အမ်း- ပဒါန်းသွားကားလမ်း၌ ခရီးသည်တင်မော်တော်ယာဥ်များကို AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ (၃၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့

 258

NP News - အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ်၊ အမ်း- ပဒါန်းသွားကားလမ်း၌ ခရီးသည်တင်မော်တော်ယာဥ်များကို AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၃၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ယမန်နေ့(အောက်တိုဘာ ၁၆ ရက်) နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အမ်းမြို့နယ်မှ ပဒါန်းမြို့နယ်သို့ မောင်းနှင်လာပြီး ခရီးသွားပြည်သူများလိုက်ပါလာသည့် Canter အမျိုးအစား မော်တော်ယာဥ်ကို အမ်းမြို့နယ်မှ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ယာဥ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး(၂)ဦးနှင့် အမျိုးသား (၄)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အခင်းဖြစ်ပွားရာနေရာနှင့် မီတာ ၂၀၀ ခန့်အကွာ၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဥ်(၁၀)စီးကို ရပ်တန့်ခိုင်းပြီး အမျိုးသား(၂၄)ဦးနှင့် အမျိုးသမီး(၁၄)ဦး စုစုပေါင်း(၃၈)ဦးတို့ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲဝင်များက မင်းဘူးမြို့ရှိ ပြည်သူ့ဆေးရုံကြီး သို့ ပိုဆောင်ဆေး ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး လုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
အမ္း- ပဒါန္းသြားကားလမ္း၌ ခရီးသည္တင္ေမာ္ေတာ္ယာဥ္မ်ားကို AA အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ျပည္သူ (၃၈)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့

NP News - ေအာက္တိုဘာ ၁၇

ရခိုင္ျပည္နယ္၊ အမ္း- ပဒါန္းသြားကားလမ္း၌ ခရီးသည္တင္ေမာ္ေတာ္ယာဥ္မ်ားကို AA အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း (၃၈)ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၁၆ ရက္) နံနက္ ၈ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ အမ္းၿမိဳ႕နယ္မွ ပဒါန္းၿမိဳ႕နယ္သို႔ ေမာင္းႏွင္လာၿပီး ခရီးသြားျပည္သူမ်ားလိုက္ပါလာသည့္ Canter အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ကို အမ္းၿမိဳ႕နယ္မွ အေရွ႕ေျမာက္ဘက္မီတာ ၄၀၀၀ ခန႔္အကြာမွ AA အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသမီး(၂)ဦးႏွင့္ အမ်ိဳးသား (၄)ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အခင္းျဖစ္ပြားရာေနရာႏွင့္ မီတာ ၂၀၀ ခန႔္အကြာ၌ အရပ္သားျပည္သူမ်ား စီးနင္းလိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္(၁၀)စီးကို ရပ္တန႔္ခိုင္းၿပီး အမ်ိဳးသား(၂၄)ဦးႏွင့္ အမ်ိဳးသမီး(၁၄)ဦး စုစုေပါင္း(၃၈)ဦးတို႔ကို အတင္းအဓမၼဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအား လုံၿခဳံေရးတပ္ဖြဲဝင္မ်ားက မင္းဘူးၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံႀကီး သို႔ ပိုေဆာင္ေဆး ကုသမႈခံယူႏိုင္ေရး ေဆာင္႐ြက္ေပးခဲ့ၿပီး လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္ လက္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.