စစ်ကိုင်းမြို့ရှိ တည်းခိုခန်းပိုင်ရှင်အမျိုးသားတစ်ဦးကို PDF အဖွဲ့က ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

 386

NP News - အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ တည်းခိုခန်းပိုင်ရှင်အမျိုးသားတစ်ဦးကို PDF အဖွဲ့က ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာ ၁၆ ရက်)မွန်းလွဲ ၁နာရီခန့်က စစ်ကိုင်းမြို့၊ ချင်းစုအနောက် နန္ဒဝန်ရပ်ကွက်၊ ယွန်းတည်းခိုခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတည်းခိုခန်းသို့ PDF အဖွဲ့ဝင်(၃)ဦးရောက်ရှိလာပြီး တည်းခိုခန်းပိုင်ရှင် ဦးယဉ်ကျေးကို ဒလန်ဟုဆိုကာ ၎င်း၏ဇနီးရှေ့တွင်ပင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးယဉ်ကျေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံးစမ်းလျက်ရှိကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ PDF လက်နက်ကိုင်ပူပေါင်းအဖွဲ့များ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ(၈၁၀၀)ကျော် ရှိခဲ့ကြောင်း သိရသည်။

zawgyi version
စစ္ကိုင္းၿမိဳ႕ရွိ တည္းခိုခန္းပိုင္ရွင္အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ဒလန္ဟု စြပ္စြဲကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္
NP News - ေအာက္တိုဘာ ၁၇

စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕ရွိ တည္းခိုခန္းပိုင္ရွင္အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ဒလန္ဟုစြပ္စြဲကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း စစ္ကိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာ ၁၆ ရက္)မြန္းလြဲ ၁နာရီခန္႔က စစ္ကိုင္းၿမိဳ႕၊ ခ်င္းစုအေနာက္ နႏၵဝန္ရပ္ကြက္၊ ယြန္းတည္းခိုခန္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါတည္းခိုခန္းသို႔ PDF အဖြဲ႕ဝင္(၃)ဦးေရာက္ရွိလာၿပီး တည္းခိုခန္းပိုင္ရွင္ ဦးယဥ္ေက်းကို ဒလန္ဟုဆိုကာ ၎၏ဇနီးေရွ႕တြင္ပင္ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ဦးယဥ္ေက်းတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

လက္ရွိတြင္ ပစ္ခတ္သတ္ျဖတ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး စုံးစမ္းလ်က္ရွိေၾကာင္း သိရသည္။ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္ကာ PDF လက္နက္ကိုင္ပူေပါင္းအဖြဲ႕မ်ား၏ အၾကမ္းဖက္သတ္ျဖတ္မႈေၾကာင့္ ေသဆုံးသူ(၈၁၀၀)ေက်ာ္ ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.