ဦးအောင်ခမ်းထီ၏ ပအိုဝ်းဒေသတွင် စစ်သည်အင်အား(၃၀ဝဝဝ)ကျော် သင်တန်းဆင်းထားပြီး လက်နက်တပ်ဆင်မှုများပြုလုပ်ရန် ပြင်ဆင်နေ

 1676

မြူနစ် (NP News) - အောက်တိုဘာ ၁၅

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (အထူးဒေသ ၆) တွင် စစ်သည်အင်အား(၃၀ဝဝဝ) ကျော် သင်တန်းဆင်းထားပြီး လက်နက်တပ်ဆင်မှုများပြု လုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြီးခဲ့သောရက်ပိုင်းများက စစ်အင်အားအများအပြားဖြင့် သင်တန်းဆင်းပွဲများ ပြုလုပ်ထားသည်။

လက်ရှိတွင် ယင်းဒေသ၌ စစ်အင်အား (၃၀ဝဝဝ)ကျော် သင်တန်း ဆင်းထားပြီး စစ်လက်နက် တပ်ဆင်မှုများပြုလုပ်ရန်ပြင်ဆင်နေကြောင်း အထူး ဒေသ(၆)ကိုအုပ်ချုပ်နေသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO / PNA) ၏ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကိုပြောသည်။

"ကျွန်တော်တို့ အခုလောလောဆယ်တော့ အားလုံးပေါင်း (၃၀ဝဝဝ) ကျော်ပဲရှိသေးတယ်။ အခု လက်ရှိ သင်တန်းဆင်းတွေအားလုံးကတော့ ကျေးရွာအုပ်စုအဆင့်ပေါ့နော်။ ကျေးရွာအုပ်စုတစ်စုမှာ ကျေးရွာပေါင်း (၂၀)ရှိမယ်။ တချို့က (၁၅) ရွာရှိမယ်။ အဲဒီဟာအပေါ်မှာ ပျမ်းမျှပြီးတော့မှ တစ်ရွာကို အင်အား (၁၀)ဦးကို လက်နက်တပ်ဆင်တာမျိုးတွေ လုပ်ဖို့ရှိ တယ်။ ဒါကတော့ ကျေးရွာအဆင့်ပေါ့လေ။ အဲဒါမျိုးတွေလုပ်သွားဖို့ရှိပါတယ်။ အခုအချိန်မှာ စစ်ပညာ တတ်မြောက်ထားတဲ့သူကတော့ သုံးသောင်းကျော် ရှိပြီ"ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါဒေသတွင်ပြုလုပ်ခဲ့သော စစ်သင်တန်းဆင်းပွဲများသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီကိုယ်တိုင် တက်ရောက်ကာ မိန့်ခွန်းပြောကြားမှုများပြုလုပ်ခဲ့သည်ကိုလည်းတွေ့ရှိရ သည်။ PNO / PNA အနေဖြင့် ဒေသခံပြည် သူလူ ထုအား ယခုကဲ့သို့ စစ်သင်တန်းပေးမှုများပြုလုပ်ခြင်းသည် ကျေးရွာလုံခြုံရေးအတွက် ပြင်ဆင်ခြင်းသာဖြစ်ကြောင်း သိရသည်။

