သန်းခေါင်စာရင်းကောက်ယူမှု(၁၀)ရက်ကျော်အတွင်း အကြမ်းဖက်သမားများ၏ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံရသူ (၁၃)ဦး ထက်မနည်းရှိနေ

 601

သန့်ဇင် (NP News) - အောက်တိုဘာလ ၁၄

သန်းခေါင်စာရင်းကောက်ယူမှု(၁၀)ရက်ကျော်အတွင်း အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းခံရ သူ(၁၃)ဦးထက်မနည်းရှိနေကြောင်း NP News က စုစည်းထားသည့်အချက်အလက်များအရ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို ပြီးခဲ့သည့် အောက်တိုဘာလ(၁) ရက်မှစတင်ကာ (၁၅)ရက်အထိ ကောက်ကွက်ပေါင်း တစ်သိန်းကျော် လျာထားကောက်ယူလျက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၀ဝဝဝ)ကျော်ဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် ပညာရေးဝန်ထမ်းများဖြစ်သော ဆရာ၊ ဆရာမများကို အများဆုံး အသုံးပြုကောက်ယူနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပညာရေးဝန်ထမ်း(၁၀)ဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ (၃)ဦးတို့မှာ နယ်မြေခံလက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းကိုခံထားရကြောင်းသိရသည်။
ပြီးခဲ့သည့်အောက်တိုဘာ (၆)ရက်က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် ထားဝယ်မြို့နယ်မှ သန်းခေါင်စာရင်းကောက်ပြီးပြန်လာသည့် ပညာရေးဝန်ထမ်း(၆)ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးစာရေးမတစ်ဦး တို့သည် ၎င်းတို့နေအိမ် အသီးသီး၌ရှိနေစဉ် PDF အဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထို့နောက် ရက်ပိုင်းသာခြား၍ အောက်တိုဘာလ (၉) ရက်ကလည်း သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ပါဝင်မည့် ပညာရေးဝန်ထမ်း(၄)ဦး နှင့် အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင် မှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အဓိကကတော့ ရပ်ကျေးနဲ့လည်းဆိုင်တယ်။ ရပ်ကျေးကနေ လုံခြုံမှုပေးနိုင်ရင်တော့ သူတို့ဘာသာသူတို့ ဘယ်လောက်ပဲခြိမ်းခြောက်ပါစေ သွားကောက်တဲ့လူတွေကတော့ ကောက်ရဲမှာပဲ။ အဲဒီလိုဖြစ်တယ်ဆိုတာက လုံခြုံရေးအားနည်းလို့ဖြစ်တာပေါ့။ အကုန်လုံးကတော့ အဲဒီလိုဖမ်းတယ်ဆိုတဲ့အသံကြားရတယ်။ အခုလိုတွေ ကြားရတော့ ကိုယ့်မိသား စုဝင်မဟုတ်ပေမယ့် ဒါတွေကလည်း ကိုယ့်ပညာရေး မိသားစုပဲလေ။ အဲဒီတော့ သူတို့ကို လုံခြုံရေးလေး တော့ အပြည့်အဝပေးစေချင်တယ်။ အဲဒီလိုခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးတာတွမပြောနဲ့။ ကိုယ်တွေ တောင်မှ သွားတဲ့အခါမှ တချို့တွေက မဖြေချင်ဖြေချင်နဲ့ အဲဒီလိုမျိုးတွေရှိတယ်။ နောက်တစ်ခုက လမ်းခရီးအခက် အခဲတွေရှိတယ်။ အဲဒီလိုမျိုးတွေကြောင့်လည်း ဆက်မကောက်ချင်တော့တာတွေဖြစ်တယ်။ သူတို့ကတော့ ပိုဆိုးတာပေါ့။ သူတို့အလုပ်ကို ရဲရဲဝံ့ဝံ့ ဘယ်လုပ်ရဲတော့မလဲ" ဟု သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်နေ သည့် ပညာရေးဝန်ထမ်းတစ်ဦးက NP News သို့ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဒေသအချို့တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် ကျောင်းဆရာ၊ ဆရာမများတွင် လည်း လုံခြုံရေးအားနည်းချက်များနှင့်ကြုံတွေ့နေရသည့်အပေါ် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း ဒေသခံ ဆရာမတစ်ဦးက ဖွင့်ဟပြောကြားသည်။

