NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ

 1247

သုတကျော် (NP News) - အောက်တိုဘာ ၁၆

NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသောအမြင်တစ်ခု အင်အား စုများအကြားပေါ်ပေါက်နေကြောင်း NP News က မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။

NUG အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို ဦးဆောင်နိုင်ခြင်းမရှိသေးသည့်အပြင် အခြားနေရာများတွင်လည်း အလုံးစုံ မစိုးမိုးနိုင်သည့်အတွက် ကြားဖြတ်အစိုးရဖွဲ့ ရန်လိုသည်ဟု မြန်မာအစိုးရကိုတိုက်ခိုက်နေသော အင်အားစုများကိုထောက်ခံသည့် Civil Society for Myanmar (CSM)- ဂျပန်အဖွဲ့အစည်းက ပြီးခဲ့သည့် ဩဂုတ်လအတွင်း ထုတ်ပြန်ထားဖူးသည်။

"တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ အခုက အများစုတော့မဟုတ်ပေမယ့် အမြင်တွေကပြောင်း လာတယ်။ NUG ကို အားမရတာပေါ့။ ဒါကြောင့် ဒီဟာတွေက ဖြစ်လာတာပေါ့။ ဆိုကြပါစို့ NUG က သီးသန့်ခေါင်းဆောင်နိုင်မှုအပိုင်း အားနည်းတယ်။ မြေပြင်နဲ့ကင်းကွာတယ်ဆိုတာမျိုးမှာ သူမပါဘဲ တခြားသူတွေပေါင်းပြီးလုပ်ရင်ရောဆိုတဲ့ စဉ်းစားချက်ထွက်လာတာ" ဟု ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော NUG ထောက်ခံသူတစ်ဦးက ဆိုသည်။

အဆိုပါအချက်မှာ တရားမဝင်အဖြစ် ထွက်ပေါ်လာခြင်းမဟုတ်သေးသော်လည်း အစိုးရအားပုန်ကန်နေသူများကို ထောက်ခံကြသူများအတွင်း ကျယ်ပြန့်လာနေကြောင်း ၎င်းကဆိုသည်။

" ကျွန်တော်သိရသလောက်က နှစ်မျိုးရှိတယ်။ လက်ရှိ NUG ကို Reform လုပ်မလား။ ဒါမှမဟုတ် တစ်ခုခုအသစ်လုပ်မလားပေါ့။ Reform ဆိုရင်ကော NUG မှာပါတဲ့သူတွေက လက်ခံမှာလားဆိုတာက ရှိသေးတယ်။ ဒီအတွေးအခေါ်က အရင်တည်းကရှိနေတာပါ။ ဒါပေမဲ့ အဲဒီလောက်အားမ ကောင်းဘူး။ ဒီနောက်ပိုင်းမှာတော့ နိုင်ငံရေးအမြင် တွေပြောင်းလာတယ်လို့ယူဆရတယ်။ ဟိုနေ့ ပြီးမယ်၊ ဒီနေ့ပြီးမယ်၊ ဟိုနေ့အောင်မယ်ဆိုတဲ့ မဖြစ်မြောက်တဲ့ စကားတွေအပြီးမှာ ဖြစ်လာတာလို့ပြောနိုင်တယ်။ ဒါပေမဲ့ စဉ်းစားချက်တစ်ခုပါပဲ"ဟု ၎င်းကဆိုသည်။

NP News မှ အခြားမေးမြန်းခွင့်ရခဲ့သူတစ်ဦးက NUG ကို ဖယ်ထုတ်ထား မည်ဆိုသောအချက်မှာ လွယ်ကူမည်မဟုတ်ကြောင်း ဆိုသည်။

" မလွယ်ဘူး။ သူကလည်း ထောက်ခံတဲ့ သူတော့ရှိနေတာ။ ဒါပေမဲ့ ပြောင်းလဲတာတွေကို လုပ်လို့ရရင်တော့ အဆင်ပြေနိုင်မယ်။ ခက်တော့ ခက်တယ်။ သတင်းတွေကလည်း ပွနေတာလေ။ အလုပ်မဖြစ်တာတွေများတော့ အခုလိုအသံထွက်လာ တယ်ထင်တယ်"ဟု ၎င်းက ဆိုသည်။

zawgyi version
NUG ကိုဖယ္ထုတ္ၿပီး လက္နက္ကိုင္မ်ား တပ္ေပါင္းစု စုဖြဲ႕ၾကရန္ဆိုေသာ အျမင္တစ္ခု ေတာ္လွန္ေရးအင္အားစုမ်ားအၾကား ေပၚေပါက္ေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၆

