စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်

 346

ယွန်း (NP News) - အောက်တိုဘာ ၁၆

စက်သုံးဆီကို စမတ်ကတ်ဖြင့်‌ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူများ သုံးစွဲနိုင်ရန်အတွက် လစဉ် စက်သုံးဆီကို လုံလောက်သည့် ပမာဏဖြင့် တင်သွင်းနေသော်လည်း မှောင်ခိုဈေးကွက်မှ တစ်ဆင့် စက်သုံးဆီရောင်းချသည့် ဆီဆိုင်များနှင့် စက်သုံးဆီကို အကြိမ်ကြိမ် တန်းစီဝယ်ယူနေသူများကြောင့် အမှန်တကယ်ဝယ်ယူ သုံးစွဲသူများတွင် နစ်နာမှုများရှိနေကြောင်း သိရသည်။

“ စက်သုံးဆီကို နိုင်ငံတော်အနေနဲ့ ပေါပေါများများကြီးတော့ မတင်သွင်းနိုင်ဘူး။ ဒါပေမဲ့ လုံလုံ လောက်လောက်သုံးနိုင်အောင် တွက်ချက်ပြီးတော့ ဘယ်လောက်လိုသလဲ လိုတဲ့ဟာကို တင်သွင်းပြီး တော့ ရောင်းချပေးတယ်။ အလျှံပယ်တော့မဟုတ်ဘူး။ ဒါပေမဲ့ တချို့ဆီဆိုင်တွေက သူတို့ရတဲ့ဆီကို ဆိုင် မှာအကုန်မရောင်းဘဲ တိုက်ရိုက်မရောင်းဘဲနဲ့ မှောင်ခိုဈေးကွက်မှာ ထုတ်ပြီးရောင်းတာတွေရှိလာတယ်။ အဲဒီတော့ တစ်ဖက်က ဆီမလုံလောက်ဘူး။ အခက်အခဲတွေဖြစ်တယ်။ ရိုးရိုးသားသားလုပ်နေတဲ့ဆိုင်တွေ ရှိသလို၊ မရိုးမသားနဲ့လုပ်နေတဲ့ ဆီဆိုင်တွေလည်း ရှိတယ်။ နောက်တစ်ခုက ဒေါ်လာဈေးတွေနဲ့ စက်သုံး ဆီကို စီစဉ်ရတာအခက်အခဲရှိနေတဲ့အချိန်မှာ ရံဖန်ရံခါချွေတာပြီးပေးရတယ်ဆိုရင် ကားတွေက အကြိမ် ကြိမ်အခါခါ ပြန်တန်းစီပြီးတော့ ဆီထုတ်ရောင်းစားတဲ့ ကားအုပ်စုကလည်း ပေါ်လာတယ်။ အဲဒီတော့ ပုံမှန် စက်သုံးဆီသုံးစွဲသူတွေအနေနဲ့ နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးကို မှန်မှန်ကန်ကန် မခံစားရတော့ ဘူး ” ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူကပြောသည်။

