လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်းသွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ

 1569

သန့်ဇင် (NP News) - အောက်တိုဘာ ၁၆

လူမှုကွန်ရက် TikTok ကို အများဆုံး အသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံး ပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူပွဲစားများပေါ်ပေါက်နေကြောင်း NP News ၏သတင်းရင်းမြစ်များ ပြောကြားချက်နှင့် မြင်တွေ့ရသောအခြေအနေများအရ သိရသည်။

တရုတ်မယားအဖြစ် ရောင်းစားသောဖြစ်စဉ်များသည် ပြီးခဲ့သည့်နှစ်များစွာက အများအပြား ပေါ်ပေါက်ခဲ့သော်လည်း အာဏာပိုင်များက ဥပဒေအရ တင်းတင်းကြပ်ကြပ်အရေးယူမှုများကြောင့် လျော့ပါးသွားခဲ့ရာ ယခုနောက်ပိုင်းနှစ်များတွင် ပုံစံတစ်မျိုးဖြင့်ပြန်လည်ပေါ်ပေါက်လာခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိ လူမှုကွန်ရက် TikTok စာမျက်နှာများထက်တွင် တရုတ်မယား၊ တရုတ်ရည်းစား စသည့် ပုံစံမျိုးစုံဖြင့် ဆွဲဆောင်ခေါ်ယူခြင်းများရှိနေပြီး တရုတ်မယားလုပ်မည့် အမျိုးသမီးများအနေဖြင့် တင် တောင်းငွေ ယွမ်(၃၀ဝဝဝ)နှင့် လက်ဝတ်လက်စားများ၊ ဖုန်းများကိုလည်း ဝယ်ပေးမည်စသည်ဖြင့် မက်လုံးပေးကာ တရားမဝင်ခေါ်ယူနေသည်ကိုလည်း တွေ့ မြင်နေရဆဲဖြစ်သည်။

ထို့ပြင် တစ်လလျှင် သိန်းဆယ်ချီမုန့်ဖိုးရမည်ဟုလည်း မက်လုံးပေးဆွယ်နေကြသည်ကိုတွေ့ မြင်ရပြီး တရုတ်မယားအဖြစ်ရောင်းစားသည့် ပုံစံထက် ကာယကံရှင်က လိုလိုလားလားလက်ထပ်လို သည့်ပုံစံ ပြောင်းလဲခေါ်ယူလာခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံသို့ရောက်ပြီးနောက် လုံခြုံရေးနှင့် နောက်ဆက်တွဲအခြေအနေများကိုမူ ခေါ်ယူသူပွဲစားများက အာမခံပေးနိုင်ခြင်းမရှိပေ။

“ တရုတ်မိန်းမ တရားဝင်ခေါ်မယ်နော်၊ ရန်ကုန်မှာ တစ်ခါတည်းငွေချေပေးပါမယ်။ အိမ်က မိဘတွေတော့သိရပါမယ်။ လူကြီးချင်း မိတ်ဆက်ပေးပါတယ်နော်။ စိတ်ဝင်စားတဲ့ညီမလေးတွေရှိရင် ဆက်သွယ်လာခဲ့ပါ။ အလိမ်အညာတွေဆို လုံးဝမလာပါနဲ့နော်။ တရားဝင် passport visa နဲ့ခေါ်ပေးတာ မို့လို့ပါနော်” ဟု တရုတ်မယားအဖြစ်ခေါ်ယူသူပွဲစားတစ်ဦးက ၎င်း၏ TikTok အကောင့်တွင် ကြေညာ ခေါ်ယူထားသည်ကိုတွေ့မြင်ရကာ ၎င်းတို့အားလုံး ပစ်မှတ်ထားသည့် အသက်အရွယ်မှာ အသက် (၃၀) အောက် အမျိုးသမီးများဖြစ်ကြောင်း တွေ့မြင်ရသည်။တရုတ်မယားအဖြစ်ခေါ်ယူရာတွင် အချို့ပွဲစားများ က ခြွင်းချက်အနေဖြင့် အသက်ကြီးသော်လည်း ရုပ်နုပါက လက်ခံမည်ဆိုသောအချက်ကိုလည်း ထည့် သွင်းထားပြီး သိသာမြင်သာစေသောအချက်မှာ ငွေကြေး မက်လုံးကို အဆမတန်ပေးထားခြင်းဖြစ်ပြီး ပွဲစားများ၏ လူခေါ်ပို့စ်အောက်တွင် အကောင့်တုများဖြင့် ၎င်းတို့၏ လူများကပင် အလုပ်လုပ်လိုကြောင်း၊ စိတ်ဝင်စားကြောင်း စသဖြင့် မှတ်ချက်များကို ပြန်လည်ရေးသားကြကြောင်းလည်းတွေ့မြင်ရသည်။