ထိုသို့ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများကို နယ်မြေခံ PDF လက်နက်ကိုင် များက ဖမ်းဆီးနေခြင်းသည် လုံခြုံရေးအပြည့်အဝမပေးနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များဖြစ် ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးလှဌေးက ဆိုသည်။
"နယ်ဘက်တွေမှာတော့ ပြောလို့မရဘူး။ နယ်ဘက်တွေက လက်ရှိအစိုးရရဲ့အုပ်ချုပ်မှုယန္တရားနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာဆိုရင်တော့ ထပ်ပြီး ဖမ်းဆီးခံရနိုင်တာက ဖြစ်လာနိုင်လား၊ မဖြစ်လာနိုင်ဘူးလားဆိုတာကတော့ ကျွန်တော်တို့ ဘယ်လိုမှတွေးလို့မရတဲ့အခြေအနေပါ။ ဘာလို့ဆိုတော့ အစိုးရရဲ့အုပ်ချုပ်မှုယန္တရားလွတ်ကင်းနေတဲ့ အခါကျတော့ နယ်မြေလုံခြုံရေးအခြေအနေက မရှိဘူးပေါ့။ လုံခြုံရေးမရှိဘူးဆိုတဲ့အခါကျတော့ ဘာမဆိုဖြစ်နိုင် တယ်ဆိုတာကတော့ ကျွန်တော်တို့ စဉ်စားရမှာပေါ့" ဟု ဦးလှဌေးက သုံသပ်ပြောဆိုထားသည်။

အလားတူ အောက်တိုဘာ (၄) ရက်ကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်းဇန်ကျေးရွာရှိ သန်းခေါင်စာရင်း ကောက်ယူရာတွင်ပါဝင်သည့် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဆွေမျိုးတော်စပ်သူ အသက်(၆၅)နှစ်အရွယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သော ဦးကမ်းလျန်ထန်ကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့ဖူးသည်။

ထို့ပြင် အောက်တိုဘာလ(၁)ရက်ကလည်း မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်တွင်လည်း သန်းခေါင်စာရင်း ကောက်ယူရာ၌ ပါဝင်ကူညီပေးနေသည့် နန်းကြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကို စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ဖူးသည်။

အောက်တိုဘာ (၇)ရက်ကလည်း မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လယ်ပြင်ကန်ကျေးရွာအုပ်စု အိုင်ပေါက်ကုန်းကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရာတွင်ပါဝင်သူ အမျိုးသမီးတစ်ဦးကို PDF လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အထက်ပါကဲ့သို့ သန်းခေါင်စာရင်း‌ကောက် ယူရာတွင်ပါဝင်သူများကို PDF လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသကဲ့သို့ သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးပေးသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုးရှိနေကြောင်း သိရသည်။ အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ (၄)ရက်က ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသောအဖွဲ့ကို လုံခြုံ ရေးပေးထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စခန်း(၅)ခုကို PDF လက်နက်ကိုင်အဖွဲ့များက ဒရုန်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ(၈)ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နတ်လူထိပ် ပန်ရပ်ကွက်အနီး သန်းခေါင်စာရင်းကောက်ယူနေသည့်အဖွဲ့ကို PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များလည်းရှိခဲ့ကြောင်းသိရသည်။ အလားတူ အောက်တိုဘာလ(၄)ရက်ကလည်း ပဲခူးတိုင်း ဒေသကြီး ရွှေတောင်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူပြီးပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များကို PDF အဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။ လက်ရှိတွင် နစကအစိုးရ က သန်းခေါင်စာရင်းကောက်ယူမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း အချက်အလက်များကို မမှန်မကန်ဖြေကြားရန်၊ နှောင့်ယှက်ဟန့်တားရန် အပါအဝင် အဖျက်သဘောဆောင်သည့် သွေးထိုးလှုံ့ဆော်မှုများ ကိုလည်း လူမှုကွန်ရက်စာမျက်နှာတွင် တွေ့မြင်နေရသည်။

