ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး

 1998

နာမူ (NP News) - အောက်တိုဘာ ၁၆

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယနေ့(အောက်တိုဘာလ ၁၆ ရက်) နံနက် ငါးနာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခရီးသည်များ တင်ဆောင်မောင်းနှင်လာသော YUTONG အမျိုးအစား တက်နေလင်း ခရီးသည်တင်ယာဥ်သည် အောင်ပန်းမှ ရန်ကုန်သို့လာရောက်စဥ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၁၅၄/၀)သို့အရောက်တွင် ယာဉ်မောင်းမှ အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသော ခရီးသည် (၂၈)ဦး အနက်မှ အသက်(၁၆)နှစ် နှင့် (၂၄)နှစ် အရွယ်အမျိုးသမီးနှစ်ဦးတို့မှာ ခေါင်းထိခိုက်ဒဏ်ရာများရရှိကာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားပြီး ခရီးသည်(၁၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

“ ယာဉ်မောင်း အရှိန်မထိန်းနိုင်ပဲ မှောက်တာပေါ့ ခရီးသည်တင် express ကားမှောက်တာ တက်နေလင်းကပါ"ဟု ၎င်းက NP News သို့ပြောသည်။


အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ ယာဉ်မောင်းဖြစ်သူအား အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးတြင္ ခရီးသည္တင္ယာဥ္တစ္စီး တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသမီး(၂)ဦးပြဲခ်င္းၿပီး ေသဆုံး
နာမူ (NP News) - ေအာက္တိုဘာ ၁၆

ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးတြင္ ခရီးသည္တင္ယာဥ္တစ္စီး တိမ္းေမွာက္ခဲ့ရာ အမ်ိဳးသမီး(၂)ဦးပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း ေဗာဓိကုန္းအျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး၌ ယေန႔(ေအာက္တိုဘာလ ၁၆ ရက္) နံနက္ ငါးနာရီခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ခရီးသည္မ်ား တင္ေဆာင္ေမာင္းႏွင္လာေသာ YUTONG အမ်ိဳးအစား တက္ေနလင္း ခရီးသည္တင္ယာဥ္သည္ ေအာင္ပန္းမွ ရန္ကုန္သို႔လာေရာက္စဥ္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္ အမွတ္ (၁၅၄/၀)သို႔အေရာက္တြင္ ယာဥ္ေမာင္းမွ အရွိန္မထိန္းႏိုင္ျဖစ္ကာ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ပါလာေသာ ခရီးသည္ (၂၈)ဦး အနက္မွ အသက္(၁၆)ႏွစ္ ႏွင့္ (၂၄)ႏွစ္ အ႐ြယ္အမ်ိဳးသမီးႏွစ္ဦးတို႔မွာ ေခါင္းထိခိုက္ဒဏ္ရာမ်ားရရွိကာ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားၿပီး ခရီးသည္(၁၂)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေဗာဓိကုန္းအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

“ ယာဥ္ေမာင္း အရွိန္မထိန္းႏိုင္ပဲ ေမွာက္တာေပါ့ ခရီးသည္တင္ express ကားေမွာက္တာ တက္ေနလင္းကပါ"ဟု ၎က NP News သို႔ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပက္သက္၍ ယာဥ္ေမာင္းျဖစ္သူအား အမႈဖြင့္အေရးယူထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.