‘‘ မင်းသားဒွေး ကြောင့် ပြန်လည်ဆုံစည်းကြသူနှစ်ဦး နှင့် အလှမယ်ပွဲ ဂယက် ’’

 8646

EP (NP News) - အောက်တိုဘာ ၁၄

“The Statesman Myanmar” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်း တွေကို ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကနေ “မင်းသားဒွေးကြောင့် ပြန်ဆုံကြသူနှစ်ဦး၊ ကြော်ငြာရိုက်ကူးပုံရိပ် တွေနဲ့ မိသားစုလိုက် ပရိသတ်ရှေ့ထွက်လာတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင် မိသားစု၊ Miss Grand International ပြိုင်ပွဲ ဂယက်၊ သီရိရှင်းသန့်တို့ဇနီးမောင်နှံရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်” အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေး ပါမယ်။

ဒွေးကိုအကြောင်းပြုပြီး (၁၄)နှစ်ကြာမှ ပြန်ဆုံကြသူနှစ်ဦး
အကယ်ဒမီဖိုးကျော်နဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်းတို့က ရေဘေးအလှူအကြောင်းပြုပြီး (၁၄) နှစ်ခန့်ကြာမှ ပြန်လည် တွေ့ဆုံခဲ့ကြပါတယ်။
သူတို့နှစ်ဦးစလုံးက ကွယ်လွန်သူ မင်းသားဒွေးရဲ့ တပည့်ညီအစ်ကိုတွေဖြစ်ကြပေမယ့် ဒွေးကွယ်လွန်ပြီးနောက် မှာ ဖုန်းဆက်တာ၊ တွေ့ဆုံတာ၊ စကားပြောဆိုတာ၊ အနုပညာလုပ်ငန်းတွေ အတူလုပ်ကိုင်တာမျိုး လုံးဝမရှိခဲ့ဘူးလို့ သိရပါ တယ်။
ဒါပေမဲ့ သူတို့နှစ်ဦးက (၁၄) နှစ်ခန့် အဆက်အဆံမရှိနေခဲ့ကြရာကနေ ရေဘေးအလှူကိစ္စတွေကြောင့် ပြန်လည် ဆက်သွယ်ခဲ့ကြခြင်းမျိုးဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာပထမအပတ်မှာ ဇွဲနိုင်ဝင်းက မင်းသားဒွေးဝတ်ဆင်ခဲ့တဲ့အင်္ကျီကို လေလံတင်ရောင်းချပြီး ရရှိလာ တဲ့ လေလံအောင်ငွေကို ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းကူညီမှုလုပ်ဆောင်ခဲ့ပါတယ်။ လေလံတင်ရာမှ ရရှိငွေ ခြောက်ဆယ့် ခုနစ်သိန်းကျပ်နဲ့ အလှူရှင်တချို့မှ ပေးအပ်လှူဒါန်းတဲ့ငွေတွေကို ရေဘေးသင့်ပြည်သူတွေ အတွက် လှူဒါန်းပေးခဲ့ပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။
အလားတူ အကယ်ဒမီဖိုးကျော်ကလည်း ရေဘေးသင့်ပြည်သူတွေအတွက်ရည်ရွယ်တဲ့ရန်ပုံငွေပွဲမှာ အသံဒါနပါ ဝင်ခဲ့ပါတယ်။ ဖိုးကျော်က အဆိုပါပွဲမှာ ဇွဲနိုင်ဝင်းကိုလည်း ပါဝင်စေဖို့ဆန္ဒရှိခဲ့တာကြောင့် ၎င်းကိုယ်တိုင် ဆက်သွယ်ဖိတ်ခေါ်ခဲ့ပြီး နှစ်ဦးသား ရေဘေးရန်ပုံငွေအတွက် အသံဒါန ကုသိုလ်ပြုခဲ့ကြပါတယ်။ ဖိုးကျော်နဲ့ ဇွဲနိုင်ဝင်းတို့ ပြန်လည်တွေ့ဆုံမှုက ဒွေးကွယ်လွန်ပြီးနောက် ပထမဆုံးအကြိမ်ပြန်လည်တွေ့ခြင်းမျိုးဖြစ်တယ်လို့ ဆိုကြပါတယ်။ ‘ကျွန်တော်တို့ နှစ်ယောက် ဒီနေ့ဆုံပြီဗျာ။ ရေးဘေးအတွက် စမ်းချောင်း BAR4U ရှေ့မှာ အသံဒါန ကုသိုလ်ပါဗျ’ လို့ ဇွဲနိုင်ဝင်းက ဖော်ပြခဲ့ပါတယ်။
ပရိသတ်တွေက ၎င်းတို့နှစ်ဦး (၁၄) နှစ်ကြာအောင် အဆက်အသွယ်ပြတ်တောက်သွား ရတဲ့အကြောင်း အရင်းကို သိချင်နေကြပေမယ့် နှစ်ဖက်စလုံးကတော့ မည်သည့်ပြဿနာတစ်စုံတစ်ရာမှ မရှိထားကြောင်းနဲ့ ဒွေးရဲ့ လက်ထွက် တပည့်တွေက အရေးနီးရင် သွေးစည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။