ထို့ကြောင့် တရားမဝင်မှောင်ခိုဈေးကွက်မှတစ်ဆင့် ဆီထုတ်ရောင်းချမှုကို ထိန်းကျောင်းနိုင်ရန် ရည်ရွယ်၍ အထက်ပါကဲ့သို့ စက်သုံးဆီကို စမတ်ကတ်ဖြင့် ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထိုသို့ ရောင်းချရာတွင် ရောင်းချပေးမည့်ပမာဏကို ကန့်သတ်ထားခြင်းမျိုးမရှိဘဲ လိုသလောက် ပမာဏအတိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ စမတ်ကတ်လုပ်လိုက်ရင် ဆီဆိုင်တွေကလည်း သူတို့သဘောနဲ့သူတို့ရောင်းလို့မရတော့ဘူး။ ယာဉ် ပိုင်ရှင်တွေကနေ စမတ်ကတ်နဲ့လာဝယ်တဲ့ အ‌ထောက်အထားတွေရှိမှ ရောင်းရမှာဆိုတော့ ဆီဆိုင် တွေကို ထိန်းလို့ရသွားမယ်။ နောက်တစ်ခုက ဆီကို အကြိမ်ကြိမ်ထုတ်တဲ့ကားတွေကိုလည်း ဘယ်၍ ဘယ်မျှပဲထုတ်ရမယ်လို့ မကန့်သတ်ပါဘူး။ အားလုံးကို အလွယ်တကူနဲ့ ဆီပေးထုတ်ထားမယ်။ ဒါပေမဲ့ ကားအမျိုးအစားအလိုက် ကုန်ကျနိုင်သော ဆီပမာဏခန့်မှန်းခြေတွက်ချက်မှုတော့ မှန်းထားတယ်။ အဲဒီအခါမှာ များလာပြီဆိုတဲ့ကားတွေ ကျရင်တော့ ဘာကြောင့်များတာလဲဆိုတာကို မေးမြန်းမှာပေါ့။ ဒီကားက တစ်နေ့ကို(၂)ဂါလန်နဲ့ တစ်လကို ဂါလန်(၆၀)ပဲကုန်ရမှာ တစ်နေ့ကို(၄)ဂါလန်လောက် ထုတ် တယ်ဆိုရင်တော့ သဘာဝ မကျတော့ဘူးလေ။ တစ်လကိုဂါလန်(၆၀)လောက်ကုန်ရမှာကို တစ်လ ဂါလန်(၂၀ဝ)ကုန်ရင်တော့ မှတ်တမ်းတောင်းမယ်။ ဒီလိုလုပ်လိုက်ရင်တော့ တရားမဝင်ဆီထုတ်ရောင်း စားတဲ့ ဆီဆိုင်တွေကို ထိန်းကျောင်းနိုင်မယ်။ ပြီးရင် မှန်မှန်ကန်ကန်ဆီသုံးလိုတဲ့သူတွေမှာ ကောင်းတဲ့ အကျိုးတွေရမယ်လို့မြင်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ‌ဆောင်ရွက်တာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာများ၌ ညှိနှိုင်းမှုများရှိနေပြီး စက်သုံးဆီရောင်းချပေးရေးနှင့် စမတ်ကတ်ထုတ်ပေးရေးအတွက် မူဝါဒပိုင်း ဆိုင်ရာများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ တင်ပြထားကြောင်း သိရသည်။ “ အခုကလုပ်တာ တော့ လုပ်နေတယ်။ တချို့ကိစ္စလေး‌တွေပေါ့ မူဝါဒပိုင်းလေးတွေ နည်းနည်းတော့ ညှိနှိုင်းနေရတာ မျိုးတွေရှိတယ်။ ဆီဆိုင်တွေမှာ ဆီရောင်းပေးနေရတာက ကားတွေ၊ ဆိုင်ကယ်တွေပေါ့။ အဲဒါတွေအပြင် အိမ်သုံးမီးစက်တွေ၊ စာသင်ကျောင်းမှာရှိတဲ့မီးစက်တွေ၊ လယ်ယာ သုံးထွန်စက်တွေ ကဏ္ဍပေါင်းများစွာ ကိုရောင်းပေး နေရတယ်။ တချို့ကျတော့လည်း ကညန မှတ်ပုံတင် ထားတဲ့ယာဉ်တွေကိုသာ စမတ်ကတ် ထုတ်ပေးသင့်တယ်။ မှတ်ပုံတင်မရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ လည်းရှိတယ်။ ဒါတွေကိုတော့ စမတ် ကတ် ထုတ်မပေးဘူး၊ ဆီ ရောင်းမပေးဘူးဆိုတာတော့မဖြစ်သင့်ဘူး။ ဒါတွေကိုလည်း စဉ်းစားပြီးတော့ ဆီရောင်းပေးနိုင်အောင်၊ စမတ်ကတ်ထုတ်ပေးနိုင်အောင် မူဝါဒ ပိုင်းဆိုင်ရာတွေကို သက်ဆိုင်ရာလူကြီး တွေဆီကို တင်ပြထားတယ်။ လိုင်စင်မရှိတဲ့သူတွေကို ဆီရောင်း ပေးတယ်ဆိုရင် တရားဝင်ယာဉ်အဖြစ် အသိအမှတ်ပြုတာများဖြစ်သွားမလားဆိုတာလည်း ရှိတယ် ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယခု (၂၀၂၄) ခုနှစ်တွင် စက်သုံးဆီပြတ်လပ်မှုများ မကြာခဏဖြစ်ပေါ်ခဲ့ရာ စက်သုံးဆီတန်းစီ ဝယ်ယူမှုများအပြင် နေရာရောင်းချခြင်းနှင့် မှောင်ခို‌ရောင်းသည့် ဈေးကွက်များလည်း ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ၏ စက်သုံးဆီတင်သွင်းသုံးစွဲမှုအရ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း(၄၀ဝ)ခန့် တင်သွင်း သုံးစွဲနေရကြောင်း သိရသည်။