Zawgyi Version;
သန္းေခါင္စာရင္းေကာက္ယူမႈ (၁၀)ရက္ေက်ာ္အတြင္း အၾကမ္းဖက္သမားမ်ား၏ ဖမ္းဆီး၊ သတ္ျဖတ္ျခင္းခံရသူ (၁၃)ဦး ထက္မနည္း ရွိေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာလ ၁၄

သန္းေခါင္စာရင္းေကာက္ယူမႈ(၁၀)ရက္ေက်ာ္အတြင္း အၾကမ္းဖက္သမားမ်ား၏ ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းခံရ သူ(၁၃)ဦးထက္မနည္းရွိေနေၾကာင္း NP News က စုစည္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက လူဦးေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းေကာက္ယူမႈကို ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၁) ရက္မွစတင္ကာ (၁၅)ရက္အထိ ေကာက္ကြက္ေပါင္း တစ္သိန္းေက်ာ္ လ်ာထားေကာက္ယူလ်က္ရွိၿပီး စာရင္းစစ္၊ စာရင္းေကာက္ စုစုေပါင္း (၄၀ဝဝဝ)ေက်ာ္ျဖင့္ ေကာက္ယူေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သန္းေခါင္စာရင္းေကာက္ယူရာတြင္ ပညာေရးဝန္ထမ္းမ်ားျဖစ္ေသာ ဆရာ၊ ဆရာမမ်ားကို အမ်ားဆုံး အသုံးျပဳေကာက္ယူေနျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ပညာေရးဝန္ထမ္း(၁၀)ဦးႏွင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးဆိုင္ရာ တာဝန္ရွိသူ (၃)ဦးတို႔မွာ နယ္ေျမခံလက္နက္ကိုင္အဖြဲ႕မ်ား၏ ဖမ္းဆီးျခင္းကိုခံထားရေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ေအာက္တိုဘာ (၆)ရက္က တနသၤာရီတိုင္းေဒသႀကီး ေလာင္းလုံးၿမိဳ႕နယ္တြင္ ထားဝယ္ၿမိဳ႕နယ္မွ သန္းေခါင္စာရင္းေကာက္ၿပီးျပန္လာသည့္ ပညာေရးဝန္ထမ္း(၆)ဦးႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ႐ုံးစာေရးမတစ္ဦး တို႔သည္ ၎တို႔ေနအိမ္ အသီးသီး၌ရွိေနစဥ္ PDF အဖြဲ႕က လာေရာက္ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

ထို႔ေနာက္ ရက္ပိုင္းသာျခား၍ ေအာက္တိုဘာလ (၉) ရက္ကလည္း သရက္ေခ်ာင္းၿမိဳ႕နယ္တြင္ သန္းေခါင္စာရင္း ေကာက္ယူရာ၌ ပါဝင္မည့္ ပညာေရးဝန္ထမ္း(၄)ဦး ႏွင့္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ မႈထပ္မံျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"အဓိကကေတာ့ ရပ္ေက်းနဲ႔လည္းဆိုင္တယ္။ ရပ္ေက်းကေန လုံၿခဳံမႈေပးႏိုင္ရင္ေတာ့ သူတို႔ဘာသာသူတို႔ ဘယ္ေလာက္ပဲၿခိမ္းေျခာက္ပါေစ သြားေကာက္တဲ့လူေတြကေတာ့ ေကာက္ရဲမွာပဲ။ အဲဒီလိုျဖစ္တယ္ဆိုတာက လုံၿခဳံေရးအားနည္းလို႔ျဖစ္တာေပါ့။ အကုန္လုံးကေတာ့ အဲဒီလိုဖမ္းတယ္ဆိုတဲ့အသံၾကားရတယ္။ အခုလိုေတြ ၾကားရေတာ့ ကိုယ့္မိသား စုဝင္မဟုတ္ေပမယ့္ ဒါေတြကလည္း ကိုယ့္ပညာေရး မိသားစုပဲေလ။ အဲဒီေတာ့ သူတို႔ကို လုံၿခဳံေရးေလး ေတာ့ အျပည့္အဝေပးေစခ်င္တယ္။ အဲဒီလိုၿခိမ္းေျခာက္တာေတြ၊ ဖမ္းဆီးတာတြမေျပာနဲ႔။ ကိုယ္ေတြ ေတာင္မွ သြားတဲ့အခါမွ တခ်ိဳ႕ေတြက မေျဖခ်င္ေျဖခ်င္နဲ႔ အဲဒီလိုမ်ိဳးေတြရွိတယ္။ ေနာက္တစ္ခုက လမ္းခရီးအခက္ အခဲေတြရွိတယ္။ အဲဒီလိုမ်ိဳးေတြေၾကာင့္လည္း ဆက္မေကာက္ခ်င္ေတာ့တာေတြျဖစ္တယ္။ သူတို႔ကေတာ့ ပိုဆိုးတာေပါ့။ သူတို႔အလုပ္ကို ရဲရဲဝံ့ဝံ့ ဘယ္လုပ္ရဲေတာ့မလဲ" ဟု သန္းေခါင္စာရင္းေကာက္ယူရာတြင္ ပါဝင္ေန သည့္ ပညာေရးဝန္ထမ္းတစ္ဦးက NP News သို႔ေျပာသည္။