ကြော်ငြာရိုက်ကူးတဲ့ပုံရိပ်တွေနဲ့ မိသားစုလိုက် ပရိသတ်ရှေ့ထွက်လာတဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့မိသားစု

ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က မိသားစုလိုက်ကြော်ငြာရိုက်ကူးမှုပြုလုပ်ခဲ့ပြီး မိသားစု ပုံရိပ်တွေကို ဖော်ပြလာပါတယ်။ မိသားစုခရီးသွား အလှဓာတ်ပုံမျိုးမဟုတ်ခဲ့ဘဲ ကြော်ငြာပုံရိပ်တွေဖြစ်ခဲ့ တာကြောင့် တစ်မိသားစုလုံး အနုပညာအလုပ်တွေကိုပြန်လည်စတင်ဖို့ ခြေလှမ်းစလိုက်ပြီလားလို့ တွေးထင် စရာဖြစ်လာပါတယ်။
အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံဟာ သားသမီးတွေ အသက်ငယ်ရွယ်စဉ်ကတည်းက ကလေးတွေရဲ့ပုံကို မီဒီယာတွေ၊ ပေ့ချ်တွေမှာ ကူးယူအသုံးပြုခွင့်မပေးခဲ့ဘဲ ကလေးနှစ်ဦးနဲ့ပတ်သက်ရင် ဆိုရှယ်ပလက်ဖောင်းကို ထိန်းသိမ်းကြပ်မတ်အသုံးပြုခဲ့သူတွေဖြစ်ပါတယ်။ မိသားစုလိုက်ကြော်ငြာရိုက်ကူးမှုဆိုတာ လက်ချိုးရေတွက်လို့ ရတဲ့အထိကို ကလေးတွေကို အနုပညာလုပ်ငန်းတွေရဲ့အဝေးမှာ ထားခဲ့သူတွေဖြစ်ပါတယ်။
အနုပညာအသိုင်းအဝိုင်းကတစ်ဆင့်ကြားသိရသလောက် အိန္ဒြာကျော်ဇင်ရဲ့ဖေ့စ်ဘွတ်ခ် Myday မှာ ကြော်ငြာပို့စ်တစ်ခုကို (၂၄)နာရီတင်ပေးရုံနဲ့ သိန်း(၆၀ဝ)ကျော် ရရှိတယ်ဆိုတဲ့သတင်းစကားတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ၎င်းတို့ မိသားစုဝင်(၄)ဦး ပါဝင်ခဲ့တဲ့ကြော်ငြာရိုက်ကူးမှုက အနုပညာကြေး ဘယ်လောက်တောင်ရရှိ မလဲဆိုတာ သိချင်လျက်ရှိကြပါတယ်။ ၎င်းတို့ရဲ့ပရိသတ်တွေက ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ပြေသုဒြာနဲ့ ပြေဓိရတို့ကို ချစ်ခင်အားပေးကြောင်း ဆိုထားကြပါတယ်။ တခြား တစ်ဖက်မှာတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့တိုက်တွန်းမှုကြောင့် CDM လုပ်ရင်း ဘဝအခြေပျက်ရုံမက မိသားစုဘဝပါ ဆုံးရှုံးခဲ့ရသူတွေက တစ်ဖန် ၎င်းတို့မိသားစုကြော်ငြာပို့စ်တွေကို အားပေးနေ ရပြန်ပါတယ်။

