တောင်ကိုရီးယားကို ပစ်ခတ်တိုက်ိခုက်ဖို့အတွက် အဆင်သင့်ပြင်ထားကြဖို့ အမြောက်တပ်တွေကို မြောက်ကိုရီးယားစစ်ဘက်အမိန့်ပေး

 1049

Pika (NP News) - အောက်တိုဘာ ၁၄

တောင်ကိုရီးယားနိုင်ငံကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အတွက် အပြည့်အဝအဆင်သင့်ပြင်ထားကြဖို့ ရှေ့တန်းအမြောက်တပ်တွေကို မြောက်ကိုရီးယားစစ်တပ်က အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားဘက်ကလာတဲ့ဒရုန်းတွေဟာ ဝါဒဖြန့်ချိရေးလက်ကမ်းစာစောင်တွေကို မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ကြဲချခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ယခုလိုအမိန့်ပေးမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဝါဒဖြန့်ချိရေးလက်ကမ်းစာစောင်တွေကို သယ်ဆောင်လာတဲ့ တောင်ကိုရီးယားရဲ့ဒရုန်းတွေဟာ ပြုံးယမ်းမြို့ ကောင်းကင်ယံကို ဝင်ရောက်လာခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက အောက်တိုဘာလ(၁၁)ရက်မှာ စွပ်စွဲ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက "မြောက်ကိုရီးယားစစ်တပ်ရဲ့စစ်ဦးစီးချုပ်ဟာ နယ်စပ်တစ်လျှောက် မှာရှိတဲ့အမြောက်တပ်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့အတွက် အဆင်သင့်အနေအထားနဲ့ ပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ စစ်ပွဲဖြစ်ပွားနေချိန်လိုမျိုး အင်အားအပြည့်နဲ့ အဆင်သင့်ပြင်ထားကြဖို့အတွက် အမြောက်တပ်ဖွဲ့(၈)ခုကို စစ်ဦးစီးချုပ်က အမိန့်ပေးခဲ့တာလည်းဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၎င်းရဲ့နိုင်ငံတောင်ဘက်ခြမ်းနယ်စပ်တစ်လျှောက်မှာ အမြောက်ပေါင်း(၁)သောင်းကျော် ထားရှိထားတယ်လို့ ယုံကြည်ရပြီး ၎င်းတို့အနက်အမြောက်ပေါင်း(၆)ထောင်ခန့်ဟာ တောင်ကိုရီးယားရဲ့ လူနေ ထူထပ်တဲ့အဓိကနေရာတွေကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေတယ်လို့ အမေရိကန်စစ်တပ်က ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ RAND ကော်ပိုရေးရှင်းရဲ့ ၂၀၂၀ အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြားစစ်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင် ဆိုးလ်၊ အင်ချွန်း၊ ဂင်ပို နှင့် အခြား တောင်ကိုရီးယားမြို့ကြီးတွေမှာ အချိန်(၁)နာရီအတွင်း လူပေါင်း(၂၀၅၀၀၀)ကျော် အသတ်ခံရနိုင်တယ်လို့ RAND အစီရင်ခံစာက ခန့်မှန်းပြောဆိုထားပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားကို ပစ္ခတ္တိုက္ိခုက္ဖို႔အတြက္ အဆင္သင့္ျပင္ထားၾကဖို႔ အေျမာက္တပ္ေတြကို ေျမာက္ကိုရီးယားစစ္ဘက္အမိန႔္ေပး
Pika (NP News) - ေအာက္တိုဘာ ၁၄

ေတာင္ကိုရီးယားႏိုင္ငံကို ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ အျပည့္အဝအဆင္သင့္ျပင္ထားၾကဖို႔ ေရွ႕တန္းအေျမာက္တပ္ေတြကို ေျမာက္ကိုရီးယားစစ္တပ္က အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားဘက္ကလာတဲ့ဒ႐ုန္းေတြဟာ ဝါဒျဖန႔္ခ်ိေရးလက္ကမ္းစာေစာင္ေတြကို ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕မွာ ႀကဲခ်ခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုအမိန႔္ေပးမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဝါဒျဖန႔္ခ်ိေရးလက္ကမ္းစာေစာင္ေတြကို သယ္ေဆာင္လာတဲ့ ေတာင္ကိုရီးယားရဲ႕ဒ႐ုန္းေတြဟာ ၿပဳံးယမ္းၿမိဳ႕ ေကာင္းကင္ယံကို ဝင္ေရာက္လာခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေအာက္တိုဘာလ(၁၁)ရက္မွာ စြပ္စြဲ ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။

ေျမာက္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနက "ေျမာက္ကိုရီးယားစစ္တပ္ရဲ႕စစ္ဦးစီးခ်ဳပ္ဟာ နယ္စပ္တစ္ေလွ်ာက္ မွာရွိတဲ့အေျမာက္တပ္ေတြကို ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ အဆင္သင့္အေနအထားနဲ႔ ျပင္ဆင္ထားဖို႔ အမိန႔္ေပးခဲ့ပါတယ္။ စစ္ပြဲျဖစ္ပြားေနခ်ိန္လိုမ်ိဳး အင္အားအျပည့္နဲ႔ အဆင္သင့္ျပင္ထားၾကဖို႔အတြက္ အေျမာက္တပ္ဖြဲ႕(၈)ခုကို စစ္ဦးစီးခ်ဳပ္က အမိန႔္ေပးခဲ့တာလည္းျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ ၎ရဲ႕ႏိုင္ငံေတာင္ဘက္ျခမ္းနယ္စပ္တစ္ေလွ်ာက္မွာ အေျမာက္ေပါင္း(၁)ေသာင္းေက်ာ္ ထားရွိထားတယ္လို႔ ယုံၾကည္ရၿပီး ၎တို႔အနက္အေျမာက္ေပါင္း(၆)ေထာင္ခန႔္ဟာ ေတာင္ကိုရီးယားရဲ႕ လူေန ထူထပ္တဲ့အဓိကေနရာေတြကို တိုက္ခိုက္ႏိုင္တဲ့ အကြာအေဝးအတြင္းမွာ ရွိေနတယ္လို႔ အေမရိကန္စစ္တပ္က ရန္ပုံေငြေထာက္ပံ့ေပးထားတဲ့ RAND ေကာ္ပိုေရးရွင္းရဲ႕ ၂၀၂၀ အစီရင္ခံစာတစ္ခုအရ သိရပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားၾကားစစ္ပြဲျဖစ္ပြားခဲ့မယ္ဆိုရင္ ဆိုးလ္၊ အင္ခြၽန္း၊ ဂင္ပို ႏွင့္ အျခား ေတာင္ကိုရီးယားၿမိဳ႕ႀကီးေတြမွာ အခ်ိန္(၁)နာရီအတြင္း လူေပါင္း(၂၀၅၀၀၀)ေက်ာ္ အသတ္ခံရႏိုင္တယ္လို႔ RAND အစီရင္ခံစာက ခန႔္မွန္းေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.