NUG ကိုဖယ္ထုတ္ၿပီး လက္နက္ကိုင္မ်ား တပ္ေပါင္းစု စုဖြဲ႕ၾကရန္ဆိုေသာအျမင္တစ္ခု အင္အား စုမ်ားအၾကားေပၚေပါက္ေနေၾကာင္း NP News က ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။

NUG အေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားကို ဦးေဆာင္ႏိုင္ျခင္းမရွိေသးသည့္အျပင္ အျခားေနရာမ်ားတြင္လည္း အလုံးစုံ မစိုးမိုးႏိုင္သည့္အတြက္ ၾကားျဖတ္အစိုးရဖြဲ႕ ရန္လိုသည္ဟု ျမန္မာအစိုးရကိုတိုက္ခိုက္ေနေသာ အင္အားစုမ်ားကိုေထာက္ခံသည့္ Civil Society for Myanmar (CSM)- ဂ်ပန္အဖြဲ႕အစည္းက ၿပီးခဲ့သည့္ ဩဂုတ္လအတြင္း ထုတ္ျပန္ထားဖူးသည္။

"ေတာ္လွန္ေရးနဲ႔ပတ္သက္ၿပီးေတာ့ အခုက အမ်ားစုေတာ့မဟုတ္ေပမယ့္ အျမင္ေတြကေျပာင္း လာတယ္။ NUG ကို အားမရတာေပါ့။ ဒါေၾကာင့္ ဒီဟာေတြက ျဖစ္လာတာေပါ့။ ဆိုၾကပါစို႔ NUG က သီးသန႔္ေခါင္းေဆာင္ႏိုင္မႈအပိုင္း အားနည္းတယ္။ ေျမျပင္နဲ႔ကင္းကြာတယ္ဆိုတာမ်ိဳးမွာ သူမပါဘဲ တျခားသူေတြေပါင္းၿပီးလုပ္ရင္ေရာဆိုတဲ့ စဥ္းစားခ်က္ထြက္လာတာ" ဟု ထိုင္းႏိုင္ငံတြင္ေရာက္ရွိေနေသာ NUG ေထာက္ခံသူတစ္ဦးက ဆိုသည္။

အဆိုပါအခ်က္မွာ တရားမဝင္အျဖစ္ ထြက္ေပၚလာျခင္းမဟုတ္ေသးေသာ္လည္း အစိုးရအားပုန္ကန္ေနသူမ်ားကို ေထာက္ခံၾကသူမ်ားအတြင္း က်ယ္ျပန႔္လာေနေၾကာင္း ၎ကဆိုသည္။

" ကြၽန္ေတာ္သိရသေလာက္က ႏွစ္မ်ိဳးရွိတယ္။ လက္ရွိ NUG ကို Reform လုပ္မလား။ ဒါမွမဟုတ္ တစ္ခုခုအသစ္လုပ္မလားေပါ့။ Reform ဆိုရင္ေကာ NUG မွာပါတဲ့သူေတြက လက္ခံမွာလားဆိုတာက ရွိေသးတယ္။ ဒီအေတြးအေခၚက အရင္တည္းကရွိေနတာပါ။ ဒါေပမဲ့ အဲဒီေလာက္အားမ ေကာင္းဘူး။ ဒီေနာက္ပိုင္းမွာေတာ့ ႏိုင္ငံေရးအျမင္ ေတြေျပာင္းလာတယ္လို႔ယူဆရတယ္။ ဟိုေန႔ ၿပီးမယ္၊ ဒီေန႔ၿပီးမယ္၊ ဟိုေန႔ေအာင္မယ္ဆိုတဲ့ မျဖစ္ေျမာက္တဲ့ စကားေတြအၿပီးမွာ ျဖစ္လာတာလို႔ေျပာႏိုင္တယ္။ ဒါေပမဲ့ စဥ္းစားခ်က္တစ္ခုပါပဲ"ဟု ၎ကဆိုသည္။

NP News မွ အျခားေမးျမန္းခြင့္ရခဲ့သူတစ္ဦးက NUG ကို ဖယ္ထုတ္ထား မည္ဆိုေသာအခ်က္မွာ လြယ္ကူမည္မဟုတ္ေၾကာင္း ဆိုသည္။

" မလြယ္ဘူး။ သူကလည္း ေထာက္ခံတဲ့ သူေတာ့ရွိေနတာ။ ဒါေပမဲ့ ေျပာင္းလဲတာေတြကို လုပ္လို႔ရရင္ေတာ့ အဆင္ေျပႏိုင္မယ္။ ခက္ေတာ့ ခက္တယ္။ သတင္းေတြကလည္း ပြေနတာေလ။ အလုပ္မျဖစ္တာေတြမ်ားေတာ့ အခုလိုအသံထြက္လာ တယ္ထင္တယ္"ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.