ရန္ကုန္တိုင္းအတြင္းရွိ ေဒသအခ်ိဳ႕တြင္ သန္းေခါင္စာရင္းေကာက္ယူေနသည့္ ေက်ာင္းဆရာ၊ ဆရာမမ်ားတြင္ လည္း လုံၿခဳံေရးအားနည္းခ်က္မ်ားႏွင့္ႀကဳံေတြ႕ေနရသည့္အေပၚ စိုးရိမ္ထိတ္လန႔္မႈမ်ား ရွိေနေၾကာင္း ေဒသခံ ဆရာမတစ္ဦးက ဖြင့္ဟေျပာၾကားသည္။

ထိုသို႔ သန္းေခါင္စာရင္းေကာက္ယူရာတြင္ ပါဝင္သည့္ ပညာေရးဝန္ထမ္းမ်ားကို နယ္ေျမခံ PDF လက္နက္ကိုင္ မ်ားက ဖမ္းဆီးေနျခင္းသည္ လုံၿခဳံေရးအျပည့္အဝမေပးႏိုင္ျခင္းေၾကာင့္ ျဖစ္ေပၚလာသည့္ အက်ိဳးဆက္မ်ားျဖစ္ ေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္တိုင္းေဒသႀကီး ဒုတိယဥကၠ႒ ဦးလွေဌးက ဆိုသည္။
"နယ္ဘက္ေတြမွာေတာ့ ေျပာလို႔မရဘူး။ နယ္ဘက္ေတြက လက္ရွိအစိုးရရဲ႕အုပ္ခ်ဳပ္မႈယႏၲရားနဲ႔ လြတ္ကင္းတဲ့ ေနရာေတြမွာဆိုရင္ေတာ့ ထပ္ၿပီး ဖမ္းဆီးခံရႏိုင္တာက ျဖစ္လာႏိုင္လား၊ မျဖစ္လာႏိုင္ဘူးလားဆိုတာကေတာ့ ကြၽန္ေတာ္တို႔ ဘယ္လိုမွေတြးလို႔မရတဲ့အေျခအေနပါ။ ဘာလို႔ဆိုေတာ့ အစိုးရရဲ႕အုပ္ခ်ဳပ္မႈယႏၲရားလြတ္ကင္းေနတဲ့ အခါက်ေတာ့ နယ္ေျမလုံၿခဳံေရးအေျခအေနက မရွိဘူးေပါ့။ လုံၿခဳံေရးမရွိဘူးဆိုတဲ့အခါက်ေတာ့ ဘာမဆိုျဖစ္ႏိုင္ တယ္ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ စဥ္စားရမွာေပါ့" ဟု ဦးလွေဌးက သုံသပ္ေျပာဆိုထားသည္။