ထိုသို့ တရားမဝင်တရုတ်မယားအဖြစ်ပေး ပို့ခံရသူအမျိုးသမီးငယ်များသည် ကနဦးလက်ထပ် ထားသည့် တရုတ်အမျိုးသားက အခြားတစ်ဦးထံသို့ တစ်ဆင့်ပြန်လည်ရောင်းချခံရနိုင်သည့်ဖြစ်စဉ်မျိုး လည်းရှိနိုင်ကြောင်း အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူအငြိမ်းစားရဲမှူးကြီးတစ်ဦးက သုံးသပ်ပြော ကြားသည်။

“ တရုတ်မယားဖြစ်သွားရင် တစ်ဆင့်ပြန်ရောင်းတာရှိကောင်းရှိနိုင်တယ်။ အန်ကယ် အခုကြား နေရတာတော့ တရားဝင်လက်ထပ်ပြီးတော့မှ ခေါ်တာမျိုးတွေကြားနေရတာပဲလေ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဒီမှာ တရားဝင်လက်ထပ်တာသူပဲ။ ဒါပေမဲ့ သူဒီမှာလက်ထပ်တာက သိန်း (၁၀ဝ)ကုန်တယ်ဆိုပါ တော့။ ဟိုရောက်ရင် ဒီကလေးမကိုကြိုက်တဲ့ကောင်နဲ့ တွေ့ရင် (၂၀ဝ)ပေးရင် ရောင်းရင်ရောင်းမှာလေ။ သူတို့ဆီမှာ သံယောဇဉ်ဆိုတာရှိချင်မှရှိမှာလေ။ နဂိုတည်းက ခေါင်းပုံဖြတ်ဖို့ရည်ရွယ်ချက်နဲ့ ဒီလိုစိတ် ကူးနဲ့လာရင် ဖြစ်နိုင်တာပေါ့” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

လက်ရှိတွင် တရုတ်အမျိုးသားနှင့် လက်ထပ်လိုက်ရသည့် မြန်မာအမျိုးသမီး များစွာပေါ်ပေါက်လာရခြင်း အကြောင်းမှာ စားဝတ်နေရေးနှင့် ၎င်းတို့၏ လက်တလောအိမ်တွင်းငွေကြေးပြဿနာ များနှင့် အများစုသက်ဆိုင်ကြောင်း ၎င်းကသုံးသပ်သည်။ “ အဲဒီတော့ လတ်တလောရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာ၊ ငွေရေးကြေးရေးပြဿနာ၊ အဲဒီရဲ့အားနည်း ချက်တွေပေါ်အခြေခံပြီးတော့ ပစ်မှတ်ထားတာ များတယ်။ လွယ်လွယ်ကူကူရတာပဲဆိုပြီး ငွေပေါ့ပေါ့ ရတာကိုမက်တဲ့မိန်းကလေးတွေကို ပစ်မှတ် ထား တယ်။ နောက်ပြီးတော့ entertainment area မှာ ဈေးကွက်ပျောက်လာတဲ့မိန်းကလေးကိုလည်း ပစ် မှတ်ထားတယ်” ဟု အငြိမ်းစားရဲမှူးကြီးက ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသ ကြီး ချမ်းမြသာစည်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်မှတစ်ဆင့် တရားမဝင် တရုတ် မယားအဖြစ်လုပ်ကိုင်ရန် အမျိုးသမီးငယ်များကို ပေါ်ပေါ်တင်တင်ဖြားယောင်းနေခြင်းကြောင့် ပြည်သူများက ထိရောက်စွာအရေးယူပေးရန် တောင်းဆိုခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

“ တရုတ်မယားလုပ်တာက ပြည့်တန်ဆာ လို့ နာမည်မခံတာတစ်ခုပါပဲ။ နယ်ကလာတဲ့လူတွေကို မက်လုံးပေးတာမျိုးပါ။ အရင်တုန်းကလည်း ဒီလိုမျိုး တွေရှိခဲ့တာပဲ။ အရင်တုန်းကလည်း ကျပ်တည်းခဲ့ကြ တာပဲကိုး။ အခုဆိုရင်တော့ ပေါ်ပေါ်တင်တင်ကို ခေါ်တာတွေဖြစ်နေတာ။ တချို့က မသိတဲ့လူတွေ အရမ်း နားမလည်တဲ့အငယ်လေးတွေ (၁၈)နှစ် (၁၉)နှစ် လေးတွေကို သူတို့က မက်လုံးပေးပြီး လုပ်လိုက်တာပါ” ဟု မန္တလေးမြို့ခံကဆိုသည်။