MGI အဖွဲ့အစည်းအနေနဲ့ “Miss Grand International 2024” ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ တာဝန် ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်တာဝန်မကျေပွန်တာကြောင့်လို့ဆိုကာ (၂၄) နာရီအတွင်း ပွဲကျင်းပမယ့်နိုင်ငံကို အပြောင်းအလဲလုပ်ဆောင်ခဲ့ရုံမက Cambodia Organization ကို MGI Group ထဲကထုတ်ပယ်ကြောင်း ကြေညာခဲ့ပါ တယ်။ Beauty Pageant လောကသားတွေက Cambodia Organization ကို ပြစ်တင်ရှုတ်ချလျက်ရှိပါတယ်။ အဲဒီဖြစ်စဉ်တွေက အောက်တိုဘာလ (၆) ရက်ညကစတင်ခဲ့ခြင်းဖြစ်ရာ ပြိုင်ပွဲဝင် နိုင်ငံတကာအလှမယ်တွေနဲ့အတူ ညစာစားပွဲကျင်းပမယ့် အခင်အကျင်းကို အိမ်ရှင်နိုင်ငံ Cambodia Orga­n­ization ဘက်က နေရာထိုင်ခင်း၊ အစား အသောက်တွေကို ပြီးစလွယ်ပြင်ဆင်ခဲ့ရုံမက MGI ပဲ့ကိုင်ရှင်အပေါ် ရိုင်းစိုင်း ခြိမ်း‌ခြောက်ပြောဆိုတာတွေ လုပ်ဆောင်ခဲ့
ကြောင်း ကနဦး သတင်းတွေထွက်လာခဲ့တာပါ။ အဲဒီနောက် အရေးပေါ်အစည်းအဝေးလုပ်ဆောင်ချိန်မှာလည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နေတဲ့ အသက် (၁၇) နှစ်အရွယ် အလှမယ်သဲစုညိမ်းက ပွဲစဉ်တိုင်း လိုလို ရလဒ်ကောင်းများစွာရရှိနေပြီး နိုင်ငံတကာမီဒီယာတွေကြားမှာ အလေးပေးဖော်ပြတာကိုခံနေရပါတယ်။ ဒါကြောင့်လည်း ဘက်ပေါင်းစုံက အတိုက်အခိုက်ပြောဆိုမှုပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။
Miss Grand International အဖွဲ့အစည်းတည်ထောင်သူ Nawat Itsaragrisil က “ဒီနှစ်မှာ မြန်မာက အသက်အငယ်ဆုံးလေးဖြစ်တယ်။ အသက် (၁၈) နှစ်နဲ့ စကားတွေကို အများကြီးပြောနိုင်တယ်။ မသိရင် အသက် (၂၈) နှစ်အရွယ်အတိုင်းပါပဲ။ သူရဲ့စကားအပြောအဆိုက အသက် (၂၈) အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ တွေးခေါ်မှုအတိုင်း ဖြစ်နေတယ်။ အင်္ဂလိပ်ဘာသာစကားကိုလည်း ကျွမ်းကျင်နေရောပဲ။ အရမ်းတော်၊ အရမ်းလှနေပါတယ်။ ကြည့်လိုက်ရင် ပြည့်စုံနေပေမယ့် ပိုပြီးတော့ ပြည့်စုံစေချင်ပါတယ်။ မျက်နှာအမူအရာမှာကတော့ ချေတဲ့နေရာမှာချေတာထက် စိုးရိမ်နေတဲ့ပုံစံမျိုး ပေါ်လွင်နေတယ်။ လက်အမူအရာတွေက ရှုပ်ထွေးနေတယ်။ ဒါပေမဲ့လည်း တကယ်ကိုတော်ပြီး ထက်မြက်တဲ့ ကလေးမလေးတစ်ယောက်ပါပဲ။ သူအတော်လေး ကြိုးစား ထားတာကို တွေ့ရပါတယ်” လို့ အင်တာဗျူးမှ တစ်ဆင့်မှတ်ချက်ရရှိထားတာပါ။ မြန်မာကိုယ်စားပြုအလှမယ် သဲစုညိမ်းက Final Night မှာ Top 3 ထိတက်လှမ်းပြီး Winner ဆုအတွက် လက်ချင်းချိတ်နိုင်တဲ့အထိ ရောက်ရှိနိုင်လိမ့်မယ်လို့ ကြိုတင်ခန့်မှန်းနေကြကာ Miss Grand International Winner ဆုကို မြန်မာနိုင်ငံက ရရှိဖို့ မြန်မာနိုင်ငံသားတွေမျှော်လင့်လျက်ရှိကြပါတယ်။

