(၉)လတာကာလအတွင်း ယာဉ်တိုက်မှု (၃၀၀၀)နီးပါးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း၌ အများဆုံးဖြစ်ပွား

 384

စော (NP News) - အောက်တိုဘာ ၂၄

(၉)လတာကာလအတွင်း ယာဉ်တိုက်မှု (၃၀၀၀)နီးပါးဖြစ်ပွားခဲ့ပြီး ရန်ကုန် တိုင်း၌ ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၂၈၉၆) ကြိမ်ဖြစ်ပွားခဲ့ရာ လူ(၁၄၈၉)ဦး သေဆုံးခဲ့ပြီး လူ(၄၁၈၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းတွင် (၆၃၀)ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ (၃၂၅)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူဦးရေ (၇၆၁)ဦး ရှိခဲ့ကြောင်း သိရသည်။ အလားတူ အမြန်လမ်းတွင် ယာဉ်တိုက်မှုပေါင်း(၁၅၁)ဖြစ်ပွားခဲ့ပြီး သေဆုံးသူပေါင်း (၆၇)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၂၇၀)ဦး ရှိကြောင်း သိရသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ယမန်နေ့ (အောက်တိုဘာလ ၁၃ ရက်)၊ ညနေ (၅)နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ သိမ်းကုန်းကျေးရွာအနီးတွင် မီနီအိုးဝေယာဉ်တစ်စီးသည် လမ်းဘေးတွင် ရပ်ထားသော ယာဉ်တစ်စီးအား ဝင်တိုက်ခဲ့ရာ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခင်နှစ်၊ အလားတူကာလ၌ ယာဉ်တိုက်မှုပေါင်း (၃၆၃၄)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း (၁၈၆၄)ဦးရှိခဲ့ပြီး (၄၉၉၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

zawgyi version
(၉)လတာကာလအတြင္း ယာဥ္တိုက္မႈ (၃၀၀၀)နီးပါးျဖစ္ပြားခဲ့ၿပီး ရန္ကုန္ တိုင္း၌ အမ်ားဆုံးျဖစ္ပြား

ေစာ (NP News) - ေအာက္တိုဘာ ၂၄

(၉)လတာကာလအတြင္း ယာဥ္တိုက္မႈ (၃၀၀၀)နီးပါးျဖစ္ပြားခဲ့ၿပီး ရန္ကုန္ တိုင္း၌ ယာဥ္တိုက္မႈ အမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလမွ စက္တင္ဘာလအထိ ယာဥ္တိုက္မႈေပါင္း (၂၈၉၆) ႀကိမ္ျဖစ္ပြားခဲ့ရာ လူ(၁၄၈၉)ဦး ေသဆုံးခဲ့ၿပီး လူ(၄၁၈၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈမ်ားအနက္ ရန္ကုန္တိုင္းတြင္ (၆၃၀)ႀကိမ္ျဖင့္ အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ေသဆုံးသူဦးေရ (၃၂၅)ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူဦးေရ (၇၆၁)ဦး ရွိခဲ့ေၾကာင္း သိရသည္။ အလားတူ အျမန္လမ္းတြင္ ယာဥ္တိုက္မႈေပါင္း(၁၅၁)ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူေပါင္း (၆၇)ဦးႏွင့္ ထိခိုက္ဒဏ္ရာရရွိသူေပါင္း (၂၇၀)ဦး ရွိေၾကာင္း သိရသည္။

အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ယမန္ေန႔ (ေအာက္တိုဘာလ ၁၃ ရက္)၊ ညေန (၅)နာရီခြဲခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဥကၠံၿမိဳ႕၊ သိမ္းကုန္းေက်း႐ြာအနီးတြင္ မီနီအိုးေဝယာဥ္တစ္စီးသည္ လမ္းေဘးတြင္ ရပ္ထားေသာ ယာဥ္တစ္စီးအား ဝင္တိုက္ခဲ့ရာ (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ယခင္ႏွစ္၊ အလားတူကာလ၌ ယာဥ္တိုက္မႈေပါင္း (၃၆၃၄)ႀကိမ္ျဖစ္ပြားခဲ့ရာ ေသဆုံးသူေပါင္း (၁၈၆၄)ဦးရွိခဲ့ၿပီး (၄၉၉၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.