၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ

 171

ရဲထက် (NP News) - အောက်တိုဘာ ၁၈

(၂၀၂၄-၂၀၂၅) ဘောလုံးရာသီရဲ့ ပရီးမီး ယားလိဂ်ပွဲစဉ်(၈)အထိ ရောက်ရှိလာချိန်မှာတော့ နိုင်ငံတကာပွဲ စဉ်တွေအပြီး ပြန်ကန်မယ့်ပွဲစဉ်တွေဖြစ် တာကြောင့် အသင်းကြီးတွေက ကစားသမားတွေအ နေနဲ့ ပွဲပန်းနေတာမျိုးတွေနဲ့ ရင်ဆိုင်ရလေ့ရှိတဲ့ ပွဲကျပ်ကာလတွေဖြစ်ပါတယ်။ လက်ရှိဇယားထိပ်ပိုင်း မှာတော့ လီဗာပူးလ်အသင်းက (၁)မှတ်အကွာနဲ့ ရယူ ထားပြီး မန်စီးတီးနဲ့အာဆင်နယ်အသင်းတို့က အနီး ကပ်ဖိအားပေးထားကာ အဆင့်(၂)နဲ့အဆင့်(၃) နေ ရာမှာ အသီးသီးရပ်တည်နေတာတွေ့ရပါတယ်။ အ ဆင့်(၄)နေရာမှာတော့ ချဲလ်ဆီးအသင်းကရယူထား ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး(၄)သင်းနေရာမှာ အသင်းကြီးတွေကပဲ ဦးဆောင်ထားတာတွေ့ရပါ တယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ကတော့ ပြောဖို့စောနေသေးပြီး ရမှတ်အနေအထားအရလည်း ကွာဟမှုအများကြီးမရှိသေးတာကြောင့် အကြိတ်အ နယ်ရှိတဲ့ပွဲစဉ်တွေကို ဆက်လက်စောင့်ကြည့်သွားရဖို့ရှိနေသေးတာလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ လည်း NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၈)အတွက် ခြေစွမ်းနဲ့ ဖြစ်နိုင် ခြေ သုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

လီဗာပူးလ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၄ - ၁ ချဲလ်ဆီး (၂၅-၂-၂၀၂၄)
ချဲလ်ဆီး ၁ - ၁ လီဗာပူးလ် (၁၃-၈-၂၀၂၃)
ချဲလ်ဆီး ဝ - ဝ လီဗာပူးလ် (၅-၄-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ၂ ချဲလ်ဆီး
လီဗာပူးလ် ၂ - ၃ ချဲလ်ဆီး

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက နှစ် သင်းလုံးအတွက် ရလဒ်ပိုင်းမှာ အပြောင်းအလဲများစွာဖြစ်လာနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ပွဲ စဉ်(၇)အပြီး ဇယားထိပ်ဆုံးနေရာမှာ မန်စီးတီးနဲ့ အာ ဆင်နယ်အသင်းကို ရမှတ်တစ်မှတ်ပဲဖြတ်ထားနိုင်ချိန် မှာ ချဲလ်ဆီးလို ကစားသမားအင်အားတောင့်တင်းတဲ့ အသင်းမျိုးနဲ့ရင်ဆိုင်ရမှာက လီဗာပူးလ်အသင်းအ တွက် ကံကောင်းမှုတစ်ခုမဟုတ်တာတော့ သေချာနေ ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့လည်း လီဗာပူးလ် အသင်းကစပြီး နောက်လာမယ့်ပွဲစဉ်တွေမှာ မန်ယူအသင်းနဲ့နယူးကာဆယ်အသင်းတွေကို ရင်ဆိုင်က စားရမှာဖြစ်သလို အာဆင်နယ်အသင်းကိုပါ ရင်ဆိုင် ရဖို့ရှိနေတာကြောင့် လီဗာပူးလ်အသင်းကိုသာရှုံးနိမ့် သွားခဲ့ရင် နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းအတွက် ရိုက်ခတ်မှုကြီးမားလာနိုင်တာကြောင့် နှစ်သင်းလုံးအ တွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ရလဒ်ပိုင်းအရ ကြည့်ရင်တော့ လီဗာပူးလ်အသင်းက ပွဲစဉ်(၇)ပြီးဆုံး ချိန်မှာ ရဂိုး(၁၃)ဂိုးသွင်းယူထားပြီး ပေးဂိုးအနေနဲ့(၁) ဂိုးသာပေးထားရတဲ့ခြေစွမ်းက တကယ် ကောင်းတယ် လို့ပြောလို့ရပါတယ်။ ချဲလ်ဆီးအသင်းကတော့ ပွဲစဉ် (၇)ပွဲကစားပြီးချိန်မှာ ရဂိုး(၁၆)ဂိုးရယူနိုင်ခဲ့ပြီး ပေးဂိုး အနေနဲ့ကတော့ (၆)ဂိုးအထိ ပေးထားရပါတယ်။ လီဗာပူးလ်အသင်းနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် ချန် ပီယံဆုအတွက် ရမှတ်ပိုဖြတ်ထားနိုင်ပြီး ဇယားထိပ်မှာရပ်တည်နိုင်မှာဖြစ်သလို ချဲလ်ဆီးအသင်းအနိုင်ရခဲ့ ရင်တော့ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ရရှိနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်ကို ခန့်မှန်းရရင် နိုင်ငံတကာပွဲစဉ်တွေ ကန်ထားရတာ ကြောင့် နှစ်ဖက်အသင်းက ကစားသမားတွေအနေနဲ့ ပွဲပန်းနေတာကိုလည်း သတိထားဖို့လိုအပ်မှာဖြစ်ပါ တယ်။ လီဗာပူးလ်အသင်းက တိုက်စစ်နဲ့ကွင်းလယ် ချိတ်ဆက်မှုတွေအပြင် နောက်တန်းမှာလည်း ပေးဂိုး အနည်းဆုံးဖြစ်တာကြောင့် နိုင်ပွဲရဖို့ပိုမျှော်လင့်ချင် စရာကောင်းပါတယ်။ ဒါပေမဲ့ တိုက်စစ်မှာ (၁၆)ဂိုး အထိသွင်းထားတဲ့ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းကိုတော့ လျှော့မတွက်သင့်တဲ့အနေအထားဖြစ်ပါ တယ်။ ဒါကြောင့် ဒီပွဲစဉ်က သရေကျဖို့များပြီးနိုင်မယ် ဆိုရင် လီဗာပူးလ်အသင်းက နိုင်ပါမယ်။ အပြန်အလှန် သွင်းဂိုးမြင်ရနိုင်ပေမယ့် ဂိုးတော့ မပြတ်နိုင်ပါဘူး။