ထိုသို့ ဖမ်းဆီးသော်လည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် မြန်မာ-တရုတ်နယ်စပ်မြို့များ တွင် တရုတ်မယားအဖြစ် တရားမဝင်ခေါ်ယူခြင်းများ သည် လက်ရှိအချိန်ထိ အရှိန်မသေသေးဘဲ ပေါ်ပေါ်တင်တင်ပင်ရှိနေသေးကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

zawgyi version
လူမႈကြန္ရက္ TikTok ကို အမ်ားဆုံးအသုံးျပဳ၍ ျမန္မာအမ်ိဳးသမီးမ်ားကို ေငြေၾကးမက္လုံးေပးကာ တ႐ုတ္မယားအျဖစ္ေရာင္းစားရန္ ျဖားေယာင္း ေသြးေဆာင္သူ ပြဲစားမ်ား ေပၚေပါက္ေန
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၆

လူမႈကြန္ရက္ TikTok ကို အမ်ားဆုံး အသုံးျပဳ၍ ျမန္မာအမ်ိဳးသမီးမ်ားကို ေငြေၾကးမက္လုံး ေပးကာ တ႐ုတ္မယားအျဖစ္ေရာင္းစားရန္ ျဖားေယာင္း ေသြးေဆာင္သူပြဲစားမ်ားေပၚေပါက္ေနေၾကာင္း NP News ၏သတင္းရင္းျမစ္မ်ား ေျပာၾကားခ်က္ႏွင့္ ျမင္ေတြ႕ရေသာအေျခအေနမ်ားအရ သိရသည္။

တ႐ုတ္မယားအျဖစ္ ေရာင္းစားေသာျဖစ္စဥ္မ်ားသည္ ၿပီးခဲ့သည့္ႏွစ္မ်ားစြာက အမ်ားအျပား ေပၚေပါက္ခဲ့ေသာ္လည္း အာဏာပိုင္မ်ားက ဥပေဒအရ တင္းတင္းၾကပ္ၾကပ္အေရးယူမႈမ်ားေၾကာင့္ ေလ်ာ့ပါးသြားခဲ့ရာ ယခုေနာက္ပိုင္းႏွစ္မ်ားတြင္ ပုံစံတစ္မ်ိဳးျဖင့္ျပန္လည္ေပၚေပါက္လာခဲ့ ျခင္းျဖစ္ ေၾကာင္း သိရသည္။

လက္ရွိ လူမႈကြန္ရက္ TikTok စာမ်က္ႏွာမ်ားထက္တြင္ တ႐ုတ္မယား၊ တ႐ုတ္ရည္းစား စသည့္ ပုံစံမ်ိဳးစုံျဖင့္ ဆြဲေဆာင္ေခၚယူျခင္းမ်ားရွိေနၿပီး တ႐ုတ္မယားလုပ္မည့္ အမ်ိဳးသမီးမ်ားအေနျဖင့္ တင္ ေတာင္းေငြ ယြမ္(၃၀ဝဝဝ)ႏွင့္ လက္ဝတ္လက္စားမ်ား၊ ဖုန္းမ်ားကိုလည္း ဝယ္ေပးမည္စသည္ျဖင့္ မက္လုံးေပးကာ တရားမဝင္ေခၚယူေနသည္ကိုလည္း ေတြ႕ ျမင္ေနရဆဲျဖစ္သည္။

ထို႔ျပင္ တစ္လလွ်င္ သိန္းဆယ္ခ်ီမုန႔္ဖိုးရမည္ဟုလည္း မက္လုံးေပးဆြယ္ေနၾကသည္ကိုေတြ႕ ျမင္ရၿပီး တ႐ုတ္မယားအျဖစ္ေရာင္းစားသည့္ ပုံစံထက္ ကာယကံရွင္က လိုလိုလားလားလက္ထပ္လို သည့္ပုံစံ ေျပာင္းလဲေခၚယူလာျခင္းျဖစ္ေသာ္လည္း တ႐ုတ္ႏိုင္ငံသို႔ေရာက္ၿပီးေနာက္ လုံၿခဳံေရးႏွင့္ ေနာက္ဆက္တြဲအေျခအေနမ်ားကိုမူ ေခၚယူသူပြဲစားမ်ားက အာမခံေပးႏိုင္ျခင္းမရွိေပ။