သီရိရှင်းသန့်တို့ဇနီးမောင်နှံရဲ့ ရင်ကွဲဖွယ်ဖြစ်ရပ်

ရုပ်ရှင်သရုပ်ဆောင် သီရိရှင်းသန့်တို့ဇနီးမောင်နှံက လက်ရှိမှာ ဒုတိယမြောက်ရင်သွေး ဆုံးရှုံးလိုက်ရတာကြောင့် ရင်ကွဲမတတ်ခံစားနေကြရပါတယ်။
ဒုတိယမြောက်ရင်သွေးကိုမွေးဖွားပြီး (၆) ရက်အကြာမှာပဲ ကလေးက ကွယ်လွန်သွားကြောင်း လူမှုကွန်ရက်ပလက်ဖောင်းကတစ်ဆင့် ပရိသတ်တွေထံ အသိပေးခဲ့ပါ
တယ်။ ၎င်းတို့အနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တာကြောင့် ခရစ်တော်မှာ အပြီးတိုင်အိပ်ပျော်သွားပြီဖြစ်တဲ့ (၆) ရက်သားကလေးကို နောက်ဆုံးနှုတ်ဆက်ခဲ့ကြပြီး
တရားတော်အမိန့်ခံယူခဲ့ကြပါတယ်။
သီရိရှင်းသန့်တို့ဇနီးမောင်နှံရဲ့ပထမရင်သွေးက သားလေးဖြစ်ပြီး ဒုတိယရင်သွေး ထပ်မံရရှိလာချိန်မှာလည်း ဝမ်းသာကြိုဆိုခဲ့ကြပါတယ်။ ကလေးမမွေးဖွားခင်ရက်ပိုင်းအလိုမှာ တင်ခဲ့တဲ့ပို့စ်အရ ‘ဒုတိယမြောက် သားရင်သွေးလေး ကိုတွေ့ရဖို့ ရင်ခုန်နေပြီဖြစ်ကြောင်း၊ ကလေးကလည်း ကျန်းမာစွာရှိကြောင်း’ ဆိုခဲ့တာပါ။
မွေးဖွားပြီး (၆) ရက်အကြာမှာ သားလေး ရုတ်တရက်ကွယ်လွန်သွားခဲ့ရတဲ့ ကျန်းမာရေးအခြေအနေကို ထုတ်ဖော်အသိပေးခြင်းမရှိသေးပေမယ့် ဒီအချိန်ဟာ မိဘနှစ်ပါးကိုယ်တိုင်က ရင်ကွဲခံစားနေကြရမယ်ဆိုတာ အသေ ချာပါ။ လူ့လောကမှာ (၆) ရက်သာ အသက်ရှင်ခွင့်ရခဲ့တဲ့ သားလေးအတွက် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းစကားတွေဆိုထားကြကာ ကျန်ရစ်သူမိဘနှစ်ပါးအတွက်လည်း အားတင်းထားဖို့ ဆုတောင်းပေးထားကြပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ရပ်နားခွင့်ပြုပါ။

Zawgyi Version;
‘‘ မင္းသားေဒြး ေၾကာင့္ ျပန္လည္ဆုံစည္းၾကသူႏွစ္ဦး ႏွင့္ အလွမယ္ပြဲ ဂယက္ ’’

“The Statesman Myanmar” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္း ေတြကို ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကေန “မင္းသားေဒြးေၾကာင့္ ျပန္ဆုံၾကသူႏွစ္ဦး၊ ေၾကာ္ျငာ႐ိုက္ကူးပုံရိပ္ ေတြနဲ႔ မိသားစုလိုက္ ပရိသတ္ေရွ႕ထြက္လာတဲ့ ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္ မိသားစု၊ Miss Grand International ၿပိဳင္ပြဲ ဂယက္၊ သီရိရွင္းသန႔္တို႔ဇနီးေမာင္ႏွံရဲ႕ ရင္နင့္ဖြယ္ျဖစ္ရပ္” အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပး ပါမယ္။