ဝုဗ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၅ - ၁ ဝုဗ် (၄-၅-၂၀၂၄)
ဝုဗ် ၂ - ၁ မန်စီးတီး (၃၀-၈-၂၀၂၃)
မန်စီးတီး ၁ - ဝ ဝုဗ် (၂၂-၁-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
ဝုဗ် ဝ - ၂ မန်စီးတီး
ဝုဗ် ၃ - ဝ မန်စီးတီး

မန်စီးတီးအသင်းကတော့ ဒီနှစ်မှာလည်း ပုံမှန်အတိုင်း အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာနဲ့အ နီးမှာ ရပ်တည်နေပြီး ရာသီအစပွဲစဉ်တွေမှာ ခြေစွမ်း ကို ထင်ထင်ရှားရှား မပြသေးတဲ့အနေအထားမျိုးဖြစ် ပါတယ်။ ဒါကပဲ မန်စီးတီးအသင်းရဲ့ ထုံးစံတစ်ခုဖြစ် သလို ရာသီဝက်ထဲဝင်လာပြီဆိုတော့ မန်စီးတီးအသင်း က တစ်ပွဲထက်တစ်ပွဲအမှားမခံတော့ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူလာခဲ့တာဟာ လေးနှစ်ဆက်တိုက်ရှိပြီဖြစ်ပါတယ်။ ဒီနှစ်မှာသာ ဆက်ရခဲ့ရင် ငါးနှစ်ဆက်တိုက် ချန်ပီယံဆုကိုရယူပြီး သမိုင်းသစ်တင်နိုင်မှာလည်းဖြစ်ပါတယ်။ မန်စီးတီးအ သင်းက ပွဲစဉ်(၇)ပြီးဆုံးချိန်မှာ ရမှတ်(၁၇)မှတ်ရရှိ ထားပြီး လီဗာပူးလ်အသင်းနဲ့ ရမှတ်(၁)မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ တိုက်စစ်က သွင်းဂိုးစုစု ပေါင်း(၁၇)ဂိုးသွင်းယူထားပြီး ခံစစ်မှာ ပေးဂိုး(၈)ဂိုး အထိ ခွင့်ပြုထားရပါတယ်။ ဒါဟာ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ထက် ပေးဂိုးပိုများတဲ့အနေအ ထားဖြစ်ပါတယ်။ လက်ရှိ မန်စီးတီးအသင်းက ခြေ စွမ်းပိုင်းအရပြောစရာမရှိပေမယ့် အသင်းရဲ့ အရန်လူ စာရင်းမှာတော့ အနည်းငယ် လိုအပ်ချက်တွေရှိနေပါ တယ်။ တိုက်စစ်ပိုင်းမှာ ဟာလန်းဂိုးမရရင် သွင်းဂိုး တွေရဖို့ခက်ခဲနေတတ်ပြီး အဓိက ကစားသမားတွေမ ပါဝင်လာခဲ့ရင် ခြေစွမ်းက မတည်မငြိမ်ဖြစ်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ နည်းပြ ဂွာဒီယိုလာရှိတာက မန်စီးတီးအသင်းရဲ့ အသက်သွေးကြောဖြစ်ပြီး ပွဲစဉ် တိုင်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အနိုင်ကန်ဖို့လည်းရှိ နေတာဖြစ်ပါတယ်။ ဝုဗ်နဲ့တွေ့တဲ့ပွဲစဉ်က နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပြန်ကန်ရတဲ့ပွဲဖြစ်ပေမယ့် မန်စီး တီးအသင်းကပဲ အနိုင်သုံးမှတ်ရယူသွားဖို့ရှိနေပါ တယ်။ ဝုဗ်အသင်းက ဒီနှစ်မှာ အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာရဲ့အောက်ဆုံးအထိကျဆင်းနေပြီး တန်းမဆင်းရဖို့အတွက်လည်း ရုန်းကန်ရဖို့ရှိနေ တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်က မန်စီး တီးအသင်းက အဝေးကွင်းကန်ရမှာဖြစ်ပေမယ့် သေ ချာပေါက် ဂိုးပြတ်နိုင်မယ့်ပွဲစဉ်ဖြစ်ပါတယ်။

မန်ယူ Vs ဘရန်းဖို့ဒ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘရန်းဖို့ဒ် ဝ - ၄ မန်ယူ (၃၁-၃-၂၀၂၄)
မန်ယူ ၅ - ၁ ဘရန်းဖို့ဒ် (၇-၁၀-၂၀၂၃)
မန်ယူ ၁ - ဝ ဘရန်းဖို့ဒ် (၆-၄-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၂ - ၃ ဘရန်းဖို့ဒ်
မန်ယူ ၁ - ၂ ဘရန်းဖို့ဒ်