"အဓိကတော့ ကိုယ်ရဲ့နယ်မြေလုံခြုံရေး အတွက်ပေါ့။ နောက်ပြီးတော့ တပ်ဘက်က လုံခြုံရေး ပေးဆောင်ရွက်တဲ့အပေါ်မှာလည်း ဒီအကျိုးသက် ရောက်မှုတွေရှိတယ်။ နောက်တစ်ခုက ဘာဖြစ်လဲဆိုတော့ ကျွန် တော်တို့ဆီမှာ တပ်မရောက်တဲ့နေရာတွေ ရှိတယ်။ တစ်ခါတလေကျရင် ကျေးရွာတချို့က နယ်စပ်မှာရှိတဲ့ရွာတွေ ရှိတယ်။ အဲဒီအချိန်မှာဆိုလို့ရှိရင် စစ်ပညာရပ်မတတ်ထားတဲ့အခါကျတော့ မခုခံနိုင်ဘဲ နဲ့ပြေးသွားတာပေါ့။ အဲဒီလိုပြေးသွားတဲ့နောက်မှာ အိမ်တွေ၊ ရွာတွေ မီးရှို့ခံရတာတွေရှိတယ်။ အဲဒါတွေ ကို အဓိကကာကွယ်ဖို့အတွက်ပေါ့။ သူတို့ စစ်ဘက် ပညာတတ်ထားတဲ့အခါကျတော့ တခြားဘက်ကလာ တိုက်လို့ရှိရင် တပ်မရောက်သေးဘူးဆိုလို့ရှိရင် သူတို့ အနေနဲ့ တစ်နည်းတစ်ဖုံနဲ့ ခုခံလို့ရမယ်။ ပြီးရင် တပ် က အချိန်မီရောက်ပြီးတော့မှ သူတို့ဒေသကို ကာ ကွယ်နိုင်အောင်ပေါ့။ အဲဒါပါပဲ"ဟု PNO / PNA ထိပ်ပိုင်းအရာရှိကဆိုသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို ပြီးခဲ့ သောကာလများအတွင်း၌ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များက ကျူးကျော်ဝင်ရောက်ကာ တိုက်ပွဲ ဖော်ဆောင်မှုများရှိခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုအများ အပြားသည် နေရပ်စွန့်ခွာစစ်ရှောင်ခဲ့ရမှုများရှိသကဲ့သို့ ၎င်းတို့၏ စည်းစိမ်အိုးအိမ်များသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

zawgyi version
ဦးေအာင္ခမ္းထီ၏ ပအိုဝ္းေဒသတြင္ စစ္သည္အင္အား(၃၀ဝဝဝ)ေက်ာ္ သင္တန္းဆင္းထားၿပီး လက္နက္တပ္ဆင္မႈမ်ားျပဳလုပ္ရန္ ျပင္ဆင္ေန
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၁၅

ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ ဦးေအာင္ခမ္းထီ၏ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (အထူးေဒသ ၆) တြင္ စစ္သည္အင္အား(၃၀ဝဝဝ) ေက်ာ္ သင္တန္းဆင္းထားၿပီး လက္နက္တပ္ဆင္မႈမ်ားျပဳ လုပ္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ပအိုဝ္းကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ၿပီးခဲ့ေသာရက္ပိုင္းမ်ားက စစ္အင္အားအမ်ားအျပားျဖင့္ သင္တန္းဆင္းပြဲမ်ား ျပဳလုပ္ထားသည္။

လက္ရွိတြင္ ယင္းေဒသ၌ စစ္အင္အား (၃၀ဝဝဝ)ေက်ာ္ သင္တန္း ဆင္းထားၿပီး စစ္လက္နက္ တပ္ဆင္မႈမ်ားျပဳလုပ္ရန္ျပင္ဆင္ေနေၾကာင္း အထူး ေဒသ(၆)ကိုအုပ္ခ်ဳပ္ေနသည့္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO / PNA) ၏ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကိုေျပာသည္။

"ကြၽန္ေတာ္တို႔ အခုေလာေလာဆယ္ေတာ့ အားလုံးေပါင္း (၃၀ဝဝဝ) ေက်ာ္ပဲရွိေသးတယ္။ အခု လက္ရွိ သင္တန္းဆင္းေတြအားလုံးကေတာ့ ေက်း႐ြာအုပ္စုအဆင့္ေပါ့ေနာ္။ ေက်း႐ြာအုပ္စုတစ္စုမွာ ေက်း႐ြာေပါင္း (၂၀)ရွိမယ္။ တခ်ိဳ႕က (၁၅) ႐ြာရွိမယ္။ အဲဒီဟာအေပၚမွာ ပ်မ္းမွ်ၿပီးေတာ့မွ တစ္႐ြာကို အင္အား (၁၀)ဦးကို လက္နက္တပ္ဆင္တာမ်ိဳးေတြ လုပ္ဖို႔ရွိ တယ္။ ဒါကေတာ့ ေက်း႐ြာအဆင့္ေပါ့ေလ။ အဲဒါမ်ိဳးေတြလုပ္သြားဖို႔ရွိပါတယ္။ အခုအခ်ိန္မွာ စစ္ပညာ တတ္ေျမာက္ထားတဲ့သူကေတာ့ သုံးေသာင္းေက်ာ္ ရွိၿပီ"ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါေဒသတြင္ျပဳလုပ္ခဲ့ေသာ စစ္သင္တန္းဆင္းပြဲမ်ားသို႔ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ ဦးေအာင္ခမ္းထီကိုယ္တိုင္ တက္ေရာက္ကာ မိန႔္ခြန္းေျပာၾကားမႈမ်ားျပဳလုပ္ခဲ့သည္ကိုလည္းေတြ႕ရွိရ သည္။ PNO / PNA အေနျဖင့္ ေဒသခံျပည္ သူလူ ထုအား ယခုကဲ့သို႔ စစ္သင္တန္းေပးမႈမ်ားျပဳလုပ္ျခင္းသည္ ေက်း႐ြာလုံၿခဳံေရးအတြက္ ျပင္ဆင္ျခင္းသာျဖစ္ေၾကာင္း သိရသည္။

