အမေရိကန်အရုပ်ကုမ္ပဏီ Mattel က ၄င်းရဲ့ပထမဆုံး ဒီဝါလီဘာဘီရုပ် ဖန်တီးထုတ်လုပ်

 125

ရောင်နီ (NP News) - အောက်တိုဘာ ၁၅

အမေရိကန်အရုပ်ကုမ္ပဏီ Mattel ဟာ ၄င်းရဲ့ပထမဆုံး ဒီဝါလီ ဘာဘီရုပ်ကို စင်ကာပူမှာ အောက်တိုဘာ ၃၁ ရက် ကျရောက်မယ့် The Festival of Lights လို့ခေါ်တဲ့ Deepavali အတွက် အချိန်မီ ထုတ်လုပ်ခဲ့ပါတယ်။

ကုမ္ပဏီရဲ့နောက်ဆုံးပေါ် အရုပ်ဖြစ်တဲ့ ဒီဝါလီဘာဘီရုပ်ဟာ ကျေးလက်ဒေသ အမျိုးသမီး လက်မှုပညာသမားတွေ ကို မြှင့်တင်ဖို့နဲ့ အိန္ဒိယနိုင်ငံရဲ့ကြွယ်ဝလက်မှုပညာကိုပြသဖို့ ရည်ရွယ်ပြီး နာမည်ကျော် အိန္ဒိယဖက်ရှင်ဒီဇိုင်နာ အာနီတာဒိုဂရီ မှ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝါလီဘာဘီအတွက် ခွန်အားနဲ့ အလှကို ကိုယ်စားပြုတဲ့ ဒေလီယာပန်းများ၊ စံပယ်ပန်းများနဲ့ အိန္ဒိယကြာပန်းတွေနဲ့ အလှဆင်ထားတဲ့ choli နဲ့ lehenga စတဲ့ အိန္ဒိယရိုးရာ ၀တ်စုံတွေလည်း ဝတ်ဆင်ပေးထားပါသေးတယ်။ ဒါတွေအပြင် ဒီဝါလီ ဘာဘီရုပ်မှာ အိန္ဒိယအငွေ့အသက်တွေ ပိုမြင်တွေ့နိုင်အောင် ရွှေနားကပ်နဲ့ ရွှေလက်ကောက်လေးတွေကိုလည်း ဝတ်ဆင်ပေးထားပါသေးတယ်။

ဘာဘီရုပ်ကို Mattel ရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ Barbie Signature အဖွဲ့ဝင်တွေအတွက် သီးသန့်အရုပ်အဖြစ် အောက်တိုဘာလ ၃ ရက်က စတင်ရောင်းချခဲ့ပါတယ်။ အခုအချိန်မှာတော့ အရုပ်ဟာ ဝက်ဘ်ဆိုပ်မှာ ရောင်းကုန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ စင်ကာပူမှာလည်း အကန့်အသတ်နဲ့ အရုပ်အရေအတွက် ၅၀ ထိသာ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။
Mattel Creations ဝက်ဘ်ဆိုက်ရဲ့အဆိုအရ အဆိုပါအရုပ်တွေဟာ တစ်ခုကို ၆၂ ဒေါ်လာနဲ့ရောင်းချမှာဖြစ်ပြီး အောက်တိုဘာလနှောင်းပိုင်းမှ နိုဝင်ဘာလဆန်းပိုင်းအတွင်း စင်ကာပူမှာ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္အ႐ုပ္ကုမၸဏီ Mattel က ၄င္းရဲ႕ပထမဆုံး ဒီဝါလီဘာဘီ႐ုပ္ ဖန္တီးထုတ္လုပ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၅

အေမရိကန္အ႐ုပ္ကုမၸဏီ Mattel ဟာ ၄င္းရဲ႕ပထမဆုံး ဒီဝါလီ ဘာဘီ႐ုပ္ကို စင္ကာပူမွာ ေအာက္တိုဘာ ၃၁ ရက္ က်ေရာက္မယ့္ The Festival of Lights လို႔ေခၚတဲ့ Deepavali အတြက္ အခ်ိန္မီ ထုတ္လုပ္ခဲ့ပါတယ္။
ကုမၸဏီရဲ႕ေနာက္ဆုံးေပၚ အ႐ုပ္ျဖစ္တဲ့ ဒီဝါလီဘာဘီ႐ုပ္ဟာ ေက်းလက္ေဒသ အမ်ိဳးသမီး လက္မႈပညာသမားေတြ ကို ျမႇင့္တင္ဖို႔နဲ႔ အိႏၵိယႏိုင္ငံရဲ႕ႂကြယ္ဝလက္မႈပညာကိုျပသဖို႔ ရည္႐ြယ္ၿပီး နာမည္ေက်ာ္ အိႏၵိယဖက္ရွင္ဒီဇိုင္နာ အာနီတာဒိုဂရီ မွ ဒီဇိုင္းဆြဲထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဝါလီဘာဘီအတြက္ ခြန္အားနဲ႔ အလွကို ကိုယ္စားျပဳတဲ့ ေဒလီယာပန္းမ်ား၊ စံပယ္ပန္းမ်ားနဲ႔ အိႏၵိယၾကာပန္းေတြနဲ႔ အလွဆင္ထားတဲ့ choli နဲ႔ lehenga စတဲ့ အိႏၵိယ႐ိုးရာ ၀တ္စုံေတြလည္း ဝတ္ဆင္ေပးထားပါေသးတယ္။ ဒါေတြအျပင္ ဒီဝါလီ ဘာဘီ႐ုပ္မွာ အိႏၵိယအေငြ႕အသက္ေတြ ပိုျမင္ေတြ႕ႏိုင္ေအာင္ ေ႐ႊနားကပ္နဲ႔ ေ႐ႊလက္ေကာက္ေလးေတြကိုလည္း ဝတ္ဆင္ေပးထားပါေသးတယ္။

ဘာဘီ႐ုပ္ကို Mattel ရဲ႕တရားဝင္ဝဘ္ဆိုဒ္မွာ Barbie Signature အဖြဲ႕ဝင္ေတြအတြက္ သီးသန႔္အ႐ုပ္အျဖစ္ ေအာက္တိုဘာလ ၃ ရက္က စတင္ေရာင္းခ်ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အ႐ုပ္ဟာ ဝက္ဘ္ဆိုပ္မွာ ေရာင္းကုန္သြားၿပီျဖစ္တယ္လို႔ သိရပါတယ္။ စင္ကာပူမွာလည္း အကန႔္အသတ္နဲ႔ အ႐ုပ္အေရအတြက္ ၅၀ ထိသာ ဝယ္ယူရရွိႏိုင္မယ္လို႔ သိရပါတယ္။
Mattel Creations ဝက္ဘ္ဆိုက္ရဲ႕အဆိုအရ အဆိုပါအ႐ုပ္ေတြဟာ တစ္ခုကို ၆၂ ေဒၚလာနဲ႔ေရာင္းခ်မွာျဖစ္ၿပီး ေအာက္တိုဘာလေႏွာင္းပိုင္းမွ ႏိုဝင္ဘာလဆန္းပိုင္းအတြင္း စင္ကာပူမွာ ေရာက္ရွိလာမယ္လို႔ ခန႔္မွန္းထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.