ေဒြးကိုအေၾကာင္းျပဳၿပီး (၁၄)ႏွစ္ၾကာမွ ျပန္ဆုံၾကသူႏွစ္ဦး
အကယ္ဒမီဖိုးေက်ာ္နဲ႔ သ႐ုပ္ေဆာင္ ဇြဲႏိုင္ဝင္းတို႔က ေရေဘးအလႉအေၾကာင္းျပဳၿပီး (၁၄) ႏွစ္ခန႔္ၾကာမွ ျပန္လည္ ေတြ႕ဆုံခဲ့ၾကပါတယ္။
သူတို႔ႏွစ္ဦးစလုံးက ကြယ္လြန္သူ မင္းသားေဒြးရဲ႕ တပည့္ညီအစ္ကိုေတြျဖစ္ၾကေပမယ့္ ေဒြးကြယ္လြန္ၿပီးေနာက္ မွာ ဖုန္းဆက္တာ၊ ေတြ႕ဆုံတာ၊ စကားေျပာဆိုတာ၊ အႏုပညာလုပ္ငန္းေတြ အတူလုပ္ကိုင္တာမ်ိဳး လုံးဝမရွိခဲ့ဘူးလို႔ သိရပါ တယ္။
ဒါေပမဲ့ သူတို႔ႏွစ္ဦးက (၁၄) ႏွစ္ခန႔္ အဆက္အဆံမရွိေနခဲ့ၾကရာကေန ေရေဘးအလႉကိစၥေတြေၾကာင့္ ျပန္လည္ ဆက္သြယ္ခဲ့ၾကျခင္းမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။
စက္တင္ဘာပထမအပတ္မွာ ဇြဲႏိုင္ဝင္းက မင္းသားေဒြးဝတ္ဆင္ခဲ့တဲ့အက်ႌကို ေလလံတင္ေရာင္းခ်ၿပီး ရရွိလာ တဲ့ ေလလံေအာင္ေငြကို ေရေဘးသင့္ျပည္သူေတြအတြက္ လႉဒါန္းကူညီမႈလုပ္ေဆာင္ခဲ့ပါတယ္။ ေလလံတင္ရာမွ ရရွိေငြ ေျခာက္ဆယ့္ ခုနစ္သိန္းက်ပ္နဲ႔ အလႉရွင္တခ်ိဳ႕မွ ေပးအပ္လႉဒါန္းတဲ့ေငြေတြကို ေရေဘးသင့္ျပည္သူေတြ အတြက္ လႉဒါန္းေပးခဲ့ၿပီးျဖစ္တယ္လို႔ အသိေပးထားပါတယ္။
အလားတူ အကယ္ဒမီဖိုးေက်ာ္ကလည္း ေရေဘးသင့္ျပည္သူေတြအတြက္ရည္႐ြယ္တဲ့ရန္ပုံေငြပြဲမွာ အသံဒါနပါ ဝင္ခဲ့ပါတယ္။ ဖိုးေက်ာ္က အဆိုပါပြဲမွာ ဇြဲႏိုင္ဝင္းကိုလည္း ပါဝင္ေစဖို႔ဆႏၵရွိခဲ့တာေၾကာင့္ ၎ကိုယ္တိုင္ ဆက္သြယ္ဖိတ္ေခၚခဲ့ၿပီး ႏွစ္ဦးသား ေရေဘးရန္ပုံေငြအတြက္ အသံဒါန ကုသိုလ္ျပဳခဲ့ၾကပါတယ္။ ဖိုးေက်ာ္နဲ႔ ဇြဲႏိုင္ဝင္းတို႔ ျပန္လည္ေတြ႕ဆုံမႈက ေဒြးကြယ္လြန္ၿပီးေနာက္ ပထမဆုံးအႀကိမ္ျပန္လည္ေတြ႕ျခင္းမ်ိဳးျဖစ္တယ္လို႔ ဆိုၾကပါတယ္။ ‘ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ဒီေန႔ဆုံၿပီဗ်ာ။ ေရးေဘးအတြက္ စမ္းေခ်ာင္း BAR4U ေရွ႕မွာ အသံဒါန ကုသိုလ္ပါဗ်’ လို႔ ဇြဲႏိုင္ဝင္းက ေဖာ္ျပခဲ့ပါတယ္။
ပရိသတ္ေတြက ၎တို႔ႏွစ္ဦး (၁၄) ႏွစ္ၾကာေအာင္ အဆက္အသြယ္ျပတ္ေတာက္သြား ရတဲ့အေၾကာင္း အရင္းကို သိခ်င္ေနၾကေပမယ့္ ႏွစ္ဖက္စလုံးကေတာ့ မည္သည့္ျပႆနာတစ္စုံတစ္ရာမွ မရွိထားေၾကာင္းနဲ႔ ေဒြးရဲ႕ လက္ထြက္ တပည့္ေတြက အေရးနီးရင္ ေသြးစည္းေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။