zawgyi version
စက္သုံးဆီကို စမတ္ကတ္ျဖင့္ေရာင္းခ်ေပးရန္ စီစဥ္ထားေသာ္လည္း လိုသေလာက္ ေရာင္းေပး မည္
ယြန္း (NP News) - ေအာက္တိုဘာ ၁၆

စက္သုံးဆီကို စမတ္ကတ္ျဖင့္‌ေရာင္းခ်ေပးရန္ စီစဥ္ထားေသာ္လည္း လိုသေလာက္ ေရာင္းေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္း ေရာင္းခ်ျဖန႔္ျဖဴးေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။

ႏိုင္ငံေတာ္အေနျဖင့္ ျပည္သူမ်ား သုံးစြဲႏိုင္ရန္အတြက္ လစဥ္ စက္သုံးဆီကို လုံေလာက္သည့္ ပမာဏျဖင့္ တင္သြင္းေနေသာ္လည္း ေမွာင္ခိုေဈးကြက္မွ တစ္ဆင့္ စက္သုံးဆီေရာင္းခ်သည့္ ဆီဆိုင္မ်ားႏွင့္ စက္သုံးဆီကို အႀကိမ္ႀကိမ္ တန္းစီဝယ္ယူေနသူမ်ားေၾကာင့္ အမွန္တကယ္ဝယ္ယူ သုံးစြဲသူမ်ားတြင္ နစ္နာမႈမ်ားရွိေနေၾကာင္း သိရသည္။

“ စက္သုံးဆီကို ႏိုင္ငံေတာ္အေနနဲ႔ ေပါေပါမ်ားမ်ားႀကီးေတာ့ မတင္သြင္းႏိုင္ဘူး။ ဒါေပမဲ့ လုံလုံ ေလာက္ေလာက္သုံးႏိုင္ေအာင္ တြက္ခ်က္ၿပီးေတာ့ ဘယ္ေလာက္လိုသလဲ လိုတဲ့ဟာကို တင္သြင္းၿပီး ေတာ့ ေရာင္းခ်ေပးတယ္။ အလွ်ံပယ္ေတာ့မဟုတ္ဘူး။ ဒါေပမဲ့ တခ်ိဳ႕ဆီဆိုင္ေတြက သူတို႔ရတဲ့ဆီကို ဆိုင္ မွာအကုန္မေရာင္းဘဲ တိုက္႐ိုက္မေရာင္းဘဲနဲ႔ ေမွာင္ခိုေဈးကြက္မွာ ထုတ္ၿပီးေရာင္းတာေတြရွိလာတယ္။ အဲဒီေတာ့ တစ္ဖက္က ဆီမလုံေလာက္ဘူး။ အခက္အခဲေတြျဖစ္တယ္။ ႐ိုး႐ိုးသားသားလုပ္ေနတဲ့ဆိုင္ေတြ ရွိသလို၊ မ႐ိုးမသားနဲ႔လုပ္ေနတဲ့ ဆီဆိုင္ေတြလည္း ရွိတယ္။ ေနာက္တစ္ခုက ေဒၚလာေဈးေတြနဲ႔ စက္သုံး ဆီကို စီစဥ္ရတာအခက္အခဲရွိေနတဲ့အခ်ိန္မွာ ရံဖန္ရံခါေခြၽတာၿပီးေပးရတယ္ဆိုရင္ ကားေတြက အႀကိမ္ ႀကိမ္အခါခါ ျပန္တန္းစီၿပီးေတာ့ ဆီထုတ္ေရာင္းစားတဲ့ ကားအုပ္စုကလည္း ေပၚလာတယ္။ အဲဒီေတာ့ ပုံမွန္ စက္သုံးဆီသုံးစြဲသူေတြအေနနဲ႔ ႏိုင္ငံေတာ္ကေပးတဲ့ အခြင့္အေရးကို မွန္မွန္ကန္ကန္ မခံစားရေတာ့ ဘူး ” ဟု ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ် ျဖန႔္ျဖဴးေရးအသင္းမွ တာဝန္ရွိသူကေျပာသည္။