"အဓိကေတာ့ ကိုယ္ရဲ႕နယ္ေျမလုံၿခဳံေရး အတြက္ေပါ့။ ေနာက္ၿပီးေတာ့ တပ္ဘက္က လုံၿခဳံေရး ေပးေဆာင္႐ြက္တဲ့အေပၚမွာလည္း ဒီအက်ိဳးသက္ ေရာက္မႈေတြရွိတယ္။ ေနာက္တစ္ခုက ဘာျဖစ္လဲဆိုေတာ့ ကြၽန္ ေတာ္တို႔ဆီမွာ တပ္မေရာက္တဲ့ေနရာေတြ ရွိတယ္။ တစ္ခါတေလက်ရင္ ေက်း႐ြာတခ်ိဳ႕က နယ္စပ္မွာရွိတဲ့႐ြာေတြ ရွိတယ္။ အဲဒီအခ်ိန္မွာဆိုလို႔ရွိရင္ စစ္ပညာရပ္မတတ္ထားတဲ့အခါက်ေတာ့ မခုခံႏိုင္ဘဲ နဲ႔ေျပးသြားတာေပါ့။ အဲဒီလိုေျပးသြားတဲ့ေနာက္မွာ အိမ္ေတြ၊ ႐ြာေတြ မီးရႈိ႕ခံရတာေတြရွိတယ္။ အဲဒါေတြ ကို အဓိကကာကြယ္ဖို႔အတြက္ေပါ့။ သူတို႔ စစ္ဘက္ ပညာတတ္ထားတဲ့အခါက်ေတာ့ တျခားဘက္ကလာ တိုက္လို႔ရွိရင္ တပ္မေရာက္ေသးဘူးဆိုလို႔ရွိရင္ သူတို႔ အေနနဲ႔ တစ္နည္းတစ္ဖုံနဲ႔ ခုခံလို႔ရမယ္။ ၿပီးရင္ တပ္ က အခ်ိန္မီေရာက္ၿပီးေတာ့မွ သူတို႔ေဒသကို ကာ ကြယ္ႏိုင္ေအာင္ေပါ့။ အဲဒါပါပဲ"ဟု PNO / PNA ထိပ္ပိုင္းအရာရွိကဆိုသည္။

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ဆီဆိုင္ၿမိဳ႕နယ္ႏွင့္ ပင္ေလာင္းၿမိဳ႕နယ္တို႔ကို ၿပီးခဲ့ ေသာကာလမ်ားအတြင္း၌ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက က်ဴးေက်ာ္ဝင္ေရာက္ကာ တိုက္ပြဲ ေဖာ္ေဆာင္မႈမ်ားရွိခဲ့သည္ကို ေတြ႕ရွိရသည္။ အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူလူထုအမ်ား အျပားသည္ ေနရပ္စြန႔္ခြာစစ္ေရွာင္ခဲ့ရမႈမ်ားရွိသကဲ့သို႔ ၎တို႔၏ စည္းစိမ္အိုးအိမ္မ်ားသည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရသည္။

Related news

© 2021. All rights reserved.