စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မယ့် BTS အဖွဲ့ဝင် J-Hope

 104

Pika (NP News) - အောက်တိုဘာ ၁၇

တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ J-Hope သည် လာမည့်အောက်တိုဘာလ(၁၇)ရက်တွင် ၎င်း၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးတော့မည်ဖြစ်သည်။

J-Hope သည် မကြာမီအချိန်အတွင်း စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မည်ဖြစ်ကြောင်း BTS အဖွဲ့၏အေဂျင်စီ BigHit Music က အောက်တိုဘာလ(၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ထုတ် ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါနေ့တွင် လူအုပ်ကြီးရှိနေမည်ကိုစိုးရိမ်သောကြောင့် J-Hope ၏ စစ်မှုထမ်းတာဝန်ပြီးဆုံးမည့်နေရာသို့ သွားရောက်လည်ပတ်ခြင်းမလုပ်ဆောင်ကြရန် ပရိသတ်များကို BigHit Music အေဂျင်စီက တိုက်တွန်းခဲ့ကြောင်းလည်းသိရသည်။

BigHit Music က"J-Hope ရဲ့ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့်နေ့မှာ ပွဲတွေစီစဉ်ထားတာမျိုးမရှိပါဘူး။ လူအုပ်လိုက်ကြီးရှိနေမှာကို တားဆီးဖို့အတွက် J-Hope ရဲ့ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့်နေရာကို သွားရောက်လည်ပတ်ခြင်း မလုပ်ကြဖို့ ပရိသတ်တွေကို အကြံပေးထားပါတယ်"ဟု သတင်းထုတ်ပြန်ထားသည်။ (၂၀၂၄)ခုနှစ် ဇွန်လတွင် စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့သည့် ဂျင်ပြီးလျှင် J-Hope သည် စစ်မှုထမ်းတာဝန်ကိုပြီးဆုံးခဲ့သည့် BTS အဖွဲ့၏ ဒုတိယမြောက်အဖွဲ့ဝင်ဖြစ်လာမည်လည်း ဖြစ်သည်။ အသက်(၃၀)နှစ်အရွယ် J-Hope သည် (၂၀၂၃)ခုနှစ်ဧပြီလတွင် စတင်စစ်မှုထမ်းခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မကြာမီအချိန်အတွင်း စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မည့်ခံစားချက်များကို J-Hope က ရေးသားဖော်ပြခဲ့ကြောင်းလည်းသိရသည်။ J-Hope က "ကျွန်တော်က ပုံမှန်အခြေအနေအတိုင်းရှိနေပါတယ်။ ကျွန်တော့်ရဲ့ စစ်မှုထမ်းကာလကိုပြန်တွေးကြည့်ရမယ်ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး တကယ်ကိုဂုဏ်ယူမိပါတယ်"ဟု ပြောဆိုခဲ့သည်။

zawgyi version
စစ္မႈထမ္းတာဝန္ၿပီးဆုံးေတာ့မယ့္ BTS အဖြဲ႕ဝင္ J-Hope
Pika (NP News) - ေအာက္တိုဘာ ၁၇

ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ J-Hope သည္ လာမည့္ေအာက္တိုဘာလ(၁၇)ရက္တြင္ ၎၏စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးေတာ့မည္ျဖစ္သည္။

J-Hope သည္ မၾကာမီအခ်ိန္အတြင္း စစ္မႈထမ္းတာဝန္ၿပီးဆုံးေတာ့မည္ျဖစ္ေၾကာင္း BTS အဖြဲ႕၏ေအဂ်င္စီ BigHit Music က ေအာက္တိုဘာလ(၁၄)ရက္ေန႔ မြန္းလြဲပိုင္းတြင္ ထုတ္ ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း အဆိုပါေန႔တြင္ လူအုပ္ႀကီးရွိေနမည္ကိုစိုးရိမ္ေသာေၾကာင့္ J-Hope ၏ စစ္မႈထမ္းတာဝန္ၿပီးဆုံးမည့္ေနရာသို႔ သြားေရာက္လည္ပတ္ျခင္းမလုပ္ေဆာင္ၾကရန္ ပရိသတ္မ်ားကို BigHit Music ေအဂ်င္စီက တိုက္တြန္းခဲ့ေၾကာင္းလည္းသိရသည္။

BigHit Music က"J-Hope ရဲ႕ စစ္မႈထမ္းတာဝန္ၿပီးဆုံးမယ့္ေန႔မွာ ပြဲေတြစီစဥ္ထားတာမ်ိဳးမရွိပါဘူး။ လူအုပ္လိုက္ႀကီးရွိေနမွာကို တားဆီးဖို႔အတြက္ J-Hope ရဲ႕ စစ္မႈထမ္းတာဝန္ၿပီးဆုံးမယ့္ေနရာကို သြားေရာက္လည္ပတ္ျခင္း မလုပ္ၾကဖို႔ ပရိသတ္ေတြကို အႀကံေပးထားပါတယ္"ဟု သတင္းထုတ္ျပန္ထားသည္။ (၂၀၂၄)ခုႏွစ္ ဇြန္လတြင္ စစ္မႈထမ္းတာဝန္ၿပီးဆုံးခဲ့သည့္ ဂ်င္ၿပီးလွ်င္ J-Hope သည္ စစ္မႈထမ္းတာဝန္ကိုၿပီးဆုံးခဲ့သည့္ BTS အဖြဲ႕၏ ဒုတိယေျမာက္အဖြဲ႕ဝင္ျဖစ္လာမည္လည္း ျဖစ္သည္။ အသက္(၃၀)ႏွစ္အ႐ြယ္ J-Hope သည္ (၂၀၂၃)ခုႏွစ္ဧၿပီလတြင္ စတင္စစ္မႈထမ္းခဲ့ျခင္းျဖစ္ၿပီး ေလ့က်င့္ေရးနည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ မၾကာမီအခ်ိန္အတြင္း စစ္မႈထမ္းတာဝန္ၿပီးဆုံးေတာ့မည့္ခံစားခ်က္မ်ားကို J-Hope က ေရးသားေဖာ္ျပခဲ့ေၾကာင္းလည္းသိရသည္။ J-Hope က "ကြၽန္ေတာ္က ပုံမွန္အေျခအေနအတိုင္းရွိေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ စစ္မႈထမ္းကာလကိုျပန္ေတြးၾကည့္ရမယ္ဆိုရင္ အဲဒါနဲ႔ပတ္သက္ၿပီး တကယ္ကိုဂုဏ္ယူမိပါတယ္"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.