ထို႔ေၾကာင့္ တရားမဝင္ေမွာင္ခိုေဈးကြက္မွတစ္ဆင့္ ဆီထုတ္ေရာင္းခ်မႈကို ထိန္းေက်ာင္းႏိုင္ရန္ ရည္႐ြယ္၍ အထက္ပါကဲ့သို႔ စက္သုံးဆီကို စမတ္ကတ္ျဖင့္ ေရာင္းခ်ရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။ ထိုသို႔ ေရာင္းခ်ရာတြင္ ေရာင္းခ်ေပးမည့္ပမာဏကို ကန႔္သတ္ထားျခင္းမ်ိဳးမရွိဘဲ လိုသေလာက္ ပမာဏအတိုင္းေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ စမတ္ကတ္လုပ္လိုက္ရင္ ဆီဆိုင္ေတြကလည္း သူတို႔သေဘာနဲ႔သူတို႔ေရာင္းလို႔မရေတာ့ဘူး။ ယာဥ္ ပိုင္ရွင္ေတြကေန စမတ္ကတ္နဲ႔လာဝယ္တဲ့ အ‌ေထာက္အထားေတြရွိမွ ေရာင္းရမွာဆိုေတာ့ ဆီဆိုင္ ေတြကို ထိန္းလို႔ရသြားမယ္။ ေနာက္တစ္ခုက ဆီကို အႀကိမ္ႀကိမ္ထုတ္တဲ့ကားေတြကိုလည္း ဘယ္၍ ဘယ္မွ်ပဲထုတ္ရမယ္လို႔ မကန႔္သတ္ပါဘူး။ အားလုံးကို အလြယ္တကူနဲ႔ ဆီေပးထုတ္ထားမယ္။ ဒါေပမဲ့ ကားအမ်ိဳးအစားအလိုက္ ကုန္က်ႏိုင္ေသာ ဆီပမာဏခန႔္မွန္းေျခတြက္ခ်က္မႈေတာ့ မွန္းထားတယ္။ အဲဒီအခါမွာ မ်ားလာၿပီဆိုတဲ့ကားေတြ က်ရင္ေတာ့ ဘာေၾကာင့္မ်ားတာလဲဆိုတာကို ေမးျမန္းမွာေပါ့။ ဒီကားက တစ္ေန႔ကို(၂)ဂါလန္နဲ႔ တစ္လကို ဂါလန္(၆၀)ပဲကုန္ရမွာ တစ္ေန႔ကို(၄)ဂါလန္ေလာက္ ထုတ္ တယ္ဆိုရင္ေတာ့ သဘာဝ မက်ေတာ့ဘူးေလ။ တစ္လကိုဂါလန္(၆၀)ေလာက္ကုန္ရမွာကို တစ္လ ဂါလန္(၂၀ဝ)ကုန္ရင္ေတာ့ မွတ္တမ္းေတာင္းမယ္။ ဒီလိုလုပ္လိုက္ရင္ေတာ့ တရားမဝင္ဆီထုတ္ေရာင္း စားတဲ့ ဆီဆိုင္ေတြကို ထိန္းေက်ာင္းႏိုင္မယ္။ ၿပီးရင္ မွန္မွန္ကန္ကန္ဆီသုံးလိုတဲ့သူေတြမွာ ေကာင္းတဲ့ အက်ိဳးေတြရမယ္လို႔ျမင္ပါတယ္။ ဒါကိုရည္႐ြယ္ၿပီး ‌ေဆာင္႐ြက္တာပါ” ဟု ၎က ဆိုသည္။