အလားတူ ေအာက္တိုဘာ (၄) ရက္ကလည္း ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ လမ္းဇန္ေက်း႐ြာရွိ သန္းေခါင္စာရင္း ေကာက္ယူရာတြင္ပါဝင္သည့္ ခ်င္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ေဆြမ်ိဳးေတာ္စပ္သူ အသက္(၆၅)ႏွစ္အ႐ြယ္ ၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ျဖစ္ေသာ ဦးကမ္းလ်န္ထန္ကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြား ခဲ့ဖူးသည္။

ထို႔ျပင္ ေအာက္တိုဘာလ(၁)ရက္ကလည္း မေကြးတိုင္းေဒသႀကီး ေစတုတၱရာၿမိဳ႕နယ္တြင္လည္း သန္းေခါင္စာရင္း ေကာက္ယူရာ၌ ပါဝင္ကူညီေပးေနသည့္ နန္းၾကဴေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို ေစတုတၱရာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ) က ဖမ္းဆီးသတ္ျဖတ္ခဲ့သည့္ျဖစ္စဥ္လည္းျဖစ္ပြားခဲ့ဖူးသည္။

ေအာက္တိုဘာ (၇)ရက္ကလည္း မေကြးတိုင္းေဒသႀကီး နတ္ေမာက္ၿမိဳ႕နယ္ လယ္ျပင္ကန္ေက်း႐ြာအုပ္စု အိုင္ေပါက္ကုန္းေက်း႐ြာတြင္ သန္းေခါင္စာရင္းေကာက္ယူရာတြင္ပါဝင္သူ အမ်ိဳးသမီးတစ္ဦးကို PDF လက္နက္ကိုင္အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

အထက္ပါကဲ့သို႔ သန္းေခါင္စာရင္း‌ေကာက္ ယူရာတြင္ပါဝင္သူမ်ားကို PDF လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းမ်ား လုပ္ေဆာင္ေနသကဲ့သို႔ သန္းေခါင္စာရင္းေကာက္ယူရာတြင္ လုံၿခဳံေရးေပးသည့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားကိုလည္း ပစ္မွတ္ထားတိုက္ခိုက္ျခင္းမ်ိဳးရွိေနေၾကာင္း သိရသည္။ အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၄)ရက္က ပုေလာၿမိဳ႕နယ္တြင္ သန္းေခါင္စာရင္းေကာက္ယူေနေသာအဖြဲ႕ကို လုံၿခဳံ ေရးေပးထားေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ စခန္း(၅)ခုကို PDF လက္နက္ကိုင္အဖြဲ႕မ်ားက ဒ႐ုန္းျဖင့္ ဗုံးပစ္ခ် တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေအာက္တိုဘာလ(၈)ရက္ကလည္း စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕ နတ္လူထိပ္ ပန္ရပ္ကြက္အနီး သန္းေခါင္စာရင္းေကာက္ယူေနသည့္အဖြဲ႕ကို PDF အဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ ရဲတပ္ဖြဲ႕ဝင္(၂)ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ မ်ားလည္းရွိခဲ့ေၾကာင္းသိရသည္။ အလားတူ ေအာက္တိုဘာလ(၄)ရက္ကလည္း ပဲခူးတိုင္း ေဒသႀကီး ေ႐ႊေတာင္ၿမိဳ႕နယ္တြင္ သန္းေခါင္စာရင္းေကာက္ယူၿပီးျပန္လာသည့္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ လုံၿခဳံေရးတပ္ ဖြဲ႕ဝင္မ်ားကို PDF အဖြဲ႕က မိုင္းေထာင္တိုက္ခိုက္ခဲ့သည့္ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ဖူးသည္။ လက္ရွိတြင္ နစကအစိုးရ က သန္းေခါင္စာရင္းေကာက္ယူမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေသာ္လည္း အခ်က္အလက္မ်ားကို မမွန္မကန္ေျဖၾကားရန္၊ ေႏွာင့္ယွက္ဟန႔္တားရန္ အပါအဝင္ အဖ်က္သေဘာေဆာင္သည့္ ေသြးထိုးလႈံ႕ေဆာ္မႈမ်ား ကိုလည္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေတြ႕ျမင္ေနရသည္။

Related news

© 2021. All rights reserved.