ေၾကာ္ျငာ႐ိုက္ကူးတဲ့ပုံရိပ္ေတြနဲ႔ မိသားစုလိုက္ ပရိသတ္ေရွ႕ထြက္လာတဲ့ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္တို႔မိသားစု
ထပ္ဆင့္အကယ္ဒမီ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔က မိသားစုလိုက္ေၾကာ္ျငာ႐ိုက္ကူးမႈျပဳလုပ္ခဲ့ၿပီး မိသားစု ပုံရိပ္ေတြကို ေဖာ္ျပလာပါတယ္။ မိသားစုခရီးသြား အလွဓာတ္ပုံမ်ိဳးမဟုတ္ခဲ့ဘဲ ေၾကာ္ျငာပုံရိပ္ေတြျဖစ္ခဲ့ တာေၾကာင့္ တစ္မိသားစုလုံး အႏုပညာအလုပ္ေတြကိုျပန္လည္စတင္ဖို႔ ေျခလွမ္းစလိုက္ၿပီလားလို႔ ေတြးထင္ စရာျဖစ္လာပါတယ္။
အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံဟာ သားသမီးေတြ အသက္ငယ္႐ြယ္စဥ္ကတည္းက ကေလးေတြရဲ႕ပုံကို မီဒီယာေတြ၊ ေပ့ခ်္ေတြမွာ ကူးယူအသုံးျပဳခြင့္မေပးခဲ့ဘဲ ကေလးႏွစ္ဦးနဲ႔ပတ္သက္ရင္ ဆိုရွယ္ပလက္ေဖာင္းကို ထိန္းသိမ္းၾကပ္မတ္အသုံးျပဳခဲ့သူေတြျဖစ္ပါတယ္။ မိသားစုလိုက္ေၾကာ္ျငာ႐ိုက္ကူးမႈဆိုတာ လက္ခ်ိဳးေရတြက္လို႔ ရတဲ့အထိကို ကေလးေတြကို အႏုပညာလုပ္ငန္းေတြရဲ႕အေဝးမွာ ထားခဲ့သူေတြျဖစ္ပါတယ္။
အႏုပညာအသိုင္းအဝိုင္းကတစ္ဆင့္ၾကားသိရသေလာက္ အိျႏၵာေက်ာ္ဇင္ရဲ႕ေဖ့စ္ဘြတ္ခ္ Myday မွာ ေၾကာ္ျငာပို႔စ္တစ္ခုကို (၂၄)နာရီတင္ေပး႐ုံနဲ႔ သိန္း(၆၀ဝ)ေက်ာ္ ရရွိတယ္ဆိုတဲ့သတင္းစကားေတြ ရွိခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ၎တို႔ မိသားစုဝင္(၄)ဦး ပါဝင္ခဲ့တဲ့ေၾကာ္ျငာ႐ိုက္ကူးမႈက အႏုပညာေၾကး ဘယ္ေလာက္ေတာင္ရရွိ မလဲဆိုတာ သိခ်င္လ်က္ရွိၾကပါတယ္။ ၎တို႔ရဲ႕ပရိသတ္ေတြက ထပ္ဆင့္အကယ္ဒမီ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ တို႔ရဲ႕ မ်ိဳးဆက္သစ္ျဖစ္တဲ့ ေျပသုျဒာနဲ႔ ေျပဓိရတို႔ကို ခ်စ္ခင္အားေပးေၾကာင္း ဆိုထားၾကပါတယ္။ တျခား တစ္ဖက္မွာေတာ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံရဲ႕တိုက္တြန္းမႈေၾကာင့္ CDM လုပ္ရင္း ဘဝအေျခပ်က္႐ုံမက မိသားစုဘဝပါ ဆုံးရႈံးခဲ့ရသူေတြက တစ္ဖန္ ၎တို႔မိသားစုေၾကာ္ျငာပို႔စ္ေတြကို အားေပးေန ရျပန္ပါတယ္။