လက္ရွိတြင္ အဆိုပါစနစ္ကို အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ မူဝါဒပိုင္းဆိုင္ရာမ်ား၌ ညႇိႏႈိင္းမႈမ်ားရွိေနၿပီး စက္သုံးဆီေရာင္းခ်ေပးေရးႏွင့္ စမတ္ကတ္ထုတ္ေပးေရးအတြက္ မူဝါဒပိုင္း ဆိုင္ရာမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားထံသို႔ တင္ျပထားေၾကာင္း သိရသည္။ “ အခုကလုပ္တာ ေတာ့ လုပ္ေနတယ္။ တခ်ိဳ႕ကိစၥေလး‌ေတြေပါ့ မူဝါဒပိုင္းေလးေတြ နည္းနည္းေတာ့ ညႇိႏႈိင္းေနရတာ မ်ိဳးေတြရွိတယ္။ ဆီဆိုင္ေတြမွာ ဆီေရာင္းေပးေနရတာက ကားေတြ၊ ဆိုင္ကယ္ေတြေပါ့။ အဲဒါေတြအျပင္ အိမ္သုံးမီးစက္ေတြ၊ စာသင္ေက်ာင္းမွာရွိတဲ့မီးစက္ေတြ၊ လယ္ယာ သုံးထြန္စက္ေတြ က႑ေပါင္းမ်ားစြာ ကိုေရာင္းေပး ေနရတယ္။ တခ်ိဳ႕က်ေတာ့လည္း ကညန မွတ္ပုံတင္ ထားတဲ့ယာဥ္ေတြကိုသာ စမတ္ကတ္ ထုတ္ေပးသင့္တယ္။ မွတ္ပုံတင္မရွိတဲ့ ကားေတြ၊ ဆိုင္ကယ္ေတြ လည္းရွိတယ္။ ဒါေတြကိုေတာ့ စမတ္ ကတ္ ထုတ္မေပးဘူး၊ ဆီ ေရာင္းမေပးဘူးဆိုတာေတာ့မျဖစ္သင့္ဘူး။ ဒါေတြကိုလည္း စဥ္းစားၿပီးေတာ့ ဆီေရာင္းေပးႏိုင္ေအာင္၊ စမတ္ကတ္ထုတ္ေပးႏိုင္ေအာင္ မူဝါဒ ပိုင္းဆိုင္ရာေတြကို သက္ဆိုင္ရာလူႀကီး ေတြဆီကို တင္ျပထားတယ္။ လိုင္စင္မရွိတဲ့သူေတြကို ဆီေရာင္း ေပးတယ္ဆိုရင္ တရားဝင္ယာဥ္အျဖစ္ အသိအမွတ္ျပဳတာမ်ားျဖစ္သြားမလားဆိုတာလည္း ရွိတယ္ ” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

ယခု (၂၀၂၄) ခုႏွစ္တြင္ စက္သုံးဆီျပတ္လပ္မႈမ်ား မၾကာခဏျဖစ္ေပၚခဲ့ရာ စက္သုံးဆီတန္းစီ ဝယ္ယူမႈမ်ားအျပင္ ေနရာေရာင္းခ်ျခင္းႏွင့္ ေမွာင္ခို‌ေရာင္းသည့္ ေဈးကြက္မ်ားလည္း ျဖစ္ေပၚခဲ့သည္။ ျမန္မာႏိုင္ငံ၏ စက္သုံးဆီတင္သြင္းသုံးစြဲမႈအရ တစ္လလွ်င္ အေမရိကန္ေဒၚလာ သန္း(၄၀ဝ)ခန႔္ တင္သြင္း သုံးစြဲေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.