ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး

 460

Pika (NP News) - အောက်တို ၁၆

မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ဆက်သွယ်ထားတဲ့ လမ်းတွေနဲ့ရထားလမ်းတွေကို ဖောက်ခွဲပစ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက အောက်တိုဘာလ(၁၆)ရက်မှာ သတိပေးပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရအဖွဲ့ လက်ထောက်အတွင်းဝန် ကာဇူဟီကိုအေအိုကီက "မြောက်ကိုရီးယားအစိုးရရဲ့လုပ်ရပ်တွေဟာ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ တင်းမာမှုတွေကို မြင့်တက်လာစေနိုင်ပါတယ်။ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေက တင်းမာမှုအရှိန်တွေမြင့်တက်လာအောင် လုပ် ဆောင်မယ့်ဘက်ကို ဦးတည်မသွားဖို့က အရေးကြီးပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ(၁၅)ရက်မှာ မြောက်ကိုရီးယားအစိုးရဟာ နှစ်နိုင်ငံကြားဆက်သွယ်ထားတဲ့လမ်းတွေရဲ့ အစိတ်အပိုင်းတွေကို ဖောက်ခွဲပစ်ခဲ့ပြီးနောက် နယ်စပ်အနီးမှာ တန်ပြန်ပစ်ခတ်မှုစစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နှစ်နိုင်ငံကြားဆက်သွယ်ထားတဲ့ လမ်းတွေကို ပိတ်ဆို့ပစ်ဖို့ ရည်ရွယ်ချက်တဲ့ ဖောက်ခွဲမှုစစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်ဟာ စစ်ဘက်ဆိုင်ရာနယ်နမိတ်မျဉ်း (MDL) လိုင်းတောင်ဘက်ခြမ်းက ဧရိယာတွေမှာ တန်ပြန်ပစ်ခတ်မှုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS)ကပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေအားလုံးကို ပိတ်ပစ်တော့မယ် မြောက်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဝါဒဖြန့်ချိရေးလက်ကမ်းစာစောင်တွေကို သယ်ဆောင်လာတဲ့ တောင်ကိုရီးယားရဲ့ဒရုန်းတွေဟာ ပြုံးယမ်းမြို့ကောင်းကင်ယံကို ဝင်ရောက်လာခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက အောက်တိုဘာလ(၁၁)ရက်မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးတော့ တောင်ကိုရီးယားဒရုန်းတွေ ထပ်မံဝင်ရောက် လာမယ်ဆိုရင် ဆိုးရွားတဲ့ဘေးအန္တရာယ်တွေကို တောင်ကိုရီးယားက ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ဖူးပါတယ်။

ကာဇူဟီကိုအေအိုကီက "မြောက်ကိုရီးယားရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လိုအပ်တဲ့အချက်အလက်တွေကို စုဆောင်း၊ခွဲခြမ်းစိတ်ခြာပြီး စောင့်ကြည့်သွားဖို့ ဂျပန်အစိုးရက အစွမ်းကုန်လုပ်ဆောင်သွားမှာပါ"လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈအရွိန္ေတြျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး ဂ်ပန္အစိုးရသတိေပး
Pika (NP News) - ေအာက္တို ၁၆

ေျမာက္ကိုရီးယားက ေတာင္ကိုရီးယားနဲ႔ဆက္သြယ္ထားတဲ့ လမ္းေတြနဲ႔ရထားလမ္းေတြကို ေဖာက္ခြဲပစ္ခဲ့ၿပီးေနာက္ ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈအရွိန္ေတြျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး ဂ်ပန္အစိုးရက ေအာက္တိုဘာလ(၁၆)ရက္မွာ သတိေပးေျပာဆိုလိုက္တယ္လို႔ သိရပါတယ္။

ဂ်ပန္အစိုးရအဖြဲ႕ လက္ေထာက္အတြင္းဝန္ ကာဇူဟီကိုေအအိုကီက "ေျမာက္ကိုရီးယားအစိုးရရဲ႕လုပ္ရပ္ေတြဟာ ေတာင္ကိုရီးယားနဲ႔ေျမာက္ကိုရီးယားၾကားမွာ တင္းမာမႈေတြကို ျမင့္တက္လာေစႏိုင္ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ လုပ္ရပ္ေတြက တင္းမာမႈအရွိန္ေတြျမင့္တက္လာေအာင္ လုပ္ ေဆာင္မယ့္ဘက္ကို ဦးတည္မသြားဖို႔က အေရးႀကီးပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ေအာက္တိုဘာလ(၁၅)ရက္မွာ ေျမာက္ကိုရီးယားအစိုးရဟာ ႏွစ္ႏိုင္ငံၾကားဆက္သြယ္ထားတဲ့လမ္းေတြရဲ႕ အစိတ္အပိုင္းေတြကို ေဖာက္ခြဲပစ္ခဲ့ၿပီးေနာက္ နယ္စပ္အနီးမွာ တန္ျပန္ပစ္ခတ္မႈစစ္ဆင္ေရးေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ ႏွစ္ႏိုင္ငံၾကားဆက္သြယ္ထားတဲ့ လမ္းေတြကို ပိတ္ဆို႔ပစ္ဖို႔ ရည္႐ြယ္ခ်က္တဲ့ ေဖာက္ခြဲမႈစစ္ဆင္ေရးတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားစစ္တပ္ဟာ စစ္ဘက္ဆိုင္ရာနယ္နမိတ္မ်ဥ္း (MDL) လိုင္းေတာင္ဘက္ျခမ္းက ဧရိယာေတြမွာ တန္ျပန္ပစ္ခတ္မႈစစ္ဆင္ေရးကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS)ကေျပာၾကားခဲ့ပါတယ္။ ေတာင္ကိုရီးယားနဲ႔ ဆက္သြယ္ထားတဲ့ လမ္းေၾကာင္းေတြအားလုံးကို ပိတ္ပစ္ေတာ့မယ္ ေျမာက္ကိုရီးယားအစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဝါဒျဖန႔္ခ်ိေရးလက္ကမ္းစာေစာင္ေတြကို သယ္ေဆာင္လာတဲ့ ေတာင္ကိုရီးယားရဲ႕ဒ႐ုန္းေတြဟာ ၿပဳံးယမ္းၿမိဳ႕ေကာင္းကင္ယံကို ဝင္ေရာက္လာခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေအာက္တိုဘာလ(၁၁)ရက္မွာ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ ေတာင္ကိုရီးယားဒ႐ုန္းေတြ ထပ္မံဝင္ေရာက္ လာမယ္ဆိုရင္ ဆိုး႐ြားတဲ့ေဘးအႏၲရာယ္ေတြကို ေတာင္ကိုရီးယားက ရင္ဆိုင္ရလိမ့္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းရဲ႕ ညီမျဖစ္သူ ကင္ယိုဂ်ဳံက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့ဖူးပါတယ္။

ကာဇူဟီကိုေအအိုကီက "ေျမာက္ကိုရီးယားရဲ႕ အနာဂတ္ဖြံ႕ၿဖိဳးတိုးတက္မႈေတြအတြက္ လိုအပ္တဲ့အခ်က္အလက္ေတြကို စုေဆာင္း၊ခြဲျခမ္းစိတ္ျခာၿပီး ေစာင့္ၾကည့္သြားဖို႔ ဂ်ပန္အစိုးရက အစြမ္းကုန္လုပ္ေဆာင္သြားမွာပါ"လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.