Miss Grand International ၿပိဳင္ပြဲဂယက္
MGI အဖြဲ႕အစည္းအေနနဲ႔ “Miss Grand International 2024” ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္လက္ခံက်င္းပဖို႔ တာဝန္ ယူထားတဲ့ ကေမာၻဒီးယားႏိုင္ငံက အိမ္ရွင္တာဝန္မေက်ပြန္တာေၾကာင့္လို႔ဆိုကာ (၂၄) နာရီအတြင္း ပြဲက်င္းပမယ့္ႏိုင္ငံကို အေျပာင္းအလဲလုပ္ေဆာင္ခဲ့႐ုံမက Cambodia Organization ကို MGI Group ထဲကထုတ္ပယ္ေၾကာင္း ေၾကညာခဲ့ပါ တယ္။ Beauty Pageant ေလာကသားေတြက Cambodia Organization ကို ျပစ္တင္ရႈတ္ခ်လ်က္ရွိပါတယ္။ အဲဒီျဖစ္စဥ္ေတြက ေအာက္တိုဘာလ (၆) ရက္ညကစတင္ခဲ့ျခင္းျဖစ္ရာ ၿပိဳင္ပြဲဝင္ ႏိုင္ငံတကာအလွမယ္ေတြနဲ႔အတူ ညစာစားပြဲက်င္းပမယ့္ အခင္အက်င္းကို အိမ္ရွင္ႏိုင္ငံ Cambodia Orga­n­ization ဘက္က ေနရာထိုင္ခင္း၊ အစား အေသာက္ေတြကို ၿပီးစလြယ္ျပင္ဆင္ခဲ့႐ုံမက MGI ပဲ့ကိုင္ရွင္အေပၚ ႐ိုင္းစိုင္း ၿခိမ္း‌ေျခာက္ေျပာဆိုတာေတြ လုပ္ေဆာင္ခဲ့
ေၾကာင္း ကနဦး သတင္းေတြထြက္လာခဲ့တာပါ။ အဲဒီေနာက္ အေရးေပၚအစည္းအေဝးလုပ္ေဆာင္ခ်ိန္မွာလည္း ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈေတြျဖစ္ေပၚခဲ့ေၾကာင္း ၾကားသိရပါတယ္။
ျမန္မာႏိုင္ငံကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ေနတဲ့ အသက္ (၁၇) ႏွစ္အ႐ြယ္ အလွမယ္သဲစုညိမ္းက ပြဲစဥ္တိုင္း လိုလို ရလဒ္ေကာင္းမ်ားစြာရရွိေနၿပီး ႏိုင္ငံတကာမီဒီယာေတြၾကားမွာ အေလးေပးေဖာ္ျပတာကိုခံေနရပါတယ္။ ဒါေၾကာင့္လည္း ဘက္ေပါင္းစုံက အတိုက္အခိုက္ေျပာဆိုမႈေပါင္းစုံနဲ႔ ရင္ဆိုင္ေနရပါတယ္။
Miss Grand International အဖြဲ႕အစည္းတည္ေထာင္သူ Nawat Itsaragrisil က “ဒီႏွစ္မွာ ျမန္မာက အသက္အငယ္ဆုံးေလးျဖစ္တယ္။ အသက္ (၁၈) ႏွစ္နဲ႔ စကားေတြကို အမ်ားႀကီးေျပာႏိုင္တယ္။ မသိရင္ အသက္ (၂၈) ႏွစ္အ႐ြယ္အတိုင္းပါပဲ။ သူရဲ႕စကားအေျပာအဆိုက အသက္ (၂၈) အ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ေတြးေခၚမႈအတိုင္း ျဖစ္ေနတယ္။ အဂၤလိပ္ဘာသာစကားကိုလည္း ကြၽမ္းက်င္ေနေရာပဲ။ အရမ္းေတာ္၊ အရမ္းလွေနပါတယ္။ ၾကည့္လိုက္ရင္ ျပည့္စုံေနေပမယ့္ ပိုၿပီးေတာ့ ျပည့္စုံေစခ်င္ပါတယ္။ မ်က္ႏွာအမူအရာမွာကေတာ့ ေခ်တဲ့ေနရာမွာေခ်တာထက္ စိုးရိမ္ေနတဲ့ပုံစံမ်ိဳး ေပၚလြင္ေနတယ္။ လက္အမူအရာေတြက ရႈပ္ေထြးေနတယ္။ ဒါေပမဲ့လည္း တကယ္ကိုေတာ္ၿပီး ထက္ျမက္တဲ့ ကေလးမေလးတစ္ေယာက္ပါပဲ။ သူအေတာ္ေလး ႀကိဳးစား ထားတာကို ေတြ႕ရပါတယ္” လို႔ အင္တာဗ်ဴးမွ တစ္ဆင့္မွတ္ခ်က္ရရွိထားတာပါ။ ျမန္မာကိုယ္စားျပဳအလွမယ္ သဲစုညိမ္းက Final Night မွာ Top 3 ထိတက္လွမ္းၿပီး Winner ဆုအတြက္ လက္ခ်င္းခ်ိတ္ႏိုင္တဲ့အထိ ေရာက္ရွိႏိုင္လိမ့္မယ္လို႔ ႀကိဳတင္ခန႔္မွန္းေနၾကကာ Miss Grand International Winner ဆုကို ျမန္မာႏိုင္ငံက ရရွိဖို႔ ျမန္မာႏိုင္ငံသားေတြေမွ်ာ္လင့္လ်က္ရွိၾကပါတယ္။

