သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသများအား နိုဝင်ဘာလကုန်အထိ တိုးမြှင့်ကောက်ယူသွားမည်

 132

မြူနစ် (NP News) - အောက်တိုဘာ ၁၇

အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသများတွင် နိုဝင်ဘာလကုန်အထိ တိုးမြှင့်ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ နစကအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယခု အောက်တိုဘာလ ၁ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်း ကောက်ယူနေခြင်းဖြစ်သည်။

အဆိုပါလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး၌ စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၂၀၀၀)ခန့်ဖြင့် ကောက်ယူနေခြင်းဖြစ်ပြီး အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မကောက်နိုင်ခဲ့သည့်ဒေသများတွင်လည်း ဆက်လက်ကောက်ယူနေလျက်ရှိကြောင်း သိရသည်။

“တစ်နိုင်ငံလုံးကို ကောက်နေတဲ့ စာရင်းစစ်၊ စာရင်းကောက်တွေရဲ့ တာဝန်က နိုဝင်ဘာလ ၃၀ ရက်အထိ ရှိတယ်လေ။ ကျန်တဲ့ဟာတွေ၊ ဆက်ပြီးကောက်ချင်တဲ့ဟာတွေကို ကောက်ဦးမှာပေါ့။ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ကောက်တာက သူ့ဟာသူသတ်မှတ်ထားတဲ့ မြို့နယ်အသီးသီးမှာ ကောက်ကွက်တွေမှာ ကောက်ဖို့ သတ်မှတ်ထားတာ။ မ ပြီးတဲ့ဟာတွေကို ဆက်ကောက်ကြတယ်။ မပြီးတာတွေလည်း ရှိတာပေါ့။ သဘာဝဘေး ရေကြီးတာတို့၊ နယ်မြေအခြေအ နေတို့ကြောင့်လည်း ရှိတာပေါ့။ အဲဒီလို မပြီးတာတွေကို နိုဝင်ဘာလကုန်အထိ ဆက်ကောက်မှာပေါ့” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာရှိတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ နေရာအများအပြားတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေလျက်ရှိပြီး တချို့ဒေသများတွင် လူဦးရေ နှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အပြည့်အဝကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရရှိခဲ့သည့် စာရင်းများနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်သွားဖွယ်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“မြန်မာနိုင်ငံမှာ လူဦးရေဘယ်လောက်ရှိလဲ၊ ရှေ့ပြေးလူဦးရေစာရင်းဆိုပြီးတော့ ထုတ်ပြန်ရတယ်။ ဒီဇင်ဘာမှာ ထုတ်ပြန်မယ်လို့ သိရတယ်။ ဒီဇင်ဘာလ နောက်ဆုံးအပတ် လကုန်တော့ ဖြစ်မှာပေါ့” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အရာရှိက ပြောသည်။

ယခုကောက်ယူလျက်ရှိသည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို နစကအစိုးရက ပြည်ပအကူအညီ တစ်စုံတစ်ရာ ရယူခြင်းမရှိဘဲ ကောက်ယူနေခြင်းဖြစ်ပြီး ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်းကာ ကောက်ယူနေခြင်းလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း (၅၁)သန်းကျော်ရှိကြောင်း သိရပြီး ၂၀၂၅ ခုနှစ်တွင် လူဦရေးစုစုပေါင်း (၅၇)သန်းကျော်အထိ ရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

zawgyi version
သန္းေခါင္စာရင္းေကာက္ယူရန္ က်န္ရွိေနသည့္ေဒသမ်ားအား ႏိုဝင္ဘာလကုန္အထိ တိုးျမႇင့္ေကာက္ယူသြားမည္
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၁၇

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သန္းေခါင္စာရင္းေကာက္ယူရန္ က်န္ရွိေနသည့္ေဒသမ်ားတြင္ ႏိုဝင္ဘာလကုန္အထိ တိုးျမႇင့္ေကာက္ယူသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ နစကအစိုးရအေနျဖင့္ ၂၀၂၄ ခုႏွစ္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းကို ယခု ေအာက္တိုဘာလ ၁ ရက္မွစတင္ကာ ႏိုင္ငံတစ္ဝန္း ေကာက္ယူေနျခင္းျဖစ္သည္။

အဆိုပါလူဦးေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းကို တစ္ႏိုင္ငံလုံး၌ စာရင္းစစ္၊ စာရင္းေကာက္ စုစုေပါင္း (၄၂၀၀၀)ခန႔္ျဖင့္ ေကာက္ယူေနျခင္းျဖစ္ၿပီး အေျခအေနအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေကာက္ႏိုင္ခဲ့သည့္ေဒသမ်ားတြင္လည္း ဆက္လက္ေကာက္ယူေနလ်က္ရွိေၾကာင္း သိရသည္။

“တစ္ႏိုင္ငံလုံးကို ေကာက္ေနတဲ့ စာရင္းစစ္၊ စာရင္းေကာက္ေတြရဲ႕ တာဝန္က ႏိုဝင္ဘာလ ၃၀ ရက္အထိ ရွိတယ္ေလ။ က်န္တဲ့ဟာေတြ၊ ဆက္ၿပီးေကာက္ခ်င္တဲ့ဟာေတြကို ေကာက္ဦးမွာေပါ့။ ေအာက္တိုဘာ ၁ ရက္ကေန ၁၅ ရက္ေန႔အထိ ေကာက္တာက သူ႔ဟာသူသတ္မွတ္ထားတဲ့ ၿမိဳ႕နယ္အသီးသီးမွာ ေကာက္ကြက္ေတြမွာ ေကာက္ဖို႔ သတ္မွတ္ထားတာ။ မ ၿပီးတဲ့ဟာေတြကို ဆက္ေကာက္ၾကတယ္။ မၿပီးတာေတြလည္း ရွိတာေပါ့။ သဘာဝေဘး ေရႀကီးတာတို႔၊ နယ္ေျမအေျခအ ေနတို႔ေၾကာင့္လည္း ရွိတာေပါ့။ အဲဒီလို မၿပီးတာေတြကို ႏိုဝင္ဘာလကုန္အထိ ဆက္ေကာက္မွာေပါ့” ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ အရာရွိတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ႏိုင္ငံအတြင္းရွိ ေနရာအမ်ားအျပားတြင္ စစ္ေရးပဋိပကၡမ်ား ျဖစ္ပြားေနလ်က္ရွိၿပီး တခ်ိဳ႕ေဒသမ်ားတြင္ လူဦးေရ ႏွင့္အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းကို အျပည့္အဝေကာက္ယူႏိုင္ျခင္းမရွိေၾကာင္း သိရသည္။ ထိုသို႔ ေကာက္ယူရရွိခဲ့သည့္ စာရင္းမ်ားႏွင့္ပတ္သက္၍ ေရွ႕ေျပးလူဦးေရစာရင္းကို ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလကုန္ပိုင္းတြင္ ထုတ္ျပန္သြားဖြယ္ရွိေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

“ျမန္မာႏိုင္ငံမွာ လူဦးေရဘယ္ေလာက္ရွိလဲ၊ ေရွ႕ေျပးလူဦးေရစာရင္းဆိုၿပီးေတာ့ ထုတ္ျပန္ရတယ္။ ဒီဇင္ဘာမွာ ထုတ္ျပန္မယ္လို႔ သိရတယ္။ ဒီဇင္ဘာလ ေနာက္ဆုံးအပတ္ လကုန္ေတာ့ ျဖစ္မွာေပါ့” ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဝန္ႀကီးဌာနမွ အရာရွိက ေျပာသည္။

ယခုေကာက္ယူလ်က္ရွိသည့္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းကို နစကအစိုးရက ျပည္ပအကူအညီ တစ္စုံတစ္ရာ ရယူျခင္းမရွိဘဲ ေကာက္ယူေနျခင္းျဖစ္ၿပီး ပညာေရးဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ၊ ဆရာမမ်ားျဖင့္ တစ္အိမ္တက္ တစ္အိမ္ဆင္းကာ ေကာက္ယူေနျခင္းလည္းျဖစ္သည္။ ၂၀၁၄ ခုႏွစ္၊ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံတြင္ လူဦးေရစုစုေပါင္း (၅၁)သန္းေက်ာ္ရွိေၾကာင္း သိရၿပီး ၂၀၂၅ ခုႏွစ္တြင္ လူဦေရးစုစုေပါင္း (၅၇)သန္းေက်ာ္အထိ ရွိလာႏိုင္ေၾကာင္းလည္း ခန႔္မွန္းထားသည္။

Related news

© 2021. All rights reserved.