သီတင်းကျွတ်ပိတ်ရက်တွင် ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ အပန်းဖြေ Camp များ၌ လူစည်ကားနိုင်

 799

စော (NP News) - အောက်တိုဘာ ၁၄

သီတင်းကျွတ်ပိတ်ရက်တွင် ရန်ကုန်မြို့ အနီးတစ်ဝိုက်ရှိ အပန်းဖြေ Camp များတွင် လူစည်ကားနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကို ပြောသည်။

မြန်မာနိုင်ငံ၏ ထင်ရှားသည့်ပွဲတော်များအနက် တစ်ခုဖြစ်သော သီတင်းကျွတ်ပွဲတော်အတွက် ပိတ်ရက်လည်းရရှိကာ အဆိုပါကာလတွင် ခရီးသွား လာခြင်းများကိုလည်း ပြုကြလေ့ရှိကြောင်းသိရသည်။

"ကျွန်တော်တို့ရန်ကုန်မှာတော့ များသော အားဖြင့်က အနီးအနားတွေပဲသွားကြလိမ့်မယ်လို့ ကျွန်တော်တို့ခန့်မှန်းတာပေါ့နော်။ ပုံမှန်အတိုင်းဆို ရင်တော့ လပြည့်နေ့မှာ ဘုရားတွေလောက်ပဲ လူတွေကသွားကြတာများတယ်။ ဒါပေမဲ့ ရန်ကုန်နဲ့ အနီးအနားမှာရှိတဲ့ Camp တွေကိုလည်း ရိုးရိုးတန်းတန်း သွားလို့ရတဲ့ အဲဒီဟာကိုလည်း အများ ကြီးသွားကြ လိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းထားပါတယ်"ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

အပန်းဖြေ ဃောစ ခရီးစဉ်သည် ခရီးသွားများအကြား ကိုဗစ်နောက် ပိုင်းမှစတင်ကာ ခေတ်စားလာခဲ့ပြီး လူစိတ်ဝင်စားမှုများပြားလာကာ အနားယူ ရန်နှင့် သဘာဝပတ်ဝန်းကျင်ကိုခံစားရန် သွားရောက်အပန်းဖြေကြကြောင်း သိရသည်။

"ရန်ကုန်ကနေ အမြန်လမ်းသွားရင် အ ပန်းဖြေစခန်းလေးတွေရှိတယ်။ ပဲခူးတိုင်းနဲ့ရန်ကုန် တိုင်းအစပ်မှာ အဲဒီဟာတွေလည်းရှိတယ်။ နောက် တစ်ခါ လှိုင်သာယာဘက်ခြမ်းမှာ ငါးမျှားတဲ့နေရာ၊ သွားလို့ရတဲ့နေရာတွေတော့ အဲဒီနေရာတွေတော့ လူပြည့်လိမ့်မယ်လို့ခန့်မှန်းထားတယ် "ဟု ၎င်းက ပြောသည်။

zawgyi verson
သီတင္းကြၽတ္ပိတ္ရက္တြင္ ရန္ကုန္ၿမိဳ႕အနီးတစ္ဝိုက္ရွိ အပန္းေျဖ Camp မ်ား၌ လူစည္ကားႏိုင္
ေစာ (NP News) - ေအာက္တိုဘာ ၁၄

သီတင္းကြၽတ္ပိတ္ရက္တြင္ ရန္ကုန္ၿမိဳ႕ အနီးတစ္ဝိုက္ရွိ အပန္းေျဖ Camp မ်ားတြင္ လူစည္ကားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံ၏ ထင္ရွားသည့္ပြဲေတာ္မ်ားအနက္ တစ္ခုျဖစ္ေသာ သီတင္းကြၽတ္ပြဲေတာ္အတြက္ ပိတ္ရက္လည္းရရွိကာ အဆိုပါကာလတြင္ ခရီးသြား လာျခင္းမ်ားကိုလည္း ျပဳၾကေလ့ရွိေၾကာင္းသိရသည္။

"ကြၽန္ေတာ္တို႔ရန္ကုန္မွာေတာ့ မ်ားေသာ အားျဖင့္က အနီးအနားေတြပဲသြားၾကလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ခန႔္မွန္းတာေပါ့ေနာ္။ ပုံမွန္အတိုင္းဆို ရင္ေတာ့ လျပည့္ေန႔မွာ ဘုရားေတြေလာက္ပဲ လူေတြကသြားၾကတာမ်ားတယ္။ ဒါေပမဲ့ ရန္ကုန္နဲ႔ အနီးအနားမွာရွိတဲ့ Camp ေတြကိုလည္း ႐ိုး႐ိုးတန္းတန္း သြားလို႔ရတဲ့ အဲဒီဟာကိုလည္း အမ်ား ႀကီးသြားၾက လိမ့္မယ္လို႔ ကြၽန္ေတာ္ခန႔္မွန္းထားပါတယ္"ဟု ဦးေနာင္းေနာင္းဟန္က ေျပာသည္။

အပန္းေျဖ ေဃာစ ခရီးစဥ္သည္ ခရီးသြားမ်ားအၾကား ကိုဗစ္ေနာက္ ပိုင္းမွစတင္ကာ ေခတ္စားလာခဲ့ၿပီး လူစိတ္ဝင္စားမႈမ်ားျပားလာကာ အနားယူ ရန္ႏွင့္ သဘာဝပတ္ဝန္းက်င္ကိုခံစားရန္ သြားေရာက္အပန္းေျဖၾကေၾကာင္း သိရသည္။

"ရန္ကုန္ကေန အျမန္လမ္းသြားရင္ အ ပန္းေျဖစခန္းေလးေတြရွိတယ္။ ပဲခူးတိုင္းနဲ႔ရန္ကုန္ တိုင္းအစပ္မွာ အဲဒီဟာေတြလည္းရွိတယ္။ ေနာက္ တစ္ခါ လႈိင္သာယာဘက္ျခမ္းမွာ ငါးမွ်ားတဲ့ေနရာ၊ သြားလို႔ရတဲ့ေနရာေတြေတာ့ အဲဒီေနရာေတြေတာ့ လူျပည့္လိမ့္မယ္လို႔ခန႔္မွန္းထားတယ္ "ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.