မန်ယူအသင်းကတော့ ခြေစွမ်းပိုင်းမှာ သိသိသာသာကျဆင်းနေသလို ကစားသမားတွေရဲ့ စိတ် ဓာတ်ပိုင်းဆိုင်ရာအပြင် နည်းပြနဲ့ ကစားသမားတွေရဲ့ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပုံချမှုတွေကိုသာ မြင်တွေ့လာရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၇)အပြီး မှာ မန်ယူအသင်းဟာ ရမှတ်(၈)ပဲရရှိထားပြီး အဆင့် (၁၄)အထိရောက်ရှိနေတာက တော်တော်အခြေအ နေဆိုးပါတယ်။ မနှစ်ကပုံမှန်ခြေစွမ်းထက် ဒီနှစ် လူသစ်တွေခေါ်ယူပြီးချိန်မှာတော့ ပိုဆိုးတဲ့စွမ်းဆောင် ရည်အပြင် နိုင်ပွဲမရမှု ၊ သွင်းဂိုးတွေရဖို့ ရုန်း ကန်ရမှု တွေဟာ မန်ယူအသင်းရဲ့ အဓိကထိုးနှက် ချက်တွေပဲ ဖြစ်ပါတယ်။ ဘရန်းဖို့ဒ်အသင်းကလည်း အသင်းကြီး တွေကို ဒုက္ခပေးနိုင်လောက်တဲ့အထိ ခြိမ်းခြောက်နိုင် နေတဲ့အသင်းဖြစ်တဲ့အပြင် အမှတ်ပေးဇယားမှာ လည်း မန်ယူအသင်းထက် ရမှတ်ပိုကောင်းနေတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲစဉ်ကလည်း မန်ယူအသင်းအတွက် လွယ်ကူနေမှာမဟုတ်တာ သေချာပါ တယ်။ နှစ်သင်းလုံးရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ မန်ယူအသင်းက အနည်းငယ်ပိုကောင်းတယ်လို့ ပြော လို့ရပါတယ်။ ရလဒ်ပိုင်းအနေနဲ့ခန့်မှန်းရရင်တော့ မန်ယူအသင်းက အက်စတွန်ဗီလာအသင်းကို ရင် ဆိုင်ကစားခဲ့တဲ့ခြေစွမ်းအရ သရေကျတယ်ဆိုပေမယ့် ပိုကောင်းလာတာကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်က သရေ ထက် အပြန်အလှန်သွင်းဂိုးတွေကိုမြင်တွေ့ရဖို့ရှိနေ သလို မန်ယူအသင်းက မဖြစ်မနေအနိုင်ကန်ရဖို့ရှိ နေတာကြောင့် ဒီပွဲစဉ်က မန်ယူအသင်း နိုင်ဖို့များပါ တယ်။ ဂိုးတော့ မပြတ်ပါဘူး။

ဘုန်းမောက်စ် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၃ - ဝ ဘုန်းမောက်စ် (၄-၅-၂၀၂၄)
ဘုန်းမောက်စ် ဝ - ၄ အာဆင်နယ်(၃၀-၉-၂၀ ၂၃)
အာဆင်နယ် ၃ - ၂ ဘုန်းမောက်စ် (၃-၄-၂၀ ၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘုန်းမောက်စ် ၁ - ၃ အာဆင်နယ်
ဘုန်းမောက်စ် ၁ - ၂ အာဆင်နယ်

အာဆင်နယ်အသင်းက ပရီးယားလိဂ်ပွဲ စဉ်(၇)ပြီးဆုံးချိန်မှာ မန်စီးတီးအသင်းနဲ့အတူရမှတ် (၁၇) မှတ်ရရှိထားပြီး ချန်ပီယံဆုအတွက် အကောင်း ဆုံးတိုက်ပွဲဝင်နေတဲ့အသင်းဖြစ်ပါတယ်။ ခြေစွမ်းပိုင်း အရကြည့်ရင် ပွဲစဉ်(၇)ပွဲကစားပြီးချိန်မှာ နိုင်ပွဲ(၅) ပွဲရရှိထားပြီး သရေနှစ်ပွဲကျထားပါတယ်။ သွင်းဂိုး အနေနဲ့ကတော့ တိုက်စစ်ပိုင်းမှာ သွင်းဂိုး(၁၅)ဂိုးသွင်း ယူထားပြီး ခံစစ်ပိုင်းမှာတော့ ပေးဂိုး(၆)ဂိုးပေးထားရတာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ကွင်း လယ်မှာ အိုဒီဂတ်မပါဝင်သေးတာကြောင့် ဖန်းတီးမှု အပိုင်းမှာ ထင်ထားတာထက်ပိုပြီးလိုအပ်ချက်တွေရှိနေသလို သွင်းဂိုးတွေရဖို့ဆိုရင်လည်း ဒုတိယပိုင်း မိနစ်(၇၀)နောက်ပိုင်းမှသာ အကြိတ်အနယ် သွင်းယူ နေရတဲ့အထိ ကြုံတွေ့နေရတာဖြစ်ပါတယ်။ နောက် တန်းခံစစ်မှာတော့ ပြောစရာမလိုအောင်ကောင်းမွန်နေတာဖြစ်ပြီး ဆလီဘာ၊ဂါဘရီရယ်နဲ့ တင့်ဘားတို့ရဲ့ အတွဲအဖက်က အထူးခြေစွမ်းပြနေပါတယ်။ ဘုန်း မောက်စ် အသင်းကတော့ ကစားပုံအရမ်းကြီးမကောင်း သလို ခံစစ်ပိုင်းမှာလည်း အားနည်းချက်များစွာရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာပြန်ကန်တဲ့ပွဲစဉ်တွေဖြစ်တာကြောင့် အာဆင် နယ်အသင်းရဲ့ ခြေစွမ်းကို အရမ်းယုံကြည့်လို့မရသေး တာလည်းဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ တော့ အာဆင်နယ်အသင်းက အသာရထားတဲ့အတွက် ဒီပွဲစဉ်ကလည်း အာဆင်နယ်အသင်းက အဝေးကွင်း မှာ ဂိုးမပြတ်ဘဲ အနိုင်(၃)မှတ်ရယူသွားနိုင်ပါတယ်။