“ တ႐ုတ္မိန္းမ တရားဝင္ေခၚမယ္ေနာ္၊ ရန္ကုန္မွာ တစ္ခါတည္းေငြေခ်ေပးပါမယ္။ အိမ္က မိဘေတြေတာ့သိရပါမယ္။ လူႀကီးခ်င္း မိတ္ဆက္ေပးပါတယ္ေနာ္။ စိတ္ဝင္စားတဲ့ညီမေလးေတြရွိရင္ ဆက္သြယ္လာခဲ့ပါ။ အလိမ္အညာေတြဆို လုံးဝမလာပါနဲ႔ေနာ္။ တရားဝင္ passport visa နဲ႔ေခၚေပးတာ မို႔လို႔ပါေနာ္” ဟု တ႐ုတ္မယားအျဖစ္ေခၚယူသူပြဲစားတစ္ဦးက ၎၏ TikTok အေကာင့္တြင္ ေၾကညာ ေခၚယူထားသည္ကိုေတြ႕ျမင္ရကာ ၎တို႔အားလုံး ပစ္မွတ္ထားသည့္ အသက္အ႐ြယ္မွာ အသက္ (၃၀) ေအာက္ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း ေတြ႕ျမင္ရသည္။တ႐ုတ္မယားအျဖစ္ေခၚယူရာတြင္ အခ်ိဳ႕ပြဲစားမ်ား က ႁခြင္းခ်က္အေနျဖင့္ အသက္ႀကီးေသာ္လည္း ႐ုပ္ႏုပါက လက္ခံမည္ဆိုေသာအခ်က္ကိုလည္း ထည့္ သြင္းထားၿပီး သိသာျမင္သာေစေသာအခ်က္မွာ ေငြေၾကး မက္လုံးကို အဆမတန္ေပးထားျခင္းျဖစ္ၿပီး ပြဲစားမ်ား၏ လူေခၚပို႔စ္ေအာက္တြင္ အေကာင့္တုမ်ားျဖင့္ ၎တို႔၏ လူမ်ားကပင္ အလုပ္လုပ္လိုေၾကာင္း၊ စိတ္ဝင္စားေၾကာင္း စသျဖင့္ မွတ္ခ်က္မ်ားကို ျပန္လည္ေရးသားၾကေၾကာင္းလည္းေတြ႕ျမင္ရသည္။

ထိုသို႔ တရားမဝင္တ႐ုတ္မယားအျဖစ္ေပး ပို႔ခံရသူအမ်ိဳးသမီးငယ္မ်ားသည္ ကနဦးလက္ထပ္ ထားသည့္ တ႐ုတ္အမ်ိဳးသားက အျခားတစ္ဦးထံသို႔ တစ္ဆင့္ျပန္လည္ေရာင္းခ်ခံရႏိုင္သည့္ျဖစ္စဥ္မ်ိဳး လည္းရွိႏိုင္ေၾကာင္း အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးႏွင့္ပတ္သက္၍ ကြၽမ္းက်င္သူအၿငိမ္းစားရဲမႉးႀကီးတစ္ဦးက သုံးသပ္ေျပာ ၾကားသည္။

“ တ႐ုတ္မယားျဖစ္သြားရင္ တစ္ဆင့္ျပန္ေရာင္းတာရွိေကာင္းရွိႏိုင္တယ္။ အန္ကယ္ အခုၾကား ေနရတာေတာ့ တရားဝင္လက္ထပ္ၿပီးေတာ့မွ ေခၚတာမ်ိဳးေတြၾကားေနရတာပဲေလ။ ဒါေပမဲ့ တစ္ခုေတာ့ ရွိတယ္။ ဒီမွာ တရားဝင္လက္ထပ္တာသူပဲ။ ဒါေပမဲ့ သူဒီမွာလက္ထပ္တာက သိန္း (၁၀ဝ)ကုန္တယ္ဆိုပါ ေတာ့။ ဟိုေရာက္ရင္ ဒီကေလးမကိုႀကိဳက္တဲ့ေကာင္နဲ႔ ေတြ႕ရင္ (၂၀ဝ)ေပးရင္ ေရာင္းရင္ေရာင္းမွာေလ။ သူတို႔ဆီမွာ သံေယာဇဥ္ဆိုတာရွိခ်င္မွရွိမွာေလ။ နဂိုတည္းက ေခါင္းပုံျဖတ္ဖို႔ရည္႐ြယ္ခ်က္နဲ႔ ဒီလိုစိတ္ ကူးနဲ႔လာရင္ ျဖစ္ႏိုင္တာေပါ့” ဟု ၎က သုံးသပ္ေျပာၾကားသည္။