သီရိရွင္းသန႔္တို႔ဇနီးေမာင္ႏွံရဲ႕ ရင္ကြဲဖြယ္ျဖစ္ရပ္

႐ုပ္ရွင္သ႐ုပ္ေဆာင္ သီရိရွင္းသန႔္တို႔ဇနီးေမာင္ႏွံက လက္ရွိမွာ ဒုတိယေျမာက္ရင္ေသြး ဆုံးရႈံးလိုက္ရတာေၾကာင့္ ရင္ကြဲမတတ္ခံစားေနၾကရပါတယ္။
ဒုတိယေျမာက္ရင္ေသြးကိုေမြးဖြားၿပီး (၆) ရက္အၾကာမွာပဲ ကေလးက ကြယ္လြန္သြားေၾကာင္း လူမႈကြန္ရက္ပလက္ေဖာင္းကတစ္ဆင့္ ပရိသတ္ေတြထံ အသိေပးခဲ့ပါ
တယ္။ ၎တို႔အေနနဲ႔ ခရစ္ယာန္ဘာသာဝင္ေတြျဖစ္တာေၾကာင့္ ခရစ္ေတာ္မွာ အၿပီးတိုင္အိပ္ေပ်ာ္သြားၿပီျဖစ္တဲ့ (၆) ရက္သားကေလးကို ေနာက္ဆုံးႏႈတ္ဆက္ခဲ့ၾကၿပီး
တရားေတာ္အမိန႔္ခံယူခဲ့ၾကပါတယ္။
သီရိရွင္းသန႔္တို႔ဇနီးေမာင္ႏွံရဲ႕ပထမရင္ေသြးက သားေလးျဖစ္ၿပီး ဒုတိယရင္ေသြး ထပ္မံရရွိလာခ်ိန္မွာလည္း ဝမ္းသာႀကိဳဆိုခဲ့ၾကပါတယ္။ ကေလးမေမြးဖြားခင္ရက္ပိုင္းအလိုမွာ တင္ခဲ့တဲ့ပို႔စ္အရ ‘ဒုတိယေျမာက္ သားရင္ေသြးေလး ကိုေတြ႕ရဖို႔ ရင္ခုန္ေနၿပီျဖစ္ေၾကာင္း၊ ကေလးကလည္း က်န္းမာစြာရွိေၾကာင္း’ ဆိုခဲ့တာပါ။
ေမြးဖြားၿပီး (၆) ရက္အၾကာမွာ သားေလး ႐ုတ္တရက္ကြယ္လြန္သြားခဲ့ရတဲ့ က်န္းမာေရးအေျခအေနကို ထုတ္ေဖာ္အသိေပးျခင္းမရွိေသးေပမယ့္ ဒီအခ်ိန္ဟာ မိဘႏွစ္ပါးကိုယ္တိုင္က ရင္ကြဲခံစားေနၾကရမယ္ဆိုတာ အေသ ခ်ာပါ။ လူ႔ေလာကမွာ (၆) ရက္သာ အသက္ရွင္ခြင့္ရခဲ့တဲ့ သားေလးအတြက္ ေကာင္းရာသုဂတိလားပါေစေၾကာင္း ဆုေတာင္းစကားေတြဆိုထားၾကကာ က်န္ရစ္သူမိဘႏွစ္ပါးအတြက္လည္း အားတင္းထားဖို႔ ဆုေတာင္းေပးထားၾကပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.