စပါးစ် Vs ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဝက်စ်ဟမ်း ၁ - ၁ စပါးစ် (၃-၄-၂၀၂၄)
စပါးစ် ၁ - ၂ ဝက်စ်ဟမ်း (၁၂-၈-၂၀၂၃)
နယူးကာဆယ် ၆ - ၁ စပါးစ် (၁၈-၆-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ၂ ဝက်စ်ဟမ်း
စပါးစ် ၃ - ၁ ဝက်စ်ဟမ်း

စပါးစ်အသင်းရဲ့ခြေစွမ်းက ဒီရာသီမှာ အရမ်းကြီးလည်းမကောင်းသလို အရမ်းလည်းညံ့ မနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စပါးစ်အသင်း အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲကစားပြီးချိန်မှာ (၃)ပွဲသာ အနိုင်ရရှိထားပြီး (၃)ပွဲသရေကျထားကာ (၁)ပွဲသရေကျပြီး ရမှတ်(၁၀)သာရရှိထားတာကိုတွေ့ ရပါတယ်။ ဒါကိုကြည့်ရင် စပါးစ်အသင်းအနေနဲ့ ဒီနှစ် မှာလည်း ခြေစွမ်းပိုင်းမှာ အလယ်အလတ်မျှသာရှိနေ သေးပြီး နည်းပြအပြောင်းအလဲကြောင့်လည်း ဘာ မှအဆင်ပြေလာတယ်လို့ ပြောလို့မရသေးတာဖြစ်ပါ တယ်။ ဝက်စ်ဟမ်းအသင်းကလည်း စပါးစ်အသင်းနဲ့ အရမ်းကြီး ခြေစွမ်းပိုင်းကွာဟမှုမရှိတာကိုတွေ့ရပြီး ဒီနှစ်မှာ ခြေစွမ်းက ပုံမှန်ထက်မပိုတဲ့ ကစားဟန်တစ် ခုကိုသာပြထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် လန် ဒန် ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်လည်း ဒီပွဲစဉ်က ထင် ထားတာထက်ပိုကြည့်ကောင်းမှာဖြစ်ပြီး ပြိုင်ဆိုင်မှု အရလည်း ပြင်းထန်လာဖို့ရှိပါတယ်။ ဒါကြောင့် ဒီနှစ် သင်းရဲ့ပွဲစဉ်က သရေကျဖို့များပြီး အပြန်အ လှန်သွင်း ဂိုးတွေကို မြင်တွေ့ရဖို့ရှိနေသလို နိုင်မယ်ဆိုရင်တော့ အိမ်ကွင်းအားသာချက်ရှိတဲ့ စပါးစ်အသင်းကပဲ နိုင်ပွဲရဖို့များပါတယ်။

၁၉ - ၁၀ -၂၀၂၄ (စနေနေ့ညပိုင်း)
ည(၆းဝဝ) စပါးစ် Vs ဝက်စ်ဟမ်း
ည(၈း၃၀) မန်ယူ Vs ဘရန်းဖို့ဒ်
ည(၈း၃၀) ဘုန်းမောက်စ် Vs အာဆင်နယ်
၂၀-၁၀-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည(ရး၃၀) ဝုဗ် Vs မန်စီးတီး
ည(၁၀းဝဝ) လီဗာပူးလ် Vs ချဲလ်ဆီး

zawgyi version
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ္ပြဲစဥ္(၈) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေအာက္တိုဘာ ၁၈

(၂၀၂၄-၂၀၂၅) ေဘာလုံးရာသီရဲ႕ ပရီးမီး ယားလိဂ္ပြဲစဥ္(၈)အထိ ေရာက္ရွိလာခ်ိန္မွာေတာ့ ႏိုင္ငံတကာပြဲ စဥ္ေတြအၿပီး ျပန္ကန္မယ့္ပြဲစဥ္ေတြျဖစ္ တာေၾကာင့္ အသင္းႀကီးေတြက ကစားသမားေတြအ ေနနဲ႔ ပြဲပန္းေနတာမ်ိဳးေတြနဲ႔ ရင္ဆိုင္ရေလ့ရွိတဲ့ ပြဲက်ပ္ကာလေတြျဖစ္ပါတယ္။ လက္ရွိဇယားထိပ္ပိုင္း မွာေတာ့ လီဗာပူးလ္အသင္းက (၁)မွတ္အကြာနဲ႔ ရယူ ထားၿပီး မန္စီးတီးနဲ႔အာဆင္နယ္အသင္းတို႔က အနီး ကပ္ဖိအားေပးထားကာ အဆင့္(၂)နဲ႔အဆင့္(၃) ေန ရာမွာ အသီးသီးရပ္တည္ေနတာေတြ႕ရပါတယ္။ အ ဆင့္(၄)ေနရာမွာေတာ့ ခ်ဲလ္ဆီးအသင္းကရယူထား ၿပီး အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံး(၄)သင္းေနရာမွာ အသင္းႀကီးေတြကပဲ ဦးေဆာင္ထားတာေတြ႕ရပါ တယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ကေတာ့ ေျပာဖို႔ေစာေနေသးၿပီး ရမွတ္အေနအထားအရလည္း ကြာဟမႈအမ်ားႀကီးမရွိေသးတာေၾကာင့္ အႀကိတ္အ နယ္ရွိတဲ့ပြဲစဥ္ေတြကို ဆက္လက္ေစာင့္ၾကည့္သြားရဖို႔ရွိေနေသးတာလည္းျဖစ္ပါတယ္။ ဒီတစ္ပတ္မွာ လည္း NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာရပ္တည္ေနတဲ့အသင္းႀကီးေတြရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၈)အတြက္ ေျခစြမ္းနဲ႔ ျဖစ္ႏိုင္ ေျခ သုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။