လက္ရွိတြင္ တ႐ုတ္အမ်ိဳးသားႏွင့္ လက္ထပ္လိုက္ရသည့္ ျမန္မာအမ်ိဳးသမီး မ်ားစြာေပၚေပါက္လာရျခင္း အေၾကာင္းမွာ စားဝတ္ေနေရးႏွင့္ ၎တို႔၏ လက္တေလာအိမ္တြင္းေငြေၾကးျပႆနာ မ်ားႏွင့္ အမ်ားစုသက္ဆိုင္ေၾကာင္း ၎ကသုံးသပ္သည္။ “ အဲဒီေတာ့ လတ္တေလာရင္ဆိုင္ေနရတဲ့ စီးပြားေရး ျပႆနာ၊ ေငြေရးေၾကးေရးျပႆနာ၊ အဲဒီရဲ႕အားနည္း ခ်က္ေတြေပၚအေျခခံၿပီးေတာ့ ပစ္မွတ္ထားတာ မ်ားတယ္။ လြယ္လြယ္ကူကူရတာပဲဆိုၿပီး ေငြေပါ့ေပါ့ ရတာကိုမက္တဲ့မိန္းကေလးေတြကို ပစ္မွတ္ ထား တယ္။ ေနာက္ၿပီးေတာ့ entertainment area မွာ ေဈးကြက္ေပ်ာက္လာတဲ့မိန္းကေလးကိုလည္း ပစ္ မွတ္ထားတယ္” ဟု အၿငိမ္းစားရဲမႉးႀကီးက ဆိုသည္။ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း မႏၲေလးတိုင္းေဒသ ႀကီး ခ်မ္းျမသာစည္ၿမိဳ႕နယ္မွ အမ်ိဳးသမီးတစ္ဦးက ၎၏ လူမႈကြန္ရက္စာမ်က္မွတစ္ဆင့္ တရားမဝင္ တ႐ုတ္ မယားအျဖစ္လုပ္ကိုင္ရန္ အမ်ိဳးသမီးငယ္မ်ားကို ေပၚေပၚတင္တင္ျဖားေယာင္းေနျခင္းေၾကာင့္ ျပည္သူမ်ားက ထိေရာက္စြာအေရးယူေပးရန္ ေတာင္းဆိုခဲ့ၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည့္ ျဖစ္စဥ္ တစ္ခု ျဖစ္ပြားခဲ့သည္။

“ တ႐ုတ္မယားလုပ္တာက ျပည့္တန္ဆာ လို႔ နာမည္မခံတာတစ္ခုပါပဲ။ နယ္ကလာတဲ့လူေတြကို မက္လုံးေပးတာမ်ိဳးပါ။ အရင္တုန္းကလည္း ဒီလိုမ်ိဳး ေတြရွိခဲ့တာပဲ။ အရင္တုန္းကလည္း က်ပ္တည္းခဲ့ၾက တာပဲကိုး။ အခုဆိုရင္ေတာ့ ေပၚေပၚတင္တင္ကို ေခၚတာေတြျဖစ္ေနတာ။ တခ်ိဳ႕က မသိတဲ့လူေတြ အရမ္း နားမလည္တဲ့အငယ္ေလးေတြ (၁၈)ႏွစ္ (၁၉)ႏွစ္ ေလးေတြကို သူတို႔က မက္လုံးေပးၿပီး လုပ္လိုက္တာပါ” ဟု မႏၲေလးၿမိဳ႕ခံကဆိုသည္။

ထိုသို႔ ဖမ္းဆီးေသာ္လည္း ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕အပါအဝင္ ျမန္မာ-တ႐ုတ္နယ္စပ္ၿမိဳ႕မ်ား တြင္ တ႐ုတ္မယားအျဖစ္ တရားမဝင္ေခၚယူျခင္းမ်ား သည္ လက္ရွိအခ်ိန္ထိ အရွိန္မေသေသးဘဲ ေပၚေပၚတင္တင္ပင္ရွိေနေသးေၾကာင္း မႏၲေလးၿမိဳ႕ခံတစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.