ္လိုရာဒိုမွာ ေခြးရဲ႕စအိုထဲက ေရာင္စုံပိုလီမာ ပုတီးေစ့ေလးေတြ ပန္းထြက္မႈျဖစ္ခဲ့
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄

အေမရိကန္ႏိုင္ငံ၊ ေကာ္လိုရာဒိုမွာ ေခြးတစ္ေကာင္ရဲ႕စအိုထဲက ေရာင္စုံပိုလီမာ ပုတီးေစ့ေလးေတြ ပန္းထြက္ေနတဲ့ ဗီဒီယို TikTok ဟာ ၾကည့္ရႈသူ ေလးသန္းနီးပါးထိ ရွိခဲ့ပါတယ္။

Tiktok အေကာင့္ @larenmciaren၊ တိရစာၦန္ေဆးကု ဆရာဝန္တစ္ဦး တင္ထားတဲ့ အဆိုပါဗီဒီယိုဟာ အေမရိကန္ႏိုင္ငံ၊ တိရစာၦန္ အေရးေပၚျပဳစုေစာင့္ေရွာက္ေရးစင္တာမွာ ေခြးတစ္ေကာင္ စအိုထဲက သက္တန႔္ေရာင္ပိုလီမာပုတီးေစ့ေတြ ထြက္လာေနတာကို ျပသထားပါတယ္။ အဲဒီ ပုတီးေစ့ေတြကေတာ့ Orbeez လို႔ေခၚတဲ့ေသးငယ္ၿပီး မာရွေမလိုနဲ႔တူတဲ့ ေရစိမ္လိုက္ရင္ ဒဂၤါးျပား အ႐ြယ္အစားေလာက္အထိ ႀကီးႏိုင္တဲ့ ေရကစားစရာေတြပဲျဖစ္ပါတယ္။ ေခြးေလးဟာ Orbeez အိတ္တစ္လုံးကို အဆာေျပစားခဲ့တယ္လို႔ @larenmciaren က ဆိုပါတယ္။

နာရီမ်ားစြာၾကာၿပီးေနာက္ ဝမ္းဗိုက္ထဲမွာပုတီးေစ့ေတြ ႀကီးထြားလာတဲ့အခါမွာ ေခြးဟာ အစာမေၾကတဲ့ အေျခအေနကို ဆိုးဆိုးဝါးဝါး စတင္ခံစားလာခဲ့ရတာေၾကာင့္ သူ႔ရဲ႕သခင္က သူ႔ကို ေကာ္လိုရာဒိုျပည္နယ္၊ အာဗာဒါရွိ တိရစာၦန္အေရးေပၚေစာင့္ေရွာက္ေရးစင္တာကို ေခၚသြားၿပီး ဗိုက္ခြဲကာ ေရာင္စုံပုတီးေစ့ေတြကို ထုတ္ခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.