လီဗာပူးလ္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၄ - ၁ ခ်ဲလ္ဆီး (၂၅-၂-၂၀၂၄)
ခ်ဲလ္ဆီး ၁ - ၁ လီဗာပူးလ္ (၁၃-၈-၂၀၂၃)
ခ်ဲလ္ဆီး ဝ - ဝ လီဗာပူးလ္ (၅-၄-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ၂ ခ်ဲလ္ဆီး
လီဗာပူးလ္ ၂ - ၃ ခ်ဲလ္ဆီး

ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ႏွစ္ သင္းလုံးအတြက္ ရလဒ္ပိုင္းမွာ အေျပာင္းအလဲမ်ားစြာျဖစ္လာႏိုင္တဲ့ပြဲေကာင္းတစ္ပြဲျဖစ္ပါတယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ လီဗာပူးလ္အသင္းက ပရီးမီးယားလိဂ္ပြဲ စဥ္(၇)အၿပီး ဇယားထိပ္ဆုံးေနရာမွာ မန္စီးတီးနဲ႔ အာ ဆင္နယ္အသင္းကို ရမွတ္တစ္မွတ္ပဲျဖတ္ထားႏိုင္ခ်ိန္ မွာ ခ်ဲလ္ဆီးလို ကစားသမားအင္အားေတာင့္တင္းတဲ့ အသင္းမ်ိဳးနဲ႔ရင္ဆိုင္ရမွာက လီဗာပူးလ္အသင္းအ တြက္ ကံေကာင္းမႈတစ္ခုမဟုတ္တာေတာ့ ေသခ်ာေန ပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔လည္း လီဗာပူးလ္ အသင္းကစၿပီး ေနာက္လာမယ့္ပြဲစဥ္ေတြမွာ မန္ယူအသင္းနဲ႔နယူးကာဆယ္အသင္းေတြကို ရင္ဆိုင္က စားရမွာျဖစ္သလို အာဆင္နယ္အသင္းကိုပါ ရင္ဆိုင္ ရဖို႔ရွိေနတာေၾကာင့္ လီဗာပူးလ္အသင္းကိုသာရႈံးနိမ့္ သြားခဲ့ရင္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ အသင္းအတြက္ ႐ိုက္ခတ္မႈႀကီးမားလာႏိုင္တာေၾကာင့္ ႏွစ္သင္းလုံးအ တြက္ အေရးႀကီးတဲ့ပြဲစဥ္ျဖစ္ပါတယ္။ ရလဒ္ပိုင္းအရ ၾကည့္ရင္ေတာ့ လီဗာပူးလ္အသင္းက ပြဲစဥ္(၇)ၿပီးဆုံး ခ်ိန္မွာ ရဂိုး(၁၃)ဂိုးသြင္းယူထားၿပီး ေပးဂိုးအေနနဲ႔(၁) ဂိုးသာေပးထားရတဲ့ေျခစြမ္းက တကယ္ ေကာင္းတယ္ လို႔ေျပာလို႔ရပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ ပြဲစဥ္ (၇)ပြဲကစားၿပီးခ်ိန္မွာ ရဂိုး(၁၆)ဂိုးရယူႏိုင္ခဲ့ၿပီး ေပးဂိုး အေနနဲ႔ကေတာ့ (၆)ဂိုးအထိ ေပးထားရပါတယ္။ လီဗာပူးလ္အသင္းႏိုင္ခဲ့ရင္ေတာ့ ပရီးမီးယားလိဂ္ ခ်န္ ပီယံဆုအတြက္ ရမွတ္ပိုျဖတ္ထားႏိုင္ၿပီး ဇယားထိပ္မွာရပ္တည္ႏိုင္မွာျဖစ္သလို ခ်ဲလ္ဆီးအသင္းအႏိုင္ရခဲ့ ရင္ေတာ့ အမွတ္ေပးဇယားရဲ႕ အဆင့္(၂)ေနရာကို ရရွိႏိုင္ဖြယ္ရွိပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ပြဲစဥ္ကို ခန႔္မွန္းရရင္ ႏိုင္ငံတကာပြဲစဥ္ေတြ ကန္ထားရတာ ေၾကာင့္ ႏွစ္ဖက္အသင္းက ကစားသမားေတြအေနနဲ႔ ပြဲပန္းေနတာကိုလည္း သတိထားဖို႔လိုအပ္မွာျဖစ္ပါ တယ္။ လီဗာပူးလ္အသင္းက တိုက္စစ္နဲ႔ကြင္းလယ္ ခ်ိတ္ဆက္မႈေတြအျပင္ ေနာက္တန္းမွာလည္း ေပးဂိုး အနည္းဆုံးျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ပိုေမွ်ာ္လင့္ခ်င္ စရာေကာင္းပါတယ္။ ဒါေပမဲ့ တိုက္စစ္မွာ (၁၆)ဂိုး အထိသြင္းထားတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕တိုက္စစ္ပိုင္းကိုေတာ့ ေလွ်ာ့မတြက္သင့္တဲ့အေနအထားျဖစ္ပါ တယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က သေရက်ဖို႔မ်ားၿပီးႏိုင္မယ္ ဆိုရင္ လီဗာပူးလ္အသင္းက ႏိုင္ပါမယ္။ အျပန္အလွန္ သြင္းဂိုးျမင္ရႏိုင္ေပမယ့္ ဂိုးေတာ့ မျပတ္ႏိုင္ပါဘူး။

ဝုဗ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၅ - ၁ ဝုဗ္ (၄-၅-၂၀၂၄)
ဝုဗ္ ၂ - ၁ မန္စီးတီး (၃၀-၈-၂၀၂၃)
မန္စီးတီး ၁ - ဝ ဝုဗ္ (၂၂-၁-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဝုဗ္ ဝ - ၂ မန္စီးတီး
ဝုဗ္ ၃ - ဝ မန္စီးတီး

မန္စီးတီးအသင္းကေတာ့ ဒီႏွစ္မွာလည္း ပုံမွန္အတိုင္း အမွတ္ေပးဇယားရဲ႕ထိပ္ဆုံးေနရာနဲ႔အ နီးမွာ ရပ္တည္ေနၿပီး ရာသီအစပြဲစဥ္ေတြမွာ ေျခစြမ္း ကို ထင္ထင္ရွားရွား မျပေသးတဲ့အေနအထားမ်ိဳးျဖစ္ ပါတယ္။ ဒါကပဲ မန္စီးတီးအသင္းရဲ႕ ထုံးစံတစ္ခုျဖစ္ သလို ရာသီဝက္ထဲဝင္လာၿပီဆိုေတာ့ မန္စီးတီးအသင္း က တစ္ပြဲထက္တစ္ပြဲအမွားမခံေတာ့ဘဲ တည္တည္ ၿငိမ္ၿငိမ္နဲ႔ အမွတ္ေပးခ်န္ပီယံဆုကို ရယူလာခဲ့တာဟာ ေလးႏွစ္ဆက္တိုက္ရွိၿပီျဖစ္ပါတယ္။ ဒီႏွစ္မွာသာ ဆက္ရခဲ့ရင္ ငါးႏွစ္ဆက္တိုက္ ခ်န္ပီယံဆုကိုရယူၿပီး သမိုင္းသစ္တင္ႏိုင္မွာလည္းျဖစ္ပါတယ္။ မန္စီးတီးအ သင္းက ပြဲစဥ္(၇)ၿပီးဆုံးခ်ိန္မွာ ရမွတ္(၁၇)မွတ္ရရွိ ထားၿပီး လီဗာပူးလ္အသင္းနဲ႔ ရမွတ္(၁)မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။ တိုက္စစ္က သြင္းဂိုးစုစု ေပါင္း(၁၇)ဂိုးသြင္းယူထားၿပီး ခံစစ္မွာ ေပးဂိုး(၈)ဂိုး အထိ ခြင့္ျပဳထားရပါတယ္။ ဒါဟာ အာဆင္နယ္နဲ႔ လီဗာပူးလ္အသင္းတို႔ထက္ ေပးဂိုးပိုမ်ားတဲ့အေနအ ထားျဖစ္ပါတယ္။ လက္ရွိ မန္စီးတီးအသင္းက ေျခ စြမ္းပိုင္းအရေျပာစရာမရွိေပမယ့္ အသင္းရဲ႕ အရန္လူ စာရင္းမွာေတာ့ အနည္းငယ္ လိုအပ္ခ်က္ေတြရွိေနပါ တယ္။ တိုက္စစ္ပိုင္းမွာ ဟာလန္းဂိုးမရရင္ သြင္းဂိုး ေတြရဖို႔ခက္ခဲေနတတ္ၿပီး အဓိက ကစားသမားေတြမ ပါဝင္လာခဲ့ရင္ ေျခစြမ္းက မတည္မၿငိမ္ျဖစ္လာတာကို ေတြ႕ရပါတယ္။ ဒါေပမဲ့ နည္းျပ ဂြာဒီယိုလာရွိတာက မန္စီးတီးအသင္းရဲ႕ အသက္ေသြးေၾကာျဖစ္ၿပီး ပြဲစဥ္ တိုင္းကို မျဖစ္ျဖစ္တဲ့နည္းနဲ႔ အႏိုင္ကန္ဖို႔လည္းရွိ ေနတာျဖစ္ပါတယ္။ ဝုဗ္နဲ႔ေတြ႕တဲ့ပြဲစဥ္က ႏိုင္ငံတကာ ပြဲစဥ္ေတြအၿပီးမွာ ျပန္ကန္ရတဲ့ပြဲျဖစ္ေပမယ့္ မန္စီး တီးအသင္းကပဲ အႏိုင္သုံးမွတ္ရယူသြားဖို႔ရွိေနပါ တယ္။ ဝုဗ္အသင္းက ဒီႏွစ္မွာ အမွတ္ေပးဇယားရဲ႕ ေအာက္ဆုံးေနရာရဲ႕ေအာက္ဆုံးအထိက်ဆင္းေနၿပီး တန္းမဆင္းရဖို႔အတြက္လည္း ႐ုန္းကန္ရဖို႔ရွိေန တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ပြဲစဥ္က မန္စီး တီးအသင္းက အေဝးကြင္းကန္ရမွာျဖစ္ေပမယ့္ ေသ ခ်ာေပါက္ ဂိုးျပတ္ႏိုင္မယ့္ပြဲစဥ္ျဖစ္ပါတယ္။

မန္ယူ Vs ဘရန္းဖို႔ဒ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘရန္းဖို႔ဒ္ ဝ - ၄ မန္ယူ (၃၁-၃-၂၀၂၄)
မန္ယူ ၅ - ၁ ဘရန္းဖို႔ဒ္ (၇-၁၀-၂၀၂၃)
မန္ယူ ၁ - ဝ ဘရန္းဖို႔ဒ္ (၆-၄-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ ၂ - ၃ ဘရန္းဖို႔ဒ္
မန္ယူ ၁ - ၂ ဘရန္းဖို႔ဒ္

မန္ယူအသင္းကေတာ့ ေျခစြမ္းပိုင္းမွာ သိသိသာသာက်ဆင္းေနသလို ကစားသမားေတြရဲ႕ စိတ္ ဓာတ္ပိုင္းဆိုင္ရာအျပင္ နည္းျပနဲ႔ ကစားသမားေတြရဲ႕ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ပုံခ်မႈေတြကိုသာ ျမင္ေတြ႕လာရပါတယ္။ ပရီးမီးယားလိဂ္ပြဲစဥ္(၇)အၿပီး မွာ မန္ယူအသင္းဟာ ရမွတ္(၈)ပဲရရွိထားၿပီး အဆင့္ (၁၄)အထိေရာက္ရွိေနတာက ေတာ္ေတာ္အေျခအ ေနဆိုးပါတယ္။ မႏွစ္ကပုံမွန္ေျခစြမ္းထက္ ဒီႏွစ္ လူသစ္ေတြေခၚယူၿပီးခ်ိန္မွာေတာ့ ပိုဆိုးတဲ့စြမ္းေဆာင္ ရည္အျပင္ ႏိုင္ပြဲမရမႈ ၊ သြင္းဂိုးေတြရဖို႔ ႐ုန္း ကန္ရမႈ ေတြဟာ မန္ယူအသင္းရဲ႕ အဓိကထိုးႏွက္ ခ်က္ေတြပဲ ျဖစ္ပါတယ္။ ဘရန္းဖို႔ဒ္အသင္းကလည္း အသင္းႀကီး ေတြကို ဒုကၡေပးႏိုင္ေလာက္တဲ့အထိ ၿခိမ္းေျခာက္ႏိုင္ ေနတဲ့အသင္းျဖစ္တဲ့အျပင္ အမွတ္ေပးဇယားမွာ လည္း မန္ယူအသင္းထက္ ရမွတ္ပိုေကာင္းေနတဲ့ အသင္းျဖစ္တာေၾကာင့္ ဒီပြဲစဥ္ကလည္း မန္ယူအသင္းအတြက္ လြယ္ကူေနမွာမဟုတ္တာ ေသခ်ာပါ တယ္။ ႏွစ္သင္းလုံးရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာေတာ့ မန္ယူအသင္းက အနည္းငယ္ပိုေကာင္းတယ္လို႔ ေျပာ လို႔ရပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ခန႔္မွန္းရရင္ေတာ့ မန္ယူအသင္းက အက္စတြန္ဗီလာအသင္းကို ရင္ ဆိုင္ကစားခဲ့တဲ့ေျခစြမ္းအရ သေရက်တယ္ဆိုေပမယ့္ ပိုေကာင္းလာတာေၾကာင့္ ဒီႏွစ္သင္းရဲ႕ပြဲစဥ္က သေရ ထက္ အျပန္အလွန္သြင္းဂိုးေတြကိုျမင္ေတြ႕ရဖို႔ရွိေန သလို မန္ယူအသင္းက မျဖစ္မေနအႏိုင္ကန္ရဖို႔ရွိ ေနတာေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္း ႏိုင္ဖို႔မ်ားပါ တယ္။ ဂိုးေတာ့ မျပတ္ပါဘူး။

ဘုန္းေမာက္စ္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၃ - ဝ ဘုန္းေမာက္စ္ (၄-၅-၂၀၂၄)
ဘုန္းေမာက္စ္ ဝ - ၄ အာဆင္နယ္(၃၀-၉-၂၀ ၂၃)
အာဆင္နယ္ ၃ - ၂ ဘုန္းေမာက္စ္ (၃-၄-၂၀ ၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘုန္းေမာက္စ္ ၁ - ၃ အာဆင္နယ္
ဘုန္းေမာက္စ္ ၁ - ၂ အာဆင္နယ္

အာဆင္နယ္အသင္းက ပရီးယားလိဂ္ပြဲ စဥ္(၇)ၿပီးဆုံးခ်ိန္မွာ မန္စီးတီးအသင္းနဲ႔အတူရမွတ္ (၁၇) မွတ္ရရွိထားၿပီး ခ်န္ပီယံဆုအတြက္ အေကာင္း ဆုံးတိုက္ပြဲဝင္ေနတဲ့အသင္းျဖစ္ပါတယ္။ ေျခစြမ္းပိုင္း အရၾကည့္ရင္ ပြဲစဥ္(၇)ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲ(၅) ပြဲရရွိထားၿပီး သေရႏွစ္ပြဲက်ထားပါတယ္။ သြင္းဂိုး အေနနဲ႔ကေတာ့ တိုက္စစ္ပိုင္းမွာ သြင္းဂိုး(၁၅)ဂိုးသြင္း ယူထားၿပီး ခံစစ္ပိုင္းမွာေတာ့ ေပးဂိုး(၆)ဂိုးေပးထားရတာျဖစ္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းရဲ႕ကြင္း လယ္မွာ အိုဒီဂတ္မပါဝင္ေသးတာေၾကာင့္ ဖန္းတီးမႈ အပိုင္းမွာ ထင္ထားတာထက္ပိုၿပီးလိုအပ္ခ်က္ေတြရွိေနသလို သြင္းဂိုးေတြရဖို႔ဆိုရင္လည္း ဒုတိယပိုင္း မိနစ္(၇၀)ေနာက္ပိုင္းမွသာ အႀကိတ္အနယ္ သြင္းယူ ေနရတဲ့အထိ ႀကဳံေတြ႕ေနရတာျဖစ္ပါတယ္။ ေနာက္ တန္းခံစစ္မွာေတာ့ ေျပာစရာမလိုေအာင္ေကာင္းမြန္ေနတာျဖစ္ၿပီး ဆလီဘာ၊ဂါဘရီရယ္နဲ႔ တင့္ဘားတို႔ရဲ႕ အတြဲအဖက္က အထူးေျခစြမ္းျပေနပါတယ္။ ဘုန္း ေမာက္စ္ အသင္းကေတာ့ ကစားပုံအရမ္းႀကီးမေကာင္း သလို ခံစစ္ပိုင္းမွာလည္း အားနည္းခ်က္မ်ားစြာရွိေနတဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံတကာပြဲစဥ္ေတြ အၿပီးမွာျပန္ကန္တဲ့ပြဲစဥ္ေတြျဖစ္တာေၾကာင့္ အာဆင္ နယ္အသင္းရဲ႕ ေျခစြမ္းကို အရမ္းယုံၾကည့္လို႔မရေသး တာလည္းျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာ ေတာ့ အာဆင္နယ္အသင္းက အသာရထားတဲ့အတြက္ ဒီပြဲစဥ္ကလည္း အာဆင္နယ္အသင္းက အေဝးကြင္း မွာ ဂိုးမျပတ္ဘဲ အႏိုင္(၃)မွတ္ရယူသြားႏိုင္ပါတယ္။

စပါးစ္ Vs ဝက္စ္ဟမ္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဝက္စ္ဟမ္း ၁ - ၁ စပါးစ္ (၃-၄-၂၀၂၄)
စပါးစ္ ၁ - ၂ ဝက္စ္ဟမ္း (၁၂-၈-၂၀၂၃)
နယူးကာဆယ္ ၆ - ၁ စပါးစ္ (၁၈-၆-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ၂ ဝက္စ္ဟမ္း
စပါးစ္ ၃ - ၁ ဝက္စ္ဟမ္း

စပါးစ္အသင္းရဲ႕ေျခစြမ္းက ဒီရာသီမွာ အရမ္းႀကီးလည္းမေကာင္းသလို အရမ္းလည္းညံ့ မေနပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ စပါးစ္အသင္း အေနနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၇)ပြဲကစားၿပီးခ်ိန္မွာ (၃)ပြဲသာ အႏိုင္ရရွိထားၿပီး (၃)ပြဲသေရက်ထားကာ (၁)ပြဲသေရက်ၿပီး ရမွတ္(၁၀)သာရရွိထားတာကိုေတြ႕ ရပါတယ္။ ဒါကိုၾကည့္ရင္ စပါးစ္အသင္းအေနနဲ႔ ဒီႏွစ္ မွာလည္း ေျခစြမ္းပိုင္းမွာ အလယ္အလတ္မွ်သာရွိေန ေသးၿပီး နည္းျပအေျပာင္းအလဲေၾကာင့္လည္း ဘာ မွအဆင္ေျပလာတယ္လို႔ ေျပာလို႔မရေသးတာျဖစ္ပါ တယ္။ ဝက္စ္ဟမ္းအသင္းကလည္း စပါးစ္အသင္းနဲ႔ အရမ္းႀကီး ေျခစြမ္းပိုင္းကြာဟမႈမရွိတာကိုေတြ႕ရၿပီး ဒီႏွစ္မွာ ေျခစြမ္းက ပုံမွန္ထက္မပိုတဲ့ ကစားဟန္တစ္ ခုကိုသာျပထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ လန္ ဒန္ ဒါဘီပြဲစဥ္တစ္ပြဲျဖစ္တာေၾကာင့္လည္း ဒီပြဲစဥ္က ထင္ ထားတာထက္ပိုၾကည့္ေကာင္းမွာျဖစ္ၿပီး ၿပိဳင္ဆိုင္မႈ အရလည္း ျပင္းထန္လာဖို႔ရွိပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ သင္းရဲ႕ပြဲစဥ္က သေရက်ဖို႔မ်ားၿပီး အျပန္အ လွန္သြင္း ဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိေနသလို ႏိုင္မယ္ဆိုရင္ေတာ့ အိမ္ကြင္းအားသာခ်က္ရွိတဲ့ စပါးစ္အသင္းကပဲ ႏိုင္ပြဲရဖို႔မ်ားပါတယ္။

၁၉ - ၁၀ -၂၀၂၄ (စေနေန႔ညပိုင္း)
ည(၆းဝဝ) စပါးစ္ Vs ဝက္စ္ဟမ္း
ည(၈း၃၀) မန္ယူ Vs ဘရန္းဖို႔ဒ္
ည(၈း၃၀) ဘုန္းေမာက္စ္ Vs အာဆင္နယ္
၂၀-၁၀-၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည(ရး၃၀) ဝုဗ္ Vs မန္စီးတီး
ည(၁၀းဝဝ) လီဗာပူးလ္ Vs ခ်ဲလ္ဆီး

Related news

© 2